အောက်တိုဘာလအတွက် အကြိုက်ဆုံးပို့စ်

weiweiNovember 12, 20141min21930

၂၀၁၄ အောက်တိုဘာလအတွင်း ပို့စ်ပေါင်း ၂၂၅ ပို့စ် တင်ခဲ့တာ တွေ့ရပါတယ်။
ပို့စ်တွေအားလုံးထဲမှာမှ အကြိုက်တူခဲ့တာတွေကို စုစည်းလိုက်တဲ့အခါ နောက်ဆုံး စကာတင်ကျန်ခဲ့တာက စကာတင်ပို့စ်မှာ ဖော်ပြပေးခဲ့တဲ့ (၇) ပုဒ်ဖြစ်ပါတယ်။

၁။ မအိပ်တဲ့မြို့ကလေး … by “မစုဉာဏ်” https://myanmargazette.net/205210
၂။ တူညီသော ဆန္ဒ … by “မစုဉာဏ် ” https://myanmargazette.net/205452
၃။ ပြိုကွဲခြင်း … by “Hmee” https://myanmargazette.net/205905
၄။ ပေါင်လှန်ထောင်းရတာ နာလှပါဘိ … by “ကြွေလွင့်ပန်း” https://myanmargazette.net/205957
၅။ မနေစကောင်း နေစကောင်း (ခေတ်စားနေတဲ့ LT အကြောင်း) … by “ကိုပေါက် (မန္တလေး)” https://myanmargazette.net/195304
၆။ ဖြစ်စဉ်အတိုင်းလည်ပါ Gear … by “ဦးကြောင်ကြီး” https://myanmargazette.net/206113
၇။ ငယ်စဉ်က ကလေးတို့ဘဝမှာ Young Mite by “kyeemite” https://myanmargazette.net/205283

အဲဒီ (၇) ပုဒ်ထဲမှာမှ တိုက်ဆိုင်စွာနဲ့ အကြိုက်အများဆုံးဖြစ်သွားခဲ့တာကတော့

မစုဉာဏ် ရဲ့ တူညီသော ဆန္ဒ https://myanmargazette.net/205452 ဖြစ်ပါတယ်။

 

အောက်တိုဘာလထဲမှာ မစုဉာဏ်က ပထမဆုံးအနေနဲ့ ပို့စ် (၃) ခု တင်ခဲ့ရာမှာ စကာတင်ထဲမှာတင် ပို့စ် (၂) ခု ပါခဲ့ပါတယ်။ အားလုံးလဲ ဖတ်ပြီးသားဖြစ်မှာမို့လို့ အထူးညွှန်းပြီး ပြောပြစရာ လိုမယ်မထင်တော့ပါဘူး။

နောက်ဆုံး နိဂုံးမှာရေးထားတဲ့ တူညီသောဆန္ဒလေးကို ဖတ်ကြည့်ပြီးသူတိုင်း ကျွန်မတို့ရဲ့ဆန္ဒတွေနဲ့ တိုက်ဆိုင်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ရဲ ့ရေဒီယိုအင်တာဗျူးတစ်ခုမှာ ဒေါ်စုက အသက်ကြီးကြီး အမယ်အိုတစ်ဦးကို “ဒီမိုကရေစီ ဘာလို ့လိုချင်သလဲ” လို ့မေးတော့ အမယ်အိုက “အကြောက်တရားကင်းကင်းနဲ ့ နေချင်လို ့ပါ”လို ့ ဖြေသတဲ့။
ကျွန်မတို ့လူသားတွေ အားလုံးဟာ နေထိုင်စားသောက်ပုံခြင်း ကွဲရင်ကွဲမယ်၊ ဘာသာစကားနဲ ့ ယုံကြည်မှုတွေ ကွဲရင်ကွဲမယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ ့ လူ ့အခွင့်အရေး အပြည့်အဝနေရတဲ့ ဘဝကို လိုချင်တာခြင်း တူကြပါတယ်။ နိုင်ထက်စီးနင်း ဆက်ဆံခံရတဲ့ ဘဝ၊ မတရား ဖိနှိပ်ချုပ်ချယ်တာကို မခံချင်ကြတာခြင်းလဲ တူကြပါတယ်။ မွေးရာပါ လူ ့ အခွင့်အရေးကို ရယူလိုတဲ့ တူညီသောဆန္ဒ တွေပါ။

 

တကယ်လို့များ တခြားသောဆန္ဒတွေ ရှိသေးတယ်ဆိုရင်လဲ မှတ်တမ်းတင်ထားရအောင် ကွန်မန့်ကနေ ပေးပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

အဆင်ပြေမယ်ဆိုရင် ပန်းဖလက်လေးတစ်ခုလုပ်ပြီး တွေ့ဆုံပွဲမှာ အမှတ်တရပေးချင်လို့ပါ ..

30 comments

  • တောင်ပေါ်သား

    November 12, 2014 at 10:21 am

    ဂုဏ်ပြုပါတယ်ဗျာ

    • weiwei

      November 12, 2014 at 10:27 am

      ဆန္ဒလေးတစ်ခုလောက် ရေးပေးပါလား ကိုမျိုးသန့် …

      • တောင်ပေါ်သား

        November 12, 2014 at 10:59 am

        ဆင်းရဲချမ်းသာ ကွာချင်ကွာပါစေ
        ရာထူး အရှိန်အဝါ နဲ့ လုပ်ပိုင်ခွင့် မညီလည်း ကိစ္စမရှိပါဘူး ၊
        လူသားတိုင်း ရသင့်တဲ့ အခွင့်အရေးမျိုးကိုတော့ အားလုံးတန်းတူ ရစေ ပိုင်စေချင်ပါတယ် ၊

  • surmi

    November 12, 2014 at 10:25 am

    ကွန်ဂရက်ကျူရေးရှင်းပါ မစုညဏ်ရေ …
    အတွေးနက်နက်နဲ့ အဖွဲ့ကောင်းလေးတွေမို့ ဖတ်မိကတည်းက နှစ်သက်မိပါကြောင်းးး
    နောက်နောင်လည်း မကြာမကြာ ပို့စ်လေးတွေရေးတက်စေလိုပါကြောင်းး

  • kyeemite

    November 12, 2014 at 10:30 am

    .ရွှီ….ဖျောင်း..ဖျောင်း…ဖျောင်း…ဖျောင်း
    .ဂုဏ်ယူဝမ်းမြောက်ကြောင်းပါ မစုဉာဏ်
    .နောက်လည်းခုလို အရသာရှိတဲ့စာစုလေးတွေ စဉ်ဆက်မပြတ်ရေးတင်နိုင်ပါစေကြောင်း :))

  • kyeemite

    November 12, 2014 at 10:39 am

    .ဆန္ဒလား…ဟုတ်ကဲ့ပါမဝေ..မစုဉာဏ်နဲ့သိပ်တော့မထူးပါဘူး
    .မြန်မာပြည်တွင်း..လူသားဖြစ်ခွင့်ရတဲ့ဒီဘဝမှာ…ကိုယ့်ကို..လူသားစစ်စစ်တစ်ယောက်လို အဆင့်အတန်းမခွဲပဲ..တန်ဖိုးထား .ဆက်ဆံတာကို .ခံဖူးသွားချင်တယ် :p:

  • ကေဇီ

    November 12, 2014 at 10:44 am

    တူညီတဲ့ ဆန္ဒတွေကို ကိုယ်စားပြု တဲ့
    “တူညီသော ဆန္ဒ” ပိုင်ရှင် မစုညာဏ် အတွက် ဝမ်းသာပါသည်။

    🙂

  • kai

    November 12, 2014 at 10:45 am

    မတူညီတဲ့ဆန္ဒတွေရှိရင်လည်း.. မတူလို့ဆိုပြီး.. အချင်းချင်းမျိုးဖြုတ်သတ်မနေကြပဲ.. Agree to Disagree နဲ့သွားသင့်တာပေါ့…
    ကွဲလွဲခြင်းအားဖြင့် ချစ်ကြည်သင့်..။

  • Mr. MarGa

    November 12, 2014 at 10:56 am

    ရှိ မှန်းတောင် မသိရတဲ့
    အစိုးရ တစ်ရပ်ရဲ့ လက်အောက်မှာ နေချင်မိသား ဗျာ

    မစုဉာဏ် ခင်ဗျ
    တကယ် နှစ်နှစ်ကာကာ ဂုဏ်ယူကြောင်းပါ 🙂

  • ခင် ခ

    November 12, 2014 at 11:13 am

    မစုဉာဏ်ရေ ဂုဏ်ယူတယ်နော်။ နောင်လည်း စာကောင်းလေးတွေ ရေးသာမျှဝေပါအုံးလို့။

  • Kaung Kin Pyar

    November 12, 2014 at 11:31 am

    မစုဉာဏ်ကို ကွန်ကရက်ကျူလေးရှင်းပါလို့…..
    နောက်ထပ် အရေးအသားကောင်းတဲ့ ပိုစ့်လေးတွေလဲ မျှော်နေပါတယ်…

  • Yae Myae Tha Ninn

    November 12, 2014 at 1:52 pm

    အော်… တလုံးပြောင်းရယ်(မင်းလူ ရောမောခြင်းလက်ကျန်မှ)… နောက်ဂဏန်းတူပြီး ထိပ်စီးလွဲသွားတယ်… စီးရီးဆွဲလိုက်ရ အကောင်းသား… 🙂

  • Yae Myae Tha Ninn

    November 12, 2014 at 1:57 pm

    ဒီမိုကရေစီ ဘာလို့ ရချင်လဲလို့ မေးရင်… တခွန်းပဲ ရှိပါတယ်… ဖြစ်ထွန်းသင့်သလောက် ဖြစ်ထွန်းချင်လို့ပါ… 🙂

  • ကို်ယ်မရဘူးသေးတာကို ရတဲ့သူတိုင်းကို ကိုယ့်ထက်တော်တဲ့လူလို့ သတ်မှတ်ပြီ း ဂုဏ်ပြုလိုက်ပါတယ်

  • padonmar

    November 12, 2014 at 8:34 pm

    ဒီလ အတော် အလုပ်ရှုပ်သွားမိတော့ ရပုဒ်မှာ ၂ပုဒ်ပဲ ဖတ်လိုက်မိတယ်။ ဇကာတင်ကြေငြာတာလေးလည်း ကောင်းလိုက်တာလို့ ဟိုပို့စ်မှာ သွားမမန့်ပဲ အပျင်းခိုပြီး တလက်စတည်း မန့်လိုက်မယ်ဝေရေ။
    မစုဉာဏ်ရဲ့ ပို့စ်၃ပုဒ်ကို အခုမှလိုက်ဖတ်မိတယ်။
    မအိပ်သောမြို့လေးလည်း ကောင်းတာပဲ။
    ၂ပုဒ်ပေါင်းအတွက်ရတယ်လို့ သဘောထားလိုက်မယ်။
    အကြိုက်ဆုံးဆုပေးတာတွေ စလိုက်တော့ စာရေးကောင်းတဲ့သူတွေဟာ ဝင်ဝင်ချင်းမှာပဲ ဆုရရသွားကြတာ တွေ့ရပါတယ်။
    အရသာ အသစ်ကို ပိုသဘောကျတဲ့ သဘောပေါ့။
    ရေးနေကျ လူဟောင်းတွေရဲ့ လက်ရာကတော့ ကြိုက်မိလည်း အရသာသစ်ကို ဦးစားပေးရွေးလိုက်မိတယ်။
    လူဟောင်းတွေက အမြဲရှိနေမှာ ဆိုတော့ ဘယ်တော့ ရွေးရွေးရပါတယ်လို့ စိတ်ထဲဖြစ်မိတယ်။
    အဲတော့ လူဟောင်းတွေ ဆုရဖို့ဆိုရင် မနေ့က ကျော်ဟိန်းကို ဒီနေ့ကျော်ဟိန်းက သာအောင် လုပ်နိုင်မှ ဖြစ်မယ်ဆိုသလိုမျိုး ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြိုင်ရတော့တာပဲ။
    …..
    နောက်တခု ဆုရပြီးရင် ရွာထဲက ပျောက်ပျောက်သွားတတ်ကြတယ်။ (မျှစ်မမ ဝင့်ပြုံးမြင့် ကလွဲရင်ပေါ့)
    မစုဉာဏ်လည်း အဲသလို ပျောက်မသွားပါနဲ့လို့ …..
    ………..
    ဆန္ဒ တခုရေးပေးပါဆိုတာအတွက် ကိုယ်တယောက်တည်းတွက် ဆိုရင်တော့
    ဘာကိုမှ မလိုချင်တဲ့ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒ ရှိပါတယ်။

  • ဦးကြောင်ကြီး

    November 13, 2014 at 11:24 am

    ကလားစိုက်ဆုရှင် မဆူညံအား ဃုံပြုဗာအိ..

  • အလင်းဆက်

    November 13, 2014 at 12:00 pm

    ဆု ကြေညာတဲ့ပုံစံလေးက သပ်သပ်ရပ်ရပ်နဲ့ တကယ် ဖတ်ရကောင်းလှပါတယ်။
    ====
    ဆုရသူရဲ့ စာမူဟာ တကယ် ရစေချင်တဲ့ စာမူတွေထဲက တစ်ပုဒ်မို့ ကျေနပ်ဂုဏ်ယူမိတယ်။
    ရသင့်ပါကြောင်း။

    ဒါနဲ့ ဆုရှင်က ဆုရကြောင်းတောင် မသိသေးဘူးလားလို့။
    သံချောင်းခေါက်ကြပါဦး။

    😆

    ========

    ဆန္ဒလေးတစ်ခု ပြောပြပါဆိုရင်တော့
    အခုအချိန်မှာ ဖြစ်ချင်တဲ့ ဆန္ဒက. . .
    ဟောဒီ ရွာသူားတွေအကုန်လုံး(ဖြစ်နိုင်ရင် အကုန်လုံး တယောက်မကျန်) မြက်ခင်းပြင်ကြီးတစ်ခုထဲ အတူ ဝိုင်း ထိုင်ပြီး
    သီချင်းတစ်ပုဒ်ထဲကို သံပြိုင် ဆိုလိုက်ချင်တယ်။

    ဦးထီးရဲ့. . . သဘာဝရဲ့ ရင်သွေးငယ်တွေ သီချင်းလေးပေါ့
    ဒါမှမဟုတ်လည်း ပျောက်ဆုံးနိဗ္ဗာန်

    😆

  • Ma Ma

    November 13, 2014 at 4:21 pm

    မစုဉာဏ်ရဲ့ ပို့စ်တွေဖတ်ပြီးကတည်းက သဘောကျလွန်းလို့ ဖတ်ကြည့်ဖို့ သူများကိုပါ တိုက်တွန်းပေးခဲ့မိတဲ့ ပို့စ်တွေပေ့ါ။
    ဝမ်းသာဂုဏ်ယူပါတယ် မစုဉာဏ်။
    ဆုရသူကို ဝမ်းမြောက်ဝမ်းသာ ကြေညာပေးတဲ့ ဝေဝေကိုလည်း ချီးကျူးပါတယ်။
    ဆန္ဒတစ်ခု ရေးရမယ်ဆိုရင်တော့ ………..
    ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်ပြီး မတ်မတ်သွားနိုင်တဲ့ လူသားဆိုတဲ့ ဂုဏ်ကို အပြည့်အဝခံစားချင်ပါတယ်။

  • မြစပဲရိုး

    November 15, 2014 at 3:24 pm

    မစုဉာဏ် ရဲ့ “တူညီသောဆန္ဒ” က အားလုံးရဲ့ “တူညီသောဆန္ဒ” မို့ Many Congratulations ပါ။

    ဝေဝေ ရဲ့ အမေး ကို ဖြေရရင်
    ကိုယ့် ရဲ့ ဆန္ဒ ကလား။
    ဒီမိုကရေစီ ဆိုတာကို ဟိုမရောက် ဒီမရောက် အလွဲသုံးစား လုပ်မပစ်ဖို့ပါဘဲ။
    ဥပမာ – လူလူချင်း မနှိမ်ဖို့။ ခွဲခြားမဆက်ဆံဖို့။ ဒါဟာ အနှစ်ပါဘဲ။
    ပြီးခဲ့တဲ့ ရက် က သတင်းထဲ အိန္ဒိယမှာ ကျောင်းသားတွေ တောင်းဆိုတာ ကို ဖတ်ပြီး အဲဒါ အမှန် ဟုတ်ပါ့မလား တွေးမိနေတာ။
    သူဌေးတွေ လူကြီးသားသမီး တွေ ကို အခွင့်အရေးပေးတဲ့ ပညာရေးစနစ်မှာ အားလုံး ညီအောင် အတွက် ကျန်သူ တွေ ကို လဲ စာကူးချခွင့် ပေးဖို့ ဆိုတာ။
    တကယ်တော့ အခွင့်အရေး ကို လိုချင်ရင် အဲဒီ စံနှုန်း နဲ့ ကိုက်ညီမှ ယူသင့် တာကိုလေ။
    အရည်အချင်းရှိ ရင်း သူဌေးဘဲ ဖြစ်ဖြစ် ဆင်းရဲသားဘဲဖြစ်ဖြစ် တန်းတူရဖို့ ပါ။
    မတော်တဲ့ ဆင်းရဲသားလဲ နေရာ မရသင့်။ မတော်တဲ့ သူဌေးလဲ နေရာမရသင့်။
    အခု ဖြစ်လာတာက လူအခွင့်အရေး ကနေ အသုံးမကျ တဲ့ သူ တွေ ကလဲ တန်းတူ ရဖို့ အော်ပြီး နေရာ တောင်းလာတာ တွေဘဲ။
    နောက်ကြုံ မှဘဲ ဆက်တော့မယ်။ :))

    • weiwei

      November 18, 2014 at 3:26 pm

      လူတိုင်းလူတိုင်းမှာ တူညီတာတစ်ခုကတော့ လူကျန်းမာ စိတ်ချမ်းသာ ငွေချမ်းသာ စတဲ့ ကောင်းတာတွေကိုပဲ ဖြစ်ချင်ကြမယ် .. ကောင်းဖို့ပဲ ဦးတည်ပြီး လုပ်ကြတာပါပဲ …
      ရည်ရွယ်ချက်တူ ဦးတည်ချက် တူပေမယ့် လုပ်ပုံလုပ်နည်းကွာသွားတော့ အခြေအနေတွေလဲ အမျိုးမျိုး ပြောင်းသွားကြတယ် …
      ကျွန်မဖြစ်စေချင်တဲ့ဆန္ဒကတော့ လူတွေအားလုံးကို တစ်ဦးနဲ့တစ်ဦး လေးစားပြီး နားလည်မှုရှိစေချင်ပါတယ် ..

  • ကပ္ပိယ သာဒင်​

    November 15, 2014 at 11:06 pm

    နှစ်သက်မိတဲ့စာတပုဒ်ပါပဲဗျာ
    ကျုပ်ကတော့ မအိပ်တဲ့မြို့ကိုပိုကြိုက်တယ်

    • ဦးကြောင်ကြီး

      November 17, 2014 at 9:00 am

      ခြစ်ကြဇို့ ခွစ်လေး..

  • မစုဉာဏ်

    November 18, 2014 at 5:53 am

    အခုလို စမ်းတဝါးဝါးနဲ့ စာစရေးနေချိန်မှာ ကျွန်မရဲ့ post ကို ဒီလအတွက် အကြိုက်ဆုံး post အနေနဲ့ အရွေးခံရကြောင်း အီးမေလ်းဝင်လာတော့ အတိုင်းမသိဝမ်းသာရပါတယ်။
    အထူးသဖြင့် “တူညီသော ဆန္ဒ” က အမေ့အကြောင်း အဖြစ်မှန်တွေကို ရေးထားတဲ့ စာမို့ ပိုလို့ကြည်နှူးမိတယ်။ ကွန်ပျူတာ မသုံးတတ်၊ အင်တာနက်မရှိတဲ့ ရွာမှာ နေနေတဲ့ အမေ မဖတ်ရသေးတဲ့ စာတစ်ပုဒ်လဲဖြစ်ပါတယ်။
    တကယ်တော့..ခံစားမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ စာစုတိုင်းဟာ (အထူးသဖြင့် ဖန်တီးသူတွေ အတွက်) တန်ဖိုး မဖြတ်နိုင်တာမို့ posts တွေကို ယှဉ်ပြိုင်ရွေးဖို့ မဖြစ်နိုင်ပါဘူး။
    ကျွန်မ post က တခြား မောင်နှမတွေတင်ထားတဲ့ posts တွေထက်ကောင်းလို့ အရွေးခံရတာ မဟုတ်ပဲ.. Mandalaygazette မိသားစုထဲ အသစ်ဝင်လာတဲ့ သူတစ်ယောက်ကို ဝိုင်းပြီး ကြိုဆိုတဲ့ အနေနဲ့၊ ပြီးတော့ ဒီ post က အကြောင်းရာမှာ ရင်ခုန်သံခြင်းတူသွား တဲ့ သူတွေ များသွား တာကြောင့် လို့ပဲ ခံယူပါတယ်။
    ကလောင်ရှင်တွေ အခုလို စုံစည်းနိုင်အောင် ဖန်တီးပေးတဲ့ Mandalaygazette ၊ အချိန်ယူ စာဖတ်ပေးသူတွေနဲ့ comments တွေ ဝိုင်းရေးပေးကြတဲ့ သူတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
    ဆက်ပြီးတော့ ကြိုးစားသွားပါမယ်လို့
    ခင်မင်စွာဖြင့်
    မစုဉာဏ်

    • weiwei

      November 18, 2014 at 3:06 pm

      ကျွန်မတို့တွေ ဖတ်ရွေးဆိုပြီး အဖွဲ့လေးတစ်ခုဖွဲ့ထားပြီး တစ်လအတွင်း ကိုယ်နှစ်သက်ရာတွေထဲက အကြိုက်အများဆုံးတိုက်ဆိုင်တဲ့ပို့စ်ကို အကြိုက်ဆုံးပို့စ် အနေဲ့ သတ်မှတ်ပြီး အမှတ်တရ လက်ဆောင်ပေးလေ့ရှိပါတယ်။ ၂၀၁၅ ဇန်နဝါရီလထဲမှာ လုပ်ဖြစ်ပါလိမ့်မယ် ..

      မစုဥဏ်ရဲ့ စာတွေက ဖတ်ရသူကို ရသတစ်မျိုး (ကျွန်မအတွက်တော့ စိတ်ကြည်နူးမှု) ဖြစ်စေတယ်။ နောက်ထပ်အများကြီးရေးပါအုန်းလို့ တိုက်တွန်းချင်ပါတယ် ..

      ဆက်လက်ပြီး အားပေးနေပါမယ် …
      weiwei

  • aye.kk

    November 18, 2014 at 3:16 pm

    ဖတ်လို့အရမ်းကောင်းတဲ့ Post ပါပဲ ။

  • ဦးကြောင်ကြီး

    November 19, 2014 at 1:38 pm

    ငါ မလိုချဉ်လို့ ပေးလိုက်တာ။

  • မဟာရာဇာ အံစာတုံး

    November 19, 2014 at 4:00 pm

    ရွာထဲ မရောက်ဖစ်တာကြာတော့
    ပို့စ်ကောင်းတွေတောင် အတော်လွတ်ခဲ့ပြီ …
    ပြန်ဖတ်အုံးမယ်ဗျာ …
    ဒါနဲ့ .. ဟိုတစ်ယောက်ကိုတော့ ကွန်ဂရက်ဂျူလေးချင်းပါလို့ ….

Leave a Reply