အလင်းခြုံတဲ့ သတင်း Zone-9

alinsettOctober 30, 20146min15610

မင်္ဂလာပါ။

အလင်းခြုံတဲ့ သတင်း Zone အပါတ်စဉ် သတင်းအစီအစဉ်ကနေ

ယခုတပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့….

  • အလွတ်တန်းသတင်းထောက် ကိုပါကြီးကို စစ်တပ်က သတ်ဖြတ်လိုက်တဲ့အတွက် အမှုမှန် ဖော်ထုတ်ပေးရေးကို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထဲက  လူ ၂ဝ ခန့်ကို စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်အရေးယူလိုက်တဲ့သတင်း၊
  • စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်သွားတဲ့ သတင်း ၊
  • ကချင်ပြည်နယ် ၊ ဒေသခံ ပြည်သူလူထုတွေက  ကျောက်စိမ်းပြန်လည် တူးဖော်လာခြင်းကို မလိုလားတဲ့ အတွက် နိုင်ငံတော် သမ္မတထံကို ကန့်ကွက်စာ တင်လိုက်တဲ့သတင်း ၊
  • မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေမှာ နှောင့်နှေးနေကြောင်း ဝေဖန်ပြောဆိုလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee အစီရင်ခံပြောဆိုချက်နဲ့…ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ တုံ့ပြန်ပြောဆိုမှုသတင်းများ… ၊
  • စွယ်စုံရ အနုပညာရှင် ဇာဂနာ တည်ထောင်ထားတဲ့ House of Media & Entertainment (Home) မှာ သရုပ်ဆောင်သင်တန်းနဲ့ ကင်မရာ ရိုက်ကူးနည်းသင်တန်းတွေကို စတင်ဖွင့်လှစ် သင်ကြားပေးတော့မယ်ဆိုတဲ့ သတင်း ၊
  • ကချင်ပြည်နယ် ၊ ဖားကန့်ဒေသမှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေတဲ့ကြားက မြန်မာနိုင်ငံဆိုင်ရာ အမေရိက သံအမတ်ကြီး Derek Mitchell ကချင်ပြည်နယ်ကို သုံးရက်တာ သွားရောက်ခဲ့ပြီးနောက် ပြောဆိုချက်များ…
  • US ဒေါ်လာ တန်ဖိုးမြင့်တက်လာခြင်းနဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတဲ့ သတင်း၊
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဝင်ဘာလအတွင်း သွားရောက်မယ့် ခရီးစဉ်ဆိုင်ရာ သတင်း ၊
  • အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးခဲ့ရတဲ့အပေါ် နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ခံရမူနဲ့ တရားမဲ့သတ်ဖြတ် အနိုင်ကျင့်ခံရမူအဖြစ် အရပ်ဘက်အဖွဲ့အစည်း ၄ဝ ကျော်ရဲ့ သဘောထား ထုတ်ပြန်ချက်ဆိုင်ရာ သတင်းများ ၊
  • မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အမေရိက ပြည်ထောင်စုအနေနဲ့                                         မြန်မာအရပ်ဘက်အဖွဲ့အစည်းများနဲ့ အတူ လက်တွဲလုပ်ဆောင်မှာဖြစ်ကြောင်း ကတိပြုလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိက သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်ရဲ့ ပြောကြားချက်သတင်း ၊
  • အမေရိကမှာ ပထမဆုံး အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့ သူနာပြုဆရာမ နီနာ ဖမ် ၊  ရောဂါပိုး လုံးဝ ကင်းရှင်းသွားပြီး သမ္မတအိုဘားမားနဲ့ တွေ့ဆုံခဲ့တဲ့သတင်း ၊
  • မျိုးစောင့်ဥပဒေတွေ အမြန်ဆုံးပြဌာန်းပေးဖို့အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်း ၂၈ မြို့နယ်အတွင်းက သံဃာအပါး ၁၀ဝ ခန့် စုဝေးပြီး ဆန္ဒဖော်ထုတ်ကြတဲ့သတင်းများ ၊

 

  • စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးပြီး ”စစ်အုပ်ချုပ်ရေးကာလ မြန်မာနိုင်ငံအတွင်း လူ့အခွင့်ရေး ချိုးဖောက်မှုမှတ်တမ်း”ပြုစုတော့မယ်ဆိုတဲ့သတင်း၊

 

  • US သမ္မတ အိုဘားမား တက်ရောက်မယ့် (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဆိုင်ရာ သတင်းအချက်အလက်များနဲ့…

 

  • ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်ဖြတ်တဲ့အမှုနဲ့ အစွပ်စွဲခံရတဲ့ မြန်မာလုပ်သား နှစ်ဦးကို စစ်ဆေးရာမှာ အကြမ်းဖက် ရိုက်နှက် စစ်ဆေးခဲ့ပြီး နှုတ်အားဖြင့် ကြောက်လန့်အောင် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီရဲ့ ထုတ်ဖော်ကြေငြာချက်အပါအဝင်…

 

  • အခြား… သိမှတ်ဖွယ်ရာ သတင်းအဖြာဖြာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၉ ။

ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ ဒေသခံ ပြည်သူလူထုတွေက  ကုမ္ပဏီများ အနေနဲ့ ကျောက်စိမ်းပြန်လည် တူးဖော်လာခြင်းကို မလိုလားတဲ့ အတွက်

နိုင်ငံတော် သမ္မတထံကို ကန့်ကွက်စာ တင်လိုက်ပြီဖြစ်ကြောင်း သတင်း ရရှိပါတယ်။

ဒေသခံတွေဟာ ကုမ္ပဏီများ အခုလို လုပ်ငန်းပြန်လည်စတင် လာတဲ့အတွက် ၎င်းတု့ိနေထိုင် တဲ့ ရပ်ကွက်၊ ကျေးရွာများကို စက်ယန္တရားများနဲ့ တူးဖော်လုပ်ကိုင်ခံရခြင်းကြောင့် လျင်မြန်စွာ ပျက်စီးယိုယွင်းလာကြောင်း ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတွေလည်း ဖြစ်ပေါ်လာတာကြောင့် အခုလိုစာတင်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါစာမှာ ကုမ္ပဏီတွေက တူးဖော်ထားပြီးတဲ့ ကျင်းကြီးတွေကို ရေလှောင်ကန်လုပ်ကြပြီး စနစ်တကျထိန်းသိမ်းခြင်းမရှိတာကြောင့် မိုးကြီးရေကြီးရာသီဥတုပြင်းထန်ချိန်မှာ ရေကန်၊ တာတမံကျိုးပေါက်ပြီး ရေကြီးရေလျှှံမှုတွေ ဖြစ်ပေါ်လာကြောင်းတို့ ပါဝင်ရေးသားထားပါတယ်။

အဆိုပါ ကန့်ကွက်စာကို ကန့်ကွက်လက်မှတ်ရေးထိုးသူ ၄၉၂၃ ဦးတို့ရဲ့ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ရက်က အမျိုးသားလွှတ်တော်က တစ်ဆင့် တင်ပြလိုက်တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၉ ။

 

အလွတ်တန်းသတင်းထောက် ကိုပါကြီးကို စစ်တပ်က သတ်ဖြတ်လိုက်တဲ့အတွက်

အမှုမှန် ဖော်ထုတ်ပေးရေးနဲ့ တာဝန်ရှိသူများကို အရေးယူပေးရေး မန္တလေးမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃ဝဝ လောက်ဟာ

ဖယောင်းတိုင်မီးတွေထွန်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

အဆိုပါ စုဝေးဆန္ဒဖော်ထုတ်မှုနဲ့ပတ်သက်ပြီး လူ ၂ဝ ခန့်ကို ကြိုတင်ခွင့်ပြုချက် မယူခဲ့ဘူးဆိုပြီး စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် တရားစွဲဆိုထားကြောင်း သတင်းရရှိပါတယ်။

ဆန္ဒဖော်ထုတ်သူတွေအနေနဲ့ အမှုဖွင့်ခံရခြင်းထက် ကိုပါကြီးအသတ်ခံရမှု အမှုမှန် ပေါ်ပေါက်ရေးသာ ပိုမိုအရေးကြီးကြောင်း ဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်သူတွေက ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီးလည်း ကိုပါကြီးအသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေးကို တောင်းဆိုသွားဦးမှာ ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူများက ပြောဆိုလိုက်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၉ ။

မြန်မာ့အသွင်ကူးပြောင်းရေးကာလအတွင်း နောက်ကြောင်းပြန်လှည့်နိုင်တဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် ဖြေရှင်းတာမျိုး မရှိတဲ့အတွက် တိုးတက်မှု ရလဒ်တွေကို ထိခိုက်စေကြောင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee က

အောက်တိုဘာ ၂၈ ရက်က ၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 

မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေမှာလည်း နှောင့်နှေးနေကြောင်းနဲ့

ရခိုင်ပြည်နယ်မှာလည်း မတူကွဲပြားတဲ့ အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ

ခိုလှုံနေရတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေတွေဟာလည်း ဆိုးရွားနေဆဲဖြစ်ကြောင်း ထောက်ပြ ဝေဖန်လိုက်ပါတယ်။

မစ္စ Yanghee Lee ရဲ့ အစီရင်ခံပြောဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ လက်မခံနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင် က တုံ့ပြန်ပြောဆိုမှုတွေ ရှိနေကြောင်း သတင်းရရှိပါတယ်။

“အဓိက လက်မခံနိုင်တဲ့ အချက်ကတော့ သူမရဲ့အစီရင်ခံစာမှာ ထောက်ပြထားတဲ့ နောက်ကြောင်း ပြန်လှည့်နိုင်ချေ ရှိနေတယ်ဆိုတဲ့အချက်ပါ။ ဒီလိုကောက်ချက်ချဖို့ အကြောင်းပြချက် မရှိဘူးလို့ မြန်မာအစိုးရက မြင်ပါတယ်။ မစ္စ Yanghee Lee ရဲ့ အစီရင်ခံစာဟာ မြန်မာအစိုးရခေါင်းဆောင်ပိုင်းရဲ့ ပြုပြင်ပြောင်းလဲရေး တစိုက်မတ်မတ် ဆောင်ရွက်ချက်တွေအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အပြုသဘောဆောင် သုံးသပ်ချက်နဲ့လည်း ဆန့်ကျင်ဘက်ဖြစ်နေပါတယ် ” လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

မစ္စ Yanghee Lee ရဲ့ ပြောဆိုချက်တွေထဲမှာ ရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှုမှာလည်း မလိုအပ်တဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ တိုက်တွန်းသွားထားပြီး ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းအတိုင်း ကျင်းပဖို့ လိုအပ်ပါကြောင်းနဲ့ တရားမျှတမှုရှိဖို့အရေး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စောင့်ကြည့်အကဲခတ်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ မတရားဖမ်းဆီးထိန်းသိမ်းပြီး ၊ အသတ်ခံရတဲ့ ဖြစ်ရပ်တွေနဲ့ အခုလက်တလော စစ်တပ်ကြောင့် သေဆုံးသွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီး အပါအဝင် တရားဥပဒေပြင်ပ ဖမ်းဆီးထိန်းသိမ်း သတ်ဖြတ်မှုတွေ ရှိနေသေးကြောင်းလည်း ထောက်ပြဝေဖန်သွားပါတယ်။

သူမဟာ ၂၀၁၅ ဇန်နဝါရီလအတွင်းမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ဖို့ ရှိကြောင်းလည်း မစ္စ Yanghee Lee က ပြောဆိုသွားပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၈ ။

 

စွယ်စုံရ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဇာဂနာ တည်ထောင်ထားတဲ့

House of Media & Entertainment (Home) မှာ

လက်တွေ့ကျတဲ့ သရုပ်ဆောင်သင်တန်းနဲ့ ကင်မရာ ရိုက်ကူးနည်းသင်တန်းတွေကို

စတင်ဖွင့်လှစ် သင်ကြားပေးတော့မှာဖြစ်ကြောင်း သတင်းရရှိပါတယ် ။

 

၂၀၁၂ ခုနှစ် ၊ ဇွန်လမှာ စတင်တည်ထောင်ခဲ့တဲ့ Home က The art of Freedom Film Festival ဆိုတဲ့ ရုပ်ရှင်ပွဲတော်တွေကို ၂ နှစ် ဆက်တိုက် လုပ်ဆောင်အပြီးမှာ ဒါရိုက်တာသင်တန်းနဲ့ တည်းဖြတ်သင်တန်းတွေကို သင်ကြားပေးခဲ့ဖူးပြီး သရုပ်ဆောင်သင်တန်းနဲ့ ကင်မရာရိုက်ကူးနည်း သင်တန်းတွေ သင်ကြားမပေးခဲ့ဖူးသေးတဲ့အတွက် အခုလို စတင်သင်ကြားပေးဖို့ စီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။

 

သင်တန်းသားတွေအတွက် သီအိုရီတွေနဲ့သာ သင်ကြားမှာ မဟုတ်ဘဲ လက်တွေ့ချက်ချင်း သရုပ်ဆောင်နိုင်ဖို့ အဓိက ဦးစားပေး သင်ပေးသွားမှာ ဖြစ်ကြောင်း ၊

ဒါ့အပြင် ကင်မရာ ရိုက်ကူးနည်း သင်တန်းသားတွေကိုလည်း လက်တွေ့ကျတဲ့ ကင်မရာ ရိုက်ကူးမှုတွေကိုသာ သင်ကြားပေးမှာ ဖြစ်ကြောင်းသိရပါတယ်။

သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ Home ရုံးခန်းမှာ သွားရောက်စုံစမ်းနိုင်ကြောင်းလည်း သတင်း ရရှိပါတယ်။

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂ရ ။

 

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေချိန်မှာ

မြန်မာနိုင်ငံဆိုင်ရာ အမေရိက သံအမတ်ကြီး Derek Mitchell ကချင်ပြည်နယ်ကို

သုံးရက်တာ သွားရောက်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ အမေရိက သံအမတ် Derek Mitchell နဲ့ သူ့ရဲ့ ဇနီးတို့ဟာ အောက်တိုဘာလ ၂၅ ရက်ကနေ ၂ရ ရက်အထိ ကချင်ပြည်နယ်အတွင်းကို သုံးရက်ကြာ သွားရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တင်းမာမှုတွေပိုတိုးလာတာနဲ့ပတ်သက်ပြီး အမေရိကအစိုးရအနေနဲ့ အထူးစိုးရိမ်မိကြောင်း သံအမတ် Mitchell က ခရီးစဉ်အတွင်းမှာ ပြောဆိုလိုက်ပါတယ်။

သံအမတ်ကြီး Mitchell ရဲ့ခရီးစဉ်အတွင်းမှာ ကချင်လူမှုအသင်းအဖွဲ့များ ၊ ကျောင်းသားများ ၊ အန်ဂျီအို ခေါင်းဆောင်များနဲ့ အစိုးရအရာရှိများ ၊ နိုင်ငံရေးသမား ပါတီခေါင်းဆောင်များ အပြင် ကချင်ပြည်နယ် ဝန်ကြီးချုပ် Lajon Ngan Seng တို့နဲ့လည်း တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ဒီခရီးစဉ်မှာ ကချင်ပြည်နယ်က အိုးအိမ်စွန့်ခွာ ထွက်ပြေးသူများရဲ့စခန်းတွေကို သွားရောက်ပြီး အခြေအနေတွေကိုလည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မစ္စတာ မစ်ချဲလ်ဟာ အမေရိကန်သံအမတ်အဖြစ်နဲ့ ကချင်ပြည်နယ်ကို သွားရောက်ခဲ့တာ

ဒါဟာ တတိယအကြိမ် ဖြစ်ပြီး ၂၀၁၂ ဒီဇင်ဘာလနဲ့ ၂၀၁၃ ခု၊ အောက်တိုဘာလတွေကလည်း သွားရောက်ခဲ့ပါသေးကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အောက်တိုဘာ ၂ရ ။

 

US ဒေါ်လာ တန်ဖိုးမြင့်တက်လာတာနဲ့အမျှ မြန်မာကျပ်ငွေတန်ဖိုးကတော့ ကျဆင်းနေပြီး

အောက်တိုဘာ ၂ရ ရက်နေ့မှာ US ၁ ဒေါ်လာကို မြန်မာကျပ် ၁၀၀ဝ ကျော်သွားပြီး

ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေကြောင်း သတင်းရရှိပါတယ်။

 

ဗဟိုဘဏ်က တရားဝင် သတ်မှတ်ပေးလိုက်တဲ့ နှုန်းထားကအစ အောက်တိုဘာ ၂ရ ရက်မှာ

US ၁ ဒေါ်လာကို ၁၀၀ဝ ကျပ် ဖြစ်နေတာကို တွေ့ရှိရပါတယ်။

အမေရိက ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လဝက်ကျော်အထိ

၁ ဒေါ်လာကို ၉၇ဝ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာကနေ တရွေ့ရွေ့ မြင့်တက်လာခြင်း ဖြစ်ပြီး

အောက်တိုဘာ ၂ရ ရက်မှာတော့ အခုလို ဗဟိုဘဏ်က ၁ဒေါ်လာ ၁၀၀ဝ ကျပ် သတ်မှတ်တဲ့အထိ ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်ပါတယ် ။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂ရ ။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၈ရက်နေ့မှာ

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ကို သွားရောက်ပြီး ဒေသခံလူထုနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း

ပြည်နယ် NLD တာဝန်ရှိသူတွေ ထံက သတင်းရရှိပါတယ်။

 

ဒေါ်အောင်ဆန်းစုကြညဟာ ကယားပြည်နယ်ကို လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က ပထမဆုံးအကြိမ် ရောက်ခဲ့ပြီး အခုလာမယ့်ခရီးစဉ်မှာ လွိုင်ကော်မြို့မှာရှိတဲ့ ကယားဒေးကွင်းမှာ ဒေသခံလူထုနဲ့တွေ့ဆုံဖို့ စီစဉ်ထားပြီး အဆိုပါ ခရီးစဉ်နဲ့ ပတ်သက်လို့ ကယားပြည်နယ် အစိုးရကိုလည်း တင်ပြထားကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂ရ ။

 

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရတဲ့အပေါ်

နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ခံရမူနဲ့ တရားမဲ့သတ်ဖြတ် အနိုင်ကျင့်ခံရမူအဖြစ်

အရပ်ဘက်အဖွဲ့အစည်း ၃ဝ ဝန်းကျင်က သဘောထားထုတ်ဖေါ်လိုက်ကြပါတယ်။

 

ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ် နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေကို သတင်းလိုက်ယူနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့အတွက်

လိုက်လံစုံစမ်းရာမှာ စစ်တပ်က ဖမ်းဆီးထားကြောင်း သိရပြီး ဇနီးဖြစ်သူက လူပျောက်မှုနဲ့ အမှုဖွင့်ခဲ့သလို၊ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် စစ်တပ်ဘက်က သတင်းထုတ်ပြန်ခဲ့ရာမှာ ကိုပါကြီးဟာ KKO အဖွဲ့လို့ ခေါ်တဲ့

ဗိုလ်မှူးစောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိကြောင်း၊

စက်တင်ဘာလ ၃ဝ ရက်နေ့က သူ့ကိုဖမ်းမိခဲ့ပြီး ထိန်းသိမ်းထားစဉ်မှာ အောက်တိုဘာ လ ၄ ရက်နေ့ညက

သေနတ်လုယူ ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့အတွက် မြှုုပ်နှံသဂြိုလ်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေကတော့ ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး

သံသယဖြစ်စရာတွေ ရှိနေကြောင်းနဲ့ ဒါဟာ ပြည်သူ တစ်ဦးအပေါ် တရားဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဝေဖန်ပြောဆိုလိုက်ကြပါတယ်။

ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၂၅ ရက် မနေ့က ရန်ကုန်မြို့ ၈၈မျိုးဆက်ပွင့်လင်း

လူ့အဖွဲ့အစည်းရုံးခန်းမှာ နိုင်ငံရေးအင်အားစုများ ၊ လူမူရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့ ၁၉ ဖွဲ့က ကိုယ်စားလှယ်တွေ ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်တိုဘာလ ၂၆ ရက်၊ ညနေလေးနာရီမှာ ၊

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ

“ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့အတွက် သဘောထားထုတ်ဖော်သည့်လှုပ်ရှားမှု ” ဆိုတဲ့ ခေါင်းစဉ်နဲ့

ဆန္ဒဖော်ထုတ်မှုကို ဆောင်ရွက်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ညနေ လေးနာရီမှာတော့ ရန်ကုန်မြို့ ၊ မြို့တော်ခန်းမရှေ့မှာ

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ၊ အကသ (၈၈ မျိုးဆက်) ၊

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ၊ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ ၊ 141 Plus နိုင်ငံရေး အင်အားစု ၊ နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ ( 10 D )     မြန်မာ့လူမှုဘဝတိုးတက်ရေ အသင်း ၊ အဖြူရောင် တွဲလက်များ အဖွဲ့နဲ့ … Generation Wave အဖွဲ့နဲ့…

အခြား လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ ၄၆ ဖွဲ့ခန့် စုဝေးပြီး သဘောထား ဖော်ထုတ်ခဲ့ကြပါတယ်။

အဆိုပါ စုဝေးပွဲမှာ ဖော်ထုတ်ခဲ့တဲ့ သဘောထား ဆန္ဒပြ စကားများအရ…

တပ်မတော်ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို အရေးယူပေးခြင်းမရှိဘူးဆိုရင်

တည်ဆဲဥပဒေတွေဟာ အဲဒီလို လုပ်ပိုင်ခွင့်ပေးထားတဲ့ သဘော သက်ရောက်နေကြောင်း ၊ အင်အားရှိသူက အင်အားနည်းသူကို အနိုင်ကျင့်နေသလို တောရိုင်းဥပဒေကဲ့သို့ ဖြစ်နေကြောင်း ၈၈ မျိုးဆက် ခေါင်းဆောင်တွေက ပြောဆိုဝေဖန်လိုက်ပါတယ်။

ထို့အပြင် ကိုပါကြီး သတ်ဖြတ်ခံရတဲ့အမှုကို အမှန်တရားအတိုင်း ပေါ်ပေါက်လာစေဖို့

လွတ်လပ်တရားမျှတသော ကျွမ်းကျင်ပညာရှင်များပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်

အမြန် ဖွဲ့စည်း ဖော်ထုတ်ပေးရေး ၊ ပြစ်မှုကျူးလွတ်ခဲ့သူတွေကို

တရားသော ဥပဒေနဲံအညီ အရေးယူဆောင်ရွက်ပေးရေး ဆိုတဲ့

သဘောထား ကြေညာချက်ကို ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) အပါအဝင် ဒီမိုကရက်တစ်အင်အားစု ၄၆ ခုတို့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရွှေဝါရောင် သံဃာတော်များကွန်ရက်နဲ့

နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့လို အဖွဲ့အစည်းတွေကလည်း

သဘောထားကြေညာချက်တွေ အသီးသီး ထုတ်ပြန်ထားကြကြောင်း   သတင်းရရှိပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၆ ။

 

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိက ပြည်ထောင်စုအနေနဲ့                                      

မြန်မာအရပ်ဘက်အဖွဲ့အစည်းများနဲ့ အတူ လက်တွဲလုပ်ဆောင်ဖို့အရေး

မြန်မာနိုင်ငံဆိုင်ရာ အမေရိက သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်က ကတိ ပြုပြောကြားလိုက်ပါတယ်။

 

အောက်တိုဘာ ၂၁ရက်က ရန်ကုန်မြို့ အမေရိက သံရုံးအတွင်းမှာ သံအမတ်ကြီးနဲ့ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တချို့ တွေ့ဆုံခဲ့တဲ့ စကားဝိုင်းမှာ ပြောကြားခဲ့ခြင်းကြောင်း သိရပါတယ်။

သံအမတ်ကြီးနဲ့ တွေ့ဆုံပွဲကို ပေါင်းကူးအဖွဲ့မှ ဒေါက်တာ ကျော်သူ၊ အမျိုးသမီးအရေး  လှုပ်ရှားနေတဲ့ အခရာအဖွဲ့မှ မထားထား၊ စာရေးဆရာမ မသီတာ(စမ်း ချောင်း)၊

နိုင်ငံရေး တက်ကြွလှုပ်ရှားသူဦး နေမျိုးဇင်၊ အသင်းအဖွဲ့ဥပဒေဖြစ်မြောက်ရေး  အလုပ်အမှုဆောင်ကော်မတီမှ ဒေါ်နွယ်ဇင်ဝင်းတို့ပါဝင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

အဆိုပါ တွေ့ဆုံမှုမှာ လူ့အခွင့်အရေး၊ ဥပဒေပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်၊  အမျိုးသမီးများရဲ့ အခန်းကဏ္ဍ၊ အရည်အသွေးမြှင့်တင်မှု(Capacity Building)တို့မှာ အရပ်ဘက်အဖွဲ့အစည်းများ အဓိကရင်ဆိုင်နေရသော စိန်ခေါ်မှုများကို သံအမတ်ကြီးက စိတ်ဝင်တစားနားထောင်ခဲ့ကြောင်း အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၆ ။

 

ဆောက်လုပ်ရေးနဲ့ အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်အနေနဲ့ နိုင်ငံခြားဘဏ် ၃၄ ခုနဲ့

ချိတ်ဆက်ထားပြီး ပူးပေါင်းလုပ်ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။

 

လက်ရှိအချိန်မှာတော့ အဆက်အသွယ်ဘဏ်တွေအဖြစ် အိန္ဒိယ၊တရုတ်၊ ဟောင်ကောင်၊ မလေးရှား၊ ကိုရီးယား၊ ထိုင်းနိုင်ငံတို့မှာ ဖွင့်လှစ်ထားတဲ့ OCBC Bank အပါအဝင် ဘဏ် (၇) နဲ့ ချိတ်ဆက် ထားတဲ့အတွက် နိုင်ငံခြားဘဏ်လုပ်ငန်းတွေနဲ့ ငွေလွှဲခြင်း လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နိုင် တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် ဟာ သက်တမ်း ကိုးလတာအတွင်းမှာ ဘဏ်ခွဲငါးခုဖွင့်လှစ်နိုင်ခဲ့ပြီး ဘဏ်ရဲ့ မတည်ငွေရင်း ၈၃ ဒသမ ၇၁ ဘီလီယံရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်မြို့နဲ့ မန္တလေးမြို့  အနီးမှာ ဆောင်ရွက်နေတဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို စတင် ချေးငွေ ထုတ်ချေးပေးလျက်ရှိတဲ့အပြင် အနာဂတ်မှာလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ဖို့ စီစဉ်နေတဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို ချေးငွေ ထုတ်ချေးပေးနိုင်ဖို့ စီစဉ်နေပါတယ်။

မြန်မာပြည်သူတွေ အိုးအိမ် မပိုင်ဆိုင်ဘဲ ချို့တဲ့စွာနေထိုင်ရခြင်းကနေ လွတ်မြောက်စေဖို့ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေးမှာ လိုအပ်လာမယ့် ငွေကြေးအကူအညီတွေ ပံ့ပိုးကူညီနိုင်ဖို့

ဒီ ဘဏ်ကိုတည်ထောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၅ ။

 

အမေရိကမှာ ပထမဆုံး အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့ သူနာပြုဆရာမ နီနာ ဖမ်ဟာ                      

ဆေးရုံမှာ ၁၃ ရက်ကြာ  ကုသမှု ခံယူပြီးနောက် ရောဂါပိုး လုံးဝ ကင်းရှင်း ပျောက်ကင်းသွားပြီး

အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့ မှာ ဆေးရုံမှ ဆင်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

ဗီယက်နမ်လူမျိုး သူနာပြုဆရာမ နီနာ ဖမ်ဟာ အောက်တိုဘာ ၂၄ ရက် ၊ညနေပိုင်းမှာ အိမ်ဖြူတော်၊ ဘဲဥပုံရုံးခန်းကို သွားရောက်ပြီး သမ္မတ ဘာရက်ခ် အိုဘားမားနဲ့ တွေ့ဆုံ နှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

အိမ်ဖြူတော်အနေနဲ့ ဘယ်လို ရောဂါကာကွယ်ရေး အစီအမံမှ အထူးတလည် မရှိဘဲ သမ္မတ အိုဘားမားက နီနာ ဖမ်ကို ပွေ့ဖက် နှုတ်ဆက်ခဲ့တဲ့ပုံ မီဒီယာတွေပေါ် ပျံနှံ့သွားခဲ့ပါတယ်။

အခု လက်ရှိမှာအချိန်မှာ နီနာ ဖမ်နဲ့ အတူ ဆေးရုံတခုတည်းကုသမှု ခံနေရသူ သူနာပြုဆရာမ အမ်ဘာ ဗင်ဆင်ကတော့ ရောဂါကူးစက်မှုကြောင့် ကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း သိရပါတယ်။

ဂီနီနိုင်ငံမှာ အီဘိုလာ ကုသရေး ဆောင်ရွက်ခဲ့တဲ့ နယူးယောက်မြို့မှ ဆရာဝန်တဦးဟာလည်း အီဘိုလာ ကူးစက်မှုကြောင့် ဆေးရုံမှာ သီးခြားခွဲပြီး ကုသနေရဆဲဖြစ်ကြောင်း သတင်းရရှိပါတယ်။

အကြီးအကျယ် ခြိမ်းခြောက်လာတဲ့ အီဘိုလာကူးစက်ပျံ့နှံ့မှုကို ပိုပြီး ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေအပေါ်မှာ အာရုံစိုက်ကြဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိက သံအမတ်ကြီးလည်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၅ ။

 

စာရေးဆရာကြီး ဦးအောင်သင်းဟာ

အောက်တိုဘာ ၂၅ ရက် နံနက် ၁၁ နာရီ ခန့်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်

ဓမ္မိကဝတီလမ်းရှိ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

 

ကွယ်လွန်ချိန်မှာ အသက် (၈၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆရာကြီး ဦးအောင်သင်းရဲ့ ဈာပနအခမ်းအနားကို အောက်တိုဘာ ၂ရ ရက် ညနေ ၃ နာရီမှာ ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ကျင်းပမှာဖြစ်ပြီး ကျန်ရစ်တဲ့ ရုပ်အလောင်းကို ဂူသွင်းသင်္ဂြိုဟ်မယ်လို့ မိသားစုဝင်များက ပြောခဲ့ပါတယ်။

ဆရာကြီး ဦးအောင်သင်းဟာ သူ့ဘဝတစ်လျှောက် ရေးသားခဲ့တဲ့ စာအုပ်များ၊ လူငယ်များအတွက် အားအင်ပေးသော စာပေများ ၊ ရသစာပေဝေဖန်အကဲဖြတ်ချက်များ၊ စာပေဟောပြောပွဲများကြောင့် မြန်မာနိုင်ငံမှာ တန်ဖိုးမဖြတ်နိုင်တဲ့ စာရေး ဆရာကြီးတစ်ဦးအဖြစ် ထင်ရှားခဲ့ပါတယ်။

ဆရာကြီး ကွယ်လွန်တဲ့အတွက် ဆရာချစ်ဦးညိုက….‘‘အသက်က (၈၈) နှစ်ရှိပြီ။ အသက်နဲ့မမျှအောင် နှောင်းပိုင်း အချိန်တွေမှာ လူငယ်တွေကို အချိန်ပေးခဲ့တယ်။ ဆရာဟောပြော၊ ရေးသားခြင်းတွေက စေတနာ ကောင်းထားပြီး လုပ်တာ။ လူငယ် တွေကို အသက်ကြီးတဲ့ နှောင်းပိုင်း စာမရေးနိုင်တာတောင် နှုတ်ကပြောပြီး လိုက်ရေးစေတယ်’’ လို့ အမှတ်တရ ဝမ်းနည်းစကား ပြောဆိုလိုက်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၅ ။

 

မျိုးစောင့်ဥပဒေတွေ အမြန်ဆုံးပြဌာန်းပေးဖို့အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်း ၂၈ မြို့နယ်အတွင်းက သံဃာအပါး ၁၀ဝ ခန့် ဟာ                   ရန်ကုန်မြို့ ရွှေတိဂုံစေတီပေါ်မှာ ဆုတောင်းမှုပြုခဲ့ကြပြီး

ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး ဟောပြောပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

 

အဆိုပါ ဟောပြောပွဲကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ ညွှန်ကြားချက် နဲ့ ဆောင်ရွက်တာဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံတဝှမ်းလုံး မျိုးစောင့်ဥပဒေ ကို ပြဌာန်းနိုင်ဖို့အရေး ဟောပြောပွဲတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဆရာတော်က ပြောဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။

အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ၊ ဘဒ္ဒန္တတိလောကာဘိဝံသ က ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊

လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ၊

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ …စတဲ့ မျိုးစောင့်ဥပဒေတွေကို ပြဌာန်းပေး ဖို့ နိုင်ငံတော်သမ္မတထံ ၂၀၁၄ ခုနှစ် ဇူလိုင် ၉ ရက်နေ့က စာရေးသားတောင်းဆိုထားခဲ့ကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၅ ။

 

မြန်မာ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ကာလ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်းမှာ

လူ့အခွင့်ရေးချိုးဖောက်ခံရတာတွေကို မှတ်တမ်းတစ်ခုအဖြစ်ရှိနေဖို့ လိုတယ်လို့ ကျွန်တော်တို့သတ်မှတ်တယ်”လို့ UNDO အဖွဲ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

 

NLD ပါတီ ပြင်ပရောက် နိုင်ငံရေးလှုပ်ရှားသူများနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ UNDO က

ရန်ကုန်မြို့ ယုဒသန် ခန်းမမှာ ပြုလုပ်တဲ့ ပြည်နယ် ၊ တိုင်းလေးခုရဲ့ စည်းရုံးရေးအဖွဲ့များ ဖွဲ့စည်းခြင်း အခမ်းအနားမှာ ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရများရဲ့

လူ့အခွင့်ရေးချိုး ဖောက်ခံရမှုများကို စုံစမ်းဖို့ စီစဉ်ခြင်းဖြစ်ပြီး စိစစ်ချက်ကို မှတ်တမ်းပြုစုပြီးတဲ့ အချိန်မှာ သိသင့်သိထိုက်သူတွေအားလုံးကို တင်ပြသွားမှာ ဖြစ်ကြောင်း UNDO အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် က ပြောဆိုလိုက်ပါတယ်။

စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးပြီးတဲ့အခါ ”စစ်အုပ်ချုပ်ရေးကာလ မြန်မာနိုင်ငံအတွင်း လူ့အခွင့်ရေး ချိုးဖောက်မှုမှတ်တမ်း”အဖြစ် ထားရှိမှာ ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး အတွက်လည်း လူ့အခွင့်ရေးချိုးဖောက်မှု ဆိုင်ရာ စုံစမ်းရေးကော်မတီကို ဖွဲ့စည်းမယ်လို့ ကြေညာချက်ထဲမှာ ထည့်သွင်းထားပါတယ်။

အဆိုပါ ကော်မတီကို ရွှေဝါရောင်သံဃာတော်များ အပါအဝင် ၊တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သခင်ခေါင်းဆောင်ကြီးတွေ ၊ ဝါရင့်နိုင်ငံရေးသမားတွေ ၊ ၁၉၆၂ ကျောင်းသားခေါင်းဆောင်တွေ ၊ ကျွန်းပြန်နိုင်ငံ ရေးသမားတွေနဲ့ အလုပ်သမား အရေးအခင်းခေါင်းဆောင်များ၊ မှိုင်းရာပြည့်ခေါင်းဆောင်များ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များ၊ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူများ၊ ကျွန်းဆွယ်အရေးအခင်းခေါင်းဆောင်များ၊ ဦးသန့်အရေးအခင်းခေါင်းဆောင်များ၊ ၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနဲ့

အခြား ပါဝင်သင့်သူတွေကိုလည်း ထည့်သွင်းဖွဲ့စည်းမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၄ ။

 

(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို

လာမယ့် နိုဝင်ဘာ ၉ ရက်ကနေ ၁၃ ရက် အထိ နေပြည်တော်မှာ ပြုလုပ်မှာဖြစ်ပြီး

US သမ္မတအိုဘားမားကတော့ နိုဝင်ဘာ ၁၃ ရက်မှာ တက်ရောက်မှာ ဖြစ်ကြောင်း

သတင်းရရှိပါတယ်။

 

အာဆီယံထိပ်သီးအစည်းအဝေးကို အမြင့်ဆုံးလုံခြုံရေးအဆင့် သတ်မှတ်ပြီး အင်တာပိုလ်ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့ရဲ့ အကူအညီတွေအပြင် ပြည်တွင်း ရဲတပ်ဖွဲ့အင်အား နှစ်သောင်းကျော်နဲ့   လုံခြုံရေးတာဝန် ယူသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံက သတင်းရရှိပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ရဲအင်အား ရှစ်သောင်းဝန်းကျင်ရှိတဲ့အနက် ထိပ်သီးအစည်းအဝေးအတွက် စုစုပေါင်း ရဲအင်အားရဲ့ ၂၅ ရာခိုင်နှုန်းကျော်ကို အသုံးပြုမှာ ဖြစ်ပြီး ၊ နယ်စပ်ထွက်ပေါက် တွေရဲ့ လုံခြုံရေးကိုလည်း အာဆီယံ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းစောင့်ကြပ်ထားမယ်လို့ သတိရပါတယ်။

သမ္မတအိုဘားမားအနေနဲ့ နေပြည်တော်မှာ တည်းခိုမယ့် ဟိုတယ်ကို လုံခြုံရေးအရ ကြိုတင်အသိပေး မထားသေးဘဲ နေပြည်တော်ရှိ ကြယ်ငါးပွင့် အဆင့် ဟိုတယ် သုံးလုံးမှာ အိုဘားမား အတွက် Proposal တင်ထားကြောင်းသတင်းရရှိပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၃ ။

 

နယူးယောက်မြို့၊ မန်ဟတ်တန်မှ အမေရိကန်ဆရာဝန်တဦးကိုလည်း

အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေပြီကြောင်း သတင်းရရှိပါတယ်။

 

အလွန်ကူးစက်ပျံ့နှံ့လွယ်ပြီး အသက်ဆုံးရှုံးနိုင်တဲ့ အီဘိုလာရောဂါကူးစက်ခံလူနာတွေကို အမေရိက ပြည်ထောင်စုရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ နယူးယောက်မှာ တွေ့ရှိနေရပြီ ဖြစ်ပါတယ်။

ယခု အီဘိုလာ ကူးစက်ဖြစ်ပွားသူ ဒေါက်တာ ခရိတ်ဂ် အယ်လင် စပင်ဆာ ဟာ နယ်စည်းမခြားဆရာဝန်များ ဆေးအဖွဲ့နဲ့ ဂီနီနိုင်ငံတွင်း အီဘိုလာ ပြုစုကုသရေး လုပ်ဆောင်ခဲ့တဲ့ ဆရာဝန်တဦး ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ ဒေါက်တာ စပင်ဆာဟာ လွန်ခဲ့တဲ့ ၁ဝ ရက်က အမေရိကပြည်ထောင်စုကို ပြန်လည် ရောက်ရှိလာပြီး ၊ နယ်စည်းမခြားဆရာဝန်များအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေအတိုင်း မိမိဖာသာ ရောဂါလက္ခဏာကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး မကြာခင်မှာပဲ အဖျားရှိပြီး အစာအိမ်နဲ့ အူလမ်းကြောင်းများ မူမမှန်ခြင်းကို တွေ့ရှိတာကြောင့် ဒေါက်တာ စပင်ဆာက သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ အကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက် အီဘိုလာ ဖြစ်ပွားသူများကို ကုသဖို့ ကြိုတင်သတ်မှတ် အသင့်ပြင်ထားတဲ့ မန်ဟတ်တန်ရှိ ဘယ်လီဗျူ ဆေးရုံကို ပို့ဆောင်ကာ သီးခြားခွဲခြားထားပြီး စစ်ဆေးကုသနေကြောင်း သိရပါတယ်။

ဒေါက်တာ စပင်ဆာနေတဲ့ တိုက်ခန်းကို ကျန်းမာရေးဌာနက ပိတ်ဆို့လိုက်ပြီး အဆောက်အအုံရှိ အခြား နေထိုင်သူတွေနဲ့ လူနေထူထပ်တဲ့ အနီးနားရပ်ကွက်နေ ပြည်သူတွေကိုလည်း                   အီဘိုလာ ပညာပေး လက်ကမ်းစာရွက်များ အင်္ဂလိပ်၊ စပိန်ဘာသာများနဲ့ ဖြန့်ဝေနေကြောင်း သတင်းရရှိပါတယ်။

အမေရိက နိုင်ငံ ၊ နယူးယောက်မြို့ဟာ လူမျိုးပေါင်းစုံ နေထိုင်လျက်ရှိတဲ့ မြို့ကြီး ဖြစ်တဲ့အပြင် နိုင်ငံတကာ လေကြောင်းတွေလည်း အမြဲ ဝင်ထွက်နေတာကြောင့် နယူးယောက်မှာ အီဘိုလာ ရောဂါ ပြန့်ပွါးလာလိမ့်မယ် လို့ ကျန်းမာရေးဌာနက ကြိုတင် တွက်ဆပြီး ပြင်ဆင်ထားကြောင်း သိရပါတယ်။

အနောက်အာဖရိက နိုင်ငံတွေမှာ အီဘိုလာ ကူးစက်ရောဂါပိုးကြောင့် လူ ၄,၈၀ဝ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အောက်တိုဘာ ၂၃ ။

 

ထိုင်းရဲတပ်ဖွဲ့ဟာ ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်ဖြတ်တဲ့အမှုနဲ့

အစွပ်စွဲခံရတဲ့ မြန်မာလုပ်သား နှစ်ဦးကို စစ်ဆေးရာမှာ

အကြမ်းဖက် ရိုက်နှက် စစ်ဆေးခဲ့ပြီး နှုတ်အားဖြင့် ကြောက်လန့်အောင်

ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက

ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

 

မြန်မာလုပ်သားနှစ်ဦးအနေနဲ့ ပြစ်မှုကျူးလွန်ရာမှာ သူတို့မပါဝင်ကြောင်း ပြောဆိုလိုက်ပြီး ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ယောက်ကို သွားရောက် တွေ့ဆုံရာမှာ ခြေချင်းများ ခတ်ထားတာကို တွေ့မြင်ခဲ့ရတဲ့အတွက် ဒါဟာ တရားခံအဖြစ် မယူဆရသေးခင်မှာ သံခြေချင်း ခတ်ထားခြင်းမျိုး မပြုသင့်တာကြောင့် သံအမတ်ကြီး အနေနဲ့

သတိပေးတားမြစ်သင့်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

မြန်မာလုပ်သားနှစ်ဦး လူသတ်တရားခံအဖြစ် စွပ်စွဲခံနေရတဲ့အမှုအပေါ် နိုင်ငံအရပ်ရပ်မှ မြန်မာ့ရေး စိတ်ဝင်စားစောင့်ကြည့်သူများကြား အာရုံစိုက်စရာ ဖြစ်နေပြီး ဒီအမှုကို                                            ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီနဲ့ ထိုင်းနိုင်ငံ လူ့အခွင့်ရေးရာကောင်စီတို့က ဖမ်းဆီး ခံမြန်မာလုပ်သားနှစ်ဦးတို့ရဲ့ မိဘတွေနဲ့ တွေ့ဆုံခဲ့ပြီး အတတ်နိုင်ဆုံး ကူညီမှုတွေ ဆောင်ရွက်ပေး သွားမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးရဲ့ မိဘများ ထိုင်းနိုင်ငံအတွင်း ရောက်ရှိလာချိန်မှာ ထိုင်းနိုင်ငံအခြေစိုက် မီဒီယာများနဲ့ ပြည်ပမီဒီယာများက သတင်းထောက် ၁၀ဝ နီးပါး လာရောက် သတင်းယူခဲ့ကြကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အမေရိက ၊ ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ စုပေါင်းဘုံကထိန်ပွဲကို နိုဝင်ဘာ ၁ ရက်၊ စနေနေ့မှာ ကျင်းပဆင်နွှဲမှာ ဖြစ်ပါတယ်။                                             ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းလိုသူများအနေနဲ့ ဒွိသင်္ကန်းတစုံကို ဒေါ်လာ ၅၀၊ ဧကသီတထည်ကို ဒေါ်လာ ၃၀၊ သင်းပိုင်တထည်ကို ဒေါ်လာ ၂ဝနဲ့ ကုသိုလ်ပါဝင်နိုင်ကြောင်း သတင်းရရှိပါတယ်။

စုပေါင်းဘုံကထိန်ပွဲ အစီအစဉ်ကတော့ နံနက် ၁ဝ နာရီမှာ သိမ်တက်ပြီး ၁၁ း ၃ဝ နာရီမှာ သိမ်ဆင်းသံဃာတွေကို ဆွမ်းလောင်းပြီးနောက်၊ နေ့ဆွမ်း ဆက်ကပ်ပူဇော်ကြမှာ ဖြစ်ပါတယ် ။ ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေကိုလည်း မြန်မာ အစားအသောက်တွေနဲ့ ကျွေးမွေးဧည့်ခံကြမှာ ဖြစ်ကြောင်း သိရပါတယ်။

နေ့လည် ၁ နာရီမှာ စုပေါင်း ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေကြမှာ ဖြစ်ကြောင်း သိရတဲ့အတွက် စိတ်ပါဝင်စားသူများ အရောက်သွားကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

ဓမ္မပါလကျောင်း
3096 Wheeling St
Aurora. CO 80011
Tel : 303-343-3691

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

လော့စ်အိန်ဂျယ်လိစ်မြို့အနီး လာပွန်းတီးရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ၆ ကြိမ်မြောက် ဆီမီး ၁၀၀ဝ ၊ ပန်း ၁၀၀ဝ ပူဇော်ပွဲကို နိုဝင်ဘာ ၈ ရက်၊ စနေနေ့ ညနေ ၅ နာရီကနေ ၉ နာရီအထိ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အဲဒီ တန်ဆောင်တိုင်ပွဲတော်မှာ မြတ်စွာဘုရား ရုပ်ပွားဆင်းတုတော်တွေကို ပန်း၊ ဆီမီးများနဲ့ ပူဇော်ကန်တော့ပြီး သံဃာတော်တွေကိုလည်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြမှာဖြစ်ပါတယ် ။

အဲဒီနောက် အနုမောဓနာ တရားတော်နာယူပြီး ကျောင်းဝင်း တပတ် ဆီမီးများ ကိုင်ဆောင်ကာ လှည့်လည် ပူဇော်ကြမှာ ဖြစ်ပါတယ်။

Burma Buddhist Monastery လာပွန်းတီး ဘုန်းကြီးကျောင်းရဲ့ ဆီမီး ၁၀၀ဝ ၊ ပန်း ၁၀၀ဝ တန်ဆောင်တိုင် ပွဲတော်မှာ မြန်မာစားသောက်ဖွယ်တွေကိုလည်း စတုဒီသာ ကျွေးမွေးလှူဒါန်းမြဲဖြစ်ပြီး ဒီနှစ် ပွဲတော်မှာတော့ မုန့်ဟင်းခါး၊ ဘူးသီးကြော်၊ ကော်ရည်ခေါက်ဆွဲ၊ လက်ဖက်ရည်တို့နဲ့ ဧည့်ခံဖို့ လှူဒါန်းထားကြတယ်လို့ သိရပါတယ်။

ပွဲတော် ကျင်းပရာ တည်နေရာကတော့…

Burma Buddhist Monastery
710 Grand View Ln, La Puente, CA 91744
Cross Streets: Between Samgerry Dr and Glengray StNeighborhoods: Valinda ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အမေရိကနိုင်ငံ ၊ နော့သ်ကာရိုလိုင်းနား ပြည်နယ် ၊ ဓမ္မဗိမာန်ကျောင်းတည်ရှိရာ

6612 Brass Road , Jamestown , NC 27282 , မှာ ဘုံကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ (၁)ရက်နေ့ မနက် ၁၁ နာရီက စတင်ကျင်းပမှာ ဖြစ်တဲ့အတွက်

ကြွရောက် ကြည်ညို ကုသိုလ်ယူမယ့် ဓမ္မမိတ်ဆွေများကို အသိပေးအကြောင်းကြားအပ်ပါတယ်။

အစီအစဉ်အသေးစိတ်ကို သိရှိလိုရင်တော့… ဖုန်း (336) 882-5012 / 874-4462 တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အမေရိကနိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဖရီးမောင့်မြို့ ၊ မေတ္တာနဒ္ဒဝိဟာရ ဓမ္မရိပ်သာ တည်ရှိရာ…

4619 Central Avenue , Fremont , CA 94536 မှာ… မစိုးရိမ်ဆရာတော်ဟောကြားတော်မူမယ့်

ပဋိစ္စသမုပ္ပါဒ်တရားတော် ဓမ္မသင်တန်းကို တနင်္ဂနွေနေ့ ညနေ ၆ နာရီတိုင်းမှာ ကျင်းပတော့မှာဖြစ်တာကြောင့်…. စိတ်ပါဝင်စားသူတိုင်း တက်ရောက် သင်ကြားနိုင်စေဖို့… သတင်းကောင်းပါးလိုက်ပါတယ်။

သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိချင်ရင်တော့…ဖုန်း (510)795 0405 ကို ဆက်သွယ်နိုင်ကြောင်း သတင်းရရှိပါတယ်။

 

 

 

ပုံကို ကလစ်လိုက်ရင်... www.azmtv.com ကို ရောက်သွားပြီး ရုပ်သံ နားဆင်နိုင်ပါကြောင်း
ပုံကို ကလစ်လိုက်ရင်… www.azmtv.com ကို ရောက်သွားပြီး ရုပ်သံ နားဆင်နိုင်ပါကြောင်း

 

 

 

 

 

 

 

 

 

 

 

 

 

ဒီသတင်းတွေဟာ…  အင်တာနက် ဖေ့ဘုတ်နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…ဖတ်ရသမျှကို ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ  ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို

ခြုံငုံပြီး..မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ဒီသတင်းတွေကို …အောင်ဇေမီဒီယာ www.azmtv.com မှာလည်း
ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှုလေ့လာနိုင်ပါကြောင်းးးး

 

 

ချစ်ခင်လေးစားလျက်….

 

အလင်းဆက်

 

 

10 comments

  • မမချွိ

    October 30, 2014 at 1:22 pm

    ၂၀၁၅ နီး လေ ပြတနာ များလေ ဖစ်မှာပဲ။

    ကိုပါကြီးက ကြီးမေနားက လူ…
    အဲဒီ လူ ကို ဒီလိုသတ်ပြီး ကြီးမေ ဘာပြော ဘာဝုန်းမလဲ လို့ စကား အမှားစောင့်တာမြန်းလားးး 🙄
    :a:
    အိုဗားမား လာမယ် ဆိုတော့မှ ဘယ်နှစ်ပွင့်ဆိုင်တွေ တွေ့မယ် ဆိုလားး
    အရင်ကတော့ ပတ်ပြေးနေပြီးတော့။
    ခိ :mrgreenn:
    လူသတ် သမားတွေ အဲလေ လူဇိုးတွေ။ (တူတူပဲ မို့ မှားပြောမိ)
    :k:

    • Mr. MarGa

      October 30, 2014 at 5:25 pm

      လူဇိုး ဆိုတဲ့ နာမည်ကို ပြန်ပြင်ပေးဘာာာ
      ကတောက်စ်….
      ကိုယ့်နာမည် ကိုယ် ပြန်ဖျက်နေရသလား ဂျီးဒေါ်ရ
      :a:

      • nicolus agral

        October 31, 2014 at 6:45 pm

        သဂျားပြောတာဂိုထောက်ခံပါတယ်
        ဂိုဏ်းသားတွေဘယ်လောက်ပဲအသုံးမကျကျ
        ဂိုဏ်းဂျုပ်အနေနဲ့ ဂိုဏ်းသားတွေ အဲလိုကောင်တွေနဲ့ မနှိုင်းသင့်ပါဘူး
        ဂိုဏ်းဂျုပ် လူဇိုးတွေကိုအဲလို မနှိမ်သင့်ပါဘူး

  • Yae Myae Tha Ninn

    October 30, 2014 at 3:29 pm

    အလုပ် ၁ ဖက် နဲ့ လုပ်နိုင်သေးတာ… အံ့ဩပါတယ်… အလုံခြင်း တဲ့ သတုံဇင်းရေ… 🙂

    • အလင်းဆက်

      October 30, 2014 at 10:42 pm

      ဒါလည်း အလုပ်ပဲလေ။

      :kwi:

      အလုံခြင်းတဲ့ သဒုံဇင်းပိုစ့်လေးတွေ တင်စရာ ရှိနေတော့
      တစ်ပါတ်တစ်ခါ ရွာနဲ့ အဆက်အသွယ်ရတာပေါ့။
      ကြားထဲ စာ သိပ်မရေးဖြစ်။
      ပိုစ့် သိပ်မဖတ်ဖြစ်တော့ဘူး
      commentတွေလည်း
      အရင်လို ဖောဖောသီသီ လိုက် မပေးအားတော့ဘူးဆိုတော့
      ကြာရင် ရွာနဲ့ အဆက်နဲ့ပြတ်သွားမှာ စိုးရတယ်ဗျ။
      ဒီလို ပိုစ့်လေးတွေ တင်ဖို့ ရှိနေလို့သာ. . .

      😆

  • ဝင့်ပြုံးမြင့်

    October 31, 2014 at 12:03 am

    လိုင်းပေါ်တက်ဖို့ အချိန်ကမရတော့ အခုလို တစုတစည်းထဲ ဖတ်ရတာ ကျေးဇူးတင်စရာကောင်းပါတယ်။ အချိန်ချွေတာရာ ကျတယ်။ ကျေးဇူးပါပဲ ကိုသူရရေ။

  • manawphyulay

    November 1, 2014 at 10:37 am

    ကျေးဇူးပါပဲ။ မဝင်ဖြစ်တာ အတော်ကြာပြီလေ အလုပ်ကများ လူက နေမကောင်းနေတာနဲ့ ဘာမှမဖတ်ဖြစ်သလို မဝင်ဖြစ်တာတောင်ကြာပါ့ ခုလို တစ်နေရာထဲကနေ စုံတကာစေ့ သိမှတ်ရတော့ ခဏလေး ဖတ်ဖြစ်ပေမယ့် အကုန်အစုံ ဖတ်မိတာအတွက် ကျေးကျေးပါ။

  • ဦးကြောင်ကြီး

    November 1, 2014 at 11:44 am

    အလွမ်းစက်
    ဝရမ်းကပ်
    မနမ်းတတ်
    ဂဏန်းချက်..

    • အလင်းဆက်

      November 1, 2014 at 6:59 pm

      တိန်

      ဝရမ်းတော့ မကပ်ပါနဲ့။
      ကပ်လည်း… ဖွေးဖွေးကိုသာ လာကပ်ခိုင်းလှည့်…

      ဂွစ်ဂွစ်

      :k:

Leave a Reply