​အပြစ်​

ko sixNovember 5, 20141min1004

ဟိတ်​…
တိတ်​တိတ်​​နေကြ
ငါ့ချစ်​သူအိပ်​​နေတယ်​
ဗန်​ဂိုးချစ်​တဲ့အဝါ​ရောင်​ကလွဲရင်​
ဘယ်​သူမှ မဲမ​ပေးရ
ငါ့ဆန္ဒအရ
သူမကိုချစ်​ခဲ့တာ
ကြားဖြတ်​​ရွေး​ကောက်​ပွဲလား
ငါနဲ့ချစ်​သူကြားမှာအမှိုက်​
ကဲ
ရိုက်​ချင်​လဲရိုက်​ခဲ့​တော့
ဇာတ်​တိုက်​ပြီးမှ
ချစ်​ခဲ့ကြတာ​တော့မဟုတ်​ရယ်​။
ကိုစစ်​

4 comments

  • ကေဇီ

    November 5, 2014 at 8:45 am

    ချစ်ခြင်းသက်သက်မှာ အပြစ်ကင်းတယ် ဆိုတာတော့ လက်ခံထားတယ်။

    :k:

  • အလင်းဆက်

    November 5, 2014 at 9:32 am

    တခါတခါကျတော့လည်း.. ဇာတ်တိုက်ပြီးမှ ချစ်ပြတဲ့ ဇာတ်လမ်းတွေက…
    ကြည့်လို့တော့ အကောင်းသားရယ်…

    :k:

  • Yae Myae Tha Ninn

    November 5, 2014 at 4:18 pm

    ဘယ်ခေတ်ပဲ ဖြစ်ဖြစ်… အချစ်မပျက်ပါဘူး… ထမင်းငတ်လဲ ချစ်မှာပဲ… ဗုံးသံကြားထဲလဲ ချစ်မှာပဲ… အချစ်က အချစ်… နိုင်ငံရေးက နိုင်ငံရေးပါ… 🙂

Leave a Reply