ကမ႓႓ာ့အကောင်းဆုံး ဝီစကီ ရာမာဇာကီ

ဘာရယ်ဟုတ်ပါဘူး ၊

 

၂၀၁၅ ခုနှစ်အတွက် ကမ႓ာ့အကောင်းဆုံး ဝီစကီရွေးရာမှာ ဂျပန်ထုတ် ဝီစကီ ( ရာမာဇာကီ ဝီစကီ ) က နံပါတ်တစ် ရသွားတယ်ဆိုတော့

 

စိတ်ထဲ ထူးခြားသလို ဖြစ်သွားလို့ပါ ၊

 

ကျနော်တို့က စကော့ဝီစကီကသာ အကောင်းဆုံးနေရာမှာ အမြဲရှိတယ် လို့ စွဲသိခဲ့ဘူးတာကိုး ၊

တစ်ကမာ္ဘလုံးက ဝီစကီတွေရဲ့     အရသာ ၊ အရည်အသွေးစတာတွေကို အကောင်းဆုံးဖော်ပြသတ်မှတ်ပေးတဲ့

 

ဝီစကီ အညွှန်းအဖွဲ့  ( ဂျင်မူရေး – ဝီစကီဘိုင်ဘယ်လ် ) က ရွေးပေးခဲ့တာလို့ ဆိုပါတယ် ၊

 

daily mail  မှာ ဖတ်ရတာပါ ၊

 

၁ နှစ်အတွင်း ဥရောပအကောင်းဆုံး ဝီစကီကိုတော့ အင်္ဂလန်က  Chapter 14 Not Peated  က ရပါသတဲ့ ၊

အခု ဆုရတဲ့ ဂျပန် ရာမာဇာကီ ဝီစကီကို ၁၉၂၃ နှစ်မှာ စတင် တည်ထောင်တဲ့ကုမ္ပဏီက ထုတ်တာဖြစ်ပြီး

 

ပေါ့ပါးသွက်လက်တဲ့ အရသာ၊ ထူးကဲတဲ့ အနံ့တို့နဲ့  အမှတ် ၁၀ဝ မှာ  ၉ရ ဒသမ ၅ ရတယ်လို့ဆိုပါတယ် ၊

ပြီးခဲ့တဲ့ နှစ်တွေမှာ စကော့ဝီစကီတွေကို  ကမာ္ဘ့အကောင်းဆုံး ဝီစကီလို့  ဂျင်မူရေးက သတ်မှတ်ခဲ့ဘူးပါတယ် ၊

 

၂၀၁၂ မှာ  Old Pulteney’s 21 year old  ၊ ၂၀၁၄ မှာ  Glenmorangie Ealanta ဝီစကီတို့က ရခဲ့ပါသတဲ့ ၊

အခုတော့ မမျှော်လင့်တဲ့ နေရာကနေ အကောင်းဆုံး အရည်အသွေး ပေးစွမ်းနိူင်တဲ့ ဝီစကီထွက်လာတာဟာ

 

စကော့ ဝီစကီ လုပ်ငန်းတွေ အကျဘက်ကို ရောက်လာတာမျိုးများလားလို့ ထင်ကြေးပေးတာတွေလည်း ရှိလာခဲ့တယ်လို့ ဆိုပါတယ် ၊

၂၀၁၅ ခုနှစ် ကမာ္ဘ့အကောင်းဆုံး ဝီစကီဆုရခဲ့တဲ့  Yamazaki ဝီစကီဟာ ပုလင်း ၁၈၀၀ဝ ပဲထုတ်လုပ်ထားပြီး

 

ဗြိတိန်က အကောင်းဆုံး အရက်ဆိုင်တွေနဲ့ အရက်လက်ကားရောင်းတဲ့ဆိုင်တွေမှာ  ပေါင် ၁၀ဝ နဲ့ ဝယ်ယူအားပေးနိူင်ပါသတဲ့ဗျာ ၊

ရွာထဲက ကိုကိုတို့ရေ  မြည်းတော့ အမြည်းချင်သားနော့ ၊

3

13 comments

  • MAUNG

    November 4, 2014 at 6:09 pm

    မှန်တာ ပြောရရင်ကြားတောင် မကြားဖူးဘူး ဦးမျိုးရေ ….
    စမ်းကြည့်လိုက်ဦး မယ် 🙂

  • ကေဇီ

    November 4, 2014 at 7:05 pm

    အာ့ လေး တိုက် ကြ ပါ..!!
    အာ့လေး တိုက် ကြ ဘာ!!!!!!!!

  • kai

    November 5, 2014 at 3:21 am

    ‘Best Whisky in the World’ Is No Longer Scottish
    NBCNews.com‎ – 5 hours ago
    A Japanese whisky has been named the “best in the world,” upstaging traditionally favored …
    Suntory time: Japanese whisky named world’s best in sour dram for Scotland
    The Guardian‎ – 14 hours ago
    The World’s Best Whisky Has Been Named and Scotland is Displeased
    TIME‎ – 11 hours ago

  • အလင်းဆက်

    November 5, 2014 at 9:46 am

    သောက်တော့ သောက်ကျိချင်သားးးးး

    ဒီနေ့ ရန်ကုန် ရာသီဥတုလေးနဲ့လေ…

    :k:

    • တောင်ပေါ်သား

      November 5, 2014 at 10:39 am

      ရောင်းဈေး စတာလင်ပေါင် ၁၀ဝ ဆိုတော့ တစ်သိန်းခွဲလောက် ရှိမှာ ၊

      အမယ်လေးဗျာ ၊ ဂရင်းအပြာနဲ့ပဲ ကျေနပ်လိုက်ပါ့မယ် ၊ 🙂

    • sorrow

      November 5, 2014 at 11:16 am

      ..ကြွားတာဟုတ်ဘူးနော်…အဲ့မျိုးနှစ်ပုလင်းရှိတယ်..အငိငိငိ

      • တောင်ပေါ်သား

        November 5, 2014 at 11:23 am

        ကချင်အချင်းချင်းဆိုတော့

        ၂ ပက်လောက် မျှပါလားကွာ 🙂

  • kyeemite

    November 5, 2014 at 11:43 am

    .SINGLE MALT ဆိုတော့ တစ်ယောက်ထဲမော့ရမှာ ကိုမျိုးရဲ့ :k:

    • တောင်ပေါ်သား

      November 5, 2014 at 11:49 am

      ဂလိုဂျီးလား အိုးးး ပျင်းစရာ 🙂

  • Yae Myae Tha Ninn

    November 5, 2014 at 4:21 pm

    ကျွန်တော်နှင့် မသက်ဆိုင်သော ဖြစ်သွားပြိဗျ… အနော်က ဘီယာသမား… 🙂

    • တောင်ပေါ်သား

      November 5, 2014 at 4:27 pm

      သာဓုဗျာ သာဓု ၊ ဘီယာက ပိုက်ပိုက် ပိုကုန်တယ်ဗျ 🙂

  • ဦးကြောင်ကြီး

    November 6, 2014 at 1:50 pm

    ဘီအီးဒီစီဃယော.. ပါပါယောက္ခထီးဦးမျိုးဂျီ း

  • Yae Myae Tha Ninn

    November 7, 2014 at 1:28 pm

    ဦးမျိုး… ဦးကြောင် ရန်လာ စ နေတယ်… 🙂

Leave a Reply