IMG_20141101_074156

IMG_20141101_074201
မနက်အိပ်ရာထတော့ ကော်ဖီသောက်ဖို့ ရေနွေးမရှိတော့ တည်မလို့ လုပ်တော့ မီးမလာဘူးလေလို့ အဒေါ်ကပြောတော့ ရုံးရောက်မှသောက်တော့မယ်လို့ ကတိုက်ကရိုက် အိမ်ကထွက်တော့ မီးဘာကြောင့်မလာလဲလို့ စဉ်းစားရင်း တရားခံကို သွားတွေ့မိတယ်။ လမ်းလျှောက်ရင်း လမ်းထိပ်ကို လှမ်းကြည့်မိတော့ သြော် ကားလမ်းတွေကလည်း မိုးမလင်းသေးဘူး ပိတ်နေပြန်ပြီလို့ ညီးညူမိရင်း လျှောက်အလာ ဘယ်ဟုတ်မလဲ လမ်းထိပ်က ကွမ်းယာဆိုင်လေးပျောက်နေတာကို တွေ့ရတယ်။ ကွန်တိန်နာကားရဲ့အောက်မှာ လမ်းထိပ်က ကွမ်းယာဆိုင်လေး ပြားဝပ်နေပါလား မြင်မိတော့ အိမ်အပြန်တိုင်း ပြန်လာပြီလား မေးမေးနေတဲ့ ကွမ်းယာရောင်းတဲ့အစ်ကိုကြီးအတွက် စိတ်ပူသွားမိတယ်။ ဒါနဲ့ အလုပ်မသွားသေးပဲ နည်းနည်းစပ်စုမိတော့ လမ်းထိပ်နားက ကားဝပ်ရှော့မှာ လာပြင်နေတဲ့ကားတဲ့။ စပယ်ယာက မူးပြီးတက်မောင်းတာလို့ သိရပြန်ပါတယ်။ လမ်းဓာတ်တိုင်လည်း လဲနေပြီး ဓာတ်ကြိုးတွေအကုန်ပျက်ကြနေပါရောလား။ ကွမ်းယာဆိုင်က အကိုကြီးက ဆိုင်ပိတ်ပြီး ပြန်ရုံပဲ ရှိသေးတယ် ဒီကိစ္စဖြစ်ပွားသွားခဲ့တာပါ။ ဒါနဲ့ မနည်း ကားပိတ်နေတဲ့လမ်း ချောင်ကြိုချောင်ကြားကနေ ထွက်ပြီး အလုပ်လာရာ လမ်းဆီ ဦးတည်ခဲ့ပါတော့တယ်…..

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။