အနှစ်နဲ့အကာ

aye.kkNovember 10, 20141min20112

အနှစ်နဲ့အကာ

 

အုန်းသက်က တစ်ရာ…
သားသ္မီးဆိုတာ ခဏတာ…
အချိန်တန် တောင်စုံပြန်တော့ ပျံကြစမြဲသာ။

 

အနှစ်နဲ့အကာ ခွဲခြားကာ ကွဲပြားသိစေတဲ့ တရားအရိပ်ကိုရှာ နောင်သံသရာ အေးစေဘို့လေး။

 

12 comments

  • တောင်ပေါ်သား

    November 10, 2014 at 4:26 pm

    လောလောဆယ်တော့ သားသမီးတွေ

    အတောင်စုံစုံနဲ့ ကောင်းကောင်းပျံနိူင်ရေး

    ပြုစုပျိုးထောင်ပေးနေရဆဲပါ ၊

  • Yae Myae Tha Ninn

    November 10, 2014 at 4:57 pm

    မန့်ဖို့ … ငယ်နေသေးသလားလို့… 🙂

  • kai

    November 10, 2014 at 4:59 pm

    မြန်မာတွေအသက်ကြီးလို့.. တရားရိပ်ရှာတယ်… ဆိုတာ…
    အင်း..
    နိုင်ငံတကာအမြင်နဲ့ကြည့်ရင်… တော်တော်အတ္တကြီးတာပဲလို့.. ထင်မှာပဲ…

    သံသရာကို.. ရှိနေပါတယ်တွေးပြီး.. မဖြတ်နိုင်တာကို… က… သံသရာ…။ :k:

  • မြစပဲရိုး

    November 10, 2014 at 10:42 pm

    ကိုယ် လဲ မိဘ ရဲ့ အသိုက်က ခွဲ ခဲ့ဘူးပြီ။
    ကိုယ့်ကို ခွဲ သွားမဲ့ အကြောင်း အတွက် လဲ ရင်ဆိုင်ရဲ ရပေမပေါ့ အစ်မရေ။

  • အလင်းဆက်

    November 11, 2014 at 9:41 am

    အနှစ်လား..
    စားလို့ ကုန်ပြီ

    ထပ် စားချင်သေးတယ်… ။

  • ဦးဦးပါလေရာ

    November 11, 2014 at 11:19 am

    .အပြင်လူအနေနဲ့ ကြည့်ရင် သားသမီးတွေ တနေ့လဲ သွားမယ့်အတူတူ မြန်မြန် သူ့လမ်းသူသွားတာကောင်းတယ်..
    .အဲဒါမှ ကိုယ့်မှာ ကျန်တဲ့အချိန်လေး ကိုယ့်အတွက်ကျန်မှာ….
    .ကိုယ်တိုင်အနေနဲ့ဆိုရင်တော့ ..
    .သားသမီးတွေကို ဘယ်လောက်လေးပဲ ဖြစ်ဖြစ် ခဏလေးပဲဖြစ်ဖြစ် ကိုယ့်ရင်ခွင်ထဲထားချင်သေးတာ…

  • aye.kk

    November 11, 2014 at 4:21 pm

    တောင်ပေါ်သားရေ
    အချိန်တန်ပြီဆိုတော့လေ
    ကိုယ်လည်းကိုယ့်အတွက် လုပ်မှရမယ်

    သူကြီးခိုင်
    အတ္တကြီးတယ်ပြောပြော သံသရာ
    ကြောက်ပါတယ်

    အလင်းဆက်ရေ
    အကာဆိုတာ ဗလာပါ
    လက်ချည်းသွားကြရမှာ

    မြစပဲရိုး

    ကိုယ်ပြုထားတဲ့ကံအတိုင်း
    ပြန်ပေးဆပ်ရတာ တရားအရိပ်က
    အေးမြဆုံးပါပဲ

    ဦးဦးပါလေရာ

    မိနဲ့ဖဆိုတော့ ကိုယ်ကပိုပြီးတော့ခံစားမိတာ။

  • Novy

    November 11, 2014 at 4:48 pm

    သမီးလေး လှပတဲ့ အတောင်ပံတစ်စုံနဲ့ မိုးမြင့်ယံကိုပျံသန်းစေဖို့ ပြုစုပျိုးထောင်နေမိရင်
    တကယ်များပျံသန်းသွားရင်တော့ ကိုယ့်ဆီကိုယ် ပြန်လာနိုးနဲ့ မျော်ကိုးမိမလားတော့မသိသေးဘူးပေါ့လေ…

  • aye.kk

    November 11, 2014 at 9:12 pm

    ​မျှော်​မိမှာ အ​သေအချာပါပဲ။

  • ခင် ခ

    November 11, 2014 at 9:37 pm

    တစ်ချိန်ချိန်မှာခွဲရမှာဘဲ ဒီသင်္ခ ါရတရားတွေ

  • aye.kk

    November 12, 2014 at 1:01 am

    မပြတ်​နိုင်​တဲ့သံ​ယောဇဉ်​
    နွယ်​အမျှင်​တန်​းကိုဖြတ်​နိုင်​တာ ဝိပဿ နာ
    ဘာဝနာ ဆိုတဲ့တရားဓမ္မသာ။

    • kai

      November 12, 2014 at 4:28 am

      ဝိပဿနာဆိုတာ.. ကမ္ဘာ့ဗုဒ္ဓသာသနာဝင်အများစု(အများစု) လက်ခံထားကြတာကတော့. လယ်တီဆရာတော်ကြီးရဲ့.. modern Theravada practice ပဲ..
      အရီးအေးက.. တခြားကိစ္စတွေမှာသာ.. ရှေးရိုးစွဲတယ်..။ ဘာသာရေးမှာ.. မိုဒမ်တော့ဖြစ်သား..။ :k:

      Vipassanā-meditation is a modern Theravada practice, reintroduced by Ledi Sayadaw and Mogok Sayadaw and popularized by Mahasi Sayadaw,[3][4][5] S. N. Goenka and the Vipassana movement, [6] in which mindfulness of breathing and of thoughts, feelings and actions are being used to gain insight in the true nature of reality. Due to the popularity of Vipassanā-meditation, the mindfulness of breathing has gained further popularity in the west as mindfulness.

Leave a Reply