ဝါသနာရှင်

manawphyulayNovember 13, 20141min24822

ထိလွယ်ရှလွယ် ခံစားလွယ်သည်
ငါ့နှယ် စာပေဝါသနာရှင်မို့လား။

ချစ်လွယ်ခင်လွယ်၊ မြတ်နိုးလွယ်သည်
ငါ့နှယ် စာပေဝါသနာရှင်မို့လား။

ငဲ့လွယ် ညှာလွယ်၊ သနားလွယ်သည်
ငါ့နှယ် စာပေဝါသနာရှင်မို့လား။

ပေးလွယ်ကမ်းလွယ် လှူဒါန်းလွယ်သည်
ငါ့နှယ် စာပေဝါသနာရှင်မို့လား။

ဪ.. လေ… ဘဝပေးကုသိုလ်ကံ အကြောင်းဖန်တော့
ရုန်းကန်လှုပ်ရှား ဝမ်းစာရေးလား
ငါ့နှယ် စာပေဝါသနာရှင်မို့လား….

22 comments

  • အလင်းဆက်

    November 13, 2014 at 10:39 am

    ဘာပဲ ဖြစ်ဖြစ်.. စာတွေ ကဗျာတွေကို ဝါသနာ ပါနေမိတဲ့အတွက်.
    ကိုယ့်ကိုယ်ကို ကျေနပ်မိတာပဲ…

    ——–

    စကားစပ်ပြီးပြောရရင်…
    မကြာခင်မှာ ရွာထဲက ကဗျာတွေနဲ့ ပတ်သက်ပြီး..
    အစီအစဉ်သစ်လေးတစ်ခု..လုပ်စရာရှိနေလို့…
    ဒီလို…တင်လာတဲ့ ကဗျာလေးတွေကို.. သိမ်းနေပါကြောင်း…
    အသိပေးပါတယ်နော… ။

    မကြာမီ…လာမည်….

    :k:

  • Yae Myae Tha Ninn

    November 13, 2014 at 11:13 am

    ဒါကြောင့် အန်တီဝေကို ပြောတာလေ… ဖြစ်ထွန်းသင့်သလောက် ဖြစ်ထွန်းချင်တယ်လို့… 🙂

  • Kaung Kin Pyar

    November 13, 2014 at 11:25 am

    ဒီခေတ်ကလေးတွေကို Game ဆိုင်သွားပြီး အချိန်ဖြုန်းနေတာထက်စာရင်….စာအုပ်လေးတစ်အုပ်ကိုင်ပြီးဖတ်နေတဲ့ပုံလေးတွေ မြင်ချင်တယ်….
    ဟိုတစ်ရက်က ငှားနေကျ စာအုပ်ဆိုင်သွားတော့ အဲ့ဒီဆိုင်က အစ်မကြီးက ညည်းတယ်….
    ငှားလို့အဆင်မပြေတော့ဘူး ညီမရယ်….၊ ကလေးတွေက စာမဖတ်ကြတော့ဘူးတဲ့…
    ဟူးးးးးး
    ရင်လေးပါဘိ…

  • ကေဇီ

    November 13, 2014 at 11:28 am

    မနော နှလုံးသားထဲ မှာ နူးညံ့တဲ့ အနုပညာစိတ်ရှိလို့

    • manawphyulay

      November 13, 2014 at 1:04 pm

      စိတ်ပဲရှိတာ … ဘာမှမလုပ်နိုင်သေးတာ ခက်တယ် ဟင်း… ဟင်း..

  • Yae Myae Tha Ninn

    November 13, 2014 at 12:23 pm

    ဒါက အွန်လိုင်းမှာလဲ စာဖတ်လာကြလို့လဲ ဖြစ်မှာပါ.. အနော်တို့ဆို စာအုပ်ဆိုင်မှာ မဌားတာ … တော်တော်ကြာပေါ့… အိမ်ရောက်ရင် အိမ်မှု ကိစ္စတွေနဲ့ဆိုတော့… ရုံးက အားတဲ့ အချိန် E Book ပဲဖတ်ဖြစ်တယ်… 🙂

    • manawphyulay

      November 13, 2014 at 12:51 pm

      ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဝယ်ဖတ်ရအောင်လည်း စာအုပ်ဈေးတွေက ခေါင်ခိုက်လို့၊ ငှားဖတ်ဖို့ကျတော့လည်း စာအုပ်ဆိုင်တွေက ရပ်ကွက်ထဲမှာ ရှားပါးလို့လာနေပါပြီ။ အင်တာနက်ကနေဖတ်ဖို့ကျပြန်တော့ မျက်စိက လက်မခံချင်ပြန်ပါဘူး။ နောင်ကလေးတွေဆို စာပေနဲ့ ပိုဝေးလာတော့မယ်…

  • Kaung Kin Pyar

    November 13, 2014 at 3:23 pm

    ကွန်ပူတာကြီးကြည့်ပြီး စာဖတ်ရတာနဲ့…စာအုပ်ကို လက်ကကိုင်ရင်း ဖတ်ရတဲ့…ဖီလင်ခြင်း….မတူတာတော့ အမှန်….
    သည့်အပြင်….
    မိုးလေးစိမ့်စိမ့်မှာ….ကော်ဖီပူပူလေးတစ်ခွက်နဲ့….စောင်ပါးပါးလေးခြုံထားပြီး…ခေါင်းအုံးလေးကျောမှာ ခုရင်းဖတ်ရတာကတော့……
    ရှလွတ်……
    🙂
    (အပျင်းတစ်ကြောင်း…လူသိသွားပြီ မနောရေ့….)

  • uncle gyi

    November 14, 2014 at 9:23 pm

    ဘာအကြောင်းကြောင့်ဖြစ်ဖြစ်
    စာပေဝါသနာရှင်ဖြစ်တာ
    ကောင်းတယ်လို့သတ်မှတ်ပါတယ်

    • manawphyulay

      November 15, 2014 at 9:45 am

      ဟီး ခက်တာက ဝါသနာရှင်အဆင့်ကကို ရှေ့ဆက်မတက်ဘူး ဖြစ်နေတယ် 😆

  • kai

    November 15, 2014 at 9:52 am

    ဝါသနာရှင်နဲ့.. ကြေးစား…
    ကြေးစားဆိုတာ.. ပရို.. ပရောဖက်ရှင်နယ်ကိုပြောတာ…
    ကြေးစားဟာ.. ဆိုင်ရာအလုပ်နဲ့.. ထမင်းစားနိုင်ပြီ..။ အဲဒီအလုပ်ကို.. ၄နှစ်အထက်.. တောက်လျှော်ကလုပ်နိုင်ပြီဆို.. ခေါ်နိုင်ပါတယ်..။

    မြန်မာတွေ.. ဝေါဟာရ.. အသုံးမတတ်တော့.. ကြေးစားဆိုတာ.. နိမ့်နေသလိုလို…။

    • manawphyulay

      November 15, 2014 at 10:14 am

      ဟုတ်တော့ ဟုတ်ပါတယ်။ နိုင်ငံတကာက ကြေးစားတွေငှားသုံးတာ များတော့..

      ကြေးစားဆို အတော်ဆိုးမှတ်တာ…. :mrgreen:

  • ပရော်ဖက်ရှင်နယ်ဆိုတဲ့စကားလုံးကို မြန်မာလို လှတပတ ဘာသာပြန်ပေးနိုင်ရင်ကောင်းမယ်

    ကြေးစား ဆိုတာကြီးကမမိုက်

    ကြေးစားလူသတ်သမားဆိုတာမျိုးပေါ့

    • kai

      November 15, 2014 at 3:15 pm

      ပရို..ပရော်ဖက်ရှင်နယ်လို့ပဲ.. တည့်တည့်ပြန်မွေးစားရေးပြောရင်ကောင်းမယ်ထင်တာပဲ..
      ကြုံလို့ပြောရရင်.. ပွဲစားဆိုတာလည်း.. မြန်မာတွေလုပ်ရင်း..ပြောရင်း.. မကောင်းသလိုလိုင်္ကြီးဖြစ်နေတယ်..

      ရှေးကတော့.. ပွဲစားကြီးဆို.. ဂုဏ်ရှိသဗျ..။
      တကယ်တော့.. အကျိုးတော်ဆောင်တွေမရှိလည်း..အလုပ်ကဖြစ်ကြတာမဟုတ်…။
      ယူအက်စ်မှာ.. လွှတ်တော်ထဲ.. လော့ဘီ..လော့ဘစ်ဆိုတာ.. နိုင်ငံရေးပွဲစား.. မရှိမဖြစ်ပွဲစားပဲ..

      မြန်မာ့နိုင်ငံရေးမှာလည်း.. ပွဲစားလိုနေတယ်…ထင်..။ :k:

      • မြစပဲရိုး

        November 15, 2014 at 3:26 pm

        သများ အဖိုး တစ်ယောက်က ပွဲစားကြီး တဲ့။ lol:-))))

        • manawphyulay

          November 17, 2014 at 9:47 am

          ဟုတ်တယ်နော် ဟိုးအရင်တုန်းက ရွာတွေမှာ ပွဲစားကြီးတို့ ပွဲစားကတော်ကြီးတို့ဆိုတာ အတော်နာမည်ကြီးပဲ ရွာထဲမှာလည်း မျက်နှာပန်းပွင့်တယ်။ ဂုဏ်တစ်ခုလို သုံးနှုန်းကြတယ်။

      • ပွဲစားဆိုတာက ကောင်းသောအလုပ်ကို လုပ်ကြတဲ့သူတွေပါ

        အခုခေတ်မှာ လှီးကြခုတ်ကြ လုပ်ကြတော့ ပွဲစားဆို တဲ့ စကားက အလိုလိုနာမယ်ပျက်သွားရော

        အဲတော့ အကျုးိတော်ဆောင်ဆိုပြီး နာမယ်ပြန်ပြောင်းကြရ ပြန်တာပေါ့

        မြန်မာနိုင်ငံရေးမှာတော့ ပွဲစားလိုနေတာ အမှန်ပါဘဲ။

        တိုင်းရင်းသားးအုပ်စု နဲ့ ဗမာတွေအကြားမှာ ပွဲ စား မရှိလို့ အခုလို ဆွေးနွေးလိုက် ပျက်လိုက်ဖြစ်နေတာဘဲ

        ဟင်နရီကစ်ဆင်းဂျာ လို ပွဲစားတစ်ယောက်တော့ လို နေပြီ

        • kai

          November 15, 2014 at 5:10 pm

          ခုလောလောဆယ်မှာတော့.. သမ္မတဟောင်းကလင်တန်ဟာ.. အကောင်းဆုံးနိုင်ငံရေးပွဲစားပဲ..
          သူ့ကို.. ဒေါ်လှ ၁ဝသန်းလောက်ပေးပြီး.. တောင်းဆိုရင်.. ဖြစ်မယ်ထင်.. :k:

          တဆင့်နှိမ့်ရင်.. သမ္မတဟောင်းဂျင်မီကာတာ…
          ဖိုက်တာခေါ်ပြီး… ဖိပြီးမှညှိချင်ရင်တော့.. စိနိတ်တာ.. မက်ခ်ကိန်း..။

          အသိမမှားရင်..
          တိုင်းရင်းသားတွေနဲ့.. စစ်တပ်ကြား.. ညှိလို့ရနေပါပြီ…။
          သိပ်ခက်တယ်လို့.. မထင်…။
          လူတွေကို.. အသိမပေးသေးတာသာ.. ဖြစ်တယ်လို့.. ထင်..။
          သဘောက..
          နိုင်ငံရေးကစားနေသာတာ.. ဖြစ်ကြောင်း..။ :k:

  • တိုင်းရင်းသားနဲ့စစ်တပ်ကြား မှာ တစ်ဖက်နဲ့တစ်ဖက်ရှိနေတဲ့
    လူမျိုးရေးအမြင်လေးတွေ နည်းနည်းလျော့လိုက်မယ် ဆိုရင်
    လုံးဝ အိုကေပါတယ်။

    မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဒေါ်လှ ဆယ် သန်း ဘယ်သူ ထုတ်ပေးနိုင်ပါမလဲ ကိုုခိုင်ရေ

    • kai

      November 17, 2014 at 12:49 am

      အခု.. ပိစ်စင်တာကို.. ယူအက်စ်ကထုတ်ပေးနေတဲ့ငွေပဲ.. သန်းရာချီနေပြီလေ… ဆရာပေါက်ရာ..။

  • uncle gyi

    November 16, 2014 at 10:20 pm

    သူကြီးနဲ့ကိုပေါက်က
    ညှိကြောင်းပြောနေတာ
    တကယ်မသိလို့လား
    သိရဲ့နဲ့ပြောနေတာလား
    မပြောချင်ဖူးနော်

    ဆရာကြီးတင်မိုးကဗျာလေး
    တကြောင်းမှတ်မိလို့ရေးလိုက်အုန်းမယ်
    စစ်နဲ့ပဲလုပ်စားနေကြတာ တဲ့
    သတိအန်ကယ်ကြီးအပြောမဟုတ်
    ကွယ်လွန်ပြီးသောဆရာရဲ့ကဗျာထဲကမှတ်မိတာရေးလိုက်တာပါ

  • manawphyulay

    December 18, 2014 at 9:12 am

    အားပေးကြသော အနီအပေါင်း သူတော်ကောင်းတို့ ခုလိုအားပေးဖော်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါကြောင်း….

Leave a Reply