မနက်လင်း အလုပ်သွား မြင်ကွင်း

manawphyulayNovember 1, 20141min1357

IMG_20141101_074156

IMG_20141101_074201
မနက်အိပ်ရာထတော့ ကော်ဖီသောက်ဖို့ ရေနွေးမရှိတော့ တည်မလို့ လုပ်တော့ မီးမလာဘူးလေလို့ အဒေါ်ကပြောတော့ ရုံးရောက်မှသောက်တော့မယ်လို့ ကတိုက်ကရိုက် အိမ်ကထွက်တော့ မီးဘာကြောင့်မလာလဲလို့ စဉ်းစားရင်း တရားခံကို သွားတွေ့မိတယ်။ လမ်းလျှောက်ရင်း လမ်းထိပ်ကို လှမ်းကြည့်မိတော့ ဪ ကားလမ်းတွေကလည်း မိုးမလင်းသေးဘူး ပိတ်နေပြန်ပြီလို့ ညီးညူမိရင်း လျှောက်အလာ ဘယ်ဟုတ်မလဲ လမ်းထိပ်က ကွမ်းယာဆိုင်လေးပျောက်နေတာကို တွေ့ရတယ်။ ကွန်တိန်နာကားရဲ့အောက်မှာ လမ်းထိပ်က ကွမ်းယာဆိုင်လေး ပြားဝပ်နေပါလား မြင်မိတော့ အိမ်အပြန်တိုင်း ပြန်လာပြီလား မေးမေးနေတဲ့ ကွမ်းယာရောင်းတဲ့အစ်ကိုကြီးအတွက် စိတ်ပူသွားမိတယ်။ ဒါနဲ့ အလုပ်မသွားသေးပဲ နည်းနည်းစပ်စုမိတော့ လမ်းထိပ်နားက ကားဝပ်ရှော့မှာ လာပြင်နေတဲ့ကားတဲ့။ စပယ်ယာက မူးပြီးတက်မောင်းတာလို့ သိရပြန်ပါတယ်။ လမ်းဓာတ်တိုင်လည်း လဲနေပြီး ဓာတ်ကြိုးတွေအကုန်ပျက်ကြနေပါရောလား။ ကွမ်းယာဆိုင်က အကိုကြီးက ဆိုင်ပိတ်ပြီး ပြန်ရုံပဲ ရှိသေးတယ် ဒီကိစ္စဖြစ်ပွားသွားခဲ့တာပါ။ ဒါနဲ့ မနည်း ကားပိတ်နေတဲ့လမ်း ချောင်ကြိုချောင်ကြားကနေ ထွက်ပြီး အလုပ်လာရာ လမ်းဆီ ဦးတည်ခဲ့ပါတော့တယ်…..

7 comments

  • တောင်ပေါ်သား

    November 1, 2014 at 10:05 am

    ဒရိုင်ဘာက မောင်း တိုက်ပြန်
    ယာဉ်နောက်လိုက်က တက်မောင်း တိုက်ပြန်

    ကားစီးတာမပြောနဲ့ လမ်းကူးရင်တောင် မနည်းကြည့်နေရတယ်ဗျာ

    မောင်းနေလိုက်ကြတာများ ပြိုင်ပွဲအလား

  • Yae Myae Tha Ninn

    November 1, 2014 at 1:20 pm

    ကားသမားက ကွမ်းဝင်ဝယ်တာ.. မရောင်းရကောင်းလား… ဆိုင်ပိတ်ထားရလားကွဆိုပြီး… ကျွေးထည့်လိုက်တာ… 🙂

  • kyeemite

    November 1, 2014 at 1:22 pm

    .ဒီမနက်ဘုရင့်နောင်လမ်းအတိုင်း ရွာမဖက်ကိုမောင်းလာတော့ ကားကြီးတစ်စီး အိမ်ကိုဝင်တိုက်နေတာတွေ့ခဲ့တယ်…ကားမောင်းနေတော့သေချာမကြည့်ဖြစ်ခဲ့ပါဘူး…အဲ့ဒါနဲ့တူရဲ့

  • မြစပဲရိုး

    November 1, 2014 at 4:32 pm

    တော်သေးတာပေါ့။
    လူတွေဘာမှ မဖြစ် တာ။
    ဓာတ်ကြိုးတွေ ပျက်တာ၊ အိမ် နဲ့ ဆိုင် အပျက် တာဝန်ယူသူမရှိ မဟုတ်လား။

  • အလင်းဆက်

    November 1, 2014 at 7:04 pm

    ဒီမှာတော့… ဒီလိုပဲ…
    ဒီမှာက…ဒီ့ထက်ဆိုးတာတွေတောင် ရှိသေးတယ်

  • ကေဇီ

    November 3, 2014 at 7:50 am

    ငင်။
    စောစောစီးစီးးး
    ကွမ်းယာ အကိုဂျီး ကံကောင်းလို့ပါလားး

    :a:

  • uncle gyi

    November 7, 2014 at 11:34 pm

    ပုံကြည့်ရတာကွမ်းယာဆိုင်က
    ပလက်ဖောင်းပေါ်တည်ထားမှတ်တယ်
    ဟုတ်ပါသလားမနောရေ

Leave a Reply