မိုးညှင်း သမ္ဗုဒ္ဓေဘုရား

weiweiNovember 10, 20146min25411

မုံရွာခရီးအကြောင်းမှာ သမ္ဗုဒ္ဓေဘုရားကို နောက်ဆုံးမှ တင်ဖြစ်ခဲ့တာကတော့ ဓါတ်ပုံတွေကို စိတ်တိုင်းမကျခဲ့လို့ .. အဲဒီနေရာကို ကိုယ်တိုင်ရောက်သွားသလို ခံစားရအောင် ပုံဖော်ပေးချင်တဲ့စိတ်နဲ့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်းကြိုးစားကြည့်တော့ ရှင်းပြရခက်နေခဲ့ပါတယ်။ အဲဒါကြောင့် ဒီအတိုင်းပဲ ဖိုတိုအက်ဆေးလိုပဲ တင်လိုက်ပါတော့မယ် ..

မုံရွာမြို့ကနေ ၄ မိုင်လောက်ပဲ ကွာဝေးပါတယ်။ ဗောဓိတစ်ထောင်ဆီကိုဖြတ်လမ်းရှိပြီး ရ မိုင်ပဲ ဝေးတယ်လို့ သိရပါတယ်။ လမ်းတွေအတော်ကောင်းနေပါပြီ။ ကျွန်မအတွက် ၄ ကြိမ်မြောက်ရောက်ဖူးခဲ့တာဖြစ်လို့ တစ်ကြိမ်နဲ့တစ်ကြိမ် ပိုပြီးတောက်ပလာတာကို သတိထားမိလိုက်တယ်။ အရောင်တွေစပ်ထားပုံနဲ့ အဆောက်အဦးလက်ရာကတော့ တခြားဘုရားတွေနဲ့မတူပဲ တမူထူးခြားနေပါတယ်။

ပုံ (၁) ရောက်ရောက်ခြင်း အပေါက်ဝမှာ စတွေ့တာက ဆေးခန်းတစ်ခုရဲ့ ဝင်ပေါက် .. ကျားပုံတွေနဲ့မို့ ကြည့်လိုက်တော့ ကျားဘမ်းပရုတ်ဆီက လှူခဲံတာတဲ့ ..
ပုံ (၁) ရောက်ရောက်ခြင်း အပေါက်ဝမှာ စတွေ့တာက ဆေးခန်းတစ်ခုရဲ့ ဝင်ပေါက် .. ကျားပုံတွေနဲ့မို့ ကြည့်လိုက်တော့ ကျားဘမ်းပရုတ်ဆီက လှူခဲံတာတဲ့ ..
ပုံ (၂) မုခ်ဦးပေါက်ကနေ ဝင်ကြည့်လိုက်တဲ့အခါ ခမ်းနားထည်ဝါသောအဆောက်အဦးတစ်ခု .. (အပေါက်ဝမှာ တရုတ်ကြီးပုံထုထားတယ်)
ပုံ (၂) မုခ်ဦးပေါက်ကနေ ဝင်ကြည့်လိုက်တဲ့အခါ ခမ်းနားထည်ဝါသောအဆောက်အဦးတစ်ခု .. (အပေါက်ဝမှာ တရုတ်ကြီးပုံထုထားတယ်)
ပုံ (၃) အနီးဆုံးအပေါက်က စဝင်ခဲ့လိုက်တယ်
ပုံ (၃) အနီးဆုံးအပေါက်က စဝင်ခဲ့လိုက်တယ်
ပုံ (၄) အထဲကို ဝင်ချင်ရင် ကြိုက်တဲ့အပေါက်က ဝင်လို့ရပါတယ်
ပုံ (၄) အထဲကို ဝင်ချင်ရင် ကြိုက်တဲ့အပေါက်က ဝင်လို့ရပါတယ်
ပုံ (၅) လက်ရာတွေက တော်တော်အနုစိပ်တယ်
ပုံ (၅) လက်ရာတွေက တော်တော်အနုစိပ်တယ်
ပုံ (၆) အပြင်မှာ တွေ့တာတွေကို ဟိုရိုက်ဒီရိုက်ပဲ ..
ပုံ (၆) အပြင်မှာ တွေ့တာတွေကို ဟိုရိုက်ဒီရိုက်ပဲ ..
ပုံ (၇) အထဲကို ဝင်လိုက်ပါပြီ
ပုံ (၇) အထဲကို ဝင်လိုက်ပါပြီ
ပုံ (၈) ဘုရားတွေ အများကြီးပဲ
ပုံ (၈) ဘုရားတွေ အများကြီးပဲ
ပုံ (၉) ဒေါင့်စုံအောင် ရိုက်ပြချင်လို့ ..
ပုံ (၉) ဒေါင့်စုံအောင် ရိုက်ပြချင်လို့ ..
ပုံ (၁၀) ဒါမျိုးတွေ အများကြီးပဲ
ပုံ (၁၀) ဒါမျိုးတွေ အများကြီးပဲ
ပုံ (၁၁) ဘုရားလေးတွေ ဝယ်လှူလို့ရတယ်
ပုံ (၁၁) ဘုရားလေးတွေ ဝယ်လှူလို့ရတယ်
ပုံ (၁၂) အရွယ်အစားမျိုးစုံ ဝယ်လှူလို့ရပါတယ်
ပုံ (၁၂) အရွယ်အစားမျိုးစုံ ဝယ်လှူလို့ရပါတယ်
ပုံ (၁၃) အပြင်ကနေ ပြန်ကြည့်တယ်
ပုံ (၁၃) အပြင်ကနေ ပြန်ကြည့်တယ်
ပုံ (၁၄) အနီးကပ်လဲ ကြည့်လိုက်သေးတယ်
ပုံ (၁၄) အနီးကပ်လဲ ကြည့်လိုက်သေးတယ်
ပုံ (၁၅) အရောင်စပ်တာ တော်လိုက်တာနော် ..
ပုံ (၁၅) အရောင်စပ်တာ တော်လိုက်တာနော် ..
ပုံ (၁၆) ဒါက တစ်နေရာ (ပန်းရောင်လေးမို့ ကျွန်မတော်တော်ကြိုက်ခဲ့တယ်)
ပုံ (၁၆) ဒါက တစ်နေရာ (ပန်းရောင်လေးမို့ ကျွန်မတော်တော်ကြိုက်ခဲ့တယ်)
ပုံ (၁၇) စာကိုဖတ်ကြည့်ပါ .. ထူးခြားလို့ မှတ်တမ်းတင်ခဲ့ပါတယ်
ပုံ (၁၇) စာကိုဖတ်ကြည့်ပါ .. ထူးခြားလို့ မှတ်တမ်းတင်ခဲ့ပါတယ်
ပုံ (၁၈) လျှောက်ကြည့်ချင်စရာ ..
ပုံ (၁၈) လျှောက်ကြည့်ချင်စရာ ..
ပုံ (၁၉) မိုးညှင်းဆရာတော်ဘုရားကြီးပြခန်းထဲမှ ဆရာတော့်ပုံတော်
ပုံ (၁၉) မိုးညှင်းဆရာတော်ဘုရားကြီးပြခန်းထဲမှ ဆရာတော့်ပုံတော်
ပုံ (၂၀) အတွင်းဘက်မှာလဲ ဘုရားတွေ ရှိသေးတယ်
ပုံ (၂၀) အတွင်းဘက်မှာလဲ ဘုရားတွေ ရှိသေးတယ်
ပုံ (၂၁) အရောင်သိပ်မတောက်ဘူး
ပုံ (၂၁) အရောင်သိပ်မတောက်ဘူး
ပုံ (၂၂) ဆေးရောင်ခပ်မှိန်မှိန်ပေမယ့် စွဲဆောင်မှုရှိပါတယ်
ပုံ (၂၂) ဆေးရောင်ခပ်မှိန်မှိန်ပေမယ့် စွဲဆောင်မှုရှိပါတယ်
ပုံ (၂၃) စိတ်ဝင်စားစရာလက်ရာ
ပုံ (၂၃) စိတ်ဝင်စားစရာလက်ရာ
ပုံ (၂၄) လက်ရာတွေကတော့ ခပ်ဆန်းဆန်းပဲ ..
ပုံ (၂၄) လက်ရာတွေကတော့ ခပ်ဆန်းဆန်းပဲ ..
ပုံ (၂၅) ဘုရားဖူးလာသူတွေ တည်းခိုနိုင်တဲ့ အခမဲ့တည်းခိုခန်းတွေ ..
ပုံ (၂၅) ဘုရားဖူးလာသူတွေ တည်းခိုနိုင်တဲ့ အခမဲ့တည်းခိုခန်းတွေ ..

အားလုံးနှံ့အောင် လှည့်ကြည့်မယ်ဆိုရင်တော့ အနဲဆုံး (၁) နာရီလောက် အချိန်ယူရပါလိမ့်မယ် .. သမိုင်းကြောင်းလိုက်ပြောပေမယ့် ပန်းသည်ကလေးတွေရှိပါတယ် .. ကျွန်မကတော့ ဓါတ်ပုံရိုက်ဖို့သာ အာရုံများနေခဲ့တာမို့ နားမထောင်ဖြစ်ခဲ့ဘူး ..

အတွေးထဲမှာတော့ ချမ်းသာလိုက်ကြတာလို့ .. ဗိသုကာလက်ရာတွေလဲ ကောင်းလိုက်တာလို့ .. နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို စွဲဆောင်နိုင်တဲ့ နေရာတစ်ခုမို့လို့ ကျေနပ်အားရစိတ် ဖြစ်ခဲ့ပါတယ် …

ဒီပို့စ်နဲ့ပဲ မုံရွာခရီးစဉ်ကို အဆုံးသတ်လိုက်ပါတော့မယ် …

အားလုံးပဲ ကျမ်းမာ ချမ်းသာ ကြပါစေလို့ ဆန္ဒပြုရင်း ….

11 comments

  • ဂျက်စပဲရိုး

    November 11, 2014 at 5:33 am

    ဗိသုကာ လက်ရာ တွေ က အတော် ခန့်ခန့်ထည်ထည် ရှိတာပဲဗျ။
    ပုံ ၁ နဲ့ ၂ က ဆေးရုံ ဆေးပေးခန်းလားဟင်
    ဘုရား ပရဝဏ် ထဲမှာ ရှိ နေတဲ့ ဆေးပေးခန်း ထင်ပ
    အဲ့ဒီ ဒီဇိုင်း ကြိုက်တယ်
    နောက်ပြီး ပုံ ၁၃ ၁၄ ၁၅ က လက်ရာတွေ လဲ သဘောကျ။

    အဲ့ဒီကို သွားမယ် သွားမယ် နဲ့ တစ်ခါမှ မရောက်သေးဘူး။

    • weiwei

      November 11, 2014 at 8:13 am

      ကျန်းမာရေးဆေးပေးခန်းလို့ ရေးထားတာတွေ့တော့ ထင်တာကတော့ အခမဲ့ဆေးခန်းဖြစ်မှာပါ ..
      ဒီဇိုင်းတွေ အရောင်တွေ စွဲဆောင်မှု တော်တော်ရှိလို့ ရောက်ဖြစ်ရင် နှစ်သက်မယ့် နေရာတစ်ခုပါ ..

  • Yae Myae Tha Ninn

    November 11, 2014 at 8:58 am

    ငယ်ငယ်က ရောက်ဖူးတယ် မမှတ်မိတော့ဘူး… ထပ်သွားဖို့ တေးထားလိုက်ပြီ… ကျေးဇူးပါ… လိုက်ပို့ပေးလို့… 🙂

  • အလင်းဆက်

    November 11, 2014 at 9:19 am

    အဝါနဲ့ အနီရောင်တွေကို..တော်တော် ခြယ်သထားတော့…
    အမြင်က တမျိုးဆန်းနေတယ်…

    တရုတ်ဘုံကျောင်းနဲ့တောင် ဆင်သလိုလို….

    :k:

  • kyeemite

    November 11, 2014 at 9:23 am

    .မိုးညှင်း သမ္ဗုဒ္ဓေဘုရားက အနီရောင်များတော့ မြန်မာသိပ်မဆန်ပဲ တရုတ်ဘုရားနဲ့တူနေသလိုပဲ
    .မရောက်ဖူးသေးဘူးဗျာ…ဘုရားဖူးရလို့ကျေးဇူးပါ
    .အရောင်မှိန်မှိန်နဲ့ပုံတွေပိုသဘောကျမိတယ်

    • weiwei

      November 11, 2014 at 11:27 am

      စတင်တည်ထောင်ခဲ့သူတွေက တရုတ်လူမျိုးတွေဖြစ်ပါလိမ့်မယ် ..
      အဲဒါကြောင့် တရုတ်ဆန်နေတာ ..

  • ဦးဦးပါလေရာ

    November 11, 2014 at 11:09 am

    .မိုးညှင်းသံဗုဒ္ဓေ ကို သွားလည်ရင် သွားဖူး ရင် ဖြစ်ပေါ်နိုင်တဲ့ခံစားချက်က –

    .ဘုရားတွေ အများကြီး –
    .ဒါပေမယ့် ဘုရားတွေသာဖြစ်လို့ တကယ်တော့ တစ်ဆူထဲ …. လိုပါပဲ..
    .လမ်းတွေ အများကြီး –
    .ဒါပေမယ့် ဘုရားရှင်ဆီချဉ်းကပ်တဲ့လမ်းတွေသာဖြစ်လို့ တကယ်တော့တစ်လမ်းထဲ….. လိုပါပဲ…
    .မုခ်ပေါက်ဝင်ပေါက်တွေ အများကြီး –
    .ဒါပေမယ့် ဘုရားရှင်ရဲ့မေတ္တာရိပ်ဆီဝင်တဲ့ ဝင်ပေါက်တွေသာမို့ တကယ်တော့ တစ်ပေါက်ထဲ .. လိုပါပဲ….

    .ရှေ့မှာ ဘုရားရှင်ကို မျက်နှာမူဖူးမျှော်လို်က်ရင် ဖူးမျှော်ဆဲမှာ –
    .အပေါ်မှာ အနောက်မှာ ဝဲမှာ ယာမှာ… နေရာ .. နေရာတိုင်းမှာ ..
    .ဘုရားရှင်ရဲ့ကိုယ်ပွားတွေ ဝန်းရံနေသကဲ့သို့ ဘုရားရှင်ရဲ့ မေတ္တာ ဘုရားရှင်ရဲ့ ဓမ္မတွေ ဝန်းရံနေတော့တာကြောင့် ..
    .ဘေးကင်းမှု့ လုံခြုံမှု့ ငြိမ်းအေးမှု့တွေနဲ့ ပြည့်စုံသွားသလိုပါ။

    .အဲသည်မှာ သံဗုဒ္ဓေဘုရားရှိခိုးကို မြန်မာလိုမြန်မာအနက်နဲ့ အာရုံပြုရှိခိုးကြည့်ဘို့ကောင်းတယ်…။

  • ကေဇီ

    November 11, 2014 at 1:32 pm

    အရင်ကဆို မိုးညှင်း သံဗုဒ္ဓေ ဆိုရင်
    မိုးညှင်း မြို့မှာ ရှိတယ်မှတ်နေတာ။
    အဟီးဟီး
    :k:

  • uncle gyi

    November 11, 2014 at 11:16 pm

    မျှော်စင်ပေါ်တက်ပြီး
    တော့မရိုက်ခဲ့ဖူးလားမဝေ

    • weiwei

      November 12, 2014 at 7:05 pm

      မျှော်စင်ပေါ်ကို အမျိုးသမီး မတက်ရဘူးတဲ့လေ …

  • တောင်ပေါ်သား

    November 12, 2014 at 3:54 pm

    ကျောင်းသားဘဝက ရောက်ဘူးတယ် ၊ ကြာပြီပေါ့ ၊
    စုံစုံလင်လင် မြင်ရလို့ ကျေးဇူးပါ ၊

Leave a Reply