သူမနားမှာ

မြစပဲရိုးNovember 2, 20141min15418

သူမနားမှာလေ
အာဏာရူး နေတဲ့ လူ တစ်ချို့
ဥစ္စာရူး  နေတဲ့ လူ တစ်ချို့
အာဏာရူး၊ ဥစ္စာရူး တွေ အတွက် အသိဉာဏ်မဲ့ ကာကွယ် ပေးနေတဲ့ လူ တစ်ချို့
အာဏာရူး၊ ဥစ္စာရူး တွေ စွန့်တဲ့ အရိုးစ အသားစ ကိုက်ဖို့ မျက်နှာလုပ် အမြီးနှံ့ နေကြ တဲ့ လူတစ်ချို့
အာဏာ ၊ ဥစ္စာ မြဲဖို့ သူ့ကို ဗန်းပြစား ဖို့ ကြိုးစားနေတဲ့ ဒီလို တွေ က တံတိုင်းတစ်ချပ်

သူမနားမှာလေ
အပေါ်က တံတိုင်း ကို ဖြို ဖို့တဲ့ အော်နေကြ တဲ့ လူ တစ်ချို့
ရရိရ မရရင်ချ တဲ့ တကယ်ဖြစ်တော့ အမြီးတောင် ရှာမရမဲ့ လူတစ်ချို့
ပြောသလို မလုပ်လို့ စိတ်ကောက်ကြ တဲ့ သူတစ်ချို့
ထင်သလို အကွက် မရ လို့ မျက်နှာထားပြောင်း ကြ တဲ့ လူ တစ်ချို့
လေကြီးမိုးကြီး စကား တွေ နဲ့ နွားခြေရာခွက် ထဲ ကတောင် မထွက်တဲ့ အစွန်းစွဲ လူတစ်ချို့
ကမ္ဘာမှာ ပြောင်းလာတဲ့ အတွေး အမြင် တွေ မသိနိုင်တဲ့ အမြင်ကျဉ်းကျဉ်း လူတစ်ချို့
သူတို့ကို လူသိဖို့၊ အခွင့်အရေး တွေ ရလာဖို့ ဖြတ်လမ်း နဲ့ သူ့ ကို ဗန်းပြစား ခဲ့ကြ တဲ့ ဒီလို တွေ က တံတိုင်းတစ်ချပ်

တကယ်တော့
အဲဒီ တံတိုင်း နှစ်ချပ် လုံး က သူ့ ကို အသုံးချ ဖို့ ကြိုးစား နေကြတယ်။
အဲဒီ တံတိုင်း နှစ်ချပ် လုံး က သူချစ်တဲ့ ပြည်သူ တွေ အတွက်မဟုတ်ဘူး။

တကဲ့ ပြည်သူ တွေ အများစု ထဲ
ဘာမှ ရေရေရာရာ မသိ ဘဲ ဟို တစ်တို့ ဒီ တစ်တို့ နဲ့ လေ တိုက်ပွဲ ဝင်တတ်တဲ့ ကိုယ့်လို လူ တွေ ပါတယ်။
ငါတို့ နားမလည် ပါဘူး လို့ ရှောင် နေတဲ့ သူတွေ ပါတယ်။
ဘယ်သူ ဖြစ်ဖြစ် သေနတ်သံ မကြား ရပြီး ရော ဆိုသူတွေ ပါတယ်။
မချမ်းသာရင်နေပါ ထမင်းလေး မှန်ရင် တော်ပါပြီ လို့ ဆုတောင်းသူ တွေပါတယ်။
ကိုယ်ဆင်းရဲ နေတာ ကံ အကြောင်းဘဲ လေ လို့ စိတ်ဖြေတတ်သူ တွေ ပါတယ်။
ဘယ်လို အစိုးရ ဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်စား ရတာ မို့ ဝီရိယ အားကိုး သမား တွေ ပါတယ်။
ဟိုဘက် ဒီဘက် မဟုတ် စကားဝဲ နေသူ တွေပါတယ်။

တကယ်တော့
သူက
တကဲ့ ပြည်သူတွေ အတွက် ကျောခင်းပေးချင်နေတာ
တကဲ့ ပြည်သူတွေ ရဲ့ အသုံးချမှု ကိုခံချင် နေတာ
တကဲ့ ပြည်သူတွေ ရဲ့  စကားသံ ကို ကြားပြီး လိုက်နာ နေချင်တာ

ကမ္ဘာမှာ ပွဲလည်တင့်တဲ့
ကိုယ့်မြေ ကို ရောင်းမစား တဲ့
ကိုယ့်ဘဏ္ဍာ က မခိုး မဲ့
ကိုယ့် လူနေမှု ဘဝ နဲ့ စိတ်ဓာတ်ကို မြှင့်ပေးမဲ့
ဒီ သူ ကို
ကိုယ့်အကျိုး အတွက် ယုံကြည်ကြ နိုင်မလား။
ကိုယ့် အနာဂါတ် အတွက် ချသုံးကြ နိုင်မလား။

ကိုယ့် ကိုယ်ပိုင် သဘောပါဘဲ။

helping-handsImage From – http://www.gopixpic.com

18 comments

  • MAUNG

    November 2, 2014 at 2:31 pm

    သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် ..
    ပြေးလွှား လှုပ်ရှား …
    ရုန်းကန် ငြား လဲ…
    သူမ နား မှာ…
    ကျုပ်တို့ ဝိညဉ် တွေ အပြည့် နဲ့ လေ…………

  • ကေဇီ

    November 2, 2014 at 4:20 pm

    သူမ က …..
    ကိုယ့်ရဲ့ နောက်ဆုံး မျှော်လင့်ချက်
    ၂၀၁၅ မှာ မပြည့်ခဲ့ရင်
    ပြန်မလာတော့ဘူးး

    :a:

    • Mr. MarGa

      November 3, 2014 at 1:49 pm

      ပြန်မလာတော့ဘူးပေါ့…. သေချာ… ဆုံးဖြတ် ပြီးခဲ့ရင်…
      မကျေနပ်ဘူးပေါ့…. ပြန်လည်…မုန်းလည်း မမုန်းရက်ပါ…
      :mrgreenn:

      • ကေဇီ

        November 3, 2014 at 1:51 pm

        ဪ မောင်လေးရယ်။
        (မိုးမိုး ကို ပေါဂျင်းဖစ်တီ)

        :mrgreenn:

        • Mr. MarGa

          November 3, 2014 at 1:57 pm

          မိုးမိုး ကို
          အတော် တ နေတယ် ဟုတ်စ :a:

        • ကေဇီ

          November 3, 2014 at 2:02 pm

          မလွမ်းလောက်ပါဘူးးး
          ဘယ်လိုမှ မလွမ်းသင့်တော့ဘူးးး
          မင်းထွက်သွားတဲ့ နောက်တော့ရူးးး
          ဘာလုပ်ရမှန်းကို မသိနိုင်ပါဘူးးး

          နှလုံးသား
          နှလုံးသား က ကွဲပြီ။
          အရှုံးများ အရှုံးများ ကျန်ခဲ့ပြီ
          အမုန်းများ အမုန်းများလည်း မရှိချင်ဘူးးး

          :k:

        • Mr. MarGa

          November 3, 2014 at 2:50 pm

          ဆက်ပြောရင် ဒီပို့စ်ရဲ့ အနှစ်သာရ ပျက်ကိန်းမြင်တယ် :mrgreenn:

  • တကယ် လိုအပ်ချိန်က 2015မှာ

    အရေးအကြောင်းဆိုတဲ့အချိန်ကျရင်သာ အားလုံးညီ ဘို့လိုပါတယ်

  • aye.kk

    November 2, 2014 at 4:26 pm

    ဆယ်တင်မရတဲ့ သူတွေအတွက်
    သူမဘဝ လှပတဲ့အချိန်တွေ ကုန်ဆုံးပြီ။

    • မြစပဲရိုး

      November 3, 2014 at 4:40 am

      အစ်မအေး မှတ်ချက် မှာ အစိမ်းပေါင်းပေးလို့ မရဘူး။
      ကြောင် ဝင်စီး နေလို့လားမသိ။ lol:-))

  • မြစပဲရိုး

    November 3, 2014 at 4:38 am

    ဝင်မှတ်ချက်ပေးတာ ကျေးဇူး အထူးတင်ပါတယ်
    မောင်၊ ဇီကလေး၊ ကပေါက်ကြီး နဲ့ အစ်မအေး ရှင့်။
    ဒီ ရက် Facebook စာမျက်နှာ တွေ ပေါ် မှာ လေသေနတ် တိုက် နေသူတွေ၊
    အသားလွတ် အပုတ်ချသူ တွေ ကို အူယားလွန်းလို့ ထုံးစံအတိုင်း ဒီမှာ လာ ပေါက်ကွဲ လိုက်တာပါ။

    ရီရတယ် သိလား။
    ဒီ မိန်းမ မျက်နှာတောင် မကြည့်ချင် ဆိုပြီး ခါးခါးသီးသီး ဖြစ်ခဲ့သူတွေ က သူတို့ သခင် တွေ နဲ့လဲ တွဲရိုက် ထားရော အဲဒီ ပုံ ကို ကိုယ့် ထိပ်စီး မှာတောင် တင်ပြီး ပူဇော်လို့။
    ဒီကြား ထဲ သခင်အားရ ကျွန်ပါးဝ တစ်ကောင် က အမြီးနှံ့ပြီး နဲနဲဟောင် လိုက်သေး။
    အမေ အမေ ခေါ်သူ တွေ ကတော့ အပြင်ထုတ် ရဲရဲ မဆဲ ဝံ့လို့သာ။ ရင်ထဲ မှာတော့ မနာလိုဝန်တို မီး တွေ တောက်လို့။
    မပြောချင်တော့ဘူး။ 🙄

  • အလင်းဆက်

    November 3, 2014 at 8:16 am

    ”သူမ”ဟာ. . .
    ”လူမ လေး” အစစ်ပါကွယ်

    ဒီကမ႓ာမြေလွှာပေါ်က
    သူမ ပတ်ဝန်းကျင်မှာရှိရှိသမျှ
    အကူအညီလိုသူတွေကို
    တတ်စွမ်းသမျှ အားအင်တွေ ဝေမျှချင်တဲ့သူမ. . .

    ချစ်တယ် လူ ပီသတဲ့ သူမ ရယ်. . .

  • kyeemite

    November 3, 2014 at 10:21 am

    .ဘာမှ ရေရေရာရာ မသိ ဘဲ ဟို တစ်တို့ ဒီ တစ်တို့ နဲ့ လေ တိုက်ပွဲ ဝင်တတ်တဲ့ ကိုယ့်လို လူ တွေ ပါတယ်။
    .အင်း…ကျုပ်လည်း အဲ့ထဲပါတယ်ထင်တယ် 🙄

  • Yae Myae Tha Ninn

    November 3, 2014 at 10:33 am

    လူငယ်တွေ အနာဂတ်… ကိုယ်တွေလို မခက်ခဲစေဖို့ဘဲ မျှော်လင့်တယ်…

    စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး အကုန် အဆင်ပြေဖို့ ဆုတောင်းပေးပါတယ်… စစ်ရေးကတော့ မကြားချင်ဆုံးသော ဘာသာစကားပဲ… 🙂

  • kai

    November 3, 2014 at 12:45 pm

    ဒေါ်စုကို ယုံကြည်ကြ.. ဒါပဲ..။

  • ဝင့်ပြုံးမြင့်

    November 5, 2014 at 3:09 am

    .ခေါင်းဆောင်တစ်ယောက်တက်လာ။ ရော့ … အင့် ဒီမိုကရေစီ တစ်ခုမှ ငါးရာတည်း ဆိုပြီး ပေးလို့ရရင် ကောင်းတာပေါ့။ PR အကောင်းဆုံးဆိုတာ အမေကြီး (ရွှေကူမေနှင်း) ပြောပြီးသွားပြီ။ ဒါက သတ္တိတစ်မျိုးပဲ။ အားလုံးနဲ့ ဆန့်ကျင်ဘက်ကို ပြောရဲတဲ့သတ္တိ။ လိုရင်းတိုရှင်း ပြောရရင် တိုင်းပြည် critical အခြေအနေမှာ ခေါင်းရှောင်တာကောင်းတယ်။ သမ္မတဖြစ်ပြီဆိုရင် ပြသနာထုပ်ကြီး ကိုယ့်ခေါင်းပေါ် ရောက်လာပြီ။ ဥပမာ မြစ်ဆုံကိစ္စ တစ်ခုပဲစဉ်းစား။ ဘယ်လိုရှင်းမလဲ။ ကိုယ့်မှာ ဘာအင်အားမှ မရှိသေးဘဲ ဝင်မယ်ဆိုရင် မမှန်နိုင်သေးဘူး။ စိတ်ဓာတ်တွေ ဖော်ကျူးးပြရတာ ပင်ပန်းပါတယ်။ နည်းပရိယာယ်လေး တစ်ခုလောက် တာမသွားဘူး။ အိုင်နေတော့တာပဲ။
    .မျှစ်မ အယူအဆကတော့ ရှင်းပါတယ်။ ဆင်ပြောင်ကြီး အဓိက။ နိုင်ငံရေးဆိုတာကတော့ ဆွဲစိခြင်းအနုပညာလို့ ပြောရမလား မသိဘူး။

    • kai

      November 5, 2014 at 4:51 am

      အင်း..
      စိနပြည်လို.. ယဉ်ကျေးမှုတော်လှန်ရေးတခုလိုနေပြီ ထင်မိတယ်..

  • ဦးကြောင်ကြီး

    November 6, 2014 at 1:58 pm

    ဘွားဒေါ်က ထင်တာထက် ညံ့တယ်၊ သိပ်မစွံ။ အစားထိုးနိုင်မည့်သူကလဲ မရှိလေဒေါ့ သူ့ပဲအားကိုးရမှာပဲ။ သို့သော် သူ့နောက်လိုက်ဖို့တော့ မဖြစ်နိုင်တော့ပါ၊ သူ့ချည်းသက်သက်ကတော့ ဒီတသက် ဒီမိုရဖို့ မမြင်..။ ဆရာကြီး ဦးဝင်းတင် ချပေးသွားတဲ့လမ်းကြောင်း ဘွားဒေါ်ဂျီးကို ဝန်းရံရေးမူနဲ့ လောလောဆယ် စခန်းသွားရမှာပဲ။

Leave a Reply