လွမ်းမပြေသာ ကမ်းဇေယျာ………….(ဓါတ်ပုုံ့ပိုစ်)

“လွမ်းမပြေသာ ကမ်းဇေယျာ………….(ဓါတ်ပုုံ့ပိုစ်)”

 

29-10-2014 နေ့မှာ စစ်ကိုင်းဘက် ကမ်းကို အလှူ တစ်ခုရှိလို့သွားခဲ့ပါတယ်။

စစ်ကိုင်းတံတားပေါ်ရောက်တော့ ဧရာဝတီမြစ်အလယ်မှာ သောင်ထွန်းနေတာကို

မြင်လိုက်ရတော့ ဓါတ်ပုံရိုက်မယ်လို့စိတ်ကူးမိပါတယ်။

ဒါပေမယ့် အချိန်မရတော့ ဓါတ်ပုံမရိုက်ခဲ့ရ။

 

1 ရွှေကြက်ကျမှ ဖူးမျှော်
1 ရွှေကြက်ကျမှ ဖူးမျှော်
2 ဟိုးအဝေးမှာမန်းလေးတောင်
2 ဟိုးအဝေးမှာမန်းလေးတောင်
3မြစ်လယ်မှာသောင်ထွန်းနေတဲ့ဧရာဝတီ
3မြစ်လယ်မှာသောင်ထွန်းနေတဲ့ဧရာဝတီ
4 နေဝင်စ ဧရာဝတီ
4 နေဝင်စ ဧရာဝတီ

နောက်ရက် ကိုစိန်သော့က ရွှေကြက်ကျ ဘုရားကနေ ဓါတ်ပုံရိုက်ရအောင်လို့ပြောတော့

ညနေလေးနာရီလောက်ကတည်းက နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ထွက်ခဲ့ပါတယ်။

ဘုရားနားရောက်တော့ စောနေသေးတာနဲ့ ရွှေကြက်ယက်ဘုရားနားကလက်ဖက်ရည်ဆိုင်ထိုင်

အဲ့ဆိုင်နံဘေးနားက မုန့်ပစ်စလက် ဝယ်စားပြီးအချိန်စောင့်ကြပါတယ်။

5 အလင်း၏
5 အလင်း၏

စစ်ကိုင်း လို့ခေါ်တဲ့ ဇေယျာရွှေမြေ  က မင်းဝံတောင်ရိုးပေါ်မှာရှိနေတဲ့မြင်ကွင်းက

အင်မတန်လှပ ပါတယ်။

နောက်လူတွေမျက်စေ့ပသာဒဖြစ်အောင်ကြည်နူးအောင် စေတီပုထိုးတွေကို တည်

ထားခဲ့တဲ့ရှေးလူတွေကို ကျေးဇူးတင်ပါတယ်။

စေတီပုထိုးရှိနေတော့ သစ်ပင်ဝါးပင်တွေလဲရှိဆိုတော့ စိမ်းစိမ်းစိုစို နဲ့ အမြင်တင့်တယ်ပါတယ်။

6 ညအလှ စစ်ကိုင်းတောင်
6 ညအလှ စစ်ကိုင်းတောင်
8 တစ်ဖက်ကမ်းမှာ မီးထိန်ထိန်
8 တစ်ဖက်ကမ်းမှာ မီးထိန်ထိန်
7 blue hour
7 blue hour
9 ကြယ်အတုများကို ဖန်ဆင်းခြင်း
9 ကြယ်အတုများကို ဖန်ဆင်းခြင်း

အဲဒီနေ့ညနေက ကျနော် ကိုစိန်သော့  ဖောဂိုင်းအပြင် ရွာသားမဟုတ်တဲ့

မန်းလေးက ဓါတ်ဆရာအချို့လည်းလာပြီး ဓါတ်ဖမ်းကြပါတယ်။

ကိုစိန်သော့ကတော့ ဓါတ်ဆရာများနှစ်သက်တဲ့ အပြာရောင်အချိန်(blue hour) ကိုလာဖမ်းတာပါ။

ကျနော်တို့ကတော့ အဖော်လိုက်ရင်း အတော်ရိုက်ဖြစ်ခဲ့တယ်ပေါ့။

ကဲမရိုးနိုင်တဲ့ ဇေယျာကမ်းက ပုံလေးတွေကိုကြည့်လိုက်ပါအုံးနော်။

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

1-11-2014

 

23 comments

  • ကေဇီ

    November 1, 2014 at 9:32 am

    No. 9
    No. 9

    I like it..
    :k:

  • manawphyulay

    November 1, 2014 at 10:17 am

    နံပါတ် ၅ နှင့် ၉ က
    နိုင်ငံခြားစတိုင်ပုံတွေကို မြင်နေရသလိုပဲ လေးပေါက်ရေ

    ဓာတ်ပုံတွေစုပြီး ဓာတ်ပုံပြပွဲလေး လုပ်ပါလား။ အဲကျ လာခဲ့မယ်လေ…

  • တောင်ပေါ်သား

    November 1, 2014 at 10:21 am

    နံပါတ် ရ ကဘယ်မတုန်းဗျ ၊ 🙂

    နံပါတ် ၆ ကြိုက်၏ ၊

  • မယ်မနောရယ်

    ဒီလောက်နဲ့ နိုင်ငံခြားပုံ မယှဉ် နိုင်သေးဘူးဗျ

    တောင်ပေါ်သား ရေ
    နံပါတ် 7 ကမှားဖျုက်လိုက်တာ ပြန်တင်ပေးပါမယ်

  • Yae Myae Tha Ninn

    November 1, 2014 at 1:18 pm

    ဦးမျိုးနဲ့ အကြိုက်တူတယ်… ၆ ကို အရမ်းသဘောကျတယ်… Blue Night လေး… 🙂

    ရွှေကြက်ကျ နဲ့ ရွှေကြက်ယက် ဘယ်လို ကွာလဲ ရှင်းပေးပါ… 😀

    • ပြည်ရှင်မင်းကြီးရေ

      မင်းကွန်းနဲ့ စစ်ကိုင်း မြစ်ရိုးတစ်လျောက်ကရွာတွေက ရွှေကြက်….နဲ့စတဲ့နာမယ်တွေများပါတယ်။
      ရွှေကြက်ယက် ရွေကြက်ကျ ရွှေကြက်နား ရွှေကြက်အိပ် ဆိုတဲ့ နာမယ်တွေနဲ့ရှိပါတယ်။

      အဲလို့ နာမယ်လေးကိုမြင်လိုက်ရင် ရွှေကြက်ယက်နဲ့ရွေကြက်ကျ ဘာကွာလဲ ဆိုတာ သိနိုင်ပါပြီ

      ရွှေကြက်ယက်ရောရွှေကြက်ကျပါ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ကမ်းမှာရှိကြတာပါ။

      ရွေကြက်ယက်က လမ်းတောင်ဘက် ရွှေကြက်ကျ က လမ်းမြောက်ဘက် ခြမ်း တည်ထားပါတယ်။

      ရွှေကြက်ကျ ဘုရားက မြစ်ကမ်းနဲ့ ပိုနီးတော့ ဓါတ်ပုံထဲမှာ ပိုအပါများပါတယ်။
      သင်္ကြန်မိုး ဇာတ်ကားထဲ မှာနေအောင်နဲ့ခင်သန်းနု ချိန်းတွေ့တာရွှေကြက်ကျ ဘုရားပေါ့.။

      ဘုရားသမိုင်းကတော့ ရှိတာပေါ့။
      ဘုရားသမိုင်းကို ပြောပြရင် သူကြီးမင်းနဲ့ငြင်းနေရမှာစိုးလို့ မပြောတော့ ဘူး။

    • ကိုမိုက်ရေ မန်းလေးကို လာပါ အုံး ည ဘုရားပေါ်သွားထိုင်ရအောင်

      ကိုမြစာကလေး ရေ မြန်မာမုန့်ဆိုင်လေး တွေ တစ်ခါ လောက်ရိုက်ပြပါအုံးမယ်

  • မြစပဲရိုး

    November 1, 2014 at 4:23 pm

    ကောင်းကင်ပြာပြာ
    မိုးတိမ်ဖြူဖြူ
    တောင်တန်း စိမ်းစိမ်း တွေ ရှိနေလဲ အဲဒီ ဧရာဝတီ ကြောင့်
    အမိမြေ ကို အမြဲလွမ်းပါတယ် ကပေါက်ကြီး။
    ပုံလေး တွေ အတွက် ကျေးဇူးပါ။

    မုံ့ပြစ်သလက် လေး ပါ ရိုက်ပြလိုက်ရင် အကြိုက်ဆုံး ပုံ ဖြစ်သွားဟာ အသေအချာ။

  • အလင်းဆက်

    November 1, 2014 at 7:07 pm

    လှလိုက်တာ…
    ဒီမြင်ကွင်းမျိုး…
    ဖွေးဖွေးကိုသာ…ပုခုံးလေးဖက်ပြီး..ကြည့်လိုက်ရရင်တော့လား….ကွာ…

    :k:

  • weiwei

    November 2, 2014 at 6:21 pm

    နံပါတ် ရ ပုံကို အကြိုက်ဆုံးပဲ ..
    အဲလိုမျိုး ရိုက်ကြည့်ချင်တယ် ..

  • Ma Ei

    November 3, 2014 at 10:47 am

    4 နေဝင်စ ဧရာဝတီ ရယ်
    8 တစ်ဖက်ကမ်းမှာ မီးထိန်ထိန် ရယ်
    အတော်လှတယ်…

  • aye.kk

    November 3, 2014 at 2:05 pm

    ကမ်းလှဇေယျာ
    မှန်းဆ မရည်ရာ
    တမ်းတသံသရာ ရှည်လှသည်လေး။

    • ကမ်းဇေယျာ တစ်ဖက်ကမ်း
      စံမြန်းပါတဲ့ ရွှေစေတီ
      နိဗ္ဗာန်ဆီ မျှော်ရည်မှန်း
      လှမ်းကြစို့ တူ ညီ ညီ

  • Mr. MarGa

    November 3, 2014 at 2:53 pm

    အပြာနှင့် ရွှေ လွှမ်းနေသည်များကို ကြိုက်မိကြောင်းးးးးး

  • we R one

    November 4, 2014 at 4:20 pm

    ဒီတစ်ခေါက် မန်းလေး ရောက်ရင် သွားရိုက်ရအောင်ဗျာနော့……။

Leave a Reply