လမ်းပေါ်က လူတွေ (photos)

DSC_6012

အပြင်ထွက်ရင်း ဟိုနား ဒီနား တွေ့မိတာလေးတွေ ချောင်းရိုက် လာတာလေးတွေပေါ့လေ။

အဲ့လို ပုံတွေကလဲ ရိုက်လဲ ရိုက်ချင်၊

မတော် ကိုယ့် ပြန်ရိုက်မှာလဲ ကြောက်ရနဲ့ လူတွေက သူ့ကို ဓာတ်ပုံ ရိုက်တာကို ကြိုက်မှန်း မကြိုက်မှန်းလဲ မသိဘူးလေ။

ဒီလို street photo (အဲ့လို ခေါ်လို့ရမယ် ထင်တာပဲ) တွေကို က ခုတလောမှ သတ္တိလေးမွေးပြီး ဟိုရိုက် ဒီရိုက် လုပ်တုန်းဆိုတော့ အကုန် ဗြောက်သောက်ပဲဗျ ဟီးဟီး

အဖြူအမဲတွေ ဖြစ်လိုက် ကာလာနဲ့တွေ ဖြစ်လိုက် အရောင်တွေ ကဂျိုးကဂျောင် ဖြစ်လိုက် နဲ့

သည်းခံပြီး ကြည့်ပေး ဝေဖန်ပေးကြပါဦး။ :chit:

:chit: :chit: :chit:

စကားချပ် ။       ။ ဖိလစ်ပိုင် မှာတော့ အဲ့ဒီလို သူများ မသိဘဲ ရိုက်တဲ့ ပုံတွေ လျှပ်တပြက်ရိုက်ချက်တွေ ကို ဥပဒေ ချိုးဖောက်ရာ ကျတယ် ဆိုပြီး တော့ ကြေငြာတော့မယ် လို့ ဖတ်မိသဗျ။

ဓာတ်ပုံရိုက်ရင် အရိုက်ခံတဲ့ လူရဲ့ ခွင့်ပြုချက် ယူရမယ်ပေါ့လေ။ အများပြည်သူ သွားလာနေတဲ့ နေရာမှာ လဲ မရတော့ဘူး။ ယုတ်စွ အဆုံး selfie ရိုက်ရင်တောင် နောက်က လူတွေ ပါလို့ မရတော့တဲ့ အဆင့်အထိ ဖြစ်မယ် တဲ့။ အဲဒီ ဥပဒေ က ခုတော့ မပြဌာန်း ရသေးပါဘူး။ ဒါပေမယ့် ပြဌာန်းတော့မယ့် ဆိုပြီး သတင်းထွက်နေလေရဲ့။

refrence : Petapixel

 

ဆန့်ကျင်ဘက်
၁။ ဆန့်ကျင်ဘက်
အမေတူ သမီး
၂။ အမေတူ သမီး
စကိတ် စီးမယ်
၃။ စကိတ် စီးမယ်
သန့်ရှင်းရေး
၄။ သန့်ရှင်းရေး
သမင်လည်ပြန်လေး
၅။ သမင်လည်ပြန်လေး
ဘာ ကို စိတ်ဝင်တစား ရိုက်နေပါလိမ့်
၆။ ဘာ ကို စိတ်ဝင်တစား ရိုက်နေပါလိမ့်
လူ နှင့် သူ့ ရောင်ပြန်
၇။ လူ နှင့် သူ့ ရောင်ပြန်

35 comments

  • Yae Myae Tha Ninn

    November 11, 2014 at 12:58 pm

    ပုံတွေ သေးသကွယ်… ကလစ်လုပ်ရင် ကြီး မယ် ထင်တယ်… သို့သော် ကော်နက်ရှင် မကောင်း… ဟင့်… 🙁

    နည်းနည်းလေး ဆွဲချဲ့ထားလိုက် ပြီးရောလို့…

    • ဂျက်စပဲရိုး

      November 11, 2014 at 12:59 pm

      ဟုတ်တယ်ဗျာ
      thumbnails size ချိန်လို့ ရတာကို ခုနလေးကမှ တွေ့မိတယ်။
      ခု ကျ ပြန် edit လို့ မရတော့ဘူး 🙁

  • ဂျက်စပဲရိုး

    November 11, 2014 at 1:04 pm

    ဟဲ ဟဲ ပုံတွေ ပြန်ကြီး သွားပြီ…
    ပြင်ပေးလိုက်သူ ကို အထူး ကျေးဇူး တင်ရှိပါကြောင်း….. 🙂

    • ကေဇီ

      November 11, 2014 at 1:10 pm

      စလုံး က လူတွေ သတိထားကြတော့ဟေ့
      ပြောင်းကြီးတရမ်းရမ်း (ကင်မလာ) ပင်လယ်ဓားမြလာလို့ တွေ့ရင် ရပ်ကြော်ရွာကြော် အင်တာနက် ပေါ် ရောက်သွားရော့မယ်။

      :k:

      • ဂျက်စပဲရိုး

        November 11, 2014 at 1:15 pm

        မပူပါနဲ့လေ လူမြင်မသင့်တော်တာတွေတော့ မရိုက် မတင်ပါဘူး ဟဲဟဲ
        အမရယ် မiris ရယ် သတိထားသင့်တာ သွားဖြစ်လိုက်ရင် တရုတ်ပန်ူခြံ ဂျပန်ပန်းခြံ ဘက်တွေပဲ များနေတယ်။

        • Iris

          November 11, 2014 at 5:51 pm

          တရုပ်​ပန်​းခြံမသွား​တော့ဘူး။ ​ချောင်​းရိုက်​ခံရမှာစိုးလို့။
          တရုပ်​သင်​းချိုင်​းသွားမလားလို့အ​ဖော်​စပ်​တာအားလုံးကဝိုင်​းသမကြတယ်​။ ကိုယ်​့ဟာကိုယ်​သွားတဲ့။ အလုပ်​ထဲမှာ​ညီး​နေကြစကားကလည်​း…Already dead…:'(

        • ဂျက်စပဲရိုး

          November 11, 2014 at 8:32 pm

          တရုတ်သချိင်္ုင်း သွားပြီး Gothic theme လေး ရိုက်လိုက်ရရင် ဘယ်လောက် ကောင်းမတုန်း… 😛

        • Iris

          November 11, 2014 at 8:47 pm

          ဟုတ်​တယ်​..အဲ့ဒါစဉ်​းစား​နေတာ..အုတ်​ဂူ​တွေကြားမှာ.အမဲ​ရောင်​ဂါဝန်​​လေး​လေထဲလွင်​့လွင်​့နဲ့..သူငယ်​ချင်​းကို ​မော်​ဒယ်​လုပ်​မလား​မေး​တော့ နင်​့ဟာနင်​့ဝတ်​ရိုက်​တဲ့။ 😛

        • ဂျက်စပဲရိုး

          November 11, 2014 at 9:12 pm

          တရုတ်သချိင်္ုင်း ဆိုတော့ အနီရောင် ဂါဝန်ကြီး လွင့်လွင့် နဲ့ စောင်နီကြီး ခေါင်းမြီးခြုံပြီး ရိုက်ပါ့လား.. ပို အသက်ဝင်အောင်..
          ရိုက်ပေးမယ့် မရှိရင် အနော် ကူညီပျဇေ…. း)

  • Yae Myae Tha Ninn

    November 11, 2014 at 1:05 pm

    အင်း… နောက်ဆို နည်းနည်းဆွဲချဲ့လိုက်ပေါ့နော့… ကြည့်ရတာ သေးတော့ မမြင်ရဘူးလိုပဲ.. မနေ့ကပို့စ်က ဌက်ဆိုတော်တော်လှမှာ ကြီးသွားရင်… 🙂

    • ကေဇီ

      November 11, 2014 at 1:09 pm

      သွား ပြန် ကြည့်ပါဦးတော့လား

      :k:

    • အလင်းဆက်

      November 11, 2014 at 1:14 pm

      မနေ့က ပိုစ့်က ငှက်ဆို.. ကြီးလိုက်တာမှ အရုပ်ကြီးအတိုင်းးးး

      :k:

      နောက်ထာ.. :k:

      ပုံတွေ တကယ် လက်ရာမြောက်တယ်။

      • ဂျက်စပဲရိုး

        November 11, 2014 at 2:20 pm

        အဟင့် နာ့ ငှက်ကြီးကိုပဲ ခလုပ် လာလာတိုက်နေတယ်…
        ထိပ် ငှက်ချီးပါချခံရပါစေဗျာ 😛 😛

  • Yae Myae Tha Ninn

    November 11, 2014 at 1:18 pm

    ကြီးဒေါ်နေကောင်းသွားပြီပေါ့… 🙂

  • Mr. MarGa

    November 11, 2014 at 2:12 pm

    အောက်နားက ပုံမဟုတ် ဘာမဟုတ် ဖြစ်နေတဲ့စာသားလေး နည်းနည်း သေးပေး ဗျာ :mrgreenn:

    • ဂျက်စပဲရိုး

      November 11, 2014 at 2:21 pm

      ဟမ် အဲ့ဒါကြီး ကြီးနေသလား…
      နောက်တစ်ခေါက် export လုပ်ရင် စာလုံးးဆိုဒ် သေးထားဦးမှပါ။ 🙂
      watermark က ခုမှ စထည့်ဖူးတာ ဆိုတော့ နည်းနည်းလေးတော့ လွဲနေတုန်းပဲ တဂျား ရ (သူ့နာမည် ခေါ်ရတာ ဘီယာ တစ်ဂျား တောင် သွားသတိရသေး)

      • Mr. MarGa

        November 11, 2014 at 2:31 pm

        သိပ်တော့မသေးနဲ့ဗျ
        သေးရင် ဖျောက်ပစ်ပြီး ကိုယ်ပိုင်ပုံ လုပ်ပစ်တတ်ကြတာဆိုတော့လေ
        (တွေ့တဲ့နေရာက ဆရာလုပ်ခြင်း) :mrgreenn:

  • kai

    November 11, 2014 at 3:07 pm

    ကင်မရာအမျိုးအစားနဲ့.. မှန်ပြောင်းအခြေအနေလေးတဆိတ်လောက်…
    မကြာခင် Black Friday လာတော့မှာမို့.. နည်းနည်းယားကြည့်မလို့..။ :k:

    • ဂျက်စပဲရိုး

      November 11, 2014 at 3:18 pm

      Nikon D600 ကို Tamron SP 70-300mm f/4-5.6 Di VC USD အဲ့ဒီ လန်းစ် နဲ့ ရိုက်ပါတယ် ခည။

    • ကေဇီ

      November 11, 2014 at 3:36 pm

      Black Friday ဟုတ်ဘူးလားငင်?
      Good Friday နဲ့ Black Saturday လို့ ကြားဖူးသလားလို့။
      :k:

      • pooch

        November 12, 2014 at 12:16 pm

        မနေ့က single day တဲ့ အလီဘာဘာက စတယ်ဆိုပဲ
        street ပုံတွေက ပိုစိတ်ဝင်စားစရာကောင်းတယ်
        Gharib Mohamed အဲ့တယောက်ပုံတွေလည်း မိုက်တယ်

        • ဂျက်စပဲရိုး

          November 12, 2014 at 4:42 pm

          ကျနော် က ဒီ Yanidel ဆိုတဲ့ လူကြီး ပုံတွေပဲ သေချာ ကြည့်ဖူးတာ။
          သူ့ ပုံတွေ ကာလာ လှတယ်။

          ဒီမှာ လင့်ခ်

    • weiwei

      November 11, 2014 at 3:45 pm

      ကင်မရာတစ်လုံး ဝယ်ထားပြီး အခုထိ အပြင်ထွက် မစမ်းရသေးဘူး ..
      ပရိုလက်ရာတွေမြင်ရင် အရမ်းအားကျတယ် …

      • ဂျက်စပဲရိုး

        November 12, 2014 at 4:43 pm

        pro တွေ လက်ရာကတော့ ရှယ်ပဲ။
        ဘယ်လို များ ရိုက်လိုက်သလဲ မှတ်ရလောက်အောင်ပါပဲ။ 😀

  • ကန္နားစီး မိဂီ

    November 11, 2014 at 4:09 pm

    street & candid တွေမြင်ရင်အသည်းယားသဗျ
    ရိုက်ဖူးတယ် ဆိုရုံလောက်ပဲ တို့ထိရသေးတဲ့ ပညာါမို့ပါ

    ၁၀ဝ မမ အောက်နဲ့ရိုက်သင့်တယ် ဆိုလို့ ၅ဝမမ ရယ် ၉ဝမမ ရယ်နဲ့ စမ်းဖူးတာရယ်

    သေရောပေါ့ဗျာ ပရိုင်းတွေနဲ့မို့
    အဲ့မှာမှတ်သွားပြီး ၂၀ဝ နဲ့ပဲ ရိုက်တော့တယ်

    နောက်ပိုင်း သိပ်မရိုက်ဖြစ်တော့

    • ဂျက်စပဲရိုး

      November 11, 2014 at 4:40 pm

      ဟုတ်ကဲ့ဗျ။
      ဘယ်လို ရိုက်ရလဲ သိတာတော့ မဟုတ်ဘူး။ ဒါပေသိ ငယ်ငယ် ထဲက အဲ့လို snapshot ဖမ်းတာတွေကို အရမ်း ဝါသနာ ပါ ခဲ့တာ။
      ကိုယ့်ရှေ့မှာ ပဲလေးပေး ပို့စ်လေးပေးပြီး လာနေပြရင် ရိုက်ရတာ ဘယ်လိုမှ သဘောမတွေ့ဘူး။
      သူ့ဟာသူ သွားလာနေတဲ့လူတွေ ဖြစ်သွားတဲ့ အဖြစ်အပျက်လေးတွေ ကို ရိုက်ရတာကို ပို သဘောကျ။
      အသိတွေက ၅ဝ မမ နဲ့ ရိုက်လို့ ကောင်းတယ် ပြောကြပေမယ့် အပြင်ထွက်ပြီဟေ့ ဆို ၅ဝ မမ နဲ့က အနီးကပ်ပြီးမှ ရိုက်လို့ အဆင်ပြေမှာ လို ဖြစ်နေတော့ အခု ရှိတဲ့ ၇၀-၃၀ဝ လေးနဲ့ပဲ ဘေးကင်း ရာကနေ ရိုက်နေပါကြောင်း 🙂

      • ကန္နားစီး မိဂီ

        November 11, 2014 at 4:45 pm

        ၉ဝမမ ၁၀ဝမမ ရှိတဲ့ မက်ခရို လန်းစ်တွေနဲ့ ရိုက်ကြည့်ပါ့လား
        အကွာအဝေး ၁ဝပေ နဲ့ ၁၁ ပေကြားမှာပဲ ဖိုးကပ်စ်ဖြတ်လို့ရတယ်
        ရှေ့တိုးမရ နောက်ဆုုတ်မရကြီးရယ်

        ဒုတ်ခသာရောက်တာနော လက်တက်တာတော့သိသာတယ်
        အဲ မျက်စိလည်း ပါဝါတက်မှာကြျိန်းသေ

        နောက်တာ အတည်
        🙂

        • ဂျက်စပဲရိုး

          November 11, 2014 at 5:00 pm

          ဟုတ်ကဲ့
          နောက်နှစ်ထဲတော့ ၁၀၅မမ မက်ခရိုလေး ဝယ်မလို့ ပိုက်ပိုက် စုနေလေရဲ့။
          သူများ မက်ခရိုတွေ ကြည့်ပြီး အားကျနေတာ အတော်ကြာပြီ။
          ပေါ့ထလိတ် လဲ ရိုက်ကောင်းတယ် ပြောကြလို့။ (ဟို ၈၅မမ ၁.၈ လောက်တော့ ကောင်းမယ်မဟုတ်လောက်ဘူး ထင်ပ)
          ဟင့် ကုန်ဈာဒွေ ကုန်ဈာဒွေ
          မျက်မှန်ပါဝါလဲ ခုကို -၅၀ဝ လောက်ဆိုတော့ကာ 🙂

  • ကျနော်က သမင်လည်ပြန် အမှတ် ၅ ကို ကြိုက်တယ်

    ဒီမှာတော့ လူ ပုံ ရိုက်တာ ပြဿ နာမကြီး သေး။။

    ကျနော်ကတော့ ရိုက်ပြီးရင်ပြုံးပြလိုက်တယ်

    သူတို့ ကတောင် ဂျာနယ်ထဲ့မှာလား အင်တာနက်တင်မှာလားတောင်ပြန်စကြသေးတယ်

    ဒါပေမယ့် မလှမပ ပုံ ကို မတင်မိအောင်တော့ ကျနော်သတိထားပါတယ်။

    လမ်းပေါ်က ပုံတွေ မှန်ပေမယ့် ကိုယ့်နိုင်ငံကို ပြန် ဆော်မယ့် လက်နက်ဖြစ်မသွားအောင်တော့ သတိထားပါတယ်။

    အမြင်မတော်တာ အဆင်မပြေတာ ဆို တာ နိုင်ငံတိုင်းမှာရှိတာ မှန်ပေမယ့် မြန်မာပြည်က မကောင်းတဲ့ ပုံကိုတော့ မတင်ချင်တာ အမှန်ပါဘဲ။

    • ဂျက်စပဲရိုး

      November 15, 2014 at 2:11 pm

      ဒီမှာကတော့ လူ မျိုးစုံ တယ်ဆိုတော့ အမျိုးမျိုးပဲ ဗျ။
      အများအားဖြင့် စလုံးတွေက သူတို့ ပုံ ရိုက်တာကို သိပ်မကြိုက်ကြဘူး။
      တရုတ်တန်း မှာ သွားရိုက်ရင် မောင်းတောင် ထုတ်သေးတယ် လို့ ပြောတာ ကြားဖူးတယ်။
      တိုးရစ်စ်တွေကတော့ အများအားဖြင့် အေးဆေး ပါတယ်။
      အဲ့ဒီနေ့ကတောင် အသိဦးလေး တစ်ယောက်က ဓာတ်ပုံ ရိုက်နေတုန်း သူ့ရှေ့က စက်ဘီး စီး တဲ့ အဖြူ တစ်ယောက် က လက် ၂ချောင်း တောင် ထောင်ပြသွားသေးတာ။ 🙂
      နောက်ကျရင် ဒီ အိုင်ဒီယာ လိုလေး လုပ်ကြည့်ဦးမှ

      သင့်အနေနဲ့ ဒီထက် ပိုပြီး ကြိုးစားကြည့်ချင်ရင်တော့ လမ်းပေါ်မှာ ကိုယ် ဓာတ်ပုံ ရိုက်လိုက်တဲ့ ပုဂ္ဂိုလ်ကို နှုတ်ဆက်ပြီး သူ့ရဲ့ ဓာတ်ပုံကို ပြကာ ဓာတ်ပုံ လက်ဆောင်ပေးလိုကြောင်း ခွင့် တောင်းကြည့်ပါ။ ဒီနည်းကတော့ လူတိုင်းနဲ့ အဆင်ပြေချင်မှ ပြေမှာ ဖြစ်ပေမယ့် အဆင်ပြေ သွားမယ် ဆိုရင်တော့ သင့်ရဲ့ လူစိမ်းတွေကြား ဓာတ်ပုံ မရိုက်ရဲတဲ့ ကြောက်စိတ်လည်း ယူပစ်သလို ပျောက်သွားနိုင်ပါသတဲ့။

      Read more at: http://www.mmstreetphoto.com/how-to-take-photographs-in-streets/ | MMSP

  • မြန်မာပြည်ကတော့ အေးဆေးပါဘဲ
    ဘာပြဿနာမှမရှိ

    2010 ကျနော် စပြီး လက်ဆော့ စ ကာလများမှာ တိုးရစ်ကလွဲပြီး
    လမ်းပေါ်ဓါတ်ပုံထွက်ရိုက်သူနည်းတယ်
    အဲတော့ကြောင်တယ်

    အခု 2015မှာတော့ ကင်မရာနဲ့ရော ဖုန်းနဲ့ပါ ဓါတ်ဖမ်းသူတွေအများကြီးဆိုတော့အေးဆေး ပါ ကိုယ့်လူရေ

    • ဂျက်စပဲရိုး

      November 15, 2014 at 5:31 pm

      ဟုတ်ကဲ့ လေးပေါက် ရေ။
      ဓာတ်ပုံ ရိုက်တာကိုတော့ လူတွေ ဝိုင်းမကြည့်ပါဘူး ဒီမှာက။
      ခုလို လမ်းပေါ်က လူတွေ ပုံ ရိုက်ရင်သာ ကာယကံရှင်က ကြိုက်မှန်း မသိ မကြိုက်မှန်း မသိ ဖြစ်မှာ ကြောက်တာ။
      တော်ကြာ ကိုယ့် ပြန်ရိုက်သွားမှ ဖြင့်… း)
      ကျန်တဲ့ ကိစ္စ ကတော့ သာသာယာယာပဲ
      ကင်မရာ အိတ်ကြီး ထွိုင်ပေါ့ထ်ကြီး ထမ်းသွားလဲ အေးဆေး
      ထွိုင်ပေါ့ထ်ကြီး ထောင်ပြီး လမ်းမ ကို ဓာတ်ပုံရိုက်လဲ အေးဆေး ဘယ်သူမှ ကို အဖက်မလုပ်တာ….. း)

  • မြစပဲရိုး

    November 15, 2014 at 3:56 pm

    (၁) နဲ့ (၇) ဆန့်ကျင်ဘက် အကြောင်းတရား တွေ ကို အတော်လေး ကို အတော်လေး နှစ်သက်မိပါတယ် မောင်ဂျက် ရေ။ :))

  • ဂျက်စပဲရိုး

    November 15, 2014 at 5:33 pm

    အဟီး အဲ့ဒီ ၁ နဲ့ ရ ဆန့်ကျင်ဘက် နှစ်ပုံ က နည်းနည်း ကျောအချမ်းခံ ပြီး ရိုက်လာတဲ့ ၂ပုံပေါ့ အရီးရေ။
    လူကြီးတွေ ကြည့်ရတာ မျက်နှာထားကြီးတွေနဲ့ ဆိုတော့…
    နံပတ် ၁ ပုံက ပိုဆိုးသေး
    အဖိုးကြီး ၂ယောက် က ဘေးနားက ခုံမှာတင် ထိုင်နေတာ အဲ့ဒါကို မရမက သူငယ်ချင်း နဲ့ ကွယ်ပြီး ရိုက်လာတာ 😛

Leave a Reply