အရောင်ရင့် မှတ်တမ်း – နိုဝင်ဘာ ၂၀၁၄

kaiNovember 4, 20143min30642

နိုဝင်ဘာလေးရက်နေ့က.. ယူအက်စ်ရဲ့ ကြားလည်ရွေးကောက်ပွဲနေ့ပါ…။
အထက်အောက်လွှတ်တော်၊( ကွန်ဂရက်နဲ့ စိနိတ်) အတွက် အမတ်တွေရွေးပါမယ်… တဲ့..။

အောက်မှာ.. မနက်ဖြန်အတွက်သတိထားရမှာ ၆ချက်.. ဆိုပဲ..။

A look at the news, events and the stories that will be talked about on Election Day:

ALL EYES ON THE SENATE

Republicans need six seats to take control, and they’re in good shape to get them. A GOP takeover would leave President Barack Obama with no allies in the congressional majority to advance his agenda in his final two years in office. But with two races possibly headed to runoff elections, we may not know who will hold the gavel for a few more weeks.

CAN DEMOCRATS RUNNING FOR GOVERNOR BUCK THE GOP TREND?

Democrats hoped races for governor would be a bright spot this election year. But even in Democratic-leaning New England, they’ve been playing defense against strong Republican challenges. Obama went out on the campaign trail for governors in the final push, so their performance will be an indicator of whether he can still rally the party faithful.

REPUBLICANS LOOK TO MAKE HISTORIC GAINS IN THE HOUSE

Democrats don’t really have a shot at winning back the House. The question is how big a majority the GOP will run up. The catchy slogan for House Republicans is “Drive for 245” — a pickup of 11 seats. That would top the 2010 tea party wave that led to 242 GOP representatives. If they can win more than 246 seats, they would top the party’s post-World War II record, set in the 1947-49 Congress during the Truman administration.

POT POLITICS

Among the 140 ballot measures to be decided Tuesday are four initiatives to legalize the use of marijuana. Oregon, Alaska and the District of Columbia are deciding whether to allow recreational use, while Florida has a measure to legalize medical use. Colorado and Washington state legalized recreational use two years ago on the wave of young voters who came out for Obama. Can backers get enough support in a midterm, when the electorate tends to skew older and more conservative?

TECHNOLOGY’S IMPACT ON TURNOUT

Americans historically vote in lower numbers in midterm elections than when motivated by a presidential race. Can modern technology change the game? Both parties are using sophisticated methods to find and recruit voters from the 2008 and 2012 campaigns. And they are using more targeted methods to get them to the polls, including trained volunteers and paid workers. Democrats have most at stake, since their voters are more likely to drop off in a midterm, and are pinning their hopes on the strategy.

42 comments

  • kai

    November 4, 2014 at 3:04 pm

    ယူအက်စ်ရွေးကောက်ပွဲမှာ.. သိထားသလောက်လေးတွေ ဗဟုသုတပေးလိုရင်ရည်ရွယ်ပါတယ်..။
    မြန်မာ့ရွေးကောက်ပွဲ မဟာဗျုူဟာနည်းဗျူုဟာဆွဲကြသူများအတွက်ပေါ့..။

    ၁) စူပရင်းကုတ်( တရားရေးမဏ္ဍိုင်) မှာ.. အသက် ၇၅နှစ်အထက်ရှိသူ ၃ယောက်မကတာမို့.. မကြာမတင်နှစ်တွေမှာ.. ပင်စင်သွားချင်သွား.. ဆုံးပါးချင်ဆုံးပါးနိုင်ချေရှိပါတယ်..။
    အဲဒါဆို.. စိနိတ်က.. လူရွေးတင်ပေးရမှာဖြစ်လို့.. ဒီရွေးကောက်ပွဲရဲ့.. စိနိတ်ခုံနေရာတွေဟာ.. အင်မတန်အရေးကြီးပါတယ်..။ လူအများစုယူထားတဲ့ပါတီက.. တင်တဲ့သူ တရားသူကြီးချုပ်အုပ်စုထဲပါသွားမှာမို့ပါ..။ ခုလောလောဆယ်.. ၉ယောက်မှာ.. ပါတီ၂ခု.. ဘက်နဲနဲမျှထားပါကြောင်း..။
    ( မြန်မာပြည် တရားရေးမဏ္ဍိုင်အပေါ်.. မြန်မာတွေသတိထားကြပုံနဲ့.. နှိုင်းယှဉ်စေချင်)
    ၂) ဆေးခြောက်ကို.. အမေရိကန်တွေတရားဝင်ဖြစ်အောင်လုပ်ချင်လာကြတာဖြစ်ပါတယ်..။
    ဒီရွေးကောက်ပွဲမှာ.. နောက်ပြည်နယ်.. ၃ခုက.. ဆေးခြောက်တရားဝင်ဖြစ်မှုကိုလည်း.. မဲပေးမှာဖြစ်ပါတယ်… တဲ့..။
    မကြာခင်ဆယ်စုနှစ်ထဲမှာ.. ယူအက်စ်က.. War on Drugs အပေါ်သူသုံးနေတဲ့.. ဘက်ဂျက်ငွေကို.. လျျှော့ချပစ်မယ့်သဘောရှိပါတယ်..။ မြန်မာပြည်အပါဝင်.. မူးယစ်ဆေးအကြီးအကျယ်ထုတ်တဲ့နိုင်ငံတွေအတွက်.. သတိပြုစရာ…။
    ၃) ဒီနှစ်ရွေးကောက်ပွဲဟာ.. ကမ္ဘာသမိုင်းမှာမရှိလောက်အောင်..ကန်င်ပိန်းအတွက် ငွေအသုံးများပါတယ်တဲ့..
    ၄ဘီလီယန်မကရှိပါတယ်..။
    ရီပါ့ဗလစ်ကန်င်ဖက်က.. ဘီယီယန်နာတွေ ငွေပုံအောတဲ့နှစ်ပါ..။
    ဆိုလိုချင်တာက.. ငွေရှိမှ.. နိုင်ငံရေးလုပ်နိုင်တယ်ဖြစ်ပါကြောင်းနဲ့.. မြန်မာ့နိုင်ငံရေးမှာ.. ခရိုနီအပါအဝင်.. ငွေရှိသူတွေကို.. မြန်မာ့ပါတီကြီး၂ခုက.. ဆက်ဆံပုံ.. သတိထားကြည့်စရာဖြစ်ကြောင်း..။
    ၄) ..

  • kai

    November 4, 2014 at 3:39 pm

    ၄) သာမန်အားဖြင့်.. သက်တမ်း၂ခုတာဝန်ထမ်းနေတဲ့.. အိုဘားမား(ဒီမိုကရက်)ကို.. ပါဝါလျှော့ချဖို့အတွက်.. ကွန်ဂရက်နဲ့စိနိတ်မှာ.. ရီပါ့ဗလစ်ကန်င်တွေ.. အများစုနေရာယူမှာဖြစ်ပါတယ်..။
    ပါတီကြီး၂ခုကို.. အင်အားချိန်ခွင်လျှာ ညီမျှနေအောင် ထိန်းထားပေးတဲ့.. အမေရိကန်တွေစိတ်ဓာတ်ကို.. အံ့ဩစရာတွေ့ရမှာပါ…။

    ဒီလိုနဲ့.. နောက် ၂နှစ်မှာ အိုဘားမားဟာ.. ယက်ကန်ယက်ကန်နဲ့သွားရမှာဖြစ်ပြီး.. ၂၀၁၆သမ္မတရွေးပွဲမှာ.. ရီပါ့ဗလစ်ကန်င်ဖက်က.. သမ္မတတက်လာရမှာဖြစ်ပါတယ်..။

  • အလင်းဆက်

    November 5, 2014 at 9:58 am

    http://burmese.voanews.com/content/us-election-update/2508813.html

    ဗွီအိုအေ (မြန်မာပိုင်း)

    05.11.2014 09:02

    အင်္ဂါနေ့ကကျင်းပခဲ့တဲ့ အမေရိကန်လွှတ်တော် ရွေးကောက်ပွဲမှာ ရီပတ်ပလစ်ကန် အထက်လွှတ်တော်အမတ် Mitch McConnell အနိုင်ရရှိခဲ့ပါတယ်။ Kentucky ပြည်နယ် သက်တမ်း
    ၆ ကြိမ်မြောက် အထက်လွှတ်တော်အမတ်အဖြစ် ပြန်လည်အရွေးခံခဲ့ရတာပါ။

    ဒီမိုကရက် အထက်လွှတ်တော် အမတ်တွေအတွက်တော့ သမ္မတ Barack Obama ပြောသလို ၁၉၅၈ ခုနှစ်ကနေစလို့ ဒါဟာ အခက်အခဲဆုံး ယှဉ်ပြိုင်မှုလည်း ဖြစ်ပါတယ်။ ထိုစဉ်က သမ္မတ Dwight Eisenhower လက်ထက်မှာ ရီပတ်ပလစ်ကန်တွေ အထက်လွှတ်တော် အမတ်နေရာ ၁၃ နေရာကို လက်လွှတ်ဆုံးရှုံးခဲ့တာပါ။

    အင်္ဂါနေ့ရွေးကောက်ပွဲမှာ အထက်လွှတ်တော်အမတ်နေရာ ၃ ပုံ ၁ ပုံကို ပြန်လည် ရွေးချယ်တင်မြှောက်ပါတယ်။ အထက်လွှတ်တော်အမတ်နေရာ ရွေးကောက်ပွဲဝင်တဲ့ ပြည်နယ်တိုင်းမှာ ရီပတ်ပလစ်ကန်တွေကို အလေးပေးကြတယ်ဆိုပြီး သမ္မတ Obama က ပြောပါတယ်။

    အနောက်ဗာဂျီးနီးယားပြည်နယ်က အနားယူမယ့် ဒီမိုကရက် အထက်လွှတ်တော်အမတ် Jay Rockefeller နေရာမှာလည်း ရီပတ်ပလစ်ကန် ကိုယ်စားလှယ်လောင်း Shelley Moore Capito က အနိုင်ရရှိသွားပါတယ်။

    လက်ရှိအထက်လွှတ်တော်မှာ အမတ် ၅၅ နေရာနဲ့ အမတ်အများစုနေရာ ရရှိထားတဲ့ ဒီမိုကရက်ပါတီထံက အထက်လွှတ်တော်ကို ရီပတ်ပလစ်ကန်တွေ ထိန်းချုပ်နိုင်ဖို့ လိုအပ်နေတဲ့ အမတ်နေရာ ၆ နေရာကို ရရှိကြလိမ့်မယ်လို့လည်း နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

  • kai

    November 5, 2014 at 2:56 pm

    GOP seizes Senate
    CNN –

    Washington (CNN) — A Republican tide ripped the Senate away from Democrats Tuesday, according to CNN projections, giving the GOP full control of Congress and the power to pin down President Barack Obama during his last two years in office.
    Related Republican Party » United States Senate » Democratic Party »
    GOP takeover: Republicans surge to Senate controlMilwaukee Journal Sentinel

    GOP’s big election night fuels shift toward 2016Washington Post
    Featured:Republicans Retake Control Of U.S. Senate, Expand House MajorityPeople’s Pundit Daily

    • kai

      November 5, 2014 at 3:06 pm

      တွက်ထားကြတဲ့အတိုင်း.. ဟောက်စ်ရော.. စိနိတ်ရော.. ဂါဗနာရာထူးတွေပါအပိုဆောင်းပြီး.. ရီပါ့ဗလ်စကန်င်က… သိမ်းသွားပါကြောင်း..။

      ဆိုတော့.. မဲပေးတဲ့.. အမေရိကန်တွေလုပ်ပုံ.. တော်တော်စမတ်ကျတယ်ပြောရမယ်..။
      နောက်၂နှစ်.. ၂၀၁၆မှာ.. သမ္မတရွေးပွဲနဲ့.. စိနိတ.်.. ဟောက်စ်တွေပြန်ရွေးတဲ့အခါ.. အခုအပြီးလွှဲထားတဲ့.. ရီပါ့ဗလစ်ကန်င်အပေါ်.. လုပ်ပုံကိုင်ပုံကြည့်ပြီး.. မဲပေးဖြုတ်ကြ… ရွေးကြဦးမှာပါ…။
      သက်တမ်းအားဖြင့်.. သမ္မတ.. ၄နှစ်တကြိမ်..။
      ဟောက်စ်ကိုယ်စားလှယ် .. ၂နှစ်တကြိမ်
      စိနိတ်တာ… ၆နှစ်တကြိမ်

  • kai

    November 5, 2014 at 3:06 pm

    ယူနိုက်တက်အမရဘဏ် ငွေပြန်ထုတ်သူ နှစ်ဆမြင့်
    ဦးအောင်သောင်း သတင်းဂယက်ကြောင့် ဘဏ်အပ်ငွေနှင့်ထုတ်ငွေကွာဟမှု တစ်ရက်တည်း ကျပ် ၁ဝ ဘီလီယံခန့်အထိရှိလာ
    By
    ပြည်သိမ်း
    On
    Wed, 2014-11-05 11:21
    Location
    ရန်ကုန်
    Issue No.
    No.553 Wednesday, November 5, 2014

    ဦးအောင်သောင်းကို အ မေရိကန်အစိုးရက စီးပွားရေးပိတ် ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက် ပြီးနောက် ပြင်ပ၌ ကောလာဟလ များထွက်ပေါ်ပြီး ယူနိုက်တက်အ မရဘဏ်မှ ငွေထုတ်ယူမှုမှာ နှစ် ဆခန့်မြင့်တက်လာကြောင်း တာ ဝန်ရှိသူများက ပြောကြားသည်။

    ‘‘ပုံမှန်ဆိုရင် အပ်ငွေနဲ့ ထုတ်ငွေက တစ်နေ့ကို ကျပ်လေး၊ ငါးဘီလီယံပဲ ကွာခြားတယ်။ ဒီ နေ့တော့ ဆယ်ဘီလီယံအထိရှိ တယ်’’ဟု ယူနိုက်တက်အမရ ဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းစိုးကပြောသည်။

    ကောလာဟလများ ထွက် ပေါ်လာပြီးနောက် ယူနိုက်တက် အမရဘဏ်၌ ငွေထုတ်ယူမှုသည် နိုဝင်ဘာ ၄ ရက်က ကျပ် ၂၆ ဘီလီ ယံရှိပြီး အပ်ငွေမှာ ၁၆ဘီလီယံ သာရှိခဲ့သည်။ နိုဝင်ဘာ ၃ ရက် က အပ်ငွေမှာ ကျပ် ၄၄ ဘီလီယံ ရှိခဲ့ပြီး ထုတ်ငွေမှာ ၄၁ ဘီလီယံရှိ ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

    • pooch

      November 5, 2014 at 3:36 pm

      ငွေစုဘဏ်အပ်ပြီး ဘဏ်တိုးနဲ့စားမဲ့ ကိစ္စ ပြန်စဉ်းစားရအုန်းမယ် :((

    • Yae Myae Tha Ninn

      November 7, 2014 at 11:29 am

      တဂျီးရေ… ဧရာဝတီကိုလဲ ထုတ်ကုန်ပြီတဲ့… 🙂

  • kai

    November 8, 2014 at 12:55 pm

    ပည်သူလူထု၏ ထောက်ခံမှုအများဆုံးရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ ရက်တွင် မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးဆုံးသတင်းစကားတစ်ခုပါးလိုက်ပါသည်။

    ‘‘ကျွန်မတို့ဟာ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမှ ကျွန်မတို့ရန်ဘက်အနေနဲ့ ကျွန်မတို့မသတ်မှတ်ဘူး။ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကိုမှ အပြစ်ပေးချင်တယ်၊ ကလဲ့စားချေချင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဆက်ပြီးတော့ ကျွန်မတို့မသွားဘူး။ ကျွန်မတို့နိုင်ငံ ကောင်းကျိုးအတွက် အားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းတစ်ခုဖြစ်အောင်လို့ ကြိုးစားသွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ပဲ ဆက်ပြီး လုပ်ဆောင်သွားမှာပါ’’ ဟု ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
    http://www.7daydaily.com/story/24492#.VF2wDfnF-wF

    • ကေဇီ

      November 8, 2014 at 1:06 pm

      မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်သည် ရပ် တန့်နေပြီဖြစ်ပြီး အလွန်အကျွံ အကောင်းမမြင်ရန် အမေရိကန် အစိုးရသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က သတိပေးပြော ကြားလိုက်သည်။

      အမေရိကန်အစိုးရသည် ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပေါ် အကောင်းမြင်လွန်းပုံပေါ်သည့် အချိန်များလည်းရှိခဲ့သည်ဟု ဒေါ် အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ ရက်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက် များကိုဖြေကြားခဲ့သည်။

      7day News

      • kai

        November 11, 2014 at 2:27 pm

        ယူအက်စ်ရဲ့မြန်မာပြည်အပေါ်ပေါ်လစီက.. စကတည်းက.. “carrot and stick” မို့.. စစ်အစိုးရဖက်ကပ်တွယ်လာတာတွေရှိသလို.. တုတ်ပြရိုက်ပစ်တာတွေလည်း.. အများပါ..။
        လူအုပ်ထဲ..ညအမှောင်မှာ.. တုတ်နဲ့ရိုက်သလိုပဲ.. ရိုက်သူနဲ့..ရိုက်ခံရသူပဲသိတာတွေလည်း.. တော်တော်ဖြစ်သွားတယ်လို့.. ခန့်မှန်းမိပါတယ်..။

        ဆိုတော့..
        အခုအစိုးရရဲ့အကြံပေးတွေ.. အနီးအနားတွေထဲ.. ဟားဗတ်တက္ကသိုလ်ဆင်းတွေပါနေပြီး.. ဟားဗတ်တက္ကသိုလ်ကပဲ.. စစ်ရာဇဝတ်ကကောင်စာရင်းလေးထုတ်ပြလိုက်တာလေးမျိုးတွေလည်း… ရှိပါတယ်..။

        ပြောချင်တာက…
        ကမ္ဘာ့ပုလိပ်ကြီးကတော့.. အချဉ်မဟုတ်..။ :k:
        =
        Senior Myanmar officials guilty of war crimes, Harvard report …
        http://www.reuters.com/…/us-myanmar-military-idUSKBN0IQ1CL201...
        Reuters
        5 days ago – YANGON (Reuters) – An independent investigation by the Harvard Law School has found that troops commanded by Myanmar’s powerful …

  • kai

    November 11, 2014 at 2:13 am

    Need blood? In Myanmar, call the monastery

    As public-health officials struggle to make it safer to give blood, Buddhist monks are playing a key role
    November 10, 2014 5:00AM ET
    by Joseph Schatz @jjschatz

    YANGON, Myanmar — Smartphone cameras flashed, and the crowd knelt in homage as Ashin Sandar Dika, dressed in the crimson robes of Myanmar’s monkhood, entered the colonial-era building that houses the National Blood Center here and sat down to await the needle.
    ==============
    Myanmar Policy’s Message to Muslims: Get Out
    New York Times-Nov 6, 2014
    SITTWE, Myanmar — The Myanmar government has given the estimated one million Rohingya people in this coastal region of the country a ..

    • kai

      November 11, 2014 at 2:30 pm

      ထေရာဘုန်းဘုန်းတွေ.. လူတွေကို တိုက်ရိုက်အကျိုးပြုနေတာလေး.. ရှာတွေ့ပြီလို့.. ဝမ်းသာအားရ.. သတင်းတင်လိုက်တာ..
      သွေးလှူချင်ရင်.. ဆက်သွယ်နိုင်တယ်ဆိုပဲ..။
      =
      နောက်တခုကတော့.. နယူးယောက်တိုင်းမ်သတင်းဆောင်းပါး..
      ဘယ်နှာ.. ဘင်္ဂလီ..ဒါမှမဟုတ်.. ရိုဟင်ဂျာရေးရမှာကို..ခေါင်းစဉ်မှာ မွတ်စလင်ဆိုတော့.. ဂျာနယ်လစ်စ်တွေရဲ့.. ချွန်တွန်းအနုပညာကို.. မြင်ရတာပဲ..
      “ချွန်တွန်းအနုပညာ”

  • kai

    November 11, 2014 at 2:20 pm

    ..
    ..
    ကထိန်ရာသီ ရောက်ပြီဆိုရင် ကုသိုလ်ရေးထက် အကုသိုလ် မပွားအောင် မနည်း အောင့်အည်းသည်းခံနေရတဲ့ သူက တစ်နှစ်ထက်တစ်နှစ် များများလာတယ်။ အဆိုးဆုံးကတော့ အသံကျယ်နှုန်း ဒက်ဆီဗယ် အမြင့်ဆုံးနဲ့ တစ်နေကုန် ဖွင့်ထားတဲ့ အသံချဲ့စက်တွေပဲ။ ကထိန်ဆိုရင် ဘယ်လိုကုသိုလ်ရေး လုပ်ကြမလဲ ဆိုတာထက် အသံချဲ့စက်ဖွင့်မယ်၊ နားညည်းလောက်အောင် အော်ဟစ်အလှူခံမယ် ဆိုတာမျိုးပဲ ဦးစားပေးလာသလို ဖြစ်နေတယ်။ အခုနောက်ပိုင်း ကထိန်ကို အကြောင်းပြုပြီး သောက်စားမူးယစ် ပျော်မယ်ပါးမယ် ဆိုတာတောင် တွဲပါလာပြီ။

    နောက်တစ်ခုက လှူဖွယ်ပစ္စည်းတွေထဲမှာ ကထိန်သင်္ကန်းအပြင် အလှူခံပုဂ္ဂိုလ်တွေနဲ့ မသင့်တော်တဲ့၊ ဝိနည်းသိက္ခာနဲ့ မညီစေတဲ့ ဇိမ်ခံပစ္စည်းတွေ၊ ငွေကြေးတွေ ပါလာတယ်။ ငွေကြေးကိစ္စကတော့ ကပိ္ပယတွေက တစ်ဆင့် စီမံခန့်ခွဲရင် ပြဿနာ မရှိပေမယ့် ဇိမ်ခံပစ္စည်းတွေကတော့ သာသနာတော် ညှိုးနွမ်းသွားစေနိုင်တဲ့အထိ “တာ” သွားတယ်။

    နောက်ဆုံး ကုန်ကုန်ပြောရရင် ကထိန်သင်္ကန်းကိုတောင် ကထိန်လျာ သင်္ကန်းနဲ့ လျော်ညီအောင်၊ ဝိနည်းနဲ့ ကိုက်ညီအောင် လှူကြ၊ အလှူခံကြတာ ဟုတ်ရဲ့လားလို့ ပြန်ဆန်းစစ်ကြည့်သင့်တယ်။ ဒါမှ လှူသူနဲ့ အလှူခံသူအကြား ကထိန်ဒါနမြောက်ပြီး အကျိုးရှိမှာပေါ့။

    ကထိန်ရာသီ တစ်လလုံးလုံးက ရပ်ကွက်တိုင်း လမ်းတိုင်းလောက်နီးနီး အလှူခံမဏ္ဍပ်နဲ့ အသံချဲ့စက် အသံကုန်ဖွင့်ပြီး အရပ်ကို နှိပ်စက်သလို ဖြစ်နေတယ်။ ကထိန်ခင်းမယ့်နေ့၊ ကထိန်ခင်းမယ့် ကျောင်းတိုက်ကို ပဒေသာပင်တွေ သွားပို့တဲ့နေ့ဆိုရင် တစ်မြို့လုံးက ရှိတဲ့သူတွေ နားမခံသာတော့ဘူး။ လမ်းတစ်လျှောက်လုံး အသံချဲ့စက် လွန်လွန်ကဲကဲ ဖွင့်ပြီး ရိုးရာယဉ်ကျေးမှု မဟုတ်တဲ့ အကတွေ၊ အဝတ်အစားတွေ၊ သီချင်းသံစဉ်၊ စာသားတွေနဲ့ မြို့တော်သူ၊ မြို့တော်သားတွေကို နှိပ်စက်သလို လုပ်တော့တာပဲ။

    ဒီလိုအဖြစ်အပျက်တွေ များလာ၊ ကြာလာတဲ့အခါ ကထိန်ရာသီ ရောက်မှာကို လန့်နေကြပြီ။ တိတ်ဆိတ်၊ အေးချမ်းငြိမ်သက်မှုနဲ့ ဝိနည်း၊ သိက္ခာ၊ သမာဓိ ဦးစားပေးရမယ့် ဘာသာရေးကို ပွဲလမ်း၊ သဘင်တွေ၊ ဆူညံလွန်းတဲ့ သရုပ်ပျက်ဂီတသံတွေ၊ မူးမူးရူးရူး ပျော်ပါးမှုတွေက ဖျက်လိုဖျက်ဆီး လုပ်နေသလို ခံစားလာရတယ်။

    ကထိန်ရဲ့ စစ်မှန်တဲ့ အဖြူရောင် သရုပ်သကန်ကို အတ္တကြီး၊ မောဟကြီးတဲ့ လူပုဂ္ဂိုလ်တွေက အရောင်ရိုင်းရိုင်း ရင့်ရင့်တွေနဲ့ ဆေးခြယ်သလို ဖြစ်နေတာကို တစ်နည်းအားဖြင့် ကထိန်ကို အိုးမဲသုတ်နေတာကို ကာကွယ်တားဆီးဖို့ဆိုရင် ဘာသာတရားရဲ့ အနှစ်သာရကို လေးစားနားလည်ဖို့နဲ့ စည်းကမ်းဥပဒေက အဓိကကျတယ်။

    ဘာသာတရားရဲ့ အနှစ်သာရအတွက် အလှူခံပုဂ္ဂိုလ် သံဃာတော်တွေရဲ့ ဗုဒ္ဓရဲ့ အဆုံးအမ ဓမ္မအစစ်အမှန်ကို ဟောကြားဖြန့်ချိပေးဖို့နဲ့ မိမိတို့ကိုယ်တိုင် ကျင့်ဝတ်ဝိနည်းတော်တွေနဲ့အညီ ကျင့်ကြံပွားများ နေထိုင်ကြဖို့လိုမယ်။ စည်းကမ်းဥပဒေကိုတော့ ဥပဒေပြုလွှတ်တော်နဲ့ အုပ်ချုပ်တဲ့အစိုးရတွေက ရေးဆွဲ၊ ကြပ်မတ်၊ ထိန်းသိမ်းရမယ်။ ကျွန်တော်တို့ အားလုံးမှာလည်း မွန်မြတ်တဲ့ ကထိန်အလှူတော် ဖြစ်ဖို့ တာဝန်ကိုယ်စီ ရှိတယ်။
    – See more at: http://www.thevoicemyanmar.com/index.php/editorial/item/3946-2179edi#sthash.6tIM5JWe.dpuf

    • kai

      November 11, 2014 at 2:32 pm

      မြန်မာလူထုက.. တနှစ်တနှစ် စားဝတ်နေရေးအတွက် ဒေါ်လာ၅ဘီလီယံအထက်လောက်… ထောက်ပံပေးကမ်းထားရတဲ့.. အဝါဂိုဏ်းရဲ့.. ဘေးထွက်ဆိုးကျိုးတချို့.. ထုတ်နှုတ်ထင်ဟတ်ပြတဲ့.. ဗွိုက်စ်ရဲ့အယ်ဒီတာ့အာဘော်ပါ…
      သမိုင်းကျန်ရစ်စေလို..။

  • ဦးဦးပါလေရာ

    November 11, 2014 at 2:38 pm

    .voice ပြောတာ နည်းသေးတယ် (တော်တော်ကို နည်းသေးတယ်)
    .ကျုပ်က လက်ရှိကထိန်တွေအကြောင်း ဒါ့ထက် ပိုမှန်အောင် သရုပ်ခွဲပြချင်သေး…
    .ခက်တာက
    .ကျုပ်ရေးတော့ အကျိုးရှိအောင် ဖတ်မယ့်သူကော ရှိပါ့မလား..
    .ပိုဆိုးတာက
    .တဆိုက်လုံးဝိုင်ဆဲပြီး ဆိုက်ပျက်သွားရင်
    .ခင်ဗျားတို့သူကြီး ရင်ကွဲပက်လက်ဖြစ်သွားမှာစိုးလို့….
    👿

    • ကန္နားစီး မိဂီ

      November 11, 2014 at 3:19 pm

      သည်လဆန်း ကလို မိုးထွားထွားကြီးတွေ ဆက်တိုက်ရွာအောင်
      နောင်နှစ်တွေ ရှင်ဥပဂုတ် ကိုယ်တော်ကြီး ရေသပ္ပါယ်ပေးနေရမလိုဖြစ်နေပြီဗျို့

      ဘာလို့လဲဆို အဲ့သည်ရက်တွေပဲ လော်ဆြာတွေ ဆောင်းဘောက်စ်တွေ ခြေငြိမ်ကြတာကိုးဗျာ

  • kai

    November 12, 2014 at 4:44 am

    ၂၀၁၅ ခုနှစ်အတွက် စီးပွားရေးလုပ်ရအခက်ဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေဆဲဖြစ်ပြီး အာရှတွင် ဒုတိယအဆိုးဆုံးအဖြစ် အာဖဂန်နစ္စတန်၏နောက်၌ ရပ်တည်နေ
    Published on: November 11, 2014
    Written by: နွဲ့ယဉ်အေး

    Doing Business 2015 အရ ကမ္ဘာ့စီးပွားရေးစတင်ရန် အခက်ဆုံးနိုင်ငံအချို့
    အဆင့် နိုင်ငံ
    ၁၇ရ မြန်မာ
    ၁၈ဝ ဟေတီ
    ၁၈၂ ဗင်နီဇွဲလား
    ၁၈၃ အာဖဂန်နစ္စတန်
    ၁၈၈ လစ်ဗျား
    ၁၈၉ အီရီထရီးယား
    – See more at: http://news-eleven.com/business/%E1%81%82%E1%81%80%E1%81%81%E1%81%85-%E1%80%81%E1%80%AF%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9B%E1%80%A1%E1%80%81%E1%80%80%E1%80%B9%E1%80%86%E1%80%B6%E1%80%AF%E1%80%B8-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6-%E1%80%95%E1%80%AB%E1%81%80%E1%80%84%E1%80%B9%E1%80%B1%E1%80%94%E1%80%86%E1%80%B2%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%81%BF%E1%80%95%E1%80%AE%E1%80%B8#sthash.axO4xVSC.dpuf

    • kai

      November 12, 2014 at 4:47 am

      ကမ္ဘာ့ဘဏ်အပါအဝင် မြန်မာ့ခေါင်းဆောင်တွေတော်တော်များများကိုယ်တိုင်က.. မြန်မာ့တိုးတက်မှုကို”ဆွဲချ”လုပ်နေတာ.. ဘာမှန်းလည်းမသိကြဘူးဖြစ်နေပုံရပါတယ်..။

      စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်..။
      အတွေးအခေါ်တို့၏ အမြုတေအထွဋ်သည်.. ဘာသာရေး..။ :i:

    • pooch

      November 13, 2014 at 3:46 pm

      civil war လည်း မသိဘူး လွတ်လပ်ရေးဘယ်လိုရလဲ နားမလည်ဘူး Vice president လည်း သိဘူး
      ဘရက်ပစ်ရဲ့ အရင်မိန်းမ Jennifer နဲ့ ခုမိန်းမ ဂျိုလီလောက်တောင် စိတ်ဝင်စားစရာမကောင်းဘူး

      အော်ရယ် ကိုယ်တွေလည်း ဘာထူးလို့လည်း ဒီလိုပဲ ပျော်ပျော်ကြီးနေခဲ့ နေနေကြတာပဲကို :loll:

  • kai

    November 14, 2014 at 3:07 am

    BBC Burmese added 3 new photos.
    အာဆီယံ အစည်းအဝေး အတွက် မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ အိုဘားမားဟာ ဒီကနေ့မှာ မြန်မာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေအပေါ် သူ့အနေနဲ့ အပြုသဘော ရှုမြင်ကြောင်း၊ ဒါပေမယ့် နောက်ထပ် ဆောင်ရွက်စရာတွေ လိုနေသေးကြောင်း ပြောသွားပါတယ်။

    မြန်မာနိုင်ငံမှာ နောက်ထပ် ဆောင်ရွက်စရာတွေ လိုနေပါသေးကြောင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခိုင်အမာ ပူးပေါင်း ဆောင်ရွက်သွားဖို့ အမေရိကန်က သန္နိဋ္ဌာန် ချထားကြောင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ပေါ်ပြီး မြန်မာပြည်သူတွေ အခိုင်အမာ အကျိုးဖြစ်ထွန်းရေးဟာ အမေရိကန် အစိုးရရဲ့ အဓိက ရည်မှန်းချက် ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။

    အမေရိကန် စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေး တပ်ဖွဲ့တဖွဲ့ကိုလည်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် လာမယ့်နှစ်မှာ စေလွှတ်မယ်လို့လည်း သမ္မတ အိုဘားမားက ထုတ်ဖော် ကြေညာလိုက်ပါတယ်။

    အဲဒီ အဖွဲ့ဟာ၂၀၁၅ ခုနှစ် နှောင်းပိုင်းလောက်မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာမှာ ဖြစ်ပြီး မြန်မာစကား၊ ဓလေ့ထုံးစံနဲ့ နည်းပညာပိုင်း ဆိုင်ရာ လိုအပ်ချက်တွေကို ၃လကြာ သင်ယူပြီးရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ နှစ်နှစ်ကြာ ကူညီ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

    သမ္မတ အိုဘားမားဟာ သမ္မတ ဉီးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ ရှိပြီး မနက်ဖြန်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်

  • kai

    November 14, 2014 at 1:06 pm

    စကိုင်းနက်ကနေ.. Live ကြည့်နေတာ..

    မြန်မာပြည်တော့.. ယူအက်စ်မှာ… နာမယ်ကြီးဦးမှာပဲ..
    အိုဘားမားနဲ့..ဒေါ်စုတွေ့တာမှာ.. သတင်းထောက်…ထမေးတာက.. ယူအက်စ်ရဲ့.. ပြည်တွင်း..အဓိကပြဿနာအတွက်မေးခွန်းဖြစ်နေတယ်..။
    ကီးစတိုန်းပိုက်လိုင်း…။ အင်မီဂရေးရှင်း..။ ဂလိုဗယ်ဝမ်းမင်း..။

    အိုဘားမား.. ဒေါ်စုရဲ့ပါဝါကိုယူသုံးပြီး.. ဖြေနေ…။
    ဒေါ်စုကို.. သမ္မတအိုဘားမားနဲ့လုံးဝအဆင်မပြေတဲ့.. အခုစိနိတ်မရှောရတီလီဒါ.. မက်ခ်ကော်နယ်..သဘောကျကြိုက်တာမို့..
    ဒန်တန်တန်…

  • kai

    November 15, 2014 at 6:40 am

    မေးခွန်း-
    သမ္မတကြီးခင်ဗျာ။ ကျွန်တော် ကျော်သူရဟိန်းပါ။ ဥပဒေကျောင်းသားပါ။ကျွန်တော့်မေးခွန်းကတော့ သမ္မတကြီးသာ မြန်မာပြည်
    ရဲသမ္မတဖြစ်မယ်ဆိုရင် ဘယ်ကဏ္ဍကို အရင်ဆုံးဦးစားပေးဆောင်ရွက်လိုပါသလဲ။
    (လက်ခုပ်သံများ)

    အိုဘားမား-
    မြန်မာပြည်မှာစိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းတွေ ပြည့်စုံဖို့ ပိုပြီး ကြီးမားတဲ့
    စိ်န်ခေါ်မှုတွေရှိနေတယ်။ ကျွန်တော်သာဆိုရင် ဦးစားပေးလုပ်ချင်တာကတော့ လူတိုင်းလိုလိုလည်း ပြေနေကြတဲ့ကိစ္စပါ။

    နံပါတ်တစ်က နောက်နှစ်မှာ ၂၀၁၅ ရွေးကောက်ပွဲကို သေချာကျင်းပမယ်။
    နံပါတ် ၂ က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပါ။ အရပ်သားအစိုးရစစ်စစ် ဖြစ်သွားစေဖို့
    အတွက်
    နံပါတ် ၃ ကတော့ သတင်းစာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
    ကို ကာကွယ်တဲ့၊ နိုင်ငံရေးအရ စည်းရုံးနိုင်ခွင့်ရှိတဲ့ ဥပဒေတွေကို ပြဌာန်းရမယ်။ ဒါတွေကိုလုပ်မှ မြန်မာပြည်က တိုးတက်မယ်။

  • kai

    November 15, 2014 at 6:54 am

    Ant Bwe Kyaw
    REFORM IS FAKE
    ===============

    ဒီနေ့ တက္ကသိုလ် စိန်ရတုခန်းမထဲကို အိုဘားမားဝင်လာတော့ အဲ့ဒီလိုစာတန်းတွေ ထုတ်ပြီးရပ်ပြကြတယ်။
    ( ဓာတ်ပုံ – AFP

  • kai

    November 15, 2014 at 7:07 am

    The Irrawaddy (Burmese Version)

    PR စနစ် ကျင့်သုံးမည့် အစီအစဉ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ပယ်ဖျက်လိုက်ပြီ

    ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲ အားလုံး၌ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် မဲအချိုးကျ ကိုယ်စားပြု (Proportional Representative – PR) စနစ်ကို လွှတ်တော် အသီးသီး၌ ကျင့်သုံးရန် အဆိုပြု ထားခြင်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပယ်ဖျက်လိုက်သည်ဟု လွှတ်တော် အသီးသီးသို့ အကြောင်း ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

    မြန်မာနိုင်ငံ၌ PR စနစ် ကျင့်သုံးရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပြဌာန်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ထိုစနစ်အား ကျင့်သုံးမည် ဆိုပါက ဖွဲ့စည်းပုံ ဥပဒေနှင့်ဆန့်ကျင်သည်ဟု ဆိုကာ ဖွဲ့စည်းပုံ ခုံရုံးက ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ ခုံရုံးက ပယ်ဖျက်လိုက်သည့် အတွက် လွှတ်တော် အသီးသီး၌ PR စနစ် ကျင့်သုံးမည့် အစီအစဉ် လုံးဝ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။

  • kai

    November 15, 2014 at 7:15 am

    China to Contribute $40 Billion to Silk Road Fund
    New Trade-Development Push Gathers Momentum

    By
    Jeremy Page
    Nov. 8, 2014 8:56 a.m. ET
    1 COMMENTS

    BEIJING—Chinese President Xi Jinping said Saturday that China will contribute $40 billion to its new Silk Road Fund designed to improve trade and transport links in Asia, according to the official Xinhua news agency.

    The announcement of how much money China will invest in the new fund comes on top of a $50 billion Asian Infrastructure Investment Bank that China established last month with 20 other nations. Mr. Xi said this past week that the bank and the new Silk Road Fund would help to finance China’s plans to develop a “Silk Road Economic Belt” and a “21st Century Maritime Silk Road.”

    The “Economic Belt” is a network of highways, railways and other critical infrastructure linking China to Central and South Asia, the Mideast and Europe. The maritime route entails building or expanding ports and industrial parks in Asia, the Mideast, Africa and Europe.

    Together, analysts have said, the plans are designed to put China at the center of Asian trade and transport and secure more opportunities for major Chinese construction and engineering firms.

    The goal of the Silk Road Fund is to “break the connectivity bottleneck” in Asia, Xinhua quoted Mr. Xi as telling a meeting in Beijing that included the leaders of Bangladesh, Cambodia, Laos, Mongolia, Myanmar, Pakistan and Tajikistan.

  • kai

    November 15, 2014 at 8:49 am

  • kai

    November 17, 2014 at 2:47 am

    ဘင်္ဂါလီ ရိုဟင်ဂျာအရေးကို တွန်းတင်ခဲ့ကြပေမယ့် . . .
    Published on: November 16, 2014
    Written by:
    နေထွန်းနိုင်

    (၁)
    ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ စုဝေးခဲ့ပါတယ်။ အာဆီယံထိပ်သီးနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေကို တက်ခဲ့ကြတာပါ။ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ဆွေးနွေးပွဲတွေဖြစ်လို့ ပြည်သူတွေကြားထဲ ဒီဆွေးနွေးပွဲ အကြောင်းအရာတွေ လွှမ်းမိုးခဲ့တာ မရှိပါဘူး။ လွှမ်းမိုးလောက်တဲ့ သတင်းတွေလည်း မရှိခဲ့ပါဘူး။

    ဒါပေမဲ့ မြန်မာနိုင်ငံကိုလာရောက်တဲ့ နိုင်ငံတကာခေါင်းဆောင်တွေရဲ့ မြန်မာနိုင်ငံအပေါ်မှတ်ချက်တွေက လှုပ်ခတ်မှုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ အိုဘားမား၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့ရဲ့ ပြောကြားချက်တွေက လှုပ်ခတ်ခဲ့ပါတယ်။

    (၂)
    မြန်မာနိုင်ငံအတွက် အခုချိန်အရေးကြီးဆုံးက နောက်ကြောင်းပြန်မလှည့်ရေး ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ ရပ်တန့်တယ်။ ပြည်သူလူထုရဲ့ ဆင်းရဲမွဲတေမှု မြင့်မားနေတယ်။ မတရားမှုတွေ နေရာအနှံ့ ရှိနေသလို မီဒီယာတွေ ဖိနှိပ်ခံနေရပါတယ်။

    ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲက သန့်ရှင်းမျှတမှု ရှိရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရပါမယ်။ ငြိမ်းချမ်းရေးရဖို့ လိုအပ်ပါတယ်။ ကျန်တဲ့အရာတွေကို ၂ဝ၁၅ ခုနှစ်နောက်ပိုင်းမှာ ဖြေရှင်းကြရမှာပါ။

    ဒါကြောင့်ပဲ သမ္မတအိုဘားမား၊ မစ္စတာဘန်ကီမွန်တို့ရဲ့ ပြောကြားချက်တွေမှာ ဒီအချက်တွေကို ဦးတည်ခဲ့ပါတယ်။
    – See more at: http://news-eleven.com/politic/%E1%80%98%E1%80%82%E1%81%A4%E1%80%AB%E1%80%9C%E1%80%AE-%E1%82%90%E1%80%AD%E1%80%AF%E1%80%9F%E1%80%84%E1%80%B9%E1%80%82%E1%80%BA%E1%80%AC%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%90%E1%80%84%E1%80%B9%E1%80%81%E1%80%B2%E1%80%B7%E1%81%BE%E1%80%80%E1%80%B1%E1%80%95%E1%80%99%E1%80%9A%E1%80%B9%E1%80%B7#sthash.aJtQiRJ8.dpuf

    • kai

      November 25, 2014 at 2:17 pm

      သမ္မတအိုဘားမားက.. အမေရိကန်ကလေးတွေရဲ့..မိဘတွေကို.. နေထိုင်ခွင့်ပေးဖို့အတွက်အမိန့်ထုတ်တဲ့သတင်းပါ..။
      ယူအက်စ်ဥပဒေအရ.. အမေရိကမြေမှာမွေးရင်.. အမေရိကန်တန်းဖြစ်ပါတယ်..။
      အဲဒါနဲ့.. ခိုးဝင်လာကြတဲ့.. လူတွေကမွေးတဲ့ကလေးတွေ..အမေရိကန်တွေဖြစ်ကြသပေါ့..။
      natural-born citizen လို့ခေါ်တယ်..။ သမ္မတအထိလုပ်လို့ရတဲ့သူတွေပေါ့..။
      အသက်ကြီးမှရောက်လာပြီး.. စစ်ဒဇင်လျှောက်.. အမေရိကနိုင်ငံသားဖြစ်သူတွေကတော့.. သမ္မတဖြစ်ခွင့်မရှိပါ…တဲ့..။

      အဲဒီလိုသမ္မတရဲ့အမိန့်အရ နေခွင့်ပေးရင်.. ခိုးဝင်နေထိုင်နေတဲ့..လူ၅သန်းလောက်က.. အမေရိကားမှာတရားဝင်နေထိုင်ခွင့်ရသွားမှာဖြစ်ပါတယ်…တဲ့..။
      ဒီအမိန့်ကို.. အိုဘားမားထုတ်တာ.. လွှတ်တော်(ကွန်ဂရက်-စိနိတ်) ကအမတ်တွေအများစုဖြစ်တဲ့.. ရီပါပဗလစ်ကန်င်ပါတီက.. ဥပဒေပြုအမတ်တွေသဘောမတူတာမို့.. ပြသနာတွေဖြစ်ကြတဲ့သတင်းတွေပါတက်လာပါတယ်…။
      တကယ်တော့ ဒီလိုအမိန့်မျိုး.. ရီပါ့ဗလစ်ကန်င်ပါတီက.. ရော်နယ်ရီဂင်သမ္မတဖြစ်တုုံးထုတ်ဖူးပါတယ်..။

      ဆိုတော့…
      ဘာတွေဆက်ဖြစ်မလည်း.. မသိ..။ :i:

  • ဦးကြောင်ကြီး

    November 24, 2014 at 7:33 am

    အူးမာမွတ်
    ထူးလျှာပွတ်
    ဗူးစာသွပ်
    လူးခါတွတ်..
    မြူ းရာချွတ်
    ဒူးနာလွှတ်
    ဟူးရာကွတ်
    ခြူ းအာထွဋ်..

  • kai

    November 25, 2014 at 2:07 pm

    Ferguson Police Officer Not Charged in Black Teen’s Shooting
    Wall Street Journal – ‎5 minutes ago‎

    Violence Flares in St. Louis Suburb After Grand Jury Declines to Indict Darren Wilson in Michael Brown’s Death. The town of Ferguson reacts after a grand jury declined to indict a white police officer in the shooting of an unarmed black teenager.

    • kai

      November 25, 2014 at 2:12 pm

      ဩဂုတ်လဆန်းက.. မိုက်ကယ်ဘရောင်းဆိုတဲ့..အမဲကောင်လေးကို.. အဖြူရဲက..ပစ်လိုက်လို့သေတဲ့အမှု.. ဂျူရီလူကြီးတွေက.. အဖြူရဲမှာအပြစ်မရှိဆုံးဖြတ်လိုက်လို့.. ပေါက်ကွဲထွက်ကုန်တဲ့သတင်းပါ…။
      သမ္မတလည်း.. ဝင်တောင်းပန်မရ..။ မိုက်ကယ်ရဲ့မိသားစုကလည်းတောင်းပန်မရ…။

      ယူအက်စ်စနစ်က.. ပြည်နယ်..မြို့.. သူ့အုပ်ချုပ်ရေးစနစ်နဲ့သူမို့.. ဖယ်ဒရယ်အစိုးရက.. ပြည်နယ်..မြို့နယ်တရားရေးက.. ဘယ်လိုဆုံးဖြတ်ရင်.. ဘာဖြစ်မယ်သိသိနဲ့.. ဝင်ရှုပ်လို့မရ..။
      ဆိုတော့…
      နယူးယောက်..ဆန်ဖရန်..။ ချီကာဂို.. အယ်လ်အေပါကူးလာပြီးပြသနာတွေတက်ကုန်ကြသဗျို့…

      မြန်မာပြည်က…ကိုပါကြီးအမှုတောင်.. သတိရမိ..။ :i:

  • kai

    December 1, 2014 at 5:33 am

    Aide to GOP lawmaker apologizes for Facebook post ripping Obama daughters
    The communications director for a Republican member of Congress had to apologize Saturday for a Facebook post critical of the first daughters during President Barack Obama’s Thanksgiving address earlier this week.

    Elizabeth Lauten wrote in a now-deleted Facebook post Friday that Malia and Sasha Obama, aged 16 and 13 respectively, should “try showing a little class” and described their outfits as more appropriate for “a spot at the bar.”

    “Rise to the occasion. Dress like you deserve respect … And certainly don’t make faces during televised, public events.” added Lauten, who works for Rep. Stephen Fincher, R-Tenn. The communications pro also took a shot at President Obama and the first lady, writing “your mother and father don’t respect their positions very much, or the nation for that matter, so I’m guessing you’re coming up a little short in the ‘good role model’ department.”

    The girls accompanied their daughter to Wednesday’s ceremony, in which he pardoned two turkeys named Mac and Cheese. The tradition of Thanksgiving turkeys being presented to the president dates back to 1947, with the turkey pardon being permanently instituted in 1989.

    Lauten later apologized for her original post, writing “I quickly judged the two young ladies in a way that I would never have wanted to be judged myself as a teenager. After many hours of prayer, talking to my parents, and re-reading my words online I can see more clearly just how hurtful my words were. … I pledge to learn and grow (and I assure you I have) from this experience.”

    • kai

      December 2, 2014 at 12:24 am

      နှုတ်ထွက်သွားပြီဖြစ်ပါကြောင်း…။
      =
      GOP Staffer Elizabeth Lauten Resigns Following Comments About Sasha, Malia …
      Huffington Post – ‎1 hour ago‎

      Elizabeth Lauten, the communications director for Rep. Stephen Fincher (R-Tenn.), resigned Monday following a Facebook post that criticized Malia and Sasha Obama’s appearance at the annual White House turkey pardon ceremony, according to NBC ..

      • မြစပဲရိုး

        December 2, 2014 at 1:33 am

        အော ဒီမှာ လာပြီး ပြောနေသကိုး။
        ဒီ အသက်အရွယ် နဲ့ ဒီလို မပြောသင့်တာ သာမာန် လူလဲ မဟုတ်။
        သူတို့ Republican က Bush ရဲ့ သမီး ကမှ ပိုတောင် ဆိုးသေး။
        http://www.dailymail.co.uk/news/article-2855395/Twitter-hits-GOP-staffer-called-Sasha-Malia-Obama-classless-pictures-Jenna-Bush-sarcastic-hash-tag-classy.html
        သမ်းနေတယ်။
        လက်နှစ်ချောင်း ထောင်ပြတယ်။
        🙄

        • pooch

          December 2, 2014 at 12:33 pm

          ဒါဆို ပရော်ဖက်ရှင်နယ် နဲ့ ပါစင်နယ် ခွဲမရသေးတာလား သူတို့က
          ပြောတော့ဖြင့် ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ် သတ်သတ်ဆို :loll:

          ကလေးကတော့ ကလေးပဲလေ ဘုရင့်သမီးမကလို ဘာဖြစ်ဖြစ်
          သားသမီးမကောင်းတော့ မိဘခေါင်းပေါ့ :mrgreenn:

          ပြောဖူးပါတယ် လေးစားခံရမဲ့နေရာရောက်နေရင် လေးစားခံရမဲ့အပြုအမူတော့ ရှိနေမှလို့

          လူတွေကလည်း လူတွေပဲ ဘာမှ ပြောစရာမရှိရင် ဂျပိုးကိုလိပ်လုပ်နေတာ
          မျက်စိဒေါက်ထောင့်ကြည့်နေတာ

          reactive မျက်လုံးတွေ အောက်က အမေစုက ပိုတောင် သနားစရာကောင်းသေးတယ် ;'(

        • kai

          December 2, 2014 at 2:47 pm

          နိုင်ငံရေးထဲ.. ကလေးဆွဲသွင်းတာ.. အမေရိကန်တွေမကြိုက်သမို့.. နှုတ်ထွက်ပေးလိုက်ရတဲ့အထိ.. ဖြစ်သွားတာပါ..။

          တကယ်တော့.. သမ္မတကလည်း.. အကြောကြီးနဲ့.. ကွန်ဂရက်ကိုဂရုမစိုက်ပဲ.. ခိုးဝင်သူတွေကို.. နေခွင့်တွေပေးပစ်တာမို့.. တော်တော်မုန်းနေကြတာလည်း.. ပါပုံရပါတယ်..။

          ဒီဇင်ဘာထဲ.. အိုးဘားမားအစိုးရကို.. ပိတ်သိမ်းပစ်မလား.. စောင့်ကြည့်ကြရမယ်ဖြစ်ပြီး… ၂၀၁၅ထဲတော့.. ပွဲကြီးပွဲကောင်းများ.. တွေ့မြင်ရဖွယ်ရှိကြောင်း..။

Leave a Reply