သူငယ်​ချင်းသိပါ​စေ

အားမငယ်​ပါနဲ့ အများသူငါအလည်​မှာ
မင်းတစ်​​ယောက်​ထဲမဟုတ်​ဘူး​လေ
မာန်​မ​ထောင်​ပါနဲ့ သူတို့တစ်​​တွေကဟန်​​ဆောင်​အပြုံး​တွေပါကွာ
သူငယ်​ချင်း ဆူးဆိုတာလူတိုင်းမုန်းတဲ့အကျင့်​​ပေါ့

အမြင့်​မ​ရောက်​​သေး​တော့လဲ ​လေတိုက်​စမြဲပါ
မင်းအ​ခြေခိုင်​​အောင်​ကြိုးစားပါ​နော်
ဘဝခရီးလမ်းမ​ဖြောင့်​ဖြူးလို့ ​ကျောက်​ဆူး​​တော့မချလိုက်​ပါနဲ့ဦး
မိုး​ကောင်းကင်​မပြိုသ​ရွှေ့​တော့ ငိုစရာအ​ကြောင်းမရှိပါဘူး​လေ

မချစ်​လို့ပြစ်​သွားတဲ့သူ မကြင်​နာလို့ရင်​မှာမရှိ​တော့တဲ့သူ
အလွမ်း​ပေးလို့ကျန်​ရစ်​သူ မင်းခံစစ်​ထားတက်​ဖို့လိုပြီ​လေ
ပန်းတိုင်​တစ်​​ကွေ့မှာ အလှမ်းကိုင်​မိ​စေဖို့
မင်းနှလုံးသားကြံ့ကြံ့ခိုင်​နိုင်​ပါ​စေ သူငယ်​ချင်း

ကာရံ ၈့ ၁၁့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..