ကြမ်းပိုးများနှင့် အိမ်

တောင်ပေါ်သားNovember 13, 20141min35120

(တောက်…….)
ဘယ်လိုမှ ငြိမ်နေလို့မရတော့ပဲ ယားနေလှတဲ့ လက်မောင်းကို ကုတ်ဖဲ့ရင်း မီးထဖွင့်လိုက်ရတယ်။

မီးရောင်အောက် ကျနော့် မွေ့ယာပေါ်မှာတော့ ကာလနာ သေချင်းဆိုးကြမ်းပိုးက ပြေးပေါက်ရှာနေပြီ၊

ရှိသမျှ အားကို လက်ညှိုးနဲ့ လက်မကြားထားပြီး ဖိချေလိုက်တဲ့အခါ ဖောင်းကားနေတဲ့ သူ့ခန္ဓာကိုယ်ထဲက သွေးတွေက ဗျစ်ကနဲ ထွက်လာခဲ့တယ်။
ဒါ……..သူ စုတ်ယူထားတဲ့ ကျနော့်သွေးတွေပဲ။

x                         x                        x

တကယ်တော့ ကျနော့် အိမ်လေးမှာ အရင်တုန်းက ကြမ်းပိုးဆိုတာ သိပ်မသောင်းကျန်းလှပါဘူး။

ကျနော် ငယ်ငယ်တုန်းက ကြမ်းပိုးဆိုတာလည်း သိပ်ဂရုမစိုက်မိသလို အိပ်ပြီဆိုရင်လည်း တုံးကနဲကိုး၊

ဒါပေမယ့် ဒီဘက်နှစ်တွေမှာတော့ ဒီကြမ်းပိုးတွေဟာ ဘယ်ကနေ ဘယ်လောက်တောင် ပေါက်ဖွားလို့ များပြားလာကြတယ်မသိ၊

အိမ်ရဲ့ နေရာတိုင်းလိုလိုမှာ ဒီကြမ်းပိုးတွေပဲ သောင်းကျန်းနေကြတာကြာပြီပဲ။

အမှတ်တမဲ့ နေမိလို့ အကိုက်ခံလိုက်ရပြီဆိုရင်လည်း ဘယ်လိုမှ သည်းမခံနိုင်လောက်အောင်ကို ယားလှတာ ခင်ဗျားတို့လည်း ကြုံဘူးကြမယ် ထင်ပါတယ်။

ဖတ်ဘူးတဲ့စာထဲမှာတော့ ကြမ်းပိုးဆိုတဲ့ အကောင်မျိုးက၊ ခြင်၊ ယင်၊ ပိုးဟပ်၊ ကြွက်တွေလိုပဲ ရောဂါပိုး သယ်ဆောင်တဲ့ ပိုးမွှား (Vector) လို့ ခေါ်သတဲ့။

အိမ်အတွက် ဘာအကျိုးမှ မရှိတဲ့အကောင်တွေ။

ဒီအကောင်တွေထဲမှာမှ နှိမ်နင်းရအခက်ဆုံးက ကြမ်းပိုးပဲပေါ့။

လူနံ့ရတာနဲ့ တရွရွ ထလာတတ်ကြသလို လူနံ့ကို အသိဆုံးဆိုပဲ၊

ပြီးတော့ သူ့ကို သတ်လိုက်လို့ ထွက်လာတဲ့ အနံ့ကလည်းဆိုး၊ အိမ်မပျော်တဲ့ ညတွေကို အဖန်တီးဆုံးကောင်ကလည်း ဒင်းပဲပေါ့။

ကြမ်းပိုးသတ်ဆေး သုံးပေမယ့် အဲဒီဆေးက ဥတွေကိုကြတော့ သေစေဖို့ မလွယ်ဘူးတဲ့။

ကဲ…….အခုလည်း ညသန်းခေါင်းကျော် မီးဖွင့်ပြီး အိပ်ရာပေါ်ငုတ်တုပ်ထိုင်၊ လက်တစ်ဘက်က ပိုးသတ်ဆေးဖျန်းဘူး ကိုကိုင်၊

အိပ်ချင်မူးတူး မျက်လုံးကို ပြဲနေပြူးနေအောင်ဖွင့်ရင်း ဒင်းတို့ကို ရှာနေရပြီ….။

တစ်ခါတစ်လေတော့လည်း ဘယ်လိုမှကို မနိုင် လက်မှိုင်ချ နေရတဲ့ ဒီသွေးစုတ်ကောင်တွေကြောင့် ဒီအိမ် ကနေတောင် ထွက်ပြေးချင်စိတ်ပေါက်ခဲ့ပါရဲ့။

ဒါပေမယ့်လည်း ဒီအိမ်ဟာ ကျနော် မွေးခဲ့တဲ့အိမ်၊ ကျနော် ကြီးပြင်းခဲ့တဲ့အိမ်၊ ကျနော့် မိသားစုရှိတဲ့အိမ်၊

ဒီလိုသံယောဇဉ်ကြီးစရာ ကောင်းလွန်းသလို ဘာအပြစ်မှလည်း မရှိတဲ့ အိမ်ကလေးကို

ဒီကြမ်းပိုးကောင်တွေကြောင့် စွန့်ခွာသွားရမယ်ဆိုတာကတော့ အဓိပ္ပာယ်မရှိလှပါဘူး။

ဒီတော့ ဘယ်လိုလုပ်မလဲ ?

ကျုပ်တို့ရဲ့ သွေးတွေကိုစုပ်ပြီး ဝဖြီးနေတဲ့ ကြမ်းပိုးတွေကို ဘယ်လိုပဲဖြစ်ဖြစ် သုတ်သင့်ဖို့ကိုပဲ လုံးပမ်းရမှာပဲလေ။
အကြံပေးကြတဲ့ နည်းတွေကတော့ အများကြီးပါပဲ။

မိတ်ဆွေတို့မှာကော….ဘာကောင်းကျိုးမှ မပေးတဲ့ လူ့သွေးစုပ်ကြမ်းပိုးတွေအတွက် ဘယ်လို လက်နက်ကောင်းများ ရှိကြပါသလဲ…။

ကျုပ် ဘယ်တော့မှ စွန့်ခွာသွားမှာမဟုတ်တဲ့ ကျုပ်တို့ရဲ့အိမ်မှာ မင်းမူသောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ဘယ်လိုနည်းနဲ့များ အနိုင်ယူနိုင်မလဲဗျာ….။

3

20 comments

  • ကေဇီ

    November 13, 2014 at 11:37 am

    ရှိသမျှ နေရာကို ရေနွေး ဆူဆူ လိုက်လောင်းးး
    “ပိုလို” ပဲ နိုင်မယ်။
    ကြမ်းပိုးတင်မက ကိုယ်ပါပြေးရမှာ

    :mrgreen:

    • တောင်ပေါ်သား

      November 13, 2014 at 11:40 am

      ပိုလို တဲ့လား ၊

      အပိုတွေတော့ မလိုချင်ဘူးနော်

  • အလင်းဆက်

    November 13, 2014 at 11:50 am

    ဂျပိုးတွေကို မုန်းတယ်။
    အိပ်ရေးပျက်စေတဲ့ ယားယံမှုတွေ

    ပြောပြရဦးမယ်။
    ပန်းဆိုးတန်းနဲ့ ကုန်သည်လမ်းထောင့်နားက စာပေဗိမာန်ကြီးလေ
    မတော်တဆ လာထိုင်ဖြစ်ရင် တင်ပါးအတု တက်လာကြဗျ
    သိလား။
    ဂျပိုးတွေမှ ထိုင်ခုံတွေမှာ ပြူတစ်ပြူတစ်နဲ့

    🙁

  • Kaung Kin Pyar

    November 13, 2014 at 12:05 pm

    အူးမျိုး
    ကုတင်တွေကို ဝရန်တာမှာ လင့်စင်ထိုးပြီး နေထုတ်လှမ်းပါလား….
    ဒီနေနဲ့ဆို အတော်ပဲ…..ခ်ခ်…

    • တောင်ပေါ်သား

      November 13, 2014 at 12:22 pm

      ပို့စ်အောက်ကပုံကို ဘာလို့မကြည့်ကြတာတုန်း ?

      • ကေဇီ

        November 13, 2014 at 12:24 pm

        ကြော်ငြာမှတ်လို့။။
        :kwi:

        • တောင်ပေါ်သား

          November 13, 2014 at 12:31 pm

          အေးပေါ့
          ခီညားက သူများအိမ်ရောက်နေတာကိုး ၊
          ဒီတော့ကိုယ့်အိမ်က ကြမ်းပိုးဒဏ် လက်တွေ့မခံရဘူးလေ ၊

        • ကေဇီ

          November 13, 2014 at 12:37 pm

          ကိုယ့် အမျိုးတွေ ကိုက်ရင်တော့ က ကိုယ့် ကို ကိုက်သလိုပါပဲဗျာ။
          အကိုက်ခံရမှာ ကြောက်တော့ ပြန်လာလို့ မရတဲ့ ဒွတ်ခကလည်း ရှိပါသေးး
          တစ်ချို့ကတော့ ကြမ်းပိုးပြီး ပြီ ထင်ပါရဲ့။
          နှိမ်နင်းဖို့ကို မစဉ်းစားး
          :h:

        • တောင်ပေါ်သား

          November 13, 2014 at 12:43 pm

          ဆေးလေးဘာလေး ညွှန်စမ်းပါအေရယ်

          မခံနိူင်တော့လွန်းလို့ ၊

          တစ်ချို့ က ကြမ်းပိုးပြီးတာဟုတ်ဘူး ၊

          ကြမ်းပိုးနဲ့ ပေါင်းဖို့ကြံနေတာ ၊

  • Yae Myae Tha Ninn

    November 13, 2014 at 12:30 pm

    အရင်က အိမ်မှာ ပေါတယ်ဗျ.. နောက် ကြမ်းခင်းကို ကြွေပြားခင်းတယ်… အပေါ်ထပ်ကြမ်းခင်းကြတော့ လူမနေတော့ ဒင်းတို့မလာဘူး.. အိပ်ယာအောက်မှာ ကြောင်ပန်းရွက်လား ထားတယ်… နောက် ဘူးအမည်း အဝိုင်းလေး နဲ့ အဖြူမှုန့် ယိုးဒယား ကြမ်းပိုးသတ်ဆေးနဲ့ ချတယ်… အဲဒါက အတုတော့ ပေါလာတယ်… ဖြစ်စဉ်ကတော့ တိုက်အိမ်နေလူတွေ အဖြစ်များတယ်… အပေါ်ထပ်က ဖျာလှမ်း ရိုက်ချ နဲ့ဆိုတော့… ရှင်းရင် တခါတည်း တအိမ်လုံး အပြီးရှင်း မဟုတ်ရင် ပဲ့ကဖိ လှေဦးကထောင် ဖြစ်နေမယ်… အမြန်ဆုံး အော်ပရေးရှင်း စလိုက်ပါ ဦးမျိုး… 🙂

  • weiwei

    November 13, 2014 at 1:14 pm

    ကျွန်မတို့အလုပ်ထဲကိုတောင် ကြမ်းပိုးတွေ ရောက်လာတော့မယ် ..
    ဘယ်လိုကာကွယ်ပြီး ပေါင်းသင်းရမလဲမသိသေးပေမယ့် မပေါင်းလဲခက် ပေါင်းလဲခက်ဆိုသလိုဖြစ်နေတော့လဲ …

    • တောင်ပေါ်သား

      November 13, 2014 at 1:30 pm

      ဟုတ်ပ အမဝေရေ

      မပေါင်းမဖြစ်ဆိုလည်း ခပ်ခွာခွာကပေါင်းပေါ့ ၊

      မတော် သိပ်နီးနေရင် လှမ်းတွယ်သွားဦးမယ် ၊

  • kai

    November 13, 2014 at 2:00 pm

    Tooooooooooooo late!

    ယူအက်စ်မှာ ဂျပိုးဆရာကိုခေါ်ရင်.. အအေးအနုတ်ဒီဂရီတော်တော်တော်များတဲ့.. အအေးငွေနဲ့မှုတ်တယ်ဗျ..။
    ဥရော.. အကောင်ရော..သေ..။
    အအေးငွေ့.. ဂက်စ်က.. မြန်မာပြည်တွင်းမှာမရှိ..။

    ဆိုတော့…
    မကြာမတင်.. ပြည်တွင်းစစ်ပွဲတွေရပ်ပြီး…. ငြိမ်းချမ်းရေးတွေလာပါမယ်..။
    အဲဒီအခါကျ.. အလုပ်မရှိတဲ့အစိမ်းဂိုဏ်းသားတွေအရပ်ဖက်အုပ်ချုပ်ရေးကို.. ဝင်ရောက်လာကြပါဦးမယ်..။
    ချစားနေတဲ့.. ယန္တယားထဲ.. ကြမ်းပိုးပါဝင်တော့.. တအိအိနဲ့ယိုင်နဲ့ပြီး… ပြိုကျပါမယ်…။
    လက်ဆယ်ချောင်းနဲ့.. တခါ.. ၂ခါ..၃ခါ…။ ဝုန်း..။

    စနစ်ကြောင့်မဟုတ်…။ :k:

    • တောင်ပေါ်သား

      November 13, 2014 at 2:05 pm

      စနစ်ကြောင့် မဟုတ် ဆိုတော့ . . . .

      ဒီလေ ဒီမိုး ဒီ ( . . . . . ) . . . ဒီကြမ်းပိုးတွေနဲ့ ခက်ရချည်သေးရဲ့

  • Ma Ei

    November 13, 2014 at 2:10 pm

    ကျမတို့ အခန်းထဲမှာတော့
    အနီးအနား ကြမ်းပိုးတွေမရှိ ပေမယ့်
    အဝေးကလာတဲ့ လိပ် တွေ ရှိလေရဲ့…

    • တောင်ပေါ်သား

      November 13, 2014 at 2:22 pm

      လိပ်ဆိုတော့ အမအိ ဝေးဝေးရှောင်နော်

      သူ ယက်တဲ့အထဲ ပါသွားဦးမယ် ၊ 🙂

  • aye.kk

    November 15, 2014 at 8:36 am

    ဗိုလ်​ ချုပ်​​ပြောခဲ့တာရှိပါတယ်​
    ကိုယ်​ကသူတို့ထက်​ သာ​အောင်​လုပ်​ပါ
    သူတို့ထက်​ကိုယ်​ကသာရင်​ သူတို့ဟာ သူတို့​အောင်​​ဖေ​ညောင်​းသွား လိမ်​့မယ်​တဲ့။
    အ​ဖေခဏခဏ ​ပြောပြလို့ ြကြား​နေကြစကား​လေး ြြပြန်​ပြာပြတာ။​ေ​

  • လူမဟုတ်တဲ့ကြမ်းပိုးက ဆေးမျိုးစုံ နဲ့ သတ်လို့ရတယ်
    လူ့ကြမ်းပိုး က သတ်လို့ခက်တယ်
    နည်းမျိုးစုံနဲ့သတ်လို့ မသေ
    သူတို့ကို အားဖြည့်ပေးနေတဲ့သူတွေရှိတယ်လေ
    ကြာလေကြီးလေပါဘဲ

  • aye.kk

    November 15, 2014 at 3:25 pm

    ကို​ပေါက်​ ​ပြောတာမှန်လိုက်​တာ။

  • မြစပဲရိုး

    November 16, 2014 at 12:17 am

    ကြမ်းပိုး ကို သတ်ဖို့ အဝေးက လေနဲ့ မှုတ် ထုတ် လို့ ရရင် အကောင်းသား။
    သူတို့ က အကြိုအကြား ထဲ အခို ဒီလောက်တော်တာ သိသား နဲ့ ကိုမျိုးရယ်။
    သူတို့ အနား ထိ မကပ် နိုင်လို့ ဘဲ နှစ်တွေ ဒီလောက် ကြာကြာ အကိုက်ခံ နေရတာ။
    အခုလို ကပ်နိုင်သူ ကို ကျေးဇူးတောင် တင်ရမှာပါလေ။
    အနားကပ်ပြီး မှ ဆွဲခွါလို့ ရမှာ မဟုတ်လား။
    ကိုယ်တွေဆို လက် နဲ့ ထိဖို့ တောင် အစွမ်း မရှိနိုင်တာ။

Leave a Reply