လူညံ့

ko sixNovember 2, 20141min887

အိမ်​ပြန်​ဖို့
မီးအိမ်​တစ်​လုံးမရှိ​သေးဘူး
အိပ်​​ပျော်​ဖို့
က​စော်​နံ့နဲ့မယဉ်​ပါး​သေးဘူး
​အောင်​မြင်​ဖို့
ပလက်​​ဖောင်​းနဲ့အဖက်​မလုပ်​တတ်​​သေးဘူး
ရယူဖို့
​အိုဘားမားနဲ့မ​ပေါင်​းဖြစ်​​သေးဘူး
​ပေးဆပ်​ဖို့
ခန္ဓာကိုယ်​အမှားကိုမဖတ်တတ်​​သေးဘူး
ချဲ့ထွင်​ဖို့ ဆံသဆိုင်​မမြင်​ဖူးဘူး
ညံပုံက
ကစ်​စမီပန်​း​တွေသာ အထပ်​လိုက်​ပွင်​့​နေကြတယ်​
ငါ
အချစ်​ကိစ္စကို
တစ်​ချက်​တည်​းနဲ့ကျင်​းဝင်​​အောင်​
မရိုက်​တတ်​​သေးဘူး
​အေး​လေ
ငါ့နာမည်​မှာ
ရုပ်​ရှင်​မင်​းသား​တွေနဲ့
နာမည်​တူတစ်​လုံး​တောင်​မပါခဲ့တာကိုက
အညံ့နဲ့တာထွက်​ခဲ့ရသူပါ
ကိုစစ်​

7 comments

  • မြစပဲရိုး

    November 2, 2014 at 12:50 pm

    အိုဘားမား ကို မပေါင်းချင်နေပါ။
    သူ့ ကိုတော့ ပေါင်းပါနော် ကိုစစ်။ :))

  • ကေဇီ

    November 3, 2014 at 7:53 am

    အို။
    နှလုံးသားလှဖို့သာ အရေးကြီးပါတယ်။
    🙂

  • အလင်းဆက်

    November 3, 2014 at 8:11 am

    အချစ်ကိစ္စကို တစ်ချက်ထဲနဲ့ ကျင်းဝင်အောင် ရိုက်တတ်ဖို့
    ကျနော်လည်း ဖွေးဖွေးကို ကျင်းအဖြစ်ထားပြီး ကျင့်ကြည့်ဦးမှ။
    ဂွစ်ဂွစ်။

    :k:

    တခါတခါကျတော့လည်း
    ကိုယ့်ဘဝကို လမ်းကူပြမယ့် မီးအိမ်ရှင်လေးတစ်ယောက်တော့
    လိုအပ်တယ် ထင်သား။
    :k:

  • Yae Myae Tha Ninn

    November 3, 2014 at 12:34 pm

    ဒါဆို အနော် မင်းသားလုပ်ရင် စစ် ပါတဲ့ နာမည်နဲ့ အနုပညာလုပ်ငန်းတွေ လုပ်မယ်ဗျာ… 🙂

  • ko six

    November 4, 2014 at 12:16 pm

    စိန်​စပဲရိုး လို့ဆိုရင်​​တော့
    အဟက်​….

    နီးမလားပဲ

  • sorrow

    November 4, 2014 at 3:58 pm

    ….ငါ့နာမည်​မှာ
    …ရုပ်​ရှင်​မင်​းသား​တွေနဲ့
    …နာမည်​တူတစ်​လုံး​တောင်​မပါခဲ့တာကိုက
    …အညံ့နဲ့တာထွက်​ခဲ့ရသူပါ… ဟုတ်ရပါဘူးဗျာ.အဲ့လိုတော့လဲ… ကျော်တို့အစ်ကိုရယ်..
    …ကျော့်မှာဖြင့် …နာမည်ကျော်..အဆိုတော်…မော်ဒယ်…စာရေးဆရာ…ဒါရိုက်တာ…တောင်ကြီးပေါက်..တိုင်းရင်းသားအပွေ …မင်းသားနဲ့ …နာမည်နှစ်လုံးတူလို့ ..ရင်ထုနေရသူပါဗျာ…မမဇီ ဆဲစေသော်…အငိငိငိ

    • ကေဇီ

      November 4, 2014 at 7:08 pm

      အာ့ ကြောင့် အောင် မြင် နေ တာ ကျ ထည့် မ ပြော ဘူးးး
      :k:

Leave a Reply