”ရာသီကြမ်းမှာမှ စိုက်ပျိုးလိုက်တဲ့ကဗျာ”

alinsettDecember 8, 20141min18111

”ရာသီကြမ်းမှာမှ စိုက်ပျိုးလိုက်တဲ့ကဗျာ”
~~~~~~~~~~~~

မောနေကြပြီလား ?
ခရီးကြမ်းကြီး လှမ်းခဲ့ရတာ
ခပ်ပါးပါး ဘဝတွေတောင်
ထူလို့ . . . အမ်းလို ့. . .

ရေကြည်ရာ မြက်နုရာ. . .
အခု အဲဒီခေတ်ကြီးပျောက်လို့….
ရှာနေကြတုန်းပေါ့ ။

နောက်ဆုံးတော့လည်း. . . .
ကိုယ့် ကိုယ်တွေကို ရေလောင်း
ကိုယ့် ကိုယ်တွေကို ပေါင်းသင်လို ့. . .
နှုတ်သင့်တာ နှုတ် ဖြုတ်သင့်တာ ဖြုတ်ပြီး
ကိုယ့်ဘဝတွေကပဲ
ကိုယ့်ဘဝရဲ့ ရေကြည် မြက်နု….အခု ဖြစ်ရမယ်. . .ပေါ့။

ဒီသက်တမ်းမှာ . . .
လူဖြစ် ရှုံးရှုံး / မရှုံးရှုံး ။ ။

~~~~~~~~~~~~~~

အလင်းဆက်@သူရ
alinsett.art@gmail.com

၂၀၁၄ ခုနှစ်၊ အောက်တိုဘာ၊ ၂၇
ည ရ နာရီ၊ ၆ မိနစ်

11 comments

  • ငင်
    ဘယ်အချိန်က တက်သွားပါလိမ့်။
    ဒီကဂျာအတွက် ပုံလေး လုပ်နေတုန်း ရှိသေး။
    အဟိ။

    ထူးပါဘူး။
    ချချ

  • aye.kk

    December 8, 2014 at 2:37 pm

    ရာသီကြမ်းမှာ
    ရေမခမ်းပဲ
    အမြဲတန်းသာ စိမ်းလန်းနေစေချင်တာပါ။။

  • ခင်ဇော်

    December 8, 2014 at 3:35 pm

    ရေမကောင်း
    မြေမကောင်း
    ရာသီမကောင်း

    ခေတ်မကောင်း၊
    စံနစ်မကောင်း
    ပုံမကောင်း

    စိတ်မကောင်း၊
    လူမကောင်း
    နှလုံးသားတွေ မကောင်းမှတော့

    ကဗျာတွေရော ကောင်းနိုင်သေးရဲ့လားးး

    😥

    • ရေမမြင့်ပေမယ့် ကြာတင့်တဲ့ သဘောနဲ့
      ကဗျာတွေ တော့ ဖူးပွင့်နေကြပါတယ်

      ဒါမယ့်
      ရင်နာစရာအကြောင်းတွေ ရေးထားရတဲ့ကဗျာတွေ. . .

  • Kaung Kin Pyar

    December 9, 2014 at 10:17 am

    လာဖတ်သွားပါတယ် ဆက်ဆက်ရေ….
    ရင်နာစရာအကြောင်းတွေပဲ ရေးရေး…ပျော်စရာအကြောင်းတွေပဲ ရေးရေး…ကဗျာဆိုတာလဲ အနုပညာတစ်ခုပါပဲ…

  • CharTooLan

    December 9, 2014 at 1:24 pm

    ရာသီကြမ်းမှ စိုက်လိုက်တာဆိုတော့
    ညည်းက ဘာကိုမျှော်လင့်သဒုံးးးး ??

  • Wow

    December 9, 2014 at 1:56 pm

    ကွကိုယ်ရေလောင်းပေါင်းသင်လိုက်တော့ ဘာပင်ဖြစ်သွားဒုံးးး :mrgreen:

Leave a Reply