( ကြွေလွင့်ပန်းရဲ့ လွမ်းပုံပြင် )

တောင်ပေါ်သားNovember 14, 20141min1589

ဖူး . . . .
ဖူူးလာသည့်လမ်း
ဝမ်းပန်းတသာ ရှိ၍လာခဲ့
ကြိုမယ့်သူအကြည့်  သူ မသိ ၊

ငုံ . . . .
ငုံစထွေးထွေး
မွှေးစသည်ပန်း စခန်းသာမြေ
ဩဇာရေနှင့် စ၍တော့ဖြင့် ပွင့်ရော့မည် ၊

ပွင့် . . . .
ပွင့်၍လာပြီ
ရိုးတံဖျားဆီ နီရဲစွေးစွေး
လှသွေးကြွယ်ဝ သူ့ဘဝ ၊

လန်း . . . .
လန်းလန်းလှလှ
ချမ်းချမ်းမြမြ ဖြစ်ရစေဖို့
တိုးလို့ကြည်နူး ဥယျာဉ်မှုး ၊

နွမ်း . . . .
နွမ်းစယောင်သမ်း
မနမ်းရက်သာ ခက်ညှာဝေကင်း
ဆင်းသွင်ရုပ်မှာ အနှုတ်လက္ခဏာ ၊

ကြွေ . . . .
ကြွေလွင့်ခဲ့ပြီ
ဝေသီမျက်ရည် စီးနေလျက်မှာ
မချစ်သာရူး ဥယျာဉ်မှုးလေ
ခက်စေဝေဒနာ သက်သာဖို့မမြင်
ချစ်ချင်သော်လည်း ဆိုမြဲစကားက
ပန်းရယ်ဘယ်မခူး ဥယျာဉ်မှုးတဲ့
ခုကွယ့်ကြည့်စမ်း ပြစ်မဲ့ပန်းခမျာ
ဆိုရိုးစကားကြား လွင့်ပါးရပြီ
မည်သူ့ကိုတဲ့ အပြစ်တင်မည် ။

4

9 comments

  • ကြွေလွင့် ပန်း

    November 14, 2014 at 9:27 am

    ကွယ်…

    ဇာတ်ကြောင်းရယ်ဖန်
    သူရယ်လို့ ကိုယ့်များဖွဲ့လေသလား
    တစ်ရှိုက်မြတ်နိုး ကိုယ့်ကိုယိုးလျက်
    ဖွဲ့စာညွှန်းလေရော့သလား။

    ရော်…

    ခက်လှပါဘိ
    အစရယ်တဲ့ အလည်ရောက်သော်မျှ
    ကိုယ့်အကြောင်း ပျက်သိကာမရှိ
    သူ့သာသူပန်းစိုက်နေလေခြင်း။

    ကိုင်း…

    ရှိစေတော့
    ဇွတ်အတင်း စကားတွေစပ်မယ်
    ကျုပ်ခုလေးတင်ပေးထားတာ

    ကြွေလွင့်ပန်းတဲ့ဗျား၊

    လွမ်းပုံပြင်ကတော့ ပြော.. မဆုံးပေါင်။

    • တောင်ပေါ်သား

      November 14, 2014 at 9:33 am

      ကိုရင်ရေ
      ဒီပို့စ် မတင်ခင်ကတည်းက ကိုရင်ရောက်လာမယ်ဆိုတာ ကြိုမြင်မိပါရဲ့

      အလွမ်းဓါတ်ခံ ရှိသူတွေအတွက် အလွမ်းတွေက တောင်လိုပုံ ၊

      • ကြွေလွင့် ပန်း

        November 14, 2014 at 9:51 am

        သက်လည်ရယ် လွမ်းတယ်လို့မခေါ်ရက်ပေဘု
        လွမ်းမပြေ သည်(ဒီ)မောင်တစ်ယောက်မှာတော့
        ချမ်းတာရယ် အသို့မှမဖြေနိုင်
        သောက်တော်ဗူးရယ်နဲ့ သည်(ဒီ)စခန်း လှမ်းမယ်ကွဲ့
        ကဲ… မူးလိုက်လေစမ်း

        • တောင်ပေါ်သား

          November 14, 2014 at 9:54 am

          လွမ်းရင် သောက်ရတာလား ဟင် ?

          ဒါဆိုရင်တော့ ပြေးဝယ်လိုက်ဦးမှပါ ၊ 🙂

  • အလင်းဆက်

    November 14, 2014 at 10:12 am

    အယ်…. အလွမ်းမြို့တော်ထဲ… မျက်စိလည်..လမ်းမှား…

    :k:

  • manawphyulay

    November 15, 2014 at 10:13 am

    ဖူး ငုံ ပွင့် လန်း
    နွမ်းလို့ပင် ကြွေပါစေ…
    ပန်းခြောက်လေးပဲ မြတ်နိုးတယ်….. :mrgreen:

    • တောင်ပေါ်သား

      November 15, 2014 at 10:23 am

      တယ်ဆိုတဲ့ စာပါလားကွယ် 🙂

    • ကြွေလွင့် ပန်း

      November 15, 2014 at 10:29 am

      ပန်းစံပါယ် နန်းလည်မပေါ်ခိုက်ဟာမို့
      ခံပွင့်ကို သီကုန်းရတယ်..

      (နောက်များမှ အကျယ်တစ်ဝင့်ရှင်းမယ်
      ပန်းခြောက်က လက်ပံပွင့်တောင်မဟုတ်လေတော့
      ဟင်းချိုတောင် ချက်မသောက်ချင်တော့ဘူး
      တစ်ကယ်)

      • တောင်ပေါ်သား

        November 15, 2014 at 10:32 am

        လက်ပံခေါင်းချဉ်ရည်တော့ ကြိုက်တယ်ဗျ ၊

        ငါးရံ့ ခေါင်းနဲ့ချက် ၊ 🙂

Leave a Reply