ခဏ​လောက်​

ko sixNovember 6, 20141min1305

​လေညွှန်​တံကို ဘယ်​မှမပြ​စေနဲ့
ယူ​ရေနီယံကို ဘယ်​သူမှ မသန်​့စင်​​စေနဲ့
ဝီကီပီဒါကို ဘယ်​မှ မဖွင်​့​စေနဲ့
လယ်​​မြေကို ဘယ်​သူမှ သီးနှံမစိုက်​​စေနဲ့
ကာဗွန်​ဒိုင်​​အောက်​ဆိုက်​ကို ဘယ်​သူမှ မဝယ်​​စေနဲ့
အားလုံး ခဏ​လောက်​လေး
သမ္မတ​ရွေးကြရ​အောင်​
မြစ်​ကမြစ်​လိုမစီးတာ​တွေ
အချစ်​ကအချစ်​လိုမစီးတာ​တွေ
ကြာလာရင်​
ဖြစ်​သလိုကြီးနဲ့ပြီးသွားမှာစိုးလို့ပါ
ခဏ​လောက်​
ထမင်​းတစ်​နပ်​​လျှော့စားပြီး
ကျန်​တဲ့ပါးကို
ထပ်​အရိုက်​ခံလိုက်​
​လော​လောဆယ်​
ခ​လောက်​ဘယ်​သူ့ဆွဲ​ပေးရမလဲ
မိုးတဆုံး​မြေတဆုံး စဉ်​းစားတုန်​း ။
ကိုစစ်​

5 comments

  • အလင်းဆက်

    November 6, 2014 at 6:22 pm

    ကောင်းလိုက်တဲ့ ကဗျာလေး
    ” ဒုတ်ဒုတ်တိုက် ” ပါပဲ
    ရင်ထဲ ရောက်သွားတယ်။

    အဲ့ဒီလို ပြောရင် လုံလောက်ပါ့မလား. . .

  • Yae Myae Tha Ninn

    November 7, 2014 at 9:07 am

    ဆုတ်ကပ်လို့ ပြောချလိုက်ရမလား.. ကိုစစ်… 🙂

  • uncle gyi

    November 7, 2014 at 11:05 pm

    ဖြစ်သလိုကြီးနဲ့ပြီးသွားဒါကြာခဲ့ပြီပဲကိုစစ်ရယ်

  • မြစပဲရိုး

    November 8, 2014 at 2:49 pm

    လောလောဆယ်တော့ ဘာမှန်းမသိတဲ့ ခလောက် ကိုယ့်ဟာကိုဘဲ ဆွဲထားလိုက်တယ်။
    အသုံးမကျတဲ့ အထဲ ကိုယ်လဲ တစ်ယောက် အပါမို့။

    စကားလုံး အသုံးတွေ က အတော်မိုက်ပါ့ ကိုစစ်ရေ။

Leave a Reply