ဘာပြောလိုက်တယ် ပြန်ဆုံကြမယ် ဟုတ်လား

မင်း နှုတ်ဖျားကစကား ပြန်ရုပ်သိမ်းသွားပါ

မင်းမှာလည်း မျက်စိတစ်စုံ

ငါ့မှာလည်း မျက်စိတစ်စုံဆိုပေမယ့်

မတူညီတဲ့ အကြည့်တွေကြားမှာ

မင်းဘက်ကကြည့်တော့ လမ်းဆုံ

ငါ့ဘက်ကကြည့်တော့ လမ်းခွဲ

ပြီးသွားခဲ့ပြီပဲ

ကြွေပြီးသား သစ်ရွက်

ပင်စည်နဲ့ပြန်မဆက်နိုင်သလို

ပြာကျပြီးသား စက္ကူ စ

ဥုံ ဖွ လို့ ဘယ်လောက် မန်း မန်း

သူ့သက်တမ်းက ကုန်ခဲ့ပြီပဲ

ရွှေမျက်ရည်လည်း လာမဝဲနဲ့

ကျူး လှခဲ့တဲ့ မင်း စကားသံ

ငါ့နားထဲမှာ လျှံနေတုန်း

လွယ်လွယ်နဲ့ မုန်းခဲ့တာမဟုတ်

အရုပ်လိုလဲ ငါမနေနိုင်လှ

အခြေခိုင်စ ငါ့ဘဝနား

လား လား တောင်လှမ်းမလာနဲ့

ဇာတ်သိမ်းခန်းရဲ့ နိဂုံး

ပြီးဆုံးသွားခဲ့ပြီ ။

( ၂၄ – ၇ – ၁၉၉၁ မှ ၂၃ – ၆ – ၂၀၀၈ )

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..