( မတူသောအကြည့်များ )

ဘာပြောလိုက်တယ် ပြန်ဆုံကြမယ် ဟုတ်လား

မင်း နှုတ်ဖျားကစကား ပြန်ရုပ်သိမ်းသွားပါ

မင်းမှာလည်း မျက်စိတစ်စုံ

ငါ့မှာလည်း မျက်စိတစ်စုံဆိုပေမယ့်

မတူညီတဲ့ အကြည့်တွေကြားမှာ

မင်းဘက်ကကြည့်တော့ လမ်းဆုံ

ငါ့ဘက်ကကြည့်တော့ လမ်းခွဲ

ပြီးသွားခဲ့ပြီပဲ

ကြွေပြီးသား သစ်ရွက်

ပင်စည်နဲ့ပြန်မဆက်နိူင်သလို

ပြာကျပြီးသား စက္ကူ စ

ဥုံ ဖွ လို့ ဘယ်လောက် မန်း မန်း

သူ့သက်တမ်းက ကုန်ခဲ့ပြီပဲ

ရွှေမျက်ရည်လည်း လာမဝဲနဲ့

ကျူး လှခဲ့တဲ့ မင်း စကားသံ

ငါ့နားထဲမှာ လျှံနေတုန်း

လွယ်လွယ်နဲ့ မုန်းခဲ့တာမဟုတ်

အရုပ်လိုလဲ ငါမနေနိူင်လှ

အခြေခိုင်စ ငါ့ဘဝနား

လား လား တောင်လှမ်းမလာနဲ့

ဇာတ်သိမ်းခန်းရဲ့ နိဂုံး

ပြီးဆုံးသွားခဲ့ပြီ ။

( ၂၄ – ရ – ၁၉၉၁ မှ ၂၃ – ၆ – ၂၀၀၈ )

15 comments

  • Yae Myae Tha Ninn

    November 3, 2014 at 3:04 pm

    ပြီးသွားပြီလို့… ဦးမျိုး ပြောလဲ.. အခု ကဗျာကို ကြည့်… မပြီးသေးဘူး.. ဟုတ်… 🙂

    • တောင်ပေါ်သား

      November 3, 2014 at 3:09 pm

      နဲဗား နဲဗား ရီစတပ် ၊

      အစ်ဖ် အိုင် ဒူး အိုင် ဝယ် ဖူးလ် ၊

      • Yae Myae Tha Ninn

        November 3, 2014 at 3:13 pm

        စ တာပါ … ဦးမျိုး… 🙂

  • ကေဇီ

    November 3, 2014 at 3:06 pm

    နှုတ်ခမ်းနီလေးတွေ
    ပါးနီလေးတွေ
    စွန်းထင်းရစ်ခဲ့သော
    ငါရဲ့ အသည်းနှလုံးထဲ မင်းကို မလွမ်းချင်ဘူးးး

    :k:

    • တောင်ပေါ်သား

      November 3, 2014 at 3:11 pm

      ဘာသီချင်း ပြန်ဆိုပြရပါ့

  • မြစပဲရိုး

    November 3, 2014 at 3:36 pm

    ကိုမျိုး
    အဲဒီ သစ်ရွက်ဟောင်း ကို မြေဩဇာ အဖြစ်သုံးလိုက်ရင်
    ရွက်နုတွေ ပြန်ဝေ ချိန် ရောက်နိုင်ပါသေးတယ်လေ။
    အထင်။
    :))

    • တောင်ပေါ်သား

      November 3, 2014 at 3:51 pm

      ဆား နဲ့ပဲစားပါရစေ

      နွားတော့ ပြန်မဖြစ်ပါရစေနဲ့ အရီးရေ

  • ညောင်ညိုပင်မှာ
    လမ်းခွဲ
    အသဲကတော့ ခပ်မာမာ
    ပြန်မလာပါနဲ့
    မိစိမ်းကား
    သွားလိုရာသွား

  • kyawtheinmyint

    November 3, 2014 at 5:23 pm

    သူမဘဝအတွက် အနွေးထွေးဆုံး နေရာလေးဆိုတာ သိပြီး တွေ့ရှိသွားလို့ ခင်းလာတဲ့ လမ်းလေးဆိုရင် ဘယ်လိုလုပ်မလဲ ဦးမျိုး။

    • တောင်ပေါ်သား

      November 4, 2014 at 9:37 am

      ဂိတ်ပိတ်ထားပြီလေ

  • MAUNG

    November 4, 2014 at 6:30 am

    ဘဲရီး ဂွတ်တယ်ဗျာ (ကဗျာကိုပြောတာ)

    အချစ်ကြီး ရင်အမျက်ကြီးတယ်ဆိုလား…..

    • တောင်ပေါ်သား

      November 4, 2014 at 9:38 am

      သိပ်သေချာတာပေါ့

  • အလင်းဆက်

    November 5, 2014 at 10:14 am

    တစ်ခုခု အဆုံးသတ်ခြင်းဟာ…
    နောက်တစ်ခုခုကို အစပြု ခြင်း

    • တောင်ပေါ်သား

      November 5, 2014 at 2:32 pm

      ဒီတစ်ခါ မင်းမှန်သကွယ် ၊

      အဟောင်းသွား အသစ်လာပေါ့ ၊

      ဒေါ့ဂျစ်တွေကို သံရည်ကြို

      မင်းလိုတဲ့ကားရယ် ပြခန်းမယ် ၊ 🙂

  • uncle gyi

    November 6, 2014 at 11:07 pm

    ပြာကျတဲ့စက္ကူ
    မျက်လှည်ဆရာ့လက်ထဲ
    အကောင်းအတိုင်းပြန်ဖြစ်
    မနည်းလှတဲ့ချစ်သက်
    နာစရာတွေမေ့ပစ်
    ကျင်နာတာတွေပြန်တွေး
    အချစ်မျက်လှည့်လေး

Leave a Reply