( သံသရာတစ်ကွေ့ဝယ် )

တောင်ပေါ်သားNovember 12, 20141min24511

တိမ်တွေပေါ်မှာ
မင်း စကားသံ   လွင့်ပျံဆဲလေ
သေချာသော်လည်း အဖမ်းခက်ခဲ ၊

မြေနီလမ်းမှာ
မင်းခြေရာများ ရှိထားသော်လည်း
ရှာရန်ကမလွယ် ဇဝေဇဝါရယ် ၊

လှည်းတန်းက အိုက်စ်ဘယ်ရီ
ကော်ဖီ၂ ခွက်ရယ် သက်သေတည်လည်း
ဘယ်ခွက်ဆိုတာ ငါမပြသာ ၊

အင်းစိန်လမ်းပေါ်
ဒို့ပျော်ခဲ့တဲ့ ၄၈  စီးဖြစ်ကြတာ
သေချာပေမယ့် ဘယ်ကားဆိုတာမရေရာ ၊

ဝိုင်ကေကေအို
ထိုင်လေကို တဲ့  ချွဲနွဲ့သူ့အသံ
ဟန်ပန်များရယ် ဘယ်ပျောက်ကွယ် ၊

လပြည့်ဝါဆို
ငါငိုချင်ခဲ့ ခွဲတဲ့ချစ်သူ
ပြစ်မြူ မျှမတင် ချစ်သူကိုကွယ့်လှစေချင် ၊

88

11 comments

  • Kaung Kin Pyar

    November 12, 2014 at 11:34 am

    အူးမျိုး…..အလွမ်းကဲ နေသီ……..
    🙂

    • တောင်ပေါ်သား

      November 12, 2014 at 12:13 pm

      ဆောင်းအဝင်မှာ

      ဒီရောဂါက ခဏခဏ ထ 🙂

  • kyeemite

    November 12, 2014 at 2:00 pm

    .ဆောင်းအဝင်မှာ
    .အကြောင်းဆင်တာ
    .အကောင်းမြင်ပါ
    .မနှောင်းခင်မှာ
    .ပြောင်းချင်စရာ…. :))

  • ကေဇီ

    November 12, 2014 at 2:07 pm

    ဂလိုချိဒယ် ကိုဂျီးမျိုးသန့်ရဲ့။
    ခါတလေကျ မပေါင်းဆုံ ရတဲ့ ချစ်သူကို အကြာကြီး ချစ်နိုင်တယ်ဗျ။
    ကိုယ်တွေ့။
    (ဒင်း တောက်ကျင့်တွေ အတူနေရင် သည်းခံနိုင်မှာ မဟုတ်) အဟွတ်။
    :kwi:

    အဲ။
    ပြီးတော့ ချစ်သူကို ဝေးဝေးထားရတာ ချစ်လို့ကောင်း လွမ်းလို့ကောင်းပါတယ်ဗျာ။
    ကိုယ်တွေ့။
    (အနော့ ဆိုးတဲ့ ဒဏ်လည်း နီးနီးနေတဲ့သူဘယ်သူမှ မခံနိုင်လို့ ပြေးကြပေါင်းများပေါ့၊) အဟွတ်
    :kwi:

    • Yae Myae Tha Ninn

      November 12, 2014 at 2:10 pm

      နီးတကျက်ကျက်… ဝေးတသက်သက်ပေါ့… ဒါမျိုးတွေက ဓမ္မာသောက အင်းဝ ရာဇာ အဲဒါမျိုးမှ ဖြစ်တာပါ… 🙂

      • ကေဇီ

        November 12, 2014 at 2:12 pm

        ဟုတ်ဘူးး
        နာ့ဖြင့် ၈ နေ့ ၈ နံ
        ၁၂ လ ရာသီဖွား (မြန်မာ/အင်္ဂလိပ်)
        ၁၂ နှစ် ရာသီဖွား (တရုတ်)
        အဲလို ဖြစ်နေတော့ မခက်ဖူးလားးး
        :a:

        အင်းလေ။
        နာ ကလည်း ခက်မှ ကြိုက်တာ ဆိုတော့။

        :kwi:

    • တောင်ပေါ်သား

      November 12, 2014 at 2:17 pm

      အိမ်နောက်ဘက် ပြတင်းပေါက်နားမှာ
      ဖွင့်ထားတာက အလွမ်းသီချင်း
      ဂရင်းအပြာ ၄ ပက် ရေခဲခွက်နဲ့
      ဝေခွဲခက်တဲ့ အချစ်တွေကို မျှောချ
      တစ်လောကလုံးကိုမေ့
      ကိုယ်တွေ့ ၊

  • Yae Myae Tha Ninn

    November 12, 2014 at 2:08 pm

    အော်… ဒုက်ခတ… ဒုက်ခတ…. 🙂

  • ဂျက်စပဲရိုး

    November 12, 2014 at 5:54 pm

    အော် အပူဒေ အပူဒေ 😛

  • ဝင့်ပြုံးမြင့်

    November 13, 2014 at 4:14 am

    .စတုတ္ထအရွယ်ရဲ့ ပထမအချစ် ။

  • အလင်းဆက်

    November 13, 2014 at 10:47 am

    သေချာ ဖတ်ဖို့…
    ခံစားကြည့်ဖို့…
    ဂဇက် ကဗျာတွေကို တစ်ခုခု ကြံစည်နေသမို့…

    သိမ်းသွားပါကြောင်းးး

Leave a Reply