ဘဝပင်လယ်

ဆုိးဆုိးAugust 17, 20101min831

ငါတို့ဖြတ်သန်းရမှာက  ဘဝဆိုတဲ့ပင်လယ်

ပျံသန်းဖို့တောင်ပန် တစုံ အမေ မပေးလိုက်ဘူး…။

ယုံကြည်မှုနဲ့ လှေကိုထွင်း

ရည်မှန်းချက်နဲ့ ရွက်တိုင်လွင့်

သူရဲကောင်း သုံးယောက် (ဇွဲ၊လုံးလ၊ဝိရိယ) အမြဲ ဘေးမှာရှိတယ်…..။

ငါတု့ိ မနက်ဖြန်တွေမှာ

နေရောင်ခြည်ကို တွေ့ချင်မှတွေ့မယ်……………..

ငါတု့ိ မနက်ဖြန်တွေမှာ

ဝံပုလွေလာဆင်လို လူမျိုးနဲ့ တွေ့ချင်တွေ့မယ်…….

ငါတု့ိ မနက်ဖြန်တွေမှာ

ပင်လယ် မီးစုန်းတွေနဲ့ တွေချင်တွေမယ်………….

ငါတု့ိ မနက်ဖြန်တွေမှာ

မုန်တိုင်းတွေနဲ့ တွေ့ချင်တွေ့မယ်…………………..။

ဘာပဲဖြစ်ဖြစ် ဘာပဲတွေ့တွေ့

ငါတု့ိ မနက်ဖြန်တွေမှာ

လောကဓံနဲ့ မျက်နှာသစ်လို့

ငါတို့အရောက်သွားမယ် တဖက်ကမ်းဆီက

ငါတို့ ရဲ့ ပန်းတိုင်……………………………………..။

One comment

  • kopauk mandalay

    August 17, 2010 at 3:23 pm

    မဟာဇနကတောင်
    ပင်လယ်မှာခုနှစ်ရက်
    လက်ပစ်ကူးပြီးမှ
    မေခလာလိုကယ်တင်ရှင်ကိုတွေ့တယ်။
    လာကယ်သူတွေ့ချင်တွေ့ မတွေ့ချင်နေ
    အခက်အခဲတွေကိုကျော်လွားမယ်ဆိုတဲ့
    ငါရဲ့စိတ်မှာကြောက်ရွံ့မူ့တွေမပါတာ
    သိပ်ကိုသေချာပါတယ်။

Leave a Reply