မိုးကောင်းကင်အောာက်

မင်းရောက်လာမလား

မျှော်စောင့်စားလည်း

ခွဲသွားသူက ပြန်မလာ ၊

တိမ်ပြာပြာကြား

မင်းလားလို့တွေး

ငေးနေသော်လည်း

ထားခဲ့သူက အဝေးမှာ ၊

စီးနေဆဲ မြစ်ရေ

အသစ်တွေဖြစ်ခဲ့ပေမယ့်

ချစ်ခဲ့လေတဲ့ သူ

အပြစ်တွေဖွဲ့

ပစ်လေတဲ့ အမုန်းမြား

ငါ့အား ထိမှန်

မချိ ပြန် ငမိုက်သားမျိုး

ဘာအားကိုးနဲ့ စောင့်လေသလဲ

သဲကွဲခြင်း မရှိ

ပီဘိအရူးပမာ

ထူးမလာတာသိပေမယ့်

ငြိနေဆဲ သံယောဇဉ်

အမှန်ကော ထင်သလား ဟင်  ၊

Photo1394

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..