နှလုံးသားဝယ် ဘုရားတည်

.နှလုံးသားဝယ် ဘုရားတည် ဆိုတာ မိမိ နှလုံးသားထဲမှာ သတိနဲ့ ဘုရားကို အာရုံဖော်ပြီးတော့ နေတတ်တာပါ။ အဲလိုနေလို့ရှိရင် မိမိရဲ့ ခန္ဓာကိုယ်ကြီးဟာ ရတနာ ခန္ဓာကိုယ်ကြီး ဖြစ်လို့ ဘုရားရဲ့သား ဘုရားရဲ့သမီး ဖြစ်လို့ ဘယ်ခါမဆို ဘယ်နေရာပဲရောက်ရောက် စိတ်စွမ်းအားတွေကလည်း ခမ်းခမ်းနားနားဖြစ်နေမယ် တဲ့။
.နောက်တစ်မျိုးက ဘုရားတစ်ဆူတည်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး။
.၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊
.၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးကို ရည်ညွှန်းကြောင်း၊
.၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော အဓိပ္ပာယ်
.၄. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်အတွက် ဘီလူးပန်းဆွဲ
.၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ သီလ၊ သမာဓိ၊ ပညာ
.၆. ဖောင်းရစ် (၇)ရစ်မှာ ဝိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း
.၇. ကြာမှောက်ကို ထားခြင်းသည် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရခါနီး
.ဖြစ်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေး မှောက်မှားနိုင်သေးကြောင်း သတိပေးလိုခြင်း
.၈.ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း
.၉ ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘဝမှ နိဗ္ဗာန်သို့ မဝင်စံမီ ခတ္တခဏ နားနေရာကို ပြဆိုလိုခြင်း
.၁၀. စိန်ဖူးတော် သည် အသင်္ခတဓာတ်ကို ရည်ညွှန်းခြင်း
.နောက်ထပ် အများကြီးရှိဦးမယ်။ အဲဒါတွေကို သေသေချာချာ သိမှတ်ပြီးတော့ ဘုရားကို အနှစ်ပါပါ နှလုံးသားနဲ့ ဖူးမြော်တာကို ဆိုလိုတာပါ တဲ့
—-
.ကျွန်မကတော့ နှလုံးသားဝယ် ဘုရားတည်ဆိုတာကို တည့်တည့်ပဲ စဉ်းစားပါတယ်။ နှလုံးသားထဲမှာပဲ ဘုရားတည်၊ အပြင်မှာ မတည်ပါနဲ့ လု့ိ တည့်တည့်ပဲ တွေးတာပါ။ အုတ် အင်္ဂတေ ဖွဲ့စည်းမှုတိုင်းဟာ တိုးတက်မှု မဟုတ်ပါဘူး။ အုတ် အင်္ဂတေဖွဲ့စည်းမှုဖြစ်ရုံနဲ့ ဒါကို infrastructure စာရင်းထဲ ထည့်သွင်းလို့ မဖြစ်ပါဘူး။ အကော့အညွတ်တွေပါတဲ့ ထုကြီးထည်ကြီး အဆောက်အဦဖြစ်ရုံနဲ့ ယဉ်ကျေးမှု လက်မှုပညာတွေ တန်ဖိုးထားတယ်လို့လည်း မယူဆပါဘူး။ ဒီလောက် ငွေကြေးအများကြီးကို ပက်ပက်စက်စက်လုပ်ချလိုက်မယ် ဆိုရင် ငတ်နေတဲ့ကလေးတွေမျက်နှာကို အရင်ကြည့်သင့်ပါတယ်။ စိုက်တာတောင် ဘာမှ သုံးမရတဲ့ ဗောဓိတွေ ကံ့ကော်တွေ စိုက်တယ်။ ဥတုရာသီနဲ့သင့်လျော်တဲ့ အကျုးိကျေးဇူးဖြစ်ထွန်း တဲ့အပင်ကို စိုက်ရင်လည်း ငရဲမကြီးနိုင်ပါဘူး။
.အင်မတန် တန်ဖိုးရှိတဲ့ စကားတစ်ခွန်းကို ဇာချဲ့နေရတာလည်း မောပါတယ်။ တည့်တည့်ပဲ စဉ်းစားကြည့်ရုံနဲ့ အကျိုးကျေးဇူးဖြစ်ထွန်းနိုင်တယ်လို့ ယုံပါတယ်။ နှလုံးသားဝယ် ဘုရားတည် ဆိုတာ နှလုံးသားမှာပဲ တည်၊ အပြင်မှာ မတည်နဲ့ လို့ သဘောပေါက်ပါကြောင်းရှင်။

28 comments

  • kai

    October 31, 2014 at 3:41 am

    ထိပ်တွေ့တိုင်းတက်ဆောက်နေတဲ့.. စေတီတွေအစား.. တာဝါတိုင်တွေသာဆောက်လိုက်ရင်.. တိုင်းပြည်အင်ဖရာစရပ်ချာဖြစ်သွားပြီး.. ကျေးလက်အထိ.. အင်တာနက်..ဆဲလ်ဖုံးလိုင်းရောက်သွားနိုင်မှာအသေအချာ…။

    ကမ္ဘာ့အကောင်းဆုံး.. နက်ဝက်တောင်ဖြစ်သွားလောက်တယ်…။
    လူမျိုးခြားတွေဝင်လာမစဲတသဲသဲနဲ့.. လာနေကြမှာ…။
    အဲဒီအချိန်မှာမှ..ရင်ထဲကဘုရား.. ကိုယ့်ယုံကြည်မှုတွေ..တရားပြပေးနိုင်ရင်ဖြင့်.. ဒီထက်ကောင်းတဲ့.. သာသနာပြုနည်းများ.. ရှိဦးမှာလား.. ရယ်… လို့..။

    • pooch

      October 31, 2014 at 10:30 am

      ဟုတ်တယ်လို့ ထိပ်တွေ့တိုင်း စေတီတည်တော့လေ တခါတခါ ဘယ်လိုပြောရမှန်းကို မသိဘူး :((

      တာဝါတိုင်ဆောက်မှ ဖြစ်မှာ တကယ်က လူမျိုးခြားခရီးဝေးသွားချင်တဲ့ စွန့်စား ခရီးသွားတွေကို ဆွဲဆောင်လို့ ရမှာ

      • kai

        October 31, 2014 at 3:20 pm

        ရန်ကုန်ကို.. အင်တာနက်..ဝိုင်ဖိုင်ဖရီးဖြစ်အောင် လုပ်နိုင်တဲ့.. နိုင်ဂျံဂါးကုမ္မဏီတခု.. ဆာဗေးရီပို့လေးသတိရမိတယ်..
        ရွှေတိဂုံကို တာဝါတိုင်ကွယ်လို့မရ.. ရွှေတိဂုံကလည်း မြို့ရဲ့ထိပ်ကြီးမှာရှိနေဆိုတော့ကာ… ရည်ရွယ်ချက်.. အကောင်အထည်ဖေါ်မရ.. မဖြစ်နိုင်ဘူးဖြစ်သွားတာတဲ့..။

        ဆိုလိုချင်တာက..
        ထိပ်တွေ့တိုင်း..စေတီတည်တာ.. မသိလိုက်မသိဖာသာနေလို့မရ..
        စေတီမထိနဲ့..မီးပွင့်သွားမယ်ဆိုတဲ့.. အမျိုးဘာသာသာသနာချစ်လှပါချည့်.. ဟန်ပြသမားတွေများသမို့..
        တော်တေ်ာဂွကျ… တိုင်းပြည်တိုးတက်မှု.. လူအများအကျိုးစီးပွား.. ထိခိုက်ကြောင်း..။

  • ကေဇီ

    October 31, 2014 at 8:17 am

    ဟေးဟေးဟေးးး
    စိတ်ထဲ ဘုရားရှိ ပြီးရော၊ ဘုရားပြော(တယ် ဆို) တဲ့ အဆုံးအမ နှလုံးသွင်းနိုင်ပြီးရော ဆိုပြီး ဘုရားအေးအေးဆေးဆေး မကန်တော့တာ ကြာပါပေါ့လားးးး
    ပြီးရင်လည်း တရား ဆိုတာကို မေ့လျော့ခြင်းတွေနဲ့ သံသရာလည် နေပြန်ရော။
    :mrgreenn:

    အိမ်က ကျနော့ကို ဘာသာမဲ့ ဖြစ်သွားမှာတောင် အင်မတန် စိုးရိမ်တာ။
    မဖြစ်ပါဘူးးလေ။
    ဒါပေမဲ့ ဘယ်ဟာ အလွန်တုန်း ဘယ်ဟာ လိုက်နာသင့်တုန်း လောက်တော့ သိတယ်လို့ ထင်တာပါပဲ၊.
    ၊ဟိ
    :mrgreenn:
    ဆိုတော့ ဘုရား တည် တယ် တို့ ဘာတို့ ကိုလည်း အပြစ်လို့ မယူဆပါဘူးးး

    ခုချိန် ဘာလို့ ဒီ အတွေးမျိုးဝင်လည်း ဆိုတော့ နိုင်ငံ ဆင်းရဲ နေလို့ပါ။
    :a:
    နိုင်ငံ ချမ်းသာရင်တော့ အများသုံးအိမ်သာမှာပဲ ရွှေကနုတ် ဆင်ဆင် ပြောမှာ မဟုတ်ကြပါဘူးးး
    :a:

    ဘုရားတည်တယ် ဆိုတာလည်း အိမ်မှာ ဘုရားစင် ထားရခြင်း ရဲ့ ရည်ရွယ်ချက်လိုပဲ ခံယူထားလိုက်ပါတယ်။
    ဘယ်နေရာမဆို အိုဗာ တွေတော့ ရှိတာပေါ့။
    ၂ဖက်လုံး လျှော့လိုက်ရင်တော့ အဆင်ပြေမှာပါ။

    ~~~~~~~~~~~~

    ဘုရားစင်ကိုးကွယ်ထားရှိခြင်း၏ အကျိုးကျေးဇူး (၉) မျိုး

    မိမိတို ့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ ့ပါ အကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်။

    (၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊
    ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်
    စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရား တရားနှင့် ကင်းကွာမနေခြင်း။

    (၂) မြတ်စွာဘုရားကို ဖူးတွေ ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ်
    ပို၍ ယုံကြည်မှု လေးနက်လာသည်။

    (၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု
    ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဉာဏ် ထက်မြက်ခြင်းများ
    ရှိလာသည်။

    (၄) ကုသိုလ်တရားများ တိုးပွားလာသည်။

    (၅) စိတ်ညစ်ညူးမှု ရှိလာလျှင် ဘုရားစင် ဘုရားရှင် ရှေ ့တော်သို ့
    သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့်
    အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။
    အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီး
    စိတ်ကြည်နူးမှု ချက်ချင်း ရရှိလာပါသည်။

    (၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ဝိနာဘာဝများ၏
    အနှောက်အယှက်များမှ ကင်းပြီး မကြောက်မရွံ ့ နေနိုင်ပါသည်။

    (၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။

    (၈) ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်း
    သုတ်သင်ပြီး ကျကျ နန ထားလျှင် အိမ်ကျက်သရေ၊
    လူ ့ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။

    (၉) ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်း
    နေရသကဲ့သို ့ ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို
    ခံယူရရှိနိုင်ပါသည်။

    ~~~~~~~

    အဲဒီတော့ ဘုရားတည်တာကိုလည်း ဒီ အမြင်နဲ့ ဆင့်ပွါး မြင်လိုက်လို့လည်း ရတာပေါ့။

    အစိုးရ အရင် ပြောင်းပါစေဦးဗျာ။

    နို့မို့ ဘာသာရေးက တန်ဆာခံဖြစ်နေလွန်းလို့။
    😥

    • Wow

      October 31, 2014 at 3:27 pm

      တန်ကောင်း များဘဲရီးဂွတ် အဲလေ… :mrgreen:
      တန်ဆေး လွန်ဘေးပေါ့ အေရယ်… တော်ရုံပဲကောင်းပါတယ်… အူမတောင့်မှ သီလစောင့်ဆိုသလားလို့.. နာဆို ဗိုက်ဆာရင် ဘုရားအာရုံပြုလို့ ဘီလိုမှမရ :mrgreen:

    • ဝင့်ပြုံးမြင့်

      November 1, 2014 at 8:13 pm

      .လူတွေများ အရမ်းပိုတာပဲ သိလား။ အချက် ၁ ရယ် ၂ရယ် ၆ရယ်လောက်ပဲ မှန်တာပါ။ ဒီလောက်အလွန်အကျူး အမွှန်းမတင်သင့်ဘူး။
      . ဘာသာရေးက ဓားစားခံ မဟုတ်ပါဘူး ကေရယ်။ လက်သည်ပါ။ ကေသိပ်ချစ်တဲ့ ကြီးမေကသာ လက်သည်ကြောင့် ဓားစားခံ ဖြစ်သွားနိုင်တာ။

      • kai

        November 3, 2014 at 1:11 pm

        မှန်တာပေါ့…

        အတွေးအခေါ်တို့ရဲ့.. ထိပ်ခေါင်.. အမြုတေဟာ.. ဘာသာရေးလို့ရေးခဲ့ဖူးတယ်..။
        မြန်မာပြည်အခုလိုဖြစ်နေတာအပါအဝင်…
        ကမ့္ဘာနိုင်ငံတွေ.. ဆိုင်ရာဆိုင်ရာဖြစ်နေကြတာ.. ဘာသာရေးကသာ.. လက်သည်ဖြစ်ပါကြောင်း…

        . ခရုးဆိတ်စစ်ကြီးကြည့်မလား..
        အခုအာရပ်စပရင်းကြည့်မလား..။ အခုမစ်ဒယ်လ်အိစ်နိုင်ငံတွေကြည့်မလား..။
        အခု.. ဂျူးဘာသာဝင်နိုင်ငံ…အစ္စရေးကြည့်မလား..။
        အစ္စလမ်မစ်နိုင်ငံတွေကြည့်မလား..။ ခရစ်ယန်နိုင်ငံတွေကြည့်မလား..

        ဘာသာရေးသည်သာ.. စစ်ပွဲများကို.. ဆောင်ယူလာသည့်… လက်သည်…..။ :k:

  • kyeemite

    October 31, 2014 at 9:52 am

    .ဟိုနေ့က မဝေတင်တဲ့ “ ကျောက်ကာ ညနေခင်း” ပို့စ်မှာ မုံရွာဖက်ကရွှေဂူနီဘုရားပုံတော်ဖူးရတာမှာ
    .ဘုရားရှင်ရုပ်ပျက်ဆင်းပျက်ဖြစ်လောက်အောင် သဒ္ဒါလွန်ထားကြတာ တွေ့လို့မန့်ခဲ့သေးတယ်
    .လိုတာထက်ပိုတာ ဘယ်ကောင်းနိုင်ပါ့မလဲ…ဒါပေမဲ့ ဘုရားတည်၊ ရွှေချ ၊ ကျောင်းဆောက်လှူ မှ
    .အမြတ်ဆုံးကုသိုလ်လို့ သောက်တလွဲတွေ ရိုက်သွင်းထားတော့ ကိုယ့်ရှေ့တင်က .ငတ်ပြတ်ဒုက္ခရောက်သူတွေကို ကျော်ခွပြီး ဘုရားရွှေသွားချကြတာပဲဗျ
    .ဘုရားတည်တာ အပြစ်မတင်ပါဘူး..ခုချိန်မှာတော့ လုံလောက်တာထက်တောင်ပိုနေပြီထင်လို့ပါ
    .မရေရာလှတဲ့ နောင်ဘဝကိုသာတွေးကြပြီး…ကိုယ်တိုင်ကြုံနေတဲ့ခုဘဝကိုမတွေးကြတာတော့အသည်းယား…သဗျာ :p:

    • ကေဇီ

      October 31, 2014 at 9:56 am

      သူငယ်ချင်းတစ်ယောက် နဲ့လက်ဘက်ရည် သောက်ရင်း သိခဲ့ရတာလေး ….

      သူက ရွှေသမားဆိုတော့ ဖုန်းလာတိုင်း …..

      Local ဘယ်ဈေးလဲ?
      World ဘယ်ဈေးလဲ?
      ဂေါ ဘယ်ဈေးလဲတဲ့ ?
      အပေါ်၂ခုတော့ သဘောပေါက်ပေမဲ့ ဂေါက ဘာတုန်း? မေးကြည့်တော့ ….
      ဂေါ ဆိုတာ ဂေါပကကို ပြောတာတဲ့ ဒီလို ပွင့်လင်းရာသီဆို ရွှေတိဂုံ၊ အင်းလေး၊ ကျိုက်ထီးရိုး၊ အစရှိသဖြင့် ဘုရားတွေက ဂေါတွေနဲ့ ချိတ်ဆက်ထားရတယ်တဲ့ ဂေါကြီး တယောက်ဆို ရွှေလုပ်ငန်းရှင်များ အသင်းမှာ အကြံပေးကြီးဆိုလား …….
      အဲ့ဒါ အဲ့ဒါ မသိရင် ခုမှသိရင် လိုက်မှတ်ထား

      ~~~~~~~~~~~~

      အာ့ သများပြောတာမဟုတ်။
      ရွာ့ သူပုန် ပြောထားတာ။
      ဟိ။ :mrgreenn:
      သများတောင် ကိုယ့် အတွက် ဂေါ တစ် ဂေါ ရှာခိုင်းထားသေးးးး
      :mrgreen:

      နောက်ဘဝကို မတွေးတော့ဘူးးး
      ဒီဘွပဲ တွေးရင် တော့ ပိုင်သကွာ။ :mrgreenn:

      • ဦးကြောင်ကြီး

        November 1, 2014 at 11:58 pm

        မဟာမြတ်မုနိဘုရားကြီး ရွှေချတော့ ကိုယ်ကပ်တဲ့ရွှေထက် ကပ်လှူ အပြီး ထိုင်ကန်တော့ပြီးနောက် ကိုယ့်ခေါင်းမှ ပြန်ကန်ပါလာတဲ့ ရွှေမှုန့်တွေက ပိုများခဲ့သဗျ ။ ဘုရားကြီး ပတ်ဝန်းကျင်မှာ ပျံ့လွှင့်နေတဲ့ ရွှေဆိုင်းအစ အနတွေ အများကြီးလေ..။ ကျိုက်ထီးရိုးလည်း ထိုနည်းတူစွာ.. ကိုယ်ကပ်လိုက်တာ ဘယ်လောက် ဘုရားမှာကျန်ခဲ့လည်းတော့ မသိ.. လေထဲ တလှူ လှူ လွှင့်နေတာတော့ အတော်များအိ…

  • weiwei

    October 31, 2014 at 3:44 pm

    ကျွန်မက နှလုံးသားမှာ ဘုရားတည်ဆိုတာကို လက်ခံပြီး ဘုရားမရှိခိုးတာ ကြာပါပေါ့လား ..
    ကျွန်မ မိဘအိမ်မှာ ဘုရားစင်ကို ခမ်းခမ်းနားနားအကြီးကြီးကိုးကွယ်ထားပါတယ် .. အိပ်ခန်းကိုသွားရင် ဘုရားခန်းကို ဖြတ်ပြီးမှ သွားလို့ရတဲ့အတွက် အနဲဆုံးတော့ လက်အုပ်ချီပြီး အရိုအသေပြုမိတယ် .. ညဘက်ဆိုလဲ မီးဖွင့် ဘုရားပန်းခြောက်ရင်လဲ လဲတယ်ပေါ့ …

    အခု ကိုယ့်ဟာကိုယ်နေတော့ အခန်းတွေကများတော့ ဘုရားကို သီးသန့်တစ်ခန်းထားလိုက်ပါတယ် … ဘုရားခန်းထဲမှ မဝင်ရင် ဘုရားကိုမမြင်တော့ဘူး … အဲဒီတော့ ဘုရားမရှိခိုးဖြစ်ဘူး .. ပန်းနဲ့ရေချမ်း သတိထားပြီးလဲပေမယ့် ပုံမှန်မဖြစ်တော့ဘူး ..

    အဲဒီတော့ လူဆိုတာ မြင်နေရင်တော့ အနဲဆုံး ရှိခိုးမိ ကြည်ညိုမိ ကုသိုလ်ရပါတယ် … ဘုရားစေတီဆိုတာ ကြည်ညိုစရာကောင်းတာမို့လို့ စိတ်ကြည်နူးတယ် … ကုသိုလ်ပြုစရာနေရာတစ်ခုရှိတာလဲ တစ်နည်းအားဖြင့် ကျေးဇူးများတာမို့လို့ ဘုရားစေတီတွေ တည်ထားခဲ့တဲ့သူတွေကို ကျေးဇူးတင်မိတယ် ..

    • ဦးကြောင်ကြီး

      November 2, 2014 at 12:07 am

      မှန်ပါဒရယ် အေတီဝမ်.. လူဆိုတာ နိမ့်ပါးသူဆို ကဲ့ရဲ့လှောင်ပြောင်ဓာတ်တာ အကျင့်ဖြစ်နေပြီ.. ဦးမာမွတ်လိုပေါ့..။ အဲလိုပေါဂျေးစို ယူအက်စ်မှာ နေရာတိုင်း ချပ်ချ် ဘုရားရှိခိုးကျောင်းတွေ ပြေးမလွတ်.. ဒါ့အပြင် လူနေရပ်ကွက်တွေ လမ်းမတန်းတွေမှာ ဓမ္မသီချင်းဆို တရားဟောတဲ့ ဌာနတွေ ပေါမှပေါ။ သူတို့ကျတော့ ဘာလို့ချမ်းသာလဲ။ ဘယ်နေရာမဆို ရှိတဲ့သူရဲ့ ဆယ်ရာခိုင်နှုန်းတော်ပြီး နှစ်ဆယ်ရာခိုင်နှုန်း တက်ကြွစွာ လိုက်ပါနိုင်လျင် ကြွယ်ဝချမ်းသာ အောင်မြင်မှုကို တရာရာခိုင်နှုန်းစလုံး ခံစားရပါတယ်။ (သူ့အဆင့်လိုက်တော့ ကွာမှာပေါ့)။ မြန်တျန့်ပြည် ပြသနာက လှူ ဒါန်းငွေများ လိုအပ်နေသူများထံ ပြန်လည် စီးဆင်းမလာခြင်းပါ။ လှူ တာလှူ ပါ.. လှူ လိုက်တာကို ဂေါပကအဖွဲ့က လူအိုရုံ၊ စာသင်ကျောင်း၊ ဂိလာနဆေးရုံ၊ ထမင်းဖို စတာတွေ ပြန်လုပ်ပေးရမှာပေါ့။ ခရစ်ယာန်တွေ ဒီလိုနဲ့ သာသနာပြုသွားတာ။

      • kyeemite

        November 3, 2014 at 4:02 pm

        .ဒီအချက်တော့ ကိုကြောင်ကြီးကိုထောက်ခံပါတယ်…
        .ဘုရားလှူ ထားသောငွေ လိုအပ်တဲ့ လူတွေကူညီတာဘုရားကသဘောကျမှာပါ
        .ဂေါပက ကသာစိတ်ဆိုးမှာ :k:

  • နဝတ ခေတ်က ဘုရားတွေတည်တာ
    ဘုရားတွေ ပြင်တာ
    စွယ်တော်ပင့်တာ
    စွယ်တော်စေတီ တည်တာ
    တွေက လူတွေလက်ထဲမှ ဖောင်းပွနေတဲ့ပိုက်ဆံတွေကို သိမ်းလိုက်တာ နဲ့ အတူတူပါဘဲ။

    ကျနော်အမြင်ကတော့ မြန်မာပြည်မှ လှူဒါန်းစရာတန်ခိုးကြီးဘုရားတွေ ရှိနေတာ ငွေဖောင်းပွမူ့ ကိုအထိုက်အလျောက်ကာကွယ်ပေးတယ်လို့ မြင်မိပါတယ်.
    တန်ခိုးကြိးဘုရားကို လှူဒါန်းထားတဲ့ ငွေတွေက ဘဏ်မှာအပ်ထားတော့ ငွေသေ လိုဖြစ်သွားတယ်လေ.
    ကျနော်အတွေး မှားချင်လဲ မှားနိုင်ပေမယ့် ကျနော်ကတော့ ဒီလိုဘဲယုံကြည်ပါတယ်။

  • manawphyulay

    November 1, 2014 at 10:09 am

    နှလုံးသားမှာတော့ အမြဲဘုရားတည်ဖြစ်နေပါတယ်။ ဒါကြောင့် ဘုရားလည်း မရောက်တာ ကြာသလို သေသေချာချာ ဘုရားစင်မှာ ဦးမချဖြစ်တာတောင် အတော်ကြာပြီ။

    အနစ္စ ဒုက္ခ အနတ္တ….

  • Yae Myae Tha Ninn

    November 1, 2014 at 1:56 pm

    ကျွန်တော်ကတော့ အချက် ၁ဝ ရေးထားတာကို ထပ်မံ မှတ်သားသွားပါတယ်… ဖတ်ဖူးတယ်… မမှတ်မိတော့တာ.. နောက်ဆို မေ့သွားရင် ဒီပို့စ်ကို ပြန်လာရှာဖတ်ရုံပဲ… ကျေးဇူးပါ… အန်တီပြုံး… 🙂

  • khin oo

    November 1, 2014 at 2:01 pm

    ဗုဒ္ဓဝါဒနဲ့ ဗုဒ္ဓအဆုံးအမကို သက်ဝင်ယုံကြည်မှ နှလုံးသားမှာဘုရားတည်လို့ရမယ် ။
    မြင်မိမှကုသိုသတိယနိုင်လို့
    ဘုရားတည်တာ အပြစ်မဟုတ်ပါဘူး
    တိုင်းပြည်ဆင်းရဲတာ ဘုရားနဲ့ဘာဆိုင်လဲဗျ
    အစိုးရမူဝါဒ မကောင်းတာ နဲနဲပါသော်လဲ
    မြန်မာနိုင်ငံက အများစုက ပျင်းနေလို့ပါ
    အိမ်တအိမ်မှတယောက်လုပ်စာထိုင်စားနေပြီး
    အလေလိုက်နေတာတွေများတယ်
    ခင်ဗျားတို့ချမ်းသာဖို့ဘုရားတွေဖြိုပေးရမှာလား

  • မြစပဲရိုး

    November 1, 2014 at 2:35 pm

    အမေ အဖေ အိမ်က ခွဲထွက်ပြီး ကိုယ့်အိုးကိုယ့်အိမ် တည်တော့ ချစ်သော မိဘ နှစ်ပါး ရဲ့ က
    “ဘုရားစင်လေး သေသေချာချာ လုပ်ထားပါသမီးရယ်” တဲ့။
    သူတို့ ရဲ့သူပုန်မ သမီး အကြောင်းသိကြလို့။
    သူတို့ ကို ချစ်တော့လဲ စိတ်ချမ်းသာ စေချင်လို့ ဘုရားစင်လုပ် သစ်သီးဆွမ်း ရေချမ်း ပန်း (ပန်းကတော့ အတု) ကပ်ပြီး ဒါ့ပုံရိုက် ပို့ ရပါတယ်။
    ဘုရားစင် ဆိုတာ ကလဲ ထူးထူးခြားခြား တော့ လုပ်လိုက်တာမဟုတ်ပါဘူး။
    Ceiling နားကပ်ပြီး ဆောက်ထားတဲ့ စင် လေး ပေါ် မှာ လုပ်ခဲ့တာပါ။
    အဖွင့် အပိတ်တံခါး ပါပေမဲ့ အမြဲဖွင့်ထား ပါတယ်။
    ဘုရားစင်ရှေ့မှာ လဲ အမြဲတမ်း ဘုရားရှိခိုး ပါတယ်၊ ပရိတ်ရွတ်ပါတယ်၊ ပုတီးစိတ်ပါတယ် ဆိုပြီး သူတို့ ပီတိ ဖြစ်အောင် အမြဲ လုပ်ပေးရပါတယ်။
    ဒါကို ကြားတိုင်း သူတို့ ပျော်ကြတယ်။
    သူ့သမီး အေးသီးရစ် မ ကတော့ ကိုယ့်ဟာကို လုပ်ချင်လို့ ထက် သူတို့ အတွက် လုပ်ပေးနေတာ။

    မနှစ် က အိမ်ပြောင်းဖို့ လုပ်တော့ ကိုယ့် အိမ် ကို ရောင်းဖို့ ဈေးကွက် ထဲတင်ပါတယ်။
    သူငယ်ချင်း တစ်ယောက် ပြောဘူး တာက တစ်ချို့ အဖြူ တွေ က အေရှန် တွေ ရဲ့ အိမ် ဆို သိပ်မဝယ်ချင်ဘူး တဲ့။
    ဟုတ်မဟုတ်တော့ မသိဘူး။
    ဒီတော့ ကိုယ်လဲ အိမ်ကို ဝယ်မဲ့ သူတွေ လာကြည့် ဖို့ ချိန်းတိုင်း ဘုရားစင် ကို ပိတ်ပြီး ဖွက် ထားခဲ့တယ်။
    ကိုယ့် ကို ရုပ်ထု ကိုးကွယ် သူ အရိုင်း လို့ ထင်မှာ စိုးရိမ်တာလဲ ပါကြောင်း ဝန်ခံပါတယ်။
    ဈေးကွက်ထဲ ရောက်တာ နဲ့ လာကြည့်သူ တွေ များပါတယ်။
    ဘယ်သူမှ Offer မပေးဘူး။
    အဲဒါအပြင် တင်ပြီး ၂ရက်ဘဲ ရှိသေး။ ကိုယ်ဝယ် မဲ့ တစ်ဖက် အိမ် က ပြီး မဲ့ အချိန်မှာ မပြီး ဘဲ ရာသီဥတု အကြောင်းပြပြီး delay ဖြစ်တာမို့ အိမ်ကို ဈေးကွက် ထဲ က ပြန်ထုတ်ရပါတယ်။

    နောက် နှစ်လ ကြာတော့ တစ်ဖက် က အိမ်ကို စရောင်းပါတော့ လို့ ပြောလာပြန်ပါတယ်။
    တကယ် အိမ်တစ်လုံး ရောင်းထွက်ဖို့ က ကြာချင်ရင် လချီ ပြီး ကြာပါတယ်။
    ဒီတစ်ခါတော့ စိတ်က ဘယ်လို ဖြစ်တယ် မသိ။
    မဝယ်လဲ နေချင်နေ ဘုရားစင် ကိုတော့ မပိတ်တော့ ဘူး လို့ ဆုံးဖြတ်လိုက်တယ်။
    ဈေးကွက် စတင် တဲ့ ပထမ နေ့မှာ ဘဲ ၃ယောက် လာကြည့်တယ်။
    အဲဒီ ထဲ က တစ်ယောက် က ခေါ်ဈေး အတိုင်း ပေးသွား ပါတယ်။
    သဘော က တစ်ခြားလာကြည့် သူ တွေ ကလဲ ဝယ်ဖို့ ဟန် ရှိခဲ့ လို့ပါဘဲ။
    ကြားထဲမှာလဲ သံဗုဒ္ဓေ က အားတိုင်း ရွတ်ဘဲ။

    ဒါနဲ့ ဘဲ လောကီရေး အတွက် အလို လောဘ တစ်ခု ပြီးမြောက်ခဲ့တယ်။
    “ဒီလိုပါဘဲ တိုက်ဆိုင်တာဖြစ်မှာပါ” လို့လဲ တွေးနိုင်ပါတယ်။

    ဆိုလိုချင်တာက
    လောကကြီး ထဲ ဘာမှ ၁၀၀% မှန်တယ် ပြောမရလေတော့
    နှလုံးသားထဲ ဘုရားတည် ပြီး အပြတ်လမ်း ကို ရှာတာ အရမ်းမှန်ပါတယ်။
    ဒါပေမဲ့ လောကုတ္တရာ ရေး သက်သက် အတွက်ဘဲ အပြတ်လမ်း ဖြစ်တယ်။

    ကိုယ့် မှာ လောကီရေး လောဘ တွေ ပါ နေတာမို့ ရှေးရိုးအတိုင်း လိုက် ဆို လဲ လိုက်သင့် ရင် လိုက် နေမြဲ။
    ကိုယ်စောင့်နတ် တို့ ဘာတို့ ဆိုတာ ရှိမရှိ ဟုတ် မဟုတ် ဘယ်သူမှ သက်သေ မပြနိုင်သေးတာ။
    ယုံတယ်လဲ မဟုတ် မှာ တစ်ခါတစ်ခါ ဖြစ်လာတဲ့ တိုက်ဆိုင်မှု တွေ က ဇဝေဇဝါ ဖြစ်စေတယ်။

    လောကီ အရေးမှာ ကိုယ့်လောဘ နဲ့ သူ့လောဘ လောဘခြင်းတောင် မတူ တာမို့ Life Style တွေ လဲ ကွဲပါတယ်။
    ဒီတော့ ကိုယ့်ဟာကို သူများတွေ လုပ်သလို မလုပ်လဲ ရပါတယ်။
    ကိုယ့် အယူအဆ အတွေးအခေါ် ကို တစ်ခြားသူတွေ ကို ဝေမျှချင်လဲ ရပါတယ်။
    သို့ပေမဲ့ တစ်ချို့နေရာတွေမှာ ဒါတွေ ဟာတော့ ပြင်ကို ပြင်ရမယ်လို့ အတင်းဖိအားမပေးသင့်တာတွေ ရှိတတ်ပါတယ်။

    အမှန်က
    ဒီလို မတူကွဲ နေတဲ့ Life Style တွေ ရှိကြောင်း ကို လက်ခံပြီး
    ကိုယ့် ကို နဲ့ အများပြည်သူ ကို မထိခိုက် သမျှ
    သူတစ်ပါး ရဲ့ကိုယ်ပိုင် အယူအဆ ယဉ်ကျေးမှု ထုံးတမ်း တွေ ကို မပုတ်ခတ် အပြစ်မဆို ဘဲ နေသင့်ပါတယ်။

    ဒါမှ ဒီမိုကရေစီ ရဲ့ အနှစ်သာရ လေး ကို လက်တွေ့ အသုံးချနိုင်မှာ ဖြစ်ကြောင်းလေး။

  • အလင်းဆက်

    November 1, 2014 at 7:17 pm

    ကရင်ပြည်နယ်မယ်…
    တောင်ထိပ်မှန်သမျှ….စေတီဖြူဖြူလေးတွေ…ရှိပါ့။
    ဘုရားကို စေတီဆိုပြီး ပုံစံမျိုးစံ လုပ် ကိုးကွယ်တာ….တော်တော်ကိုများနေတာတွေ့တော့..အိမ်က ဘုရားစင်ကြီးကို…အားနာလိုက်တာ ။
    ——
    ဘုရားကို စေတီမကွယ်စေနဲ့ဆိုလား…. ဆရာတော်တွေ ပြောနေကြတာ.. ။
    ဒါပေမယ့်… ဘုရားကိုမြင်လည်း… ရုပ်/နာမ် ပျက်စီးခြင်းသဘောအစုကြီးကို မြင်တာပဲမို့…
    တကယ့်တကယ်မှာ… ဘုရားရဲ့ စကားထဲက…အနှစ်ကိုသာ..မြင်ချင်မိပါတယ်။

    အဲ…
    ဘာတွေဝင်ပြောမိပါလိမ့်… ။

    ဖွေးဖွေးပုံလေးတွေ သွား ရှာကြည့်လိုက်ဦးမယ်။

    :k:

    • ဦးကြောင်ကြီး

      November 2, 2014 at 12:13 am

      ပြသနာက လူတွေရဲ့ အတ္တမာန အစွဲတွေပါ။ ဗုဒ္ဓဘာသာက မလုပ်ဘဲထားတော့ အခြားဘာသာဝင်တွေ အသာကြည့်နေမည် ထင်သလား။ မထင်နဲ့.. သူတို့က ဝင်ယူမှာ။ အဲဒီမှာ အားကြီးသူ လူများစုက လွှမ်းတာပဲ။ မြောက်ကိုရီးယားလို တသွေးတသံတမိန့်ဆိုလျင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ အဲဒီစနစ်ပြိုလဲတဲ့အခါ ပြောလိုက်မည်.. နေရာတိုင်းမှာ ချပ်ချ်ကျောင်းများ အစီအရီ ပေါ်လာလိမ့်မည်။ မယုန်မရှိနဲ့ သဗုံငါးပိ တုံအိအိ…

  • ဝင့်ပြုံးမြင့်

    November 1, 2014 at 7:57 pm

    .ဒီပို့စ်တင်ရင် အဆဲခံရမှာ သိသားပဲ။ များများဆဲကြပါ။ အားနာစရာမလိုဘူး။ အဆဲခံရမှ လူက အယားပြေတာ။
    ——
    .အခု တကယ်ပြောပါမယ်။ ကျွန်မ နိုင်ငံရေးသိပ္ပံကို မသင်ခဲ့ရဘူး။ ကမာ္ဘ့သမိုင်းကို ကြိုးကြားပဲ ဖတ်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒီတော့ ပြီးပြည့်စုံအောင် မပြောနိုင်ဘူး။ ကျွန်မ သိထားတာက စနစ်တိုင်းမှာ ဖောက်ပြန်မှုရှိတယ်။ အဆုံးစွန်ဖောက်ပြန်သွားတဲ့အခါ အဲဒီအတွက် အဖတ်ပြန်ဆယ်လို့ မရတော့ဘူး။ ထိုးကျွေးရမှာက တစ်တိုင်းပြည်လုံး။ အခု ဖောက်ပြန်မှုထဲကို ဝင်နေတယ်။ အဆုံးစွန်ကို မရောက်သေးတာက (အဲဒါကို အခုရှင်းရင် ပိုရှုပ်တော့မယ်) ။ စနစ်တိုင်းမှာ ဖောက်ပြန်မှု ရှိတယ်ဆိုတော့ ဒါ စနစ်အဓိက လို့ပြောပြန်ရင်လည်း မဟုတ်ဘူး။ လူအဓိကပါ။
    –. ပြည်သူဆိုတာ ဆင်ပြောင်ကြီး ၊ အင်အားအကြီးဆုံး။ အစိုးရဆိုတာ ဆင်ခြေထောက်က သံကြိုး။ အစိုးရ အပြောင်းအလဲဟာ ဆင်ခြေထောက်က သံကြိုး အကြီးအသေး ကွဲပြားသလောက်ပဲ ရှိတယ်။ ဆင်ပြောင်ကြီးဟာ အခု သံကြိုးကို တကယ်မရုန်းဘူး။ ဟန်လေးနဲ့ပဲ ရုန်းနေတယ်။ ဒါကြောင့် သူတို့ နေပြည်တော်မှာ ပျော်နေနိုင်တာပေါ့။ ဆင်ပြောင်ကြီး သံကြိုး မရုန်းအောင် ဆင်ပြောင်ကြီးကို ဘရိန်းဝပ်ထားတယ်။ ဆင်ပြောင်ကြီး ခေါင်းပြောင်းပြီဆိုတာနဲ့ သံကြိုးကို တစ်ချက်တည်း ရုန်းထွက်သွားမှာပဲ။ ဒါကြောင့် လူအဓိကလို့ ပြောတာပါ။ လူရဲ့ ခေါင်းပြောင်းပြီဆိုရင် ဘယ်လိုအာဏာရှင် မျိုးကမှ ထိန်းချုပ်လို့ မရဘူး။ ကမာ္ဘ့နိုင်ငံရေး ပညာရှင် ဂျော့အိုဝဲ ချပြခဲ့တဲ့ သီဝရီ လိုပဲ၊ တိုင်းပြည်တွင်းက လူတွေကို ဘရိန်းဝပ်မလုပ်ထားဘဲနဲ့ အဲဒီတိုင်းပြည်ကို တစ်ပါတီ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့ မရဘူး။ ဘာတွေက ဘရန်းဝပ်လုပ်ထားသလဲဆိုတော့ ဝါဒဖြန့်ချီရေးက ဘာမှ မလုပ်နိုင်ဘူး။ စစ်ကောင်တွေ ဒီလောက် မတော်ဘူး။ သူများတိုင်းပြည်မှာ ဝါဒဖြန့်ချီရေးက အောင်မြင်စွာ လုပ်နိုင်တယ်။ ဒီမှာက ဝါဒဖြန့်ချီရေးကို လုပ်နိုင်ဖို့ နေနေသာသာ စတုတ္ထမဏ္ဍိုင်ကြီးကို လွှတ်ပေးလိုက်တယ်။ ဘာဖြစ်လို့ လွှတ်ပေးရဲသလဲဆိုတော့ အဖြေက ရှင်းပါပြီ။ ဘာသာရေးရှိနေတယ်။ ဒါက ပိုအားကောင်းတယ်။ ပါဝါအပျော့စား။
    —-
    အခု ဘာသာရေးကို ကျွန်မ တိုက်ခိုက်တော့ ဒါ တာဝါတိုင်ကိစ္စလောက် မဟုတ်ဘူး။ တိုင်းပြည်မွဲလို့ ဘုရားတည်တာ အပြစ်ဖြစ်တယ်ဆိုတဲ့ အဆင့်လောက် မဟုတ်ဘူး။ ကျွန်မ ပြောတာ ဒီ့ထက် ပိုနက်ရှိုင်းပါတယ်။

    ကေတို့ အမလတ်တို့က ကျွန်မအပေါ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဟိုဘက်လား၊ ဒီဘက်လား ဇဝေဇဝါ သဘောမျိုး ရှိတယ်။ ကျွန်မ အမေစု ဘက်ကပါ။ ဒါပေမယ့် လူတွေ မယုံရဘူး။ ဒီလူတွေ အမေစုနဲ့ မတန်ဘူး။ ခေါင်းဆောင်နောက်က ဖြောင့်ဖြောင့်လိုက်မှာ မဟုတ်ဘူး။ ကျွန်မပြောသလိုပဲ ဆင်ပြောင်ကြီး အဓိကပါ။

    ဗောဓိတို့ ကံ့ကော်တို့ စိုက်တာ မှန်တယ်ဆိုရင် ကြက်ဆူပင်စိုက်တာ အပြစ်မဟုတ်တော့ဘူး။ လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား မလုပ်ရဲဘဲ အလွှမ်းမိုးခံပြီး လုပ်ဆောင်ရတဲ့ ကိစ္စတွေမို့ပါ။

    အမလတ် say: (သူတစ်ပါး ရဲ့ကိုယ်ပိုင် အယူအဆ ယဉ်ကျေးမှု ထုံးတမ်း တွေ ကို မပုတ်ခတ် အပြစ်မဆို ဘဲ နေသင့်ပါတယ်။ ဒါမှ ဒီမိုကရေစီ ရဲ့ အနှစ်သာရ လေး ကို လက်တွေ့ အသုံးချနိုင်မှာ ဖြစ်ကြောင်းလေး။)
    .အမလတ်ပြောတာ သဘောတရားပိုင်း မှန်ပါတယ်။ ဒါပေမယ့် လွတ်လပ်စွာပြောဆိုတာဟာလည်း ဒီမိုရဲ့ အနှစ်ပါပဲ။ မီဒီယာကြီး လွှတ်ပေးလိုက်ရဲ့နဲ့ ပြောစရာရှိတာ မပြောရင်ကော။

    • Shwe Ei

      November 1, 2014 at 9:08 pm

      မီဒီယာကြီးကို လွှတ်ပေးလိုက်တော့ အဖော်အချွတ်ပုံတွေ ဖောဖောသီသီ တက်လာရော အမပြုံးရေ :mrgreen:

      စေတီတည်တာနဲ့ ပတ်သတ်တာကျတော့ လိုအပ်တဲ့ နေရာမှာ ဘုရားတည်ပေးလို့ နတ်လူသာဓုခေါ်မဲ့ အလှူမျိုးဘဲအားကျတယ်။
      သီရိသုဓမ ဘာညာ ဘာညာ အစီချီတဲ့ ဘွဲ့တော်တွေ တသီတတန်းရဖို့ နိုင်ငံသိအောင် ကြော်ညာပီး လှူနေတာမျိုးတွေ တော့ စိတ်ပျက်တာအမှန်ဘဲ။ အိုက်လို သတင်းမျိုးကို မီဒီယာတွေက အကောင်းလုပ်ပီး ဝေဝေဆာဆာ ဖေါ်ပြရင် ပိုပီးတော့တောင် စိတ်ပျက်သေး :-/

  • ဦးကြောင်ကြီး

    November 2, 2014 at 12:16 am

    ဓမ္မကိုမြင်မှ ငါဘုရားကို မြင်သည်ဆိုတော့ လူတွေ ဓမ္မကို လိုက်ရှာကြသဗျ… ရှာလေ ဝေးလေ.. အင်မိလေ.. တွေ့ပါလိမ့်မည် အားကြီးကြီး..။ မလျှာဘဲ နေဗျံဒေါ့လဲ ကိလေသာတွေ နင်းကန်ထဂျ သဗျ..။ မဟုတ်လျင် နေရင်းထိုင်ရင်း သန်ဆင်ခိုမ်လေး လူ့ပြည်ရောက်လာပါ့မလား..။

  • ကေဇီ

    November 2, 2014 at 7:24 am

    Nyi Maw
    – မြန်မာနိုင်ငံဆိုတာ
    – တရားပွဲတွေများသလောက်
    – တရားမဲ့နေသောနိုင်ငံ ။

    – မေတ္တာပို့အမျှဝေသလောက်
    – မေတ္တာငတ်နေသောနိုင်ငံ ။

    – ဘုရားကျောင်းကန်တွေပေါသလောက်
    – အိုးမဲ့ အိမ်မဲ့တွေများနေသော နိုင်ငံ ။

    – ဒါနမှုတွေများသလောက်
    – စာဂမှုတွေနည်းနေသောနိုင်ငံ ။

    – ဘုန်းတော်ကြီးတွေ ပေါသလောက်
    – ဘာသာ သာသနာအတွက်
    – စိုးရိမ်နေရသောနိုင်ငံ ။

    – အမျိုးသမီးတွေကို
    – စောင့်ရှောက်သလိုလိုနဲ့
    – အမျိုးသမီးမဝင်ရ ဆိုတဲ့ဆိုင်းပုဒ်တွေ
    – များလွန်းသောနိုင်ငံ ။

    – စစ်သားတွေများသလောက်
    – လုံခြုံမှုမဲ့နေသောနိုင်ငံ ။

    – ဗိုလ်မှူး ဗိုလ်ချုပ်တွေချမ်းသာသလောက်
    – ရဲဘော်တွေ ငတ်ပြတ်နေသောနိုင်ငံ ။

    – ရဲသားတွေများသလောက်
    – အမှုအခင်းတွေများနေသောနိုင်ငံ ။

    – ဝန်ကြီးတွေများသလောက်
    – ဝန်မပြီးသောနိုင်ငံ ။

    – မြေယာတွေပေါသလောက်
    – မြေမဲ့ ယာမဲ့တွေများနေသောနိုင်ငံ ။
    – မြေဈေးနှုန်းတွေ ဖေါင်းပွလွန်းသောနိုင်ငံ။

    – ဒါဒို့ပြည် ဒါဒို့မြေ သီချင်းကို
    – မြေမဲ့ယာမဲ့ကလေးငယ်တွေက
    – ကျူးကျော်တဲလေးတွေပေါ်ကနေ
    – သီဆိုနေသောနိုင်ငံ ။

    – ဈေးကွက်စီးပွါးရေးအမည်ခံပြီး
    – လက်သင့်ရာကြီးပွါးရေးစနစ်သာ
    – ထွန်းကားနေသောနိုင်ငံ ။

    – မြန်မာ့ယဉ်ကျေးမှုကို
    – စိတ်ဓာတ်တွေနဲ့ဖေါ်ဆောင်ရမည့်အစား
    – ရှေးဟောင်းပြတိုက်တွေ
    – ရှေးဟောင်းနယ်မြေတွေနဲ့သာ
    – ဖေါ်ပြနေရသောနိုင်ငံ ။

    – ပညာမြင့်မှ လူမျိုးတင့်မည်-လို့ပြောပြီး
    – ပညာရေးအတွက်သုံးရာခိုင်နှုန်းသာ
    – မဖြစ်ညစ်ကျယ်သုံးစွဲနေသောနိုင်ငံ ။

    – ပြီးတော့…
    – အာဂုံရမှ အာဂလူ လို့ပြောပြီး
    – အာဂုံဆောင်ပညာရေးတွေ
    – အာဂုံဆောင်မှတ်ဉာဏ်ရှင်တွေပေါသလောက်
    – အာဂလူတွေ ရှားပါးနေဆဲနိုင်ငံ…

    – စသည် စသည်
    – ဒီနိုင်ငံ ဤနိုင်ငံကို
    – ရွှေနိုင်ငံလို့ ခေါ်သင့်
    – မခေါ်သင့်
    – သင် ဉာဏ်ဖြင့်ချင့်လော့ …။

    – အလင်္ကာကြယ်
    – 30.10.2014.

  • မြစပဲရိုး

    November 3, 2014 at 5:07 am

    ပြုံးညီမ ရဲ့

    ဒီ Post မှာ ကိုခင်ဦး နဲ့ မြစာကလေး နှစ်ယောက် သာ ထော်လော်ကန့်လန့် တိုက် နေတာပါ။
    ကျန်လူတွေ အားလုံးက အားဖြည့်ထားတာပါ မဟုတ်လား။

    ပြုံး အစ်မ က တော့ ပြုံးက “အစ်မလတ် က သိပ်လှတာ” လို့ ပြောရင် တောင် “မလှ ပေါင်တော်” ဆိုပြီး ပြန်ငြင်းမှာ။ LOL:-)))
    ဒါမှ ပြောစရာ စကား ရှိတော့မပေါ့။
    မဟုတ် ပျင်းစရာကြီး။

    ပြုံးပြောတဲ့ ဘုရားတည် ကိစ္စမှာ ရွာထဲ ကိုယ် တစ်ယောက်သာ ဒိဌိ မဟုတ်ကြောင်း သိရလို့ ဝမ်းသာပါတယ်။
    ဒါပေမဲ့ မတူတဲ့ အမြင်က ထပ်ပြောကြည့် ဦးမယ်။

    စဉ်းစားကြည့်ပါလား။
    မြန်မာပြည် ကို တိုးရစ်စ် တွေ ဘာကြောင့် စိတ်ဝင်စားလဲ ဆိုတာ။
    အဓိက အနောက်နိုင်ငံ တွေ ကပေါ့။
    တောင်ထိပ်ပေါ်က တာဝါတိုင် တွေ ကို ကြည့်ဖို့လာတာမဟုတ်ဘူး။
    အဲဒီ ပေါ်က ဘုရား စေတီ လို သူတို့ ဆီမှာ မရှိတဲ့ ယဉ်ကျေးမှု တွေ ကို လာကြည့်တာ။
    ပုဂံ မှာ အရင်တုန်းက ဘုရင်တွေ သာ ဒီ ဘုရား တွေ ကို မတည်ခဲ့ ရင် မြန်မာပြည် ထဲ ဘာ မှ ပြစရာ ကို မရှိဘူး။
    ရွှေ အတိပြီး နေတဲ့ စေတီကြီး ကို အရမ်းကြည့်ချင်သူတွေ စိတ်ဝင်စားသူတွေ အများကြီးဘဲ။

    မှန်ပါတယ်။
    ဘုရားတည် လို့ ကုန်တာ ကို တစ်ခြား မှာ သုံးရင် ပိုကောင်းတာ။
    ကိုယ့် ချွေးနဲ စာလေး ကို ဒီလို နေရာတွေ မလှူခဲ့ပါဘူး။

    ဂေါပက တွေ ရွှေခိုးတာကတော့ သူတို့ စိတ်ဓာတ်ဆင်းရဲ လွန်းလို့ပါ။
    မြန်မာပြည်ထဲ ဒီထက်ဆိုးတဲ့ စိတ်ဓာတ်ဆင်းရဲ သား တွေ အပုံ ဖြစ်နေတာလဲ မဆန်းတော့သလို။

    ဘုရားတည် သူ တွေ ကလဲ နိဗ္ဗာန်ရောက် သံသရာ ပြတ်ဖို့ ရည်ရွယ်ပြီး ဘုရားတည် တာ မဟုတ်နိုင်ပါ။
    ပုဂံ မှာ ဘုရားတစ်ဆူ က ကိုယ်အကျဉ်းခံရတာ နဲ့ တူအောင်တောင် ဘုရား ကို တည်ခဲ့တာ။ အညိုးအတေး တွေ တောင်ပါသေး မဟုတ်လား။

    ဘုရား ရွှေချတာကလဲ တစ်ချို့ များ ကိုယ့်လောကီ အကျိုး အတွက် ကောင်းဖို့ လုပ်တာ များပါတယ်။
    ကိုယ့် အတ္တ ရှေ့တင်တတ် တဲ့ သူ တွေ ဆိုရင် သူတို့ ပိုက်ဆံ ကို ဒီလို နေရာ မသုံး လဲ တစ်ခြား နိုက်ကလပ် တွေ မှာ ပန်းကုန်းသွားစွပ် နေမှာ အမှန်။
    ဒီတော့ ဒီမှာ လာပြီး သုံးတော့ တစ်ချိန်မှာ ကိုယ့်ပြည်ထဲ ထူးဆန်းတဲ့ အရာ တွေ ပြပြီး နိုင်ငံခြား ဝင်ငွေ ရှာနိုင်သပေါ့။
    ဘုရား တစ်ဆူ ဖြစ်တိုင်း ပြည်သူ့ ဘဏ္ဍာ တိုးတယ် ဆိုတဲ့ အမြင်နဲ့ ရော ကြည့်နိုင် မလားလို့။
    :))

  • kyeemite

    November 3, 2014 at 3:56 pm

    .ခုရက်ပိုင်းတွေ ရပ်ကွက်ထဲ အလှူ ခံလှည့်လာလိုက်ကြတာတစ်နေ့တစ်နေ့မနဲဘးဗျ..နားကိုညည်းရော
    .များသောအားဖြင့်တော့ အနှေးယာဉ်လုပ်သားအဖွဲ့တွေပဲ..ကျုပ်တစ်ပြားမှမထည့်ပါဘူး
    .ကျုပ်စဉ်းစားကြည့်တယ်..အဲ့ဒီအစားသူတို့အနှေးယာဉ်လုပ်သားတွေ၊မိသားစုတွေအတွက် သာရေးနာရေး
    .ရံပုံငွေလိုဟာမျိုးအလှူ ခံ…
    .အဲ့ရံပုံငွေကို..အနှေးယာဉ်လုပ်သားမိသားစုတွေထဲက ကျောင်းမနေနိုင်သူနေနိုင်အောင်ကူထောက်..
    .ပညာတော်ရက်နဲ့တက္ကသိုလ်မတက်နိုင်သူထောက်ပံ့….မိသားစုနာရေးတွေမှာကူ…
    .အဲ့လိုသာရည်ရွယ်ပြီးအလှူ လာခံရင် ကျုပ်ရက်ရက်ရောရောထည့်မိမှာ…
    .အခုတော့ တစ်နေ့နင်းတစ်နေ့ငတ်တလှည့်ပြတ်တစ်လှည့်စားနေသူတွေက .သူဋ္ဌေးဖြစ်ပီးသားဘုန်ကြီးကျောင်းတွေအတွက်လှူဖို့လုပ်နေကြတာ..စိတ်မကောင်းဖြစ်မိတယ်…
    .သူတို့ကြည့်ရတာတော့ပျော်လို့..နောင်မမြင်ရတဲ့၊မသေချာတဲ့ဘဝတွေလှဖို့..ကွေးနေအောင်ကနေကြသေး…သနားစရာ
    .ချမ်းသာလို့ ကုသိုလ်လောဘကြီးပြီး လှူနေသူတွေကိုမပြောလိုပါ..သူ့ငွေသူ့သဘောပေါ့
    .ကျုပ်လည်းတကယ့်လူ့ဂွစာပါပဲ..ကိုပါလေရာ ရေးတဲ့ ကျိန်စာသင့်သောငွေငါးသိန်း သတိရမိတယ် :p:

    • မြစပဲရိုး

      November 3, 2014 at 4:04 pm

      တစ်ခါတစ်လေ တော့ ကျွန်မ တွေးမိတယ် ကကြီးမိုက် ရဲ့။
      သူတို့ အဖို့ ဒီလို မျိုး အချိန်မှာ အလှူလှူ ဖို့ စိတ်လဲ ပါနိုင်ပါတယ်။
      စိတ်ထွက်ပေါက် အပျော်အပါး သဘော လေး က ပိုပြီး များမလားလို့ ပါ။
      သူတို့လဲ ပျော်၊ ကုသိုလ်လဲရ။
      ဒါမျိုးတွေး ရင်လဲ တွေးနေကြမှာ။

      လုပ်သင့် ၊ မလုပ် သင့် ဆင်ခြင်မှု စွမ်းအား ကတော့ လူတွေ ရဲ့ တန်ဖိုးထားမှု Life style ပေါ်မှာ ကွဲ ကြတာပါဘဲ။
      ဒါပေမဲ့
      လော်စပီကာကြီး တွေ နဲ့ ပါတ်ဝန်းကျင်အနှောက်အယှက်ဖြစ်အောင်တော့ မလုပ်သင့်တာအမှန်ပါ။

Leave a Reply