“လျှော်စေသင့် ၏…………..မသင့်၏”

“လျှော်စေသင့် ၏…………..မသင့်၏”

 

အခုရက်ဂျာနယ်တွေဖတ်လိုက်ရင် ယာဉ်တိုက်မူ့တွေဘဲတွေ့နေရပါတယ်။

ဖြစ်လိုက်တဲ့အမူ့တွေကလဲ အရက်သေစာသောက်ထားတာ၊

မူးယစ်ဆေးဝါးသုံးစွဲထားတာ

မကျွမ်းကျင်ဘဲမောင်းတာ၊

မဆင်မခြင်နဲ့ အရမ်းမောင်းတာ ၊

ယာဉ်စည်းကမ်းကိုလုံးဝမသိဘဲမောင်းတာ၊

ယာဉ်စည်းကမ်းကိုသိပေမယ့်လဲ မလိုက်နာဘဲမောင်းတာတွေကြောင့်

ယာဉ်တို်က်မူ့ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။

 

မကြာသေးခင်ရက်ပိုင်းကတင်ရန်ကုန် သင်္ဃန်းကျွန်းမှာ ဖြစ်သွားတာကလဲ

တရားဥပဒေစိုးမိုးခြင်းဆိုတာ ဒါဘဲလားလို့ စိန်ခေါ်နေသလိုပါဘဲ။

လမ်းပြောင်းပြန်ဝင်လာတဲ့ကားက

လမ်းမှန်အတိုင်းမောင်းလာတဲ့ ကား ကို ဝင် တိုက်လိုက်ပါသတဲ့။

လမ်းမှား ဝင်လာပြီးတိုက်တဲ့လူက ဓါးကိုင်ပြီးရမ်းကားပါသတဲ့။

နောက်ဆုံးဇာတ်ပေါင်းတော့

အတိုက်ခံလိုက်ရတဲ့ကားမှာ အလျော်မရဘဲ

“ကိုယ့် စားရိတ်နဲ့ကိုယ်ကားပြင်ပါ”လို့

တာဝန်ကျ ဝန်ထမ်းက ဆုံးဖြတ်ပေးသွားတယ်ဆိုတာကိုို ဖတ်မိတဲ့အခါ

အတိုက်ခံရပြီး အလျော်လဲမရတော့စိတ်ဆင်းရဲ လူဆင်းရဲ ၊

ငွေကုန် လူပန်း ဖြစ်ရရှာတဲ့ ယာဉ်ပိုင်ရှင်တွေကို သွားသတိရမိပါတယ်။

“မှန်လဲမှန်သေး ခံ လဲ ခံ ရ သေး”ဆို တာ ကျနော်တို့နိုင်ငံမှာ မထူးဆန်းသော

အကြောင်းအရာတစ်ခုလို ဖြစ်နေခဲ့တာကြပါပြီ။

 

ဟိုအရင်ကတော့ ယာဉ်တို်က်မူ့ဖြစ်လို်က်တယ်ဆိုရင် မှားမှားမှန်မှန်

ယာဉ်ကြီးခံပါဘဲ။

အဲတော့ ယာဉ်ငယ်တွေဖြစ်တဲ့ စက်ဘီး၊ဆိုက်ကား၊ဆိုင်ကယ်မှန်သမျှှက

တိုက်မိရင်ငါတို့အလျော်ရမှာဘဲဆိုတဲ့အတွေးနဲ့ ထင်သလိုမောင်းကြပါတယ်။

တစ်ချို့ကလဲအလျော်လိုချင်လို့ တမင်ကိုအတို်က်ခံကြပါတယ်။

ယာဉ်ကြီးတွေမှာ မှန်ပေမယ့်လဲကျေနပ်အောင်အလျော်ပေးခဲ့ကြရတာပေါ့။

 

အထူးသဖြင့်လိုင်းကားမောင်းတဲ့သူတွေက ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို

မထေမဲ့မြင်လုပ်တဲ့နေရာမှာတော့ စံပြ ပါဘဲ။

လမ်းစည်းကမ်းကို မသိလို့မဟုတ်။

သိတာမှ ဟိုဘက်နှစ်ဘူတာတောင်လွန်ပါသေးတယ်။

ကိုယ်မောင်းနေတဲ့ကားက စံနစ်တစ်ကျ ပြင်ထားတဲ့ကားမျုးိမဟုတ်တာလဲ

သူတို့သိတယ်။

ဒါပေမယ့် ကားကိုမြို့ထဲလမ်းကျပ်နေချိန်မှာ အရှိန်မလျော့ဘဲမောင်းတယ်။

ခရီးသည်လု ပြီး တင်ဘို့ အတွက် တင်မကဘဲ

အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓါတ် ကို ပြတဲ့ အနေတဲ့

ကားတစ်စီးနဲ့တစ်စီး အပြိုင်အဆိုင်မောင်းတယ်။

အလုအယက်ကျော်တက်နိုင်ဘို့ကြိုးစားချတယ်။

တစ်ဖက်ယာဉ်ကြောထဲကို ဝင်ပြီး ဇွတ်အတင်းကျော်တက်တယ်။

စပယ်ယာလုပ်သူကလဲ “နောက်က ကပ်လာပြီ နင်းထား ဆရာရေ “

ဆိုပြီး ဆေးထိုးပေးတယ်။

(သူတို့အခေါ်တော့ ဖိုက်တယ်ပေါ့)

အဲလိုစည်းမဲ့ကမ်းမဲ့လုပ်ခြင်းရဲ့ရလဒ်က ယာဉ်တို်က်မူ့ဖြစ်တာပါဘဲ။

ယာဉ်တိုက်မူ့ဖြစ်ပြီဆိုတာနဲ့ အဲဒီလူတွေက ပြဿနာကိုရင်မဆိုင်ဘဲ

ကားထားပြီး ထွက်ပြေးကြပါတယ်။

ထွက်ပြေးလို့မရလို့အဖမ်းခံလိုက်ရတယ်ဆိုရင်ဘဲ ကမ္ဘာပေါ်မှာသနားစရာ

အကောင်းဆုံးလူသားတွေအဖြစ်အသွင်ပြောင်းသွားပါတော့တယ်။

မြန်မာပြည်ကလူတွေက သနားတတ်မှန်းသိတော့

အမေအိုကြီးကိုလုပ်ကျွေးနေတာပါတို့၊

မိန်းမက ကိုယ်ဝန်ကြီးနဲ့ပါတို့၊

လူမမယ်ကလေးဘုစုခရုတွေနဲ့ပါတို့၊

သူများကားကိုအငှားမောင်းရတာလျော်စရာမရှိပါတို့ဆိုတာကို

နတ်သံနှောပြီး အတိုက်ခံရသူကတောင်သူ့ကိုအလျော်ပြန်ပေးချင်လောက်

အောင်ကို သနားစရာဖြစ်အောင်ပြောပါတော့တယ်။

အလျှော်လဲမရ နိုင်တဲ့အတူူတူတော့ ထပ်ပြီးလဲ ပိုက်ဆံအကုန်မခံချင်တော့တဲ့အခါ

အလုပ်ရှုပ်ခံပြီးအမူ့မဖွင့်တော့ဘဲ ကျေအေးလိုက်ရတဲ့ယာဉ်ပိုင်ရှင်တွေအများကြီးပါဘဲ။

သူတို့လိုအသွေးတူအမွေးတူ လိုင်းကားအခြင်းခြင်းတိုက်မိတဲ့အခါမှာသာပြဿနာကြီး

ထွားလာပြီး ရုံးရောက်ဂါတ်ရောက်နဲ့ဖြေရှင်းကြပေမယ့်

အိမ်စီးကားနဲ့ဖြစ်ကြတဲ့အခါမှာတော့ မိအေးနှစ်ခါ မနာချင်တော့

ကျေအေးလိုက်ကြရတာများပါတယ်။

 

အိမ်စီးကားအချင်းချင်း တိုက်တဲ့အခါမှာလဲ ဒရိုင်ဘာငှားထားတဲ့သူကလဲ

ဒရိုင်ဘာအပေါ်မှာသာပုံချလိုက်ပါတယ်။

ကားကတော့ ကျနော်တို့ကား ဒါပေမယ့်မောင်းတာက သူမောင်းတာ

သူနဲ့ရှင်းဆိုပြီးပုတ်ထုတ်လိုက်တတ်ကြပါတယ်။

အဲဒီလိုအခါမျိုးမှာလဲ ဒရိုင်ဘာကလဲ အစွမ်းကုန်ငိုပြတော့တာပါဘဲ။

ဒီတော့လဲ အတိုက်ခံရသူကမဖြစ်စလောက် လျော်ကြေးနဲ့ဖြစ်စေ

ထိုင်ရှိခိုးတာလောက်နဲ့ဘဲဖြစ်စေ ကျေနပ်လိုက်ရပြန်ပါတယ်။

အချို့သောလူလည်ဂျပါးတွေကတော့  အမူ့ဖွင့်လိုက်ပါ ဥပဒေအတိုင်းရင်ဆို်င်မယ်

ဆိုတာမျိုးနဲ့ ကြုံရတတ်ပါသေးတယ်။

အမူ့အခင်းဖြစ်ရင် မှန်တဲ့ဘက်က ယာဉ်ပိုင်ရှင်မှာ အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး

တရားရုံးကို သွားရမှာကို ကြောက်ရွှံကြတာ အမှန်ပါဘဲ။

အခုခေတ်ကြီးမှာအမှု့တော်တော်များများက ချက်ခြင်းမပြီးပြတ်တာများပါတယ်။

ဟိုဘက်က မလာလို့ ဒီဘက်က ပျက်ကွက်လို့

ရှေ့နေတွေကရုံချိန်းတိုက်နေလို့ဆိုတာတွေကအများသား ဆိုတော့

တော်ရုံတန်ရုံကိစ္စနဲ့ တရားရုံးမတက်ချင် ကြတာ ကို အလွန်လို့ မဆိုနိုင်ပြန်ပါဘူး။

ရုံးချိန်းပေါင်းများစွာကိုငွေကုန်ကြေးကျခံ ရှေ့နေခ အကုန်ခံပြီး အမူ့ရင်ဆိုင်ပေမယ့်လည်း

လူမသေဘူးဆိုရင် မဖြစ်စလောက်ငွေဒဏ် လောက်နဲ့လဲပြီးချင်ပြီးသွားတတ်တာ

ထောင်ဒဏ်လပိုင်းလောက်နဲ့ပြီးချင်ပြီးသွားတတ်တာဆိုတော့

အလုပ်ရှုပ်မခံဘဲကြေအေးလိုက်ရပြန်ပါတယ်။

အမူ့ကပြီးသွားပေမယ့် ကားပျက်ကို ပြင်ရတဲ့ငွေကလည်းမနည်းပါဘူး။

အတိုက်ခံရပြိးသားကားဆိုပြန်တော့လဲပြန်ရောင်းရင်ဈေးမရတဲ့အတွက်

တစ်ခါရှုံးပြန်ပါသေးတယ်။

ယာဉ်ပျက်စီးသွားတာက ပြန်ပြင်လို့ရပေမယ့် အသက်ဆုံးရှုံးသွားတာမျိုးဆိုရင်တော့

နစ်နာဆုံးရှုံးမူ့က ဘာနဲ့မှ အစားထိုးလို့မရတဲ့အထိဖြစ်သွားတာအမှန်ပါဘဲ။

 

ကျနော်မိတ်ဆွေတစ်ယောက်ဖြစ်ခဲ့တာလေးကိုပြောပြချင်ပါသေးတယ်။

ရန်ကုန်ကိုအလုပ်ကိစ္စနဲ့အသွား

ဈေးသင့်တော်တယ်ဆိုတာနဲ့ ကားလေးတစ်စီးဝယ်လိုက်ပါတယ်။

လက်ထဲမှာပိုက်ဆံမပြည့်တာတောင်မှ ကားရောင်းတဲ့မိတ်ဆွေက

ဟိုရောက်လို့အဆင်ပြေတဲ့အချိန်မှ လွှဲပေး ကားကတော့တစ်ခါထဲယူသွားလဲရတယ်

ဆိုပြီး ပေးလိုက်တော့ လဲ ဝယ်ဖြစ်သွားတယ်ဆိုပါစို့။

ရန်ကုန်နဲ့မန်းလေးဆိုတာ မနက်သွားရင်ညရောက်အောင်ဆောင်ကျဉ်းပေးနိုင်တဲ့

အမြန်လမ်းကြီးအားကိုးနဲ့ဝယ်လိုက်တယ်ပေါ့။

အစကတော့ သူများနဲ့ ငှားပြီး ပို့ ခိုင်းမလို့ပါဘဲ။

ဒါပေမယ့်သူနဲ့အတူ မန်းလေးကို ပြန်မယ့် သူငယ်ချင်းအဖော်တစ်ယောက်လဲ

တွေ့ တော့ တစ်ယောက်တစ်လှည့်စီမောင်းလို့ရတယ်လို့ စိတ်ကူးမိပြီး

ကားကို ကိုယ်တိုင်ဘဲ မန်းလေးကိုမောင်းသွားဘို့ ဆုံးဖြတ်လိုက်ပါတယ်။

အများအားဖြင့်ရန်ကုန်က နေ ကားဝယ်ရင်မန်းလေးကို လူငှားနဲ့

အပို့ခိုင်းတတ်ကြပါတယ်။

 

အစကတော့ မနက်ပိုင်းပြန်မယ်စိတ်ကူးပေမယ့် အလုပ် ကိစ္စမပြတ်တာရယ်

ခရီးရှည်သွားမယ်ဆိုတော့ကားကို ဝပ်ရှော့ထိုးပြီးသေချာအောင်စစ်ခိုင်းပြီး

နည်းနည်းမိုးချုပ်မှထွက်ဖြစ်ပါတယ်။

ယောက်ျားလေး နှစ်ယောက်ထဲဆိုတော့လဲ အေးအေးဆေးဆေးကီလိုတစ်ရာအောက်

မှာဘဲမောင်းလာခဲ့ကြပါသတဲ့။

အဲလိုမောင်းလာရင်းနဲ့  သူ့တို့နောက်ကလိုက်လာတဲ့ကားတစ်စီးက

ယိုင်ထိုးယိုင်ထိုးနဲ့ ပါလာပါသတဲ့။

ဒါနဲ့သူတို့လဲ ကားကိုခပ်မြန်မြန်လေးမောင်းပြီး သူတို့ နဲ့အတော်ဝေးပြီးဆိုမှ

ခပ်မှန်မှန်လေးမောင်းလာလိုက်ပါသတဲ့။

သူတို့ကိုကျော်ပြီး အတော်ဝေးဝေးရောက်တဲ့အခါမှာတော့ ပုံမှန် အတိုင်းကီလို ၉ဝလောက်နဲ့

ဘဲမောင်းလာလိုက်ပါသတဲ့။

သူကကားမောင်းတဲ့အခါ မှာ ညာဘက်ကို ကပ်ပြီး ခပ်ဖြည်းဖြည်းဘဲမောင်းလာခဲ့ပါသတဲ့။

အဲလိုနေရင်းက ဝုန်းကနဲ့အသံနဲ့အတူ သူ့ကားကအရှိန်နဲ့ပြေးထွက်သွားပြီး

လမ်းဘေးကိုထိုးဆင်းသွားပါသတဲ့။

ပြီးတော့ကားက ဘာမှထိန်းလို့မရတော့ ဘဲဖြစ်နေတဲ့အခါ လီဘာလွှတ်ပြီး

စီယာတိုင်ကိုဘဲအလိုက်သင့်ကိုင်ထားလိုက်ပါသတဲ့။

ပါတ်ဝင်ကျင်တစ်ခုလုံးဖုံးတွေလုံးတက်လာပြီး

ကားကဘယ်နှစ်ပါတ်မှန်းမသိအောင်လည်လို့အားရတဲ့အခါ ဘေးတိုက်ထွက်သွားပြီး

လမ်းဘေးကသစ်ပင်နဲ့တိုက်မှ ရပ်သွားပါသတဲ့.။

ကံကောင်းတာက သူတို့နှစ်ယောက်လုံးက ခါးပါတ် ပါတ်ထားပါသတဲ့။

ကားရပ်သွားလို့ကားအောက်ဆင်းလိုက်တဲ့အခါမှာ သူတို့ကိုဝင်တိုက်တဲ့ကားက

လမ်းလည်ခေါင်မှာ ကန့်လန့်ကြီးရပ်နေပါသတဲ့။

မနက်လေးနာရီ မထိုးခင်မှောင်မဲမဲဆိုတော့ ဘာမှ မမြင်ရပါဘူးတဲ့။

သူတို့ကားကိုဝင်တိုက်တဲ့ ကား ကကောင် လေးနှစ်ယောက်ဆင်းလာပြီး ဘာဖြစ်သွားလဲမေးပါသတဲ့။

သူတို့အိ်ပ်ငိုက်ပြီး ဝင်တိုက်မိတာလို့ လဲပြောပါသတဲ့။

ကားအောက်ဆင်းပြီး  လက်နှိပ်ဓါတ်မီးထိုးပြီးကြည့်လိုက်တော့

ကားဘယ်ဘက်ခြမ်းတစ်ခြမ်းလုံးစုတ်ပြတ်သွားပါသတဲ့။

သူတို့ကားက ညာဘက်ခြမ်းကပ်မောင်းလာတာကို လမ်းလယ်ကမောင်းလာတဲ့ကားကနောက်ကနေဝင်

ဆောင့်လိုက်တဲ့အခါ ကား အုတ်ခုံလေးတစ်ခုကိုဝင်တိုက်ပြီး လမ်းဘေးကိုချော်ကျသွားတာပါ။

ကံကောင်းချင်းတော့လမ်းက ပြင်ညီဖြစ်နေလို့ပါတဲ့။

ကောင်လေးက ရဲမတိုင်ပါနဲ့ အိမ်ကိုလှမ်းခေါ်ပါမယ့် ဆိုပြီး ပြောတာနဲ့အမှောင်ထဲမှာဘဲရပ်စောင့်နေရပါတယ်။

သိပ်မကြာခင်မှာဘဲ ကားတစ်စီးက ဝင်ပြီး သတင်းပေးသွားလို့ိုဆိုပြီးရဲကားရောက်လာပါတယ်။

ရဲတွေကဘဲ ဝိုင်းကူ ပြီး ကားကို ရဲစခန်းထဲရောက်အောင်ဖြေးဖြေးဘဲမောင်းလာခဲ့ကြပါတယ်။

နောက်ရဲစခန်းမှာစစ်ချက်တွေယူကြတော့ ကောင်လေးနှစ်ယောက်က အသက် ၂ဝ ပါတ်ဝန်းကျင်။

လိုင်စင်မရှိ။

အိမ်က ကားကို ခဏဆိုပြီးယူမောင်းလာရင်းမန်းလေးကို သွားကြတာပါတဲ့။

နောက်ဒီလမ်းကို ပထမဆုံးအကြိမ်မောင်းဘူးပါသတဲ့။

သူတို့မန်းလေးလာတာကိုလဲသူတို့အိမ်ကမသိပါဘူးတဲ့။

ရဲစစ်ချက်ယူပြီးတဲ့အခါ သူ့အိမ်ကလူကြီးတွေကိုခေါ်မယ်ဆိုဖုန်းဆက်ပါသတဲ့။

အိမ်ကလဲ လာမယ်လာမယ်သာပြောတယ ် မနက်ငါးနာရီလောက်ကတည်းက

ဒီကိုလိုက်လာဘို့ပြောထားတာက

ညနေငါးနာရီလောက်မှရောက်လာပါသတဲ့။

ရောက်လာပြန်တော့လဲ ဝူးဝူးဝါးဝါး တွေလုပ်။

မလျော်နိုင်ဘူးပြောလို့ပြော။

ဘယ်သူနဲ့သိတယ်ဘယ်ဝါနဲ့သိတယ်ဆိုပြီးလူကြီး တွေနာမယ်ရွတ်လို့ရွတ်။

ဥပဒေအတိုင်း လုပ်မယ်ပြောလို့ပြောနဲ့ အတော်စိတ်လေစရာကောင်းပါသတဲ့။

လူက ကားတိုက်ခံရလို့ နာတာကတစ်မျုိုး၊

အမူ့အခင်းဖြစ်လို့ စိတ်ရှုပ်ထွေးရ တာကတစ်မျုးိ၊

ဝယ်လာတာမှ နာရီပိုင်းဘဲရှိသေးတယ် ကား က ပျက်စီးသွားလို့ စိတ်ဆင်းရတာတစ်မျိုး။

အလျော်မရရင်ငွေထပ်ကုန်အုံးမှာ အလကားနေရင်းဆုံးရှုံးနစ်နာတာကိုတွေးပြီး စိတ်ညစ်တာကတစ်မျုးိ

ပြောရဆိုရတာက အပေါက်အလမ်းမတည့် လို့ စိတ်တိုရတာတစ်မျုုးိဆိုတော့

ဖြစ်ချင်ရာဖြစ်ပေစေတော့လို့ စိတ်ဖြတ်လိုက်ပါသတဲ့။

နောက်ဆုံးတော့ဘာမှအဖြေမရဘဲနဲ့

မန်းလေးကနေလိုက်လာတဲ့မိတ်ဆွေတွေနဲ့ ဘဲပြန်လိုက်လာခဲ့ရပါသတဲ့။

ရဲစခန်းကိုတော့ သူတို့ဘက်က အဆင်ပြေအောင်လာညှိရင် ကျေအေးပေးမယ်
မလျော်ဘူးဆိုရင်လဲ အမူဖွင့်ပြီး ဥပဒေ အတိုင်းသာလုပ်မယ်လို့ ပြောခဲ့ပါသတဲ့။

နောက်၂ရက်ကြာမှ ဟုဘက်က ဖုန်းဆက်လာပါတယ်။

ကားကို ဘော်ဒီချိန်းပေးမယ် လို့ဆိုပါသတဲ့။

ဒါနဲ့ဘဲ ဟိုဘက်ကလူတွေနဲ့  အမြန်လမ်းက ရဲစခန်းမှာဘဲချိန်းလို်က်ပါသတဲ့။

ဒါတောင်ရန်ကုန်မှာဘဲပြင်မယ် ကားကို ရန်ကုန်ရောက်အောင် ပို့ပေးရမယ်ဆိုလာပြန်တော့

စိတ်ပေါက်ပေါက်နဲ့ အလျော်လဲမပေးနဲ့ အမူ့သာဖွင့်လိုက်တော့ ဆိုမှ ပါးစပ်ပိတ်သွားကြပါသတဲ့။

နောက်တစ်ပါတ်အတွင်းမှာ ကား ကို ရန်ကုန်လာယူပါပြောပါသတဲ့။

အဆုံးမတော့ အမူ့ပိတ်လိုက်တယ်ဆိုပေမယ့် ရဲစခန်းနဲ့ မန်းလေးသွားလိုက်ပြန်လိုက်လုပ်

ရတာ ဆီကုန် ငွေကုန် လူ ပန်းအဖြစ်နဲ့ ကြုံရပါသတဲ့။

ကားကိုလဲ ဝယ်လာတဲ့မိတ်ဆွေ ကိုဘဲ ပြန်ရောင်းခို်င်းလိုက်ပါသတဲ့။

ရှုံးရှုံးမြတ်မြတ် ကြည့် ကို မကြည့်ချင်တော့ တာပါတဲ့။

နောက်ကားဆို  ဝယ်စီးဘို့ဆိုတာ စိတ်ကူးထဲတောင်မထည့်ရဲတော့ပါဘူးတဲ့။

ယာဉ်စက်ကိရိယာ ဆို တာ ကိုယ်က ဘယ်လောက် ဂရုတစိုက်မောင်းမောင်း

တစ်ဖက်လူ က မှားရင်လဲ ခံရ တာပါဘဲ။

တိုက်မိပြီဆိုရင်လဲ ကိုယ်ချင်းစာတတ်တဲ ့လျော်ချင်စိတ်ရှိသူ

ဖြစ်ဘို့ဆိုတာ  အလျော်ပေးနိုင်လောက်အောင် စီးပွားရေးအဆင်ပြေသူ

ဖြစ်ဘို့ဆိုတာကတော့ အတော်လေး ကို ခဲယဉ်းပါတယ်။

အဲတော့ အတိုက်မခံရအောင် သတိထားမောင်းဘို့ ဘဲ လိုတယ်လို့

ဘဲ တွေးမိပါတယ်။

တိုက်မိလို့ အလျော်ရဘို့ ဆိုတာကတော့ အတော်လေးခက်ခဲပါမယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာက အမူ့အခင်းတစ်ခုဖြစ်ပြီဆိုရင်

ငွေကုန်လူပန်းဖြစ်လွန်းလို့ပါဘဲ။

ပြဿနာတစ်ခုရယ်လို့ဖြစ်လာရင် ရှုပ်ထွေးများပြားလှတဲ့ရုံးလုပ်ထုံးလုပ်နည်းတွေ

နှေးနှေးကွေးကွေး ဘဲဆောင်ရွက်တတ်တဲ့ တရားရုံးလုပ်ငန်းတွေ၊

မသမာတဲ့ဝန်ထမ်းများက လာဘ်စားဘို့အတွက် ရည်ရွယ်ချက်ရှိလေတော့

လွယ်လွယ်ကူကူ ပြီး နိုင်တာကို မခက် ခက်အောင်တမင်ဖန်တီးထားတာတွေ

ရှိနေတော့ တရား  ဥပဒေအတိုင်း ရင်ဆိုင်ဘို့ကိုလူတိုင်းစိုးရွှံ့ကြပါတယ်။

 

နောက်တစ်ချက်က ကိုယ့်ကြောင့်ထိခိုက်နစ်နာလို့အလျှော်ပေးရမယ့်ငွေ

ပမာဏနဲ့ ဥပဒေကချမှတ်လိုက်တဲ့ပြစ်ဒဏ်နိူင်းယှဉ်လိုက်ရင်

အပြစ်ဒဏ်ခံလိုက်တာက သက်သာနေတော့ ဥပဒေအတိုင်းလုပ်ပါတွေဖြစ်လာ

တာလဲအမှန်ပါဘဲ။

နောက်တစ်ချက် ယာဉ်တိုက်မူ့ရယ်လို့ဖြစ်လာရင် မှန်တာမှားတာအပထား

ကြားဝင်ပြီးဆုံးဖြတ်တတ်တဲ့ ဆိုင်ရာပိုင်ရာလူကြီးမင်းများကလဲရှိနေပြန်တော့

အတိုက်ခံရတဲ့လူအနေနဲ့ ကျေအေးလိုက်ရတာအမှန်ပါဘဲ။

အဲတော့ ယာဉ်တိုက်မူ့တစ်ခုဖြစ်တယ်ဆိုရင်

“ငါ့ကြောင့်သူများမှာ နစ်နာသွားပါလား”ဆိုတဲ့ကိုယ်ချင်းစာတရားလေး

ကိုနှလုံးသွင်းမိမယ်ဆိုရင်ဖြင့်

………………………………………………..

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

29-10-2014

 

 

 

 

 

 

13 comments

  • မမချွိ

    October 29, 2014 at 1:08 pm

    ဒီမှာတော့ ဘယ်သူ မှားတယ် မှန်တယ် က နောက် ….
    ကိုယ်စီ ကိုယ်စီ အာမခံ ကမ်ပနီလေးတွေကို ဖုန်းခေါ်ကြတာပဲ။

    လူ မသေရင် ပြသနာ အဲလောက် မရှုပ်ဘူးခေါ်မပေါ့။

    အာမခံမရှိရင်တော့ အလျော်အစား ကိစ္စ..
    ပြင်ဆင် စားရိတ် ကိစ္စတွေ ပိုရှုပ်မှာပေါ့။

    ခုတလောလည်း ကားတိုက်တာတွေချည်း ကြားနေရသလိုလို။

    ယဉ်တိုက်မှု ပညာပေး ဟိုင်းဝေး ဇာတ်လမ်း လေးဘာလေး ပြသင့်ပြီထင်ပ။

    • ခက်တာက မြန်မာပြည်က အာမခံစံနစ်မထွန်းကား သေးဘူးဆိုတာထက်
      ပိုက်ဆံသာ ကောက်ပြီး ဘာ မှ လုပ်မပေးခဲ့ တဲ့
      (အပေးလွယ်ပြီ း ပြန်ရ ဘို့ ခက်တဲ့) အာမခံ လုပ်ငန်းကို လူတွေက မယုံကြည်သေးတော့
      အာမခံ မထားကြဘူးဖြစ်နေတာပါ။

  • kyeemite

    October 29, 2014 at 1:30 pm

    .မြန်တျန့်ပြည်ကြီးမှာတော့ ဥပဒေဆိုတာချို နဲ့လားမေးရမလို
    .ယာဉ်တိုက်မှုကတော့ မဖြစ်အောင်အစွမ်းကုန်သတိထားပြီးစိတ်ရှည်ရှည်မောင်းနေရတယ်
    .ဒါပေမဲ့ ကိုယ်မမှားပေမဲ့သူမှားပြီးလည်းတိုက်နိုင်လေတော့…သဗ်ဗေသတ္တာ ကမ္မသကာပဲဆိုပါတော့ဗျာ
    :p:

    • တရား ဥပ ဒေ စိုးမိုးရေး မရှိဘူးလို့ပြောနေတဲ့သူက တွေကိုယ်တိုင်က

      တရားဥပဒေ ကို မလိုက်နာဘူးလေ

      ခက်စ

  • weiwei

    October 29, 2014 at 1:58 pm

    ရန်ကုန်မြို့ထဲမှာကတော့ အရှိန်နဲ့မောင်းလို့မရတဲ့အတွက် တိုက်မိပေမယ့် ကားပွန်းပဲ့ရုံမို့ တော်သေးတယ် ..
    အမြန်လမ်းမှာကတော့ တကယ်ကြောက်စရာ ..

  • Yae Myae Tha Ninn

    October 29, 2014 at 5:01 pm

    မပြန်လမ်းကတော့ ကျွတ်ဆင်ပါဗျာ…

  • kai

    October 30, 2014 at 2:57 pm

    အာမခံနဲ့ပြင်ယူ.. ထိန်းယူရတာပါ..။
    မြန်မာတွေက.. အာမခံမထားကြရင်.. ပြည်နယ်အစိုးရက..ဥပဒေပြဌာန်းပြီး.. ကားအာမခံမထားမနေရလုပ်ခိုင်းသင့်တယ်..။
    ယူအက်စ်မှာ.. ကယ်လီဖိုးနီးယားမှာ.. ဘေးနိုင်ငံမက်ဟီကိုက.. ခိုးဝင်ပြီး.. ကားမောင်းသူများသမို့.. အာမခံမထားမနေရဥပဒေထုတ်ထားတယ်..။
    . သူကတိုက်ပြီးထွက်ပြေးရင်.. ကိုယ့်အာမခံက နစ်နာကုန်ကျငွေထုတ်လို့ရတဲ့.. ပတ်လည်အာမခံတွေဝယ်ကြတယ်..။

    ဒီလိုကိစ္စမျိုးတွေက.. သနားတာတွေ.. ကိုယ်ချင်းစာတာတွေနဲ့.. မြန်မာပြည်လိုနိုင်ငံမျိုး.. မရရေးချ.. မရ..
    ထေရာတို့ဝါဒနိုင်ငံ..ငါးပါးသီလဆိုတာတွေ.. မေတ္တာပို့တာတွေ.. ပလူပျံနေတာမို့.. ပိုသာဆိုး.. တချောင်းငင်.. ဆိုးပဲ..။ :k:

  • ဦးဦးပါလေရာ

    October 30, 2014 at 3:48 pm

    .ကျုပ်က ကားမောင်းသက် ပြောရရင် ဒီရွာသားတစ်ချို့ရဲ့ အသက်ထက်တောင် များနေမလားပဲ…..
    .ကျုပ်မောင်းတဲ့ကားကို ကြမ်းခင်းနဲ့ ခေါင်မိုးကလွဲရင်
    .နေရာစုံ နေရာမလပ် သူများတိုက်တာ ခံရဖူးတယ်…
    .တစ်ခါမှလဲ အလျော်မရ…..
    .ကားကလေးငြိလိုက်တာနဲ့ သူ့အမေလင်တွေကို ဖုံးခေါ်တော့တာပဲ….
    .သူ့အမေလင်တွေကိုလဲ ရဲက (ရပ်ကွက်လူကြီးက) ကြောက်ရတော့
    .ရုံးတက်ရှင်းလဲ အမှန်အတိုင်းကဖြစ်မှာမဟုတ်လို့
    .အချိန်ကုန်မခံပဲ ကိုယ့်ကားကိုယ်ပြင်ခဲ့ရတာ အကြိမ်ကြိမ်…။
    .ပြီးတော့ ကိုယ်ပိုင်ကားနဲ့ တက္ကစီနဲ့ငြိရင် တက္ကစီဘက်က လိုက်ကြတယ်
    .(သူ့ခမျာ ကားမောင်းစားရတာ…ဆိုပဲ…)
    .ကိုယ်ပိုင်ကားနဲ့ ဆိုက်ကားနဲ့ငြိရင် ဆိုက်ကားဖက်က လိုက်ကြတယ်
    .(ဆင်းရဲလို့ သနားစရာကောင်းလို့ ဆိုပဲ…..)
    .အဲသလို ကွန်မြူနစ်ဇတ်ပျက် အတွေးအခေါ်နဲ့ ဖက်ဆစ်အတွေးအခေါ်ရောမွှေထားတဲ့နိုင်ငံမှာ
    .လူဖြစ် ပြီး ကားမောင်းမိတဲ့ ကျုပ်ရဲ့ အကျိုးပေးအမှားလို့သာ ဖြေရပါတော့တယ်….
    :p:

  • Mလုလင်

    October 30, 2014 at 9:29 pm

    ပရီမီယံ ကြေးက ပေးရတယ် လေ သူကြီးရဲ့ အဲ့ဒါနဲ့ မှ လိုင်စင် သက်တမ်း တိုးလို့ရတာ သူတပါးထိခိုက်မှု အာမခံ တော့ အကြမ်းဖျဉ်း မလုပ်မနေရ လုပ်ထားတယ်။ အလုံးစုံမော်တော်ယာဉ်အာမခံ တို့ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ တို့ တော့ အများစု မလုပ်ကြဘူး။

  • kai

    October 31, 2014 at 7:08 am

    ကဲ.. ဘာပဲဖြစ်ဖြစ်.. ကျုပ်ကစပေးလိုက်မယ်…
    ဒီရွာသူားတွေထဲက.. ပွိုင့် ၁သောင်းနှင့်အထက် ရှိတဲ့သူ.. ဘယ်သူမဆို… ယာဉ်မှုမတော်တဆကြောင့်သေရင်.. ရှိတဲ့ပွိုင့်.. ၁ဝဆ ကျပ်ငွေထုတ်ပေးမည်ဖြစ်ကြောင်း..။
    ပရီမီယန်ကြေးအဖြစ်.. တနှစ် ၁ဝဒေါ်လာ သွင်းရမည်ဖြစ်ကြောင်း…။

    ဘယ်လိုလဲ.. ရွာသူားများ… ??

  • ကိုခိုင်ရေ
    မြန်မာပြည်မှာဖြစ်နေတဲ့ ပြဿ နာအရင်းခံ က တစ်ချက်ထဲဘဲ။
    အစိုးရ နဲ့ပါတ်သက် တဲ့ ကိစ္စမှန်သမျှ ပြည်သူ ပြည်သားဘက်က ပေးသွင်းစရာငွေဆိုရင် ချက်ခြင်းပေးရတယ်။

    အစုးိရဆီကပြန်ရစရာ ရှိရင်တော့ စောင့်ပေအုန်းတော့.
    ဒီတော့ အစိုးရဆီက ပြန်ပေးမယ်ဆိုတာကိုအ ယုံအကြည်မရှိဘူး။
    အဲတော့ ဘာမှ အာမခံ မထားဘူး။

    အခုတော့ ပုဂ္ဂလိက အာမခံ ဌာနတွေတော့ပေါ်လာပြီ
    ဘယ်လောက်ထိအောင်မြင်မယ်ဆိုတာတော့ မသိသေးဘူး

Leave a Reply