” အသိပေးကြေညာချက် “

” အသိပေးကြေညာချက် “

ရွေးချယ်စရာမရှိ ပါသောကြောင့်
မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ရသည့် ပထမဇနီး ( မပုတု)သည်၎င်း
အပြော ချိုချိုဖြင့်ကတိတွေ တွင်တွင်ပေးသည်ကို ယုံကြည်မိ၍

ဆွေမျိုးမိဘအသိုင်းအဝိုင်းက သဘောမတူသည့်ကြားမှ

ပေါင်းသင်းမိခဲ့သော

(ဒေါ်အူတူ)သည်၎င်း

အရင်သူတွေထက် သာရပါစေမည်
ဟုအကြိမ်ကြိမ်ပြောလွန်း၍
ပုံအပ်မိသော (မိတာနော) သည်၎င်း

ခေါ်ဆို၍မရ နိုင်ခြင်း

အဝိုင်းလည်ပြသည်မှလွဲ၍

မည်သို့မှဆောင်ရွက်ပေးနိုင်ခြင်း

မရှိကြပါသောကြောင့် ၎င်းတို့အားကြိုတင်ပေးအပ်ထားသောငွေများကုန်သည့်နေ့တွင်

၎င်းတို့နှင်ပြတ်စဲမည်ဖြစ်ကြောင်းမိတ်ဆွေအပေါင်းအားအသိပေးအပ်ပါသည်

ကာဗမို

၃၁-၁၁-၂၀၁၄

14 comments

  • Yae Myae Tha Ninn

    November 13, 2014 at 9:21 am

    အော်.. ဂဇက်ကို လေးပေါက်မရောက်တာ.. ဒီကောင်မတွေ ကြောင့် ကိုး… ကောင်းတယ်.. ပြတ်စဲလိုက်… အရင်ရည်းစားဦး… Ms. Cyber နဲ့ပဲ စုံတွဲခုတ်လိုက်တော့… 😛

  • surmi

    November 13, 2014 at 9:24 am

    အရင်ဖုန်းနံပါတ်တော့သုံးသေးတယ် ဟုတ် 🙂

  • ခင် ခ

    November 13, 2014 at 10:51 am

    ကျွန်တော်တို့ အရင်တုန်းက တစ်နေရာသူဆီဖုန်းပြောချင်တယ်ဆို နီးစပ်ရာဖုန်းရှိတဲ့ဆီသွားကာ ပြောခဲ့ရတာတွေ၊ ပြောချင်တဲ့အကြောင်းတွေကို စာစီကာရေးပြီး စာတိုက်ကနေ အမြန်ချောနဲပို့ကာ စာရောက်လေမလား မရောက်လေမလား စိတ်ပူကာ ပြန်စာလာမယ့်ရက်ကို လက်ချိုးကာ ရေတွက်ခဲ့ရတာတွေ၊ သေရေးရှင်ရေး အရေးကြီးရင် ကြေးနန်းရုံးသွား ကြေးနန်းစာရိုက်ပို့ ကြေးနန်းစာလာတယ်ဗျိုးဆိုရင် ရင်ထဲ တဒိန်းဒိန်းနဲ့ စိုးရိမ်စိတ်ဝင်ခဲ့ရတာတွေ ဒီလိုအခြေအနေတွေနဲ့စာရင် အခုအခြေအနေက အများများကြီး တော်လာပြီမို့ သည်းခံလို့သာ ဆက်ပေါင်းရလေကုန်သတည်း ဆိုသလို ကျွန်တော်ကတော့ ထိုသုံးယောက်နဲ့ ပေါင်းဖက်ကာနေရအုံးမယ် ကိုပေါက်ရေ။

  • ကေဇီ

    November 13, 2014 at 11:39 am

    ဟယ်။
    တော်ကြာ ကွာရှင်းပြတ်ဆဲ ခ အမွေ ရပိုင်ခွင့် တစ်ဝက်တွေ တောင်းနေဦးမယ်။
    :k:

  • ကေဇီ ရေ

    ကျနော်က က သူ တို့ အားလုံးကို အပိုင် မဝယ် အငှားပေါင်းတာမို့ ( လက်မထပ်ဘဲအတူနေ)

    လေ ဒါကြောင့် ဘာလျော်ကြေးမှ ပေးစရာ မလိုပု

  • တောင်ပေါ်သား

    November 13, 2014 at 12:59 pm

    ( ကာဗမို

    ၃၁-၁၁-၂၀၁၄ )

    အံ့ဩစရာပါလား ၊ နိူဝင်ဘာလက ၃ဝ မှာတင် ကုန်ပြီလေ ၊

    သူလုပ်မှ လခထုတ်ရမယ့်ရက် ပျောက်ပြီ ၊ ဆိုတော့ကာ

    ဘယ်တော့မှ မရှိမယ့် နိူဝင်ဘာ ၃၁ မှ ဇာတ်လမ်းဖြတ်မယ်ပေါ့လေ ၊ 🙂

  • တယ်တော်တယ်မြင်တတ်တဲ့ တောင်ပေါ်သား။

    ဒီတစ်ခါမန်းလေးလာရင် ဆန်ဆေးရေ ရောထားတဲ့ ထန်းရည်အဝတိုက်မယ်
    (ထန်းရည်အစစ်က ဘယ်မှာ မှ မရ တော့လ ို့ပါ)

    • တောင်ပေါ်သား

      November 13, 2014 at 2:35 pm

      ဒါဆိုလည်း ရေမရောတဲ့ ဗျစ်ရည်းလေးကိုပဲ

      တောင်သမန်မှာ တွယ်မဗျာ 🙂

  • uncle gyi

    November 14, 2014 at 8:53 pm

    ်မြန်မာမှာကဟိုးရှေးတုန်းကလို့ပြောရအောင်ရှိခဲ့ဖူးတယ်လေ
    ဘာတဲ့
    တဖြတ်ထဲဟေ့တဖြတ်ထဲ

  • kyeemite

    November 17, 2014 at 9:00 am

    .ကျုပ်တော့လတ်တလော မပုတုနဲ့ပဲ နှစ်ပါးသွားနေပါတယ်
    .ဒါတောင်ခု နှစ်ပါးသွားနေတဲ့ မပုတု800 ကိုမိဘတွေပြန်သိမ်းမယ်တကဲကဲ :k:

  • ဦးကြောင်ကြီး

    November 17, 2014 at 9:08 am

    လေးယောက် မပြည့်သေးလို့ ထပ်ယူလိုက် ဦးပေါက်..

Leave a Reply