*** ဘုရားဂုဏ်တော်ကိုးပါး ***

khinmintatthuAugust 17, 20101min750

*** ဘုရားဂုဏ်တော်ကိုးပါး ***

၁။ အရဟံ…
၂။ သမ္မာသမ္ဗုဒ္ဓေါ…
၃။ ဝိဇ္ဇာစရဏသမ္ပန္နော…
၄။ သုဂတော…
၅။ လောကဝိဒူ…
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ …
၇။ သတ္ထာဒေဝမနုဿာနံ…
၈။ ဗုဒ္ဓေါ…
၉။ ဘဂဝါ…

၁။ အရဟံ…
ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် {{အရဟံ}} မည်တော်မူ၏။

၂။ သမ္မာသမ္ဗုဒ္ဓေါ…
အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသောကြောင့် {{သမ္မာ-သမ္ဗုဒ္ဓ}} မည်တော်မူ၏။

၃။ ဝိဇ္ဇာစရဏသမ္ပန္နော…
အသိဉာဏ်{ဝိဇ္ဇာ} အကျင့်{စရဏ}နှင့် ပြည့်စုံတော်မူသောကြောင့် {{ဝိဇ္ဇာစရဏ-သမ္ပန္န}} မည်တော်မူ၏။

၄။ သုဂတော…
ကောင်းသောစကားကို ဆိုတော်မူတတ်သောကြောင့် {{သုဂတ}} မည်တော်မူ၏။

၅။ လောကဝိဒူ…
လောကကို သိတော်မူသောကြောင့် {{လောကဝိဒူ}} မည်တော်မူ၏။

၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ …
ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသောကြောင့် {{အနုတ္တရောပုရိသ ဒမ္မသာရထိ}} မည်တော်မူ၏။

၇။ သတ္ထာဒေဝမနုဿာနံ…
နတ်, လူတို့၏ဆရာ ဖြစ်တော်မူသောကြောင့် {{သတ္ထာဒေဝမနုဿာနံ}} မည် တော်မူ၏။

၈။ ဗုဒ္ဓေါ…
သစ္စာလေးပါးတရားတို့ကို သိစေတော်မူသောကြောင့် {{ဗုဒ္ဓ}} မည်တော်မူ၏။

၉။ ဘဂဝါ…
ဘုန်းတန်ခိုးကြီးတော်မူသောကြောင့် {{ဘဂဝါ}} မည်တော်မူ၏။

*** တရားဂုဏ်တော်ခြောက်ပါး ***

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော…
၂။ သန္ဒိဋ္ဌိကော…
၃။ အကာလိကော…
၄။ ဧဟိပဿိကော…
၅။ ဩပနေယျိကော…
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ…

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော…
မြတ်စွာဘုရားသည် ကောင်းမွန်စွာ ဟောတော်မူသောကြောင့် {{သွာက္ခာတ}} မည်တော်မူ၏။

၂။ သန္ဒိဋ္ဌိကော…
ကိုယ်တိုင်သိမြင်နိုင်သောကြောင့် {{သန္ဒိဋ္ဌိက}} မည်တော်မူ၏။

၃။ အကာလိကော…
အချိန်မလင့် အကျိုးပေးသောကြောင့် {{အကာလိက}} မည်တော်မူ၏။

၄။ ဧဟိပဿိကော…
လာပါ၊ ရှုမှတ်ကြည့်ပါဟု ဖိတ်ခေါ်ထိုက်သောကြောင့် {{ဧဟိပဿိက}} မည် တော်မူ၏။

၅။ ဩပနေယျိကော…
စိတ်ထဲတွင် အမြဲတမ်း သိမ်းဆည်းထိုက်သောကြောင့် {{ဩပနေယျိက}} မည် တော်မူ၏။

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ…
ပညာရှိအပေါင်းတို့သည် ကိုယ်စီကိုယ်င သိအပ်ခံစားအပ်သောကြောင့် {{ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ}} မည်တော်မူ၏။

*** သံဃာ့ဂုဏ်တော်ကိုးပါး ***

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…
၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…
၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…
၄။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂဝတော သာဝကသံဃော…
၅။ အာဟုနေယျော…
၆။ ပါဟုနေယျော…
၇။ ဒက္ခိဏေယျော…
၈။ အဉ္ဇလိကရဏီယျော…
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ…

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…
မြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် ကောင်းမွန် စွာ ကျင့်ကြံတော်မူသောကြောင့် {{သုပ္ပဋိပန္န}} မည်တော်မူ၏။

၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…
မြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် မာယာ ကင်းကွာ ဖြောင့်စွာ ကျင့်ကြံတော်မူသောကြောင့် {{ဥဇုပ္ပဋိပန္န}} မည်တော်မူ၏။

၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…
မြတ်စွာဘုရား၏တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော်မူသောကြောင့် {{ဉာယပ္ပဋိပန္န}} မည်တော်မူ၏။

၄။ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…
မြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည် ရိုသေခြင်းကို ခံယူတော်မူ
ထိုက်အောင် ကျင့်ကြံတော်မူသောကြောင့် {{သာမီစိပ္ပဋိပန္န}} မည် တော်မူ၏။

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလာ၊
ဧသ ဘဂဝတော သာဝကသံဃော…
ဤမြတ်စွာဘုရား၏ တပည့်သား အရိယာရှစ်ဖော် သံဃာတော်တို့သည်-

၅။ အာဟုနေယျော…
အဝေးမှယူလာသော ပစ္စည်းကိုလည်း ခံယူခြင်းငှာ ထိုက်တော်မူသောကြောင့် {{အာဟုနေယျ}} မည်တော်မူ၏။

၆။ ပါဟုနေယျော…
ဧည့်သည်အတွက်ထားသော ပစ္စည်းကိုလည်း ခံယူခြင်းငှာ ထိုက်တော်မူသော ကြောင့် {{ပါဟုနေယျ}} မည်တော်မူ၏။

၇။ ဒက္ခိဏေယျော…
တမလွန်အတွက် ရည်မှန်း၍ လှူဒါန်းသော အလှူကို ခံယူခြင်းငှာ ထိုက်တော်မူ သောကြောင့် {{ဒက္ခိဏေယျ}} မည်တော်မူ၏။

၈။ အဉ္ဇလိကရဏီယျော…
ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော်မူသောကြောင့် {{အဉ္ဇလိ- ကရဏီယ}} မည်တော်မူ၏။

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ…
ကုသိုလ်ကောင်းမှုတည်းဟူသောမျိုးစေ့ကို စိုက်ပျိုးကြဲချရန် လယ်ယာမြေကောင်း သဖွယ် ဖြစ်တော်မူသောကြောင့် {{ အနုတ္တရံ
ပုညက္ခေတ္တံ လောကဿ}} မည် တော်မူ၏။

ဗုဒ္ဓဓမ္မ
ဦးလောကနာထ