ကျနော်တို့ ရွာထဲမှာဗျာ (အောက်တိုဘာ ၂၀၁၄)

ဒီ အောက်တိုဘာ လ ပို့(စ) တွေ မညွှန်းခင်………..
စာကြမ်းပိုးတို့ လွဲချက်လေး ပြောပါရစေဦး။

စက်တင်ဘာမှာ အကြိုက်တွေ့မိတဲ့ ဆရာ နေဝန်းနီရဲ့ ” အချစ်မူးတဲ့ ည” ကို ပုံစံအမျိုးမျိုးနဲ့ ရေးတာမှာ ဝတ္ထုတို အဖွဲ့က အမှန်ဆို အောက်တိုဘာမှ လာရမှာ။
ကိုယ့်ဆရာက မလာတော့ စောင့်ရကျိုးမနပ်ဘူးး

https://myanmargazette.net/204279
https://myanmargazette.net/204415
https://myanmargazette.net/204593

အမှန်တော့ စက်တင်ဘာမှာ ညွှန်းသင့်တဲ့ ပို့(စ) တွေပါ။
အစောင့်မှားသွားတာပေါ့။

.

.

ခု အောက်တိုဘာ လ ကိုတော့ မောင်ဘလှိုင်ရဲ့ ဘာသာပြန် အခန်းဆက် ၃ ခု နဲ့ဖွင့်ပါရစေ။
အစအဆုံးကိုလည်း တစ်လ အတွင်း ရေးပေးသွားတာမို့ ကျေးဇူးတင်ပါတယ်။
ထူးဆန်းသော ခရာကလေး – https://myanmargazette.net/206590
ဘာသာပြန်စွမ်းရည် ကတော့ အထူး ပြောစရမလိုပဲ စိတ်ဝင်စားစရာ ဇာတ်လမ်းကို ပါ ရွေးထားနိုင်တာမို့ ဖတ်ကြည့်စေချင်ပါတယ်ဗျာ။

.

.

နောက်တစ်ပုဒ်က သော်ဇင်(လွိုင်ကော်) ရဲ့
တိုင်​းသူပြည်​သားတို့ရဲ့ ​ရှေးဘုန်​းကံရယ် – https://myanmargazette.net/205155  ပို့(စ) ပါ။
အင်္ဂလိပ်လိုပြန်ထားတာက ဒီမှာ https://myanmargazette.net/205153 ဖတ်လို့ရပါတယ်။
PEN Myanmar က နှစ်သိမ့်ဆုရထားတဲ့ ပို့(စ) ပါ။
မြန်မာပြည်မြောက်ပိုင်း တိုင်းပြည် အခြေအနေ တစ်စိတ်\တစ်ဒေသကို ရသလက်နဲ့ ဖော်ကျူးထားတာမို့ ဖတ်သင့်တဲ့ ပို့(စ) တစ်ပုဒ်ပါ။

.

.

ဒီ အောက်တိုဘာလ မှာ ရသပိုင်း အားရှိစရာ အဖြစ် မစုဉာဏ် ဆိုတဲ့ စာရေးသူ တစ်ယောက် ရွာထဲကို ရောက်လာခြင်းပါ။
စာတွေလည်း ဆက်ရေးစေချင်ပါတယ်။
ပို့(စ) နှစ်ပို့(စ) လုံး စိတ်ထဲကို တစ်စုံတစ်ရာ ပေးသွားနိုင်တာမျိုးတွေမို့ ဒီလင့်(ခ) လေးတွေကိုပဲ နှိပ်ပြီး ဖတ်ကြည့်စေချင်ပါတယ်။
မအိပ်တဲ့ မြို ့ကလေး – https://myanmargazette.net/205210
တူညီသောဆန္ဒ – https://myanmargazette.net/205452

.

.

ခုလို ဘာသာ လူမျိုး ခွဲခြားတာ များနေတဲ့ အချိန်မှာ ဖတ်ရတာတွေကို စိတ်ဆင်းရဲနေတာမျိုး ရှိရင်တော့…
ပဒုမ္မာရဲ့…
ဘာသာမတူ..လူမျိုးကွဲလည်းချစ်တာ..(၁) – https://myanmargazette.net/205386
ဘာသာမတူ လူမျိုးကွဲလည်းချစ်တာ…(၂) – https://myanmargazette.net/206237 စတဲ့ ပို့(စ) တွေ ဖတ်ကြည့်လိုက်ပါ။

လူကို လူချင်း အပေါင်းအသင်း စိတ်ရင်းနဲ့ ချစ်ခင်ခြင်းတွေကို ခံစားရမှာမို့ ညွန်းလိုက်ပါတယ်။

.

.

အရေးကျဲ တဲ့ ဆာမိ ရဲ့ တစ်ခါက စီးရီး ထဲက အောက်တိုဘာမှ တစ်ပုဒ်တက်ပါတယ်။
တစ်ခါက နှင့် အဖြေမထွက်သောပုစ္ဆာများ – https://myanmargazette.net/205704 ပို့(စ) ပါ။
အဖြေကို ပြောမသွားတဲ့ ထူးဆန်းထွေလာ အဖြစ်တွေမို့ ကိုယ့်အတွေးနဲ့ ကိုယ့် မန့်ထားကြတဲ့ ကော်မန့်တွေနဲ့ပါ တွဲကြည့်ရင် ပိုရသ စုံပါကြောင်း ညွန်းလိုက်ချင်ပါတယ်ဗျာ။

.

.

နောက် ပြီး ကြည်နူး ဝမ်းသာ စရာ အလှူ ပို့(စ) လေးတွေကို ပါ ညွှန်းချင်ပါတယ်။
မွသဲ ရေးတဲ့ သဘာဝရဲ့ ဂရုဏာ – https://myanmargazette.net/205792
ဝေဝေ ရေးတဲ့ အကန့်အသတ်ကင်းမဲ့သော သဘာဝတရားရိပ်သာ – https://myanmargazette.net/205840
ဆာမိ ရေးတဲ့ လူတွေနဲ့ဝေး ဝေး ~~ဝေးတဲ့နယ်မြေ (သဘာဝရိပ်သာ) – https://myanmargazette.net/205994
ဦးကျောက်ခဲ ရေးတဲ့ သက်ကြီးရွယ်အိုများခိုကိုးရာ သဘာဝရိပ်သာအတွက် အလှုတော်ဒါန – https://myanmargazette.net/206593
အစအဆုံးဖတ်ကြည့်မိလို့ စေတနာ စိတ် ပေါက်ပြီး လှူမယ် ဆိုရင်ကို စာကြမ်းပိုးတို့ ဝမ်းသာလှပါပြီဗျာ။

.

.

နောက် အခန်းဆက်ကတော့ မွန်မွန့် ရဲ့ ၂ လ လုံး ရေးထားဖြစ်တဲ့ ရသ အခန်းဆက်လေးပါ။
လူသဘော မနောလေးတွေ လူငယ်တွေရဲ့ အကျိုးအကြောင်း အဆိုးအကောင်းလေးတွေပါ သိမြင်ရမှာမို့ ဖတ်ကြည့်ပါဦး။
ရွေးချယ်ရာလမ်း – https://myanmargazette.net/205842

.

.

နောက်ပြီး တွဲဖက် ဖတ်စေချင်တဲ့ ပို့(စ) ၃ ခုက….
ကြွေလွင့်ပန်း ရဲ့   ပေါင်လှန်ထောင်းရတာ နာလှပါဘိ – https://myanmargazette.net/205957
ကိုပေါက်(မန္တလေး) ရဲ့  မ နေ စ ကောင်း နေ စ ကောင်း “ (ခေတ် စား နေ တဲ့ LT အကြောင်း) – https://myanmargazette.net/195304
ဝင့်ပြုံးမြင့် ရဲ့ ပေတံ – https://myanmargazette.net/206139
ကောမန့်တွေရောပါ အစ အဆုံးဖတ်ပြီးရင်တော့ ဇာတ်ရည်လည်မယ်ထင်ရရဲ့။
စာကြမ်းပိုးတို့ အားရင်တော့ အဲဒီ ကိစ္စ ရွာထဲမှာ ဆွေးနွေးဖူးတဲ့ ပို့(စ) အကုန် ပြန်ရှာပေးပါ့မယ်။
ခု တော့ အောက်တိုဘာလ အတွက်က ဒီ ၃ ပို့(စ)ကို အရင်ဖတ်ထားပေးပါဦး။

.

.

မှီ ရဲ့ ပို့(စ) လေး ကိုလည်း ဖတ်ကြည့်ပါဦးးး
တစ်ချို့သော ဖြစ်ရပ်မှန်တွေကို အခြေခံရေးထားတယ်လို့ ဆိုပါတယ်။
ဇာတ်ရည်ကို ပို့(စ) ဆုံးမှ လည်အောင် မှီ ရဲ့ ရေးလက်နဲ့ ဆွဲခေါ်သွားတာပါ။
ပြိုကွဲခြင်း – https://myanmargazette.net/205905

.

.

အောက်တိုဘာမှ စာကြမ်းပိုးတို့ သဘောကျတဲ့ ဦး ကြောင်ကြီးရဲ့ ပို့(စ) ကတော့…
ဖြစ်စဉ်အတိုင်း လည်ပတ်ပါ Gear – https://myanmargazette.net/206113  ပို့(စ) ဖြစ်ပါတယ်။
အမှန်တော့ အောက်တိုဘာမှာ တင်သမျှ နိုင်ငံရေး ဝေဖန်ချက် ပို့(စ) လေးတွေ အကုန် သဘောကျရင်းက ဒီ တစ်ပုဒ်ကတော့ အကြိုက်ဆုံးဖြစ်သွားရခြင်းပါ။
အချိန်မနှောင်းခင် ဖတ်ကြည့်ကြပါဦး။

.

.

တောင်ပေါ်သား ရေးထားတဲ့…
ဒီလောက်ချစ်သလား သမီးရေ – https://myanmargazette.net/206549  ပို့(စ) လေးကတော့
အဖေနဲ့ သိတတ်လိမ္မာတဲ့ သမီးကြားက အဖြစ်လေးတွေစကားလေးတွေကို ရသမြောက်အောင် ရေးသွားနိုင်တဲ့ လက်ရာမို့ မလွတ်စေချင်ပါဘူးးး

.

.

အစားအသောက်ဆိုင် အညွှန်း အနေနဲ့ ကြိုးစားရေးနေတဲ့ ရေမြေ့သနင်းရဲ့…….
သွားမယ်၊ ဝါးမယ်၊ အကြော်စုံစားမယ်၊ ရေနွေးကြမ်းသောက်မယ်….-  https://myanmargazette.net/205855  ပို့(စ) ကို ဖတ်ကြည့်ပါ။
အနည်းဆုံး တစ်လ တစ်ပုဒ်တော့ ရေးစေချင်ပါတယ်။

.

.

တခြားဖတ်စေချင်တဲ့ ပို့(စ) တွေကတော့……
ခင်ခရဲ့ အရက်သောက်ခြင်း နဲ့ ကျန်းမာရေး ရှု့ထောင့်။ ( Renew ) – https://myanmargazette.net/206495
ကိုပေါက်(မန္တလေး) ရဲ့ “လျှော်စေသင့် ၏…………..မသင့်၏” – https://myanmargazette.net/206542

အလင်းဆက်ရဲ့ ပို့(စ) တင်နည်းတွေ….
Draft ထဲက တန်းလန်းလန်းပိုစ့်တွေကို Edit ပြန်လုပ်ဖို့…… – https://myanmargazette.net/206069
ပိုစ့်တင်လို့မှ Copy > Paste လုပ်လို့မရတဲ့အခါ… – https://myanmargazette.net/206058

 

ခိုင် ရဲ့ အယ်ဒီတာ့သင်ပုန်း – နိုဝင်ဘာ ၂၀၁၄ – https://myanmargazette.net/205709

ကြီးမိုက် ရဲ့ ငယ်စဉ်က ကလေးတို့ဘဝမှာ…….Young Mite – https://myanmargazette.net/205283

ဝေဝေ ရဲ့ ခရီးသွား ပို့(စ) တွေ မပြီးသေးဘူးမှတ်လို့ ဆက်စောင့်ပါဦးမယ်။

13 comments

  • ကေဇီ

    November 2, 2014 at 6:50 pm

    ဒီ လ ,,,,
    ကိုပေါက် ရဲ့ ညဘက် ရိုက်တဲ့ ဓာတ်ပုံပို့(စ) တွေ လည်း သဘောကျတယ်။
    ဆုမြတ်မိုးရဲ့ ပို့(စ) တွေရော၊
    မွန်မွန် ပို့(စ) တွေရော ကောင်းတယ်။

  • weiwei

    November 2, 2014 at 7:38 pm

    ဒီလတော့ ရွေးရခက်မယ် .. အကောင်းတွေများနေလို့ ..

  • မြစပဲရိုး

    November 3, 2014 at 4:23 am

    အဘနီ တစ်ယောက် ဝိုင်းဝန်းဝေဖန်သံတွေကြား ဇာတ်သိမ်းဖို့ ဇဝေဇဝါ ဖြစ်နေရော့ သလား။

    Post တွေ အားလုံး က ဖတ်ဖို့ကောင်းတာမို့ မဖတ်ရသေးရင် ဖတ်ဖြစ်အောင် ဝင်ဖတ်ကြပါ လို့
    တိုက်တွန်း လိုပါတယ်။
    နောက် တစ်ခု တိုက်တွန်းလိုတာက ပူပူနွေးနွေး ပြီးထားတဲ့ ပွဲ အကြောင်း ကို အဲဒီ ပွဲ အတွက် အလုပ်များခဲ့သူမှ အချိန်လေးပေး ပြီး မျှပေးနိုင်ဖို့ပါ။
    တစ်ဆင့် လက်တို့ ပေးပါဦး စာကြမ်းပိုးများရှင့်။
    ကျေးဇူးတင်ပါတယ်။ :))

    • ကေဇီ

      November 4, 2014 at 9:30 am

      ဒီရက်ပိုင်း ခရီးရှိလို့တဲ့ အရီးရေ။

      🙂

  • အလင်းဆက်

    November 3, 2014 at 7:58 am

    ကောင်းပါလေ့။
    စာကြမ်းပ်ိုး ရှေ့ဆက် အားထုတ်နေသေးသကိုး။
    ကောင်းပါလေ့။

  • kyeemite

    November 3, 2014 at 9:18 am

    .အင်း…အံစာတုံးရဲ့ “ယနေ့ပို့စ်” မတက်နိုင်တော့ ကျုပ်တို့မှာ စာကြမ်းပိုးတို့ရဲ့“ကျနော်တို့ ရွာထဲမှာဗျာ”
    .ကိုမျှော်ရပြန်ရောဗျ..ဖတ်ရွေးအတွက်အများကြီးအထောက်အကူဖြစ်တာမို့ကျေးဇူးအကြီးကြီးတင်ပါတယ် :))

  • Yae Myae Tha Ninn

    November 3, 2014 at 10:25 am

    ဟဲ.. အနော် ရွာထဲ ပြန်လာတာ ၆ လ လောက်ရှိပြီ… အုန်းကျွန်းတွေ စမ်းရေးရင်း မမျှော်လင့်ပဲ စာကြမ်းပိုး အဖွဲ့က အညွှန်းခံရတာ ဝမ်းသာပါတယ်ဗျာ… ရှေ့လျှောက်အောင်မြင်ပါစေဗျာ… 🙂

  • ဒီလိုဖတ်ညွှန်းလေးရှိတာ အများကြီးကောင်းပါတယ်
    အချိန်မရသူအဘို့ အဆင်ပြေသွားပါသဗျာ

  • Mr. MarGa

    November 3, 2014 at 2:31 pm

    ရွာထဲကို ပုံမှန်သာ မဝင်ဖြစ်တာ
    ဒီပို့စ်တွေတော့ အကုန်သိသဟ
    ငါကွ.. :mrgreenn:

  • Kaung Kin Pyar

    November 7, 2014 at 5:07 pm

    စာကြမ်းပိုးပိုစ့်လေးရှိနေတာ သဘောကျတယ်…..
    ရွာထဲဝင်ဖို့အချိန်မပေးနိုင်သေးသူတွေအတွက်….အတော် အဆင်ပြေသွားတယ်…

  • uncle gyi

    November 8, 2014 at 10:44 pm

    ကြမ်းပိုကဘယ်လိုပိုးလဲမသိပေမဲ့
    အန်ကယ်တို့ငယ်တုန်းကဂျပိုးထိုးတယ်ဆို
    အတော်သိတဲ့သူကိုခေါ်တာကိုး
    အခုကြမ်းပိုးကတော့စာကြမ်းပိုးပဲဖြစ်ရမယ်
    သိညွှန်းတွေကအတော်သိကြောင်းပြနေတာကိုး
    ဘာပြောပြောမဖတ်ဖြစ်သေးတာတွေကိုတစုထဲတင်ပေးထားလို့
    ကျေးဇူးပါဗျာ

  • ဦးကြောင်ကြီး

    November 9, 2014 at 11:39 pm

    ..စာဂျပိုး
    ..နှာကတိုး
    ..မြှာသခိုး
    ..ဝှာမရိုး၊
    ..အာတန်ခိုး
    ..ထွာပုဆိုး
    ..သာငမိုး
    ..ရှာစနိုး။

Leave a Reply