မုံရွာမြို့မ၀င်ခင် ဗောဓိတစ်ထောင်ကို အရင်တွေ့ရပါလိမ့်မယ်။ မုံရွာမြို့ထဲကနေ ၁၁ မိုင်ခန့် ကွာဝေးပါတယ်။ ရပ်တော်မူဘုရားကြီးကို အဝေးကနေ လှမ်းဖူးမြင်နိုင်ပါတယ်။ ဗောဓိတစ်ထောင် ဆရာတော်ဘုရားကြီး၏ ကျေးဇူးတော်ကြောင့် ဘုရားစေတီများ၊ ရုပ်ပွားတော်များ၊ စိမ်းလန်းစိုပြေနေသော သဘာဝပါတ်ဝန်းကျင်များကို အံ့သြဖွယ်ရာ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးက ရပ်တော်မူဘုရားကြီး၊ လျှောင်းတော်မူဘုရားကြီး၊ စေတီတော်တစ်ဆူနဲ့ ထိုင်တော်မူဘုရားကြီးတစ်ဆူ တည်ထားဖို့ ရည်ရွယ်ခဲ့ပေမယ့် ပျံလွန်တော်မူသွားချိန်မှာ ထိုင်တော်မူဘုရားကြီးတစ်ဆူ မပြီးစီးခဲ့ပါဘူး။ ယခု တည်ဆောက်နေဆဲ အနေအထားနဲ့ တွေ့ခဲ့ရတယ်။ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့တာ ၆ နှစ်ရှိသွားပြီဖြစ်ပါတယ်။

ပုံ (၁) အဝေးမှ ..

ပုံ (၁) အဝေးမှ ..

ပုံ (၂) ဗောဓိပင်များနှင့် ရုပ်ပွားတော်များ

ပုံ (၂) ဗောဓိပင်များနှင့် ရုပ်ပွားတော်များ

ပုံ (၃) တစ်ချို့ ဗောဓိပင်တွေက ခပ်သေးသေးပဲ ..

ပုံ (၃) တစ်ချို့ ဗောဓိပင်တွေက ခပ်သေးသေးပဲ ..

ပုံ (၄) အပေါ်စီးမှ ကြည့်လိုက်သောအခါ ..

ပုံ (၄) အပေါ်စီးမှ ကြည့်လိုက်သောအခါ ..

ပုံ (၅) ဗောဓိပင်ပေါင်း ၉၀၀၀ ကျော်သွားပါပြီ

ပုံ (၅) ဗောဓိပင်ပေါင်း ၉၀၀၀ ကျော်သွားပါပြီ

ပုံ (၆) မျက်စိတစ်ဆုံး ကြည့်လို့ မ၀နိုင်အောင် လှပသော မြင်ကွင်း

ပုံ (၆) မျက်စိတစ်ဆုံး ကြည့်လို့ မ၀နိုင်အောင် လှပသော မြင်ကွင်း

ပုံ (၇) အရပ် ၄ မျက်နှာလုံး ဘယ်ကြည့်ကြည့် ဘုရားတွေကို ဖူးမြင်နိုင်တယ်

ပုံ (၇) အရပ် ၄ မျက်နှာလုံး ဘယ်ကြည့်ကြည့် ဘုရားတွေကို ဖူးမြင်နိုင်တယ်

ပုံ (၈) ကြည့်မ၀နိုင်သော မြင်ကွင်းများ

ပုံ (၈) ကြည့်မ၀နိုင်သော မြင်ကွင်းများ

ပုံ (၉) အဝေးမှ ဇွန်းဆွဲထားသော စေတီတော်

ပုံ (၉) အဝေးမှ ဇွန်းဆွဲထားသော စေတီတော်

ပုံ (၁၀) အဝေးမှ ဆွဲကြည့်ထားသော လျှောင်းတော်မူဘုရားကြီး

ပုံ (၁၀) အဝေးမှ ဆွဲကြည့်ထားသော လျှောင်းတော်မူဘုရားကြီး

ပုံ (၁၁) အဝေးမှ လှမ်းဖူးမြင်ခဲ့ရသော နဂါးနှစ်ကောင်ဘုရား (ဆရာတော်ဘုရားကြီးက မိဘနှစ်ပါးအတွက်ရည်ရွယ်ပြီး တည်ထားခဲ့တယ်လို့သိရပါတယ်)

ပုံ (၁၁) အဝေးမှ လှမ်းဖူးမြင်ခဲ့ရသော နဂါးနှစ်ကောင်ဘုရား (ဆရာတော်ဘုရားကြီးက မိဘနှစ်ပါးအတွက်ရည်ရွယ်ပြီး တည်ထားခဲ့တယ်လို့သိရပါတယ်)

ပုံ (၁၂) ရပ်တော်မူဘုရားကြီးပုံစံတူ မိုလုပ်ထားခဲ့တာတဲ့ ..

ပုံ (၁၂) ရပ်တော်မူဘုရားကြီးပုံစံတူ မိုလုပ်ထားခဲ့တာတဲ့ ..

မျှော်စင်ပေါ်ကနေ ပါတ်ဝန်းကျင်တစ်ခုလုံးကို အားရအောင်ကြည့်ပြီးတဲ့အခါမှာတော့ ရပ်တော်မူဘုရားကြီးဆီကို သွားခဲ့ကြပါတယ်။ အထပ်ပေါင်း (၃၁) ထပ် ရှိတဲ့ ဘုရားကြီးကို မျှော်ကြည့်ပြီး တက်မကြည့်ခင် ကြိုပြီးမောသွားတယ်။ မနက်စောစောမို့လို့ တော်ပါသေးတယ်။ ရာသီဥတု မပူပါဘူး။ ဘုရားဖူးလဲ သိပ်များများမရှိဘူး။

ပုံ (၁၃) ၃၁ ထပ်ရှိတဲ့ ဘုရားကြီး

ပုံ (၁၃) ၃၁ ထပ်ရှိတဲ့ ဘုရားကြီး

ပုံ (၁၄) ၃၁ ဘုံ ခရီးသည်

ပုံ (၁၄) ၃၁ ဘုံ ခရီးသည်

ပထမထပ်ကနေ စပြီး တက်သွားမယ်ဆိုရင် ငရဲကြီး ၈ ထပ်ကို အရင်တွေ့ရမှာဖြစ်ပါတယ်။ ၉ ထပ်မြောက်မှာမှ လူ့ဘုံနဲ့ အထက်မှာ နတ်ဘုံ ဗြဟ္မာ့ဘုံတွေရှိပါတယ်။ တည်ဆောက်စဉ်မှာ အသုံးပြုခဲ့တဲ့ ဓါတ်လှေကားရှိပေမယ့် ဘုရားဖူးတွေအတွက် ရိုးရိုးလှေကားသာရှိပါတယ်။ ပင်မ တိုင်ကြီး ၅ တိုင်နဲ့ အမာခံတည်ဆောက်ထားပါတယ်။ လူတွေတော်တော်များများကတော့ နတ်ဘုံရောက်တာနဲ့ တော်ပြီဆိုပြီး ပြန်ဆင်းကြတယ်။ ခြေထောက်လဲ ညောင်းနေပြီလေ။ ကျွန်မတို့လဲ ၁၁ ထပ် တက်ပြီးချိန်မှာ ညောင်းပြီမို့လို့ ပြန်ဆင်းခဲ့ကြပါတယ်။ အထပ်တိုင်းက ပုံတွေကို ပြချင်ပေမယ့် သိပ်များသွားမှာစိုးလို့ နဲနဲပဲ ရွေးပြလိုက်ပါတယ်။

ပုံ (၁၅) ငရဲခန်းတွေကို ပန်းချီအပြင် စာနဲ့ပါ ရှင်းပြထားပါတယ်

ပုံ (၁၅) ငရဲခန်းတွေကို ပန်းချီအပြင် စာနဲ့ပါ ရှင်းပြထားပါတယ်

ပုံ (၁၆) အလယ်မှာတော့ ဘုရားပုံ ထားပါတယ်

ပုံ (၁၆) အလယ်မှာတော့ ဘုရားပုံ ထားပါတယ်

ပုံ (၁၇) တစ်ထပ်ချင်း အလှူရှင်တွေရှိတယ် .. (ဒီအထပ်က ကမ္ဘောဒီးယားက)

ပုံ (၁၇) တစ်ထပ်ချင်း အလှူရှင်တွေရှိတယ် .. (ဒီအထပ်က ကမ္ဘောဒီးယားက)

ပုံ (၁၈) ငရဲခန်းတစ်ခု

ပုံ (၁၈) ငရဲခန်းတစ်ခု

ပုံ (၁၉) အလယ်တိုင်နဲ့ ဘေးမှာ ၄ တိုင် ရှိတယ် ..

ပုံ (၁၉) အလယ်တိုင်နဲ့ ဘေးမှာ ၄ တိုင် ရှိတယ် ..

ပုံ (၂၀) ၁၀ ထပ်လောက်မှာတော့ ဒီလို ပြန်ထောက်ထားတာမျိုးရှိတယ်

ပုံ (၂၀) ၁၀ ထပ်လောက်မှာတော့ ဒီလို ပြန်ထောက်ထားတာမျိုးရှိတယ်

ပုံ (၂၁) နတ်ဘုံရောက်အောင် တက်ခဲ့လိုက်တယ်

ပုံ (၂၁) နတ်ဘုံရောက်အောင် တက်ခဲ့လိုက်တယ်

ပုံ (၂၂) ဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီးပုံတော်

ပုံ (၂၂) ဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီးပုံတော်

ပုံ (၂၃) လျှောင်းတော်မူဘုရားကြီး

ပုံ (၂၃) လျှောင်းတော်မူဘုရားကြီး

ပုံ (၂၄) လျှောင်းတော်မူဘုရားကြီး

ပုံ (၂၄) လျှောင်းတော်မူဘုရားကြီး

ပုံ (၂၅) အတွင်းပိုင်း ပြင်ဆင်မှု မပြီးသေးပါဘူး

ပုံ (၂၅) အတွင်းပိုင်း ပြင်ဆင်မှု မပြီးသေးပါဘူး

ပုံ (၂၆) နဂါးရုံဘုရား

ပုံ (၂၆) နဂါးရုံဘုရား

ပုံတွေကြည့်ပြီး စိတ်ကျေနပ်မှုရပါစေလို့ ဆုတောင်းလိုက်ပါတယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....