ကျွန်တော်နှင့် Cabonara အလွဲ

sorrowNovember 14, 20141min25529

.ရောက်နေတဲ့နေရာ ..ရနေတဲ့ရာထူး..စားနေတဲ့လစာ …

.လုပ်သမျှဖြစ်နေတဲ့အသိုင်းအဝန်းတခုမှာမို့..
.ငါမောက်မာကောင်း မောက်မာမိပါလိမ့်မယ်..
.ဒါပေမယ့် သေချာသိတဲ့ အမှန်တရားက

.မင်းမရှိရင် ငါဆိုတာ ဘာမှမဟုတ်ပါဘူး ဖြူဖွေးလေးရယ်…
.အငိငိငိ …ဒါကကြူတာ…
*********************************
သူမသည် Italian pasta ထဲတွင် Cabonara ကိုကြိုက်သည် ။

ရံဖန်ရံခါ Bolognese sauce ကို extra cheese နှင့်ကြိုက်သည် ။

Spare rib ကို ဝိုင်နှင့်မြည်းစမ်းရသည်ကို သဘောကျသည် ။

Tomato Cream Cheese Soup ကိုအသကုန်သမသည် ။

ထို့ကြောင့် ပေါင် ၁၃ဝ နှင့် Aisle ပင် မဆန့်သော လေယဉ်မယ် ဝဝကြီးဖြစ်နေလားတော့ မပြောတတ် …အဟိဟိ
ရံဖန်ရံခါ ကျွန်ုပ် ကျီစားတတ်သလို…သူမမျက်ဝန်းရွှန်းရွှန်းလေးကို ငေးရင်း
“စိုးကြီးရယ်….ချိတယ်..ဂယ်..”
“ဘာ စိုးကြီးလဲ …ကိုကိုနော်.” လေသံက ချက်ချင်းပင် မုန်တိုင်းသံစဉ်သို့ပြောင်းသည်
“ကိုကို လဲ စိုးပဲလေ….သို့သော် စိုးသူ ..အငိငိ ”
သူမသည် စိုးမြတ်သူဇာကဲ့သို့ XXL ဆိုဒ်ကြီးဖြစ်နေပြီး

ကျွန်ုပ်က စိုးသူကဲ့သို့ အရွယ်တင် နုပျိုပါသည် ဟူသော အထာ….
လက်သီးဖြူဖြူလေး ဝဲတက်လာသည် ။ ကြယ်နှစ်စင်းကြွေသည် ။
Keep your eyes wide open before marriage , half- shut afterwords, ဆိုစကားကဲ့သို့ …
လက်မထပ်မှီ သင့်မျက်လုံးကို ကျယ်ကျယ်ဖွင့်ပါ .. လက်ထပ်ပြီးနောက် တဝက်ပိတ်ပါ ဟူသကဲ့သို့ .

..ကျွန်ုပ်သည် လက်မထပ်ခင်ကတဲ့ မျက်လုံးတဖက် ပိတ်သွားသူဖြစ်ပါသည် ။
ညနေခင်းသည် ထိုသို့ စတင်ခဲ့ပါသည် ။
”ဘေဘီလေး…ဘာသွားစားမလဲ ငင် .” လေသံကို အချိုသာဆုံးထားပြီး မေးလိုက်သည် ။
မျှော်လင့်ထားသည့်အတိုင်း ..
” Cabonara လေးရယ်…ခရမ်းချဉ်စွပ် ချဉ်ချဉ်လေးရယ်…Spare rib ရယ်…Cocktail က Pink Lady ”

ကက်ဆက်ဖွင့်လို်ကသည့် အတိုင်း…
ပိန်ချင်သည်မှာလဲ သူ့အပြင်နှစ်ယောက်မရှိ….
မဆီမဆိုင်…မမခိုင်ဇာ ကို သတိရလိုက်သည်။ လိုက်ဖက်ညီလိုက်မယ့် ညီအစ်မ…အငိငိငိ…
ထို့အပြင် ကိုယ်ချင်းစာစိတ် အားနည်းသည့် ..ချစ်ခင်လေးစားရပါသော

.ရဲတိုက် ညီအရင်းဖြစ်သော…မားကတ်တာဆရာသမား ဆေးထိုးသည့်အတိုင်း…
” အစ်ကို ..ကျော် ဒီနေရာတော့ ဖြူဖွေးဘက်ကပါရလိမ့်မယ်….ငါ့ညီမ.

..ဟိုဆိုင်က ဟိုအစားလေးတော့ ကောင်းသဗျ ” စသည်ဖြင့် .

..ကျွန်ုပ်ပိုက်ဆံအိတ်ကို တစ်ဖက်တလမ်းမှ မပါးပါးအောင် ကူညီစောင်မလေသည် ။
စာဖတ်သူများခင်ဗျာ …အစ်ကိုကြီးရဲတိုက် ဝင်သွားသော်လည်း

…ညီလေးထံတွင် ပစ္စည်းများကျန်ပါသေးသည် ။ လိုအပ်ပါက ဆက်သွယ်ကြကုန်…
( ကင်မလာ ပစ္စည်းများပြောပါတယ် ).အဟိဟိဟိ…
အနှီ ..အစားအသောက်အရာတွင် ..ဘီလူးရှုံးသော အမျိုးသမီးကလဲ

…တရားခွေ ဖွင့်သကဲ့သို့ နန်းစတော့ ညောင်ပါတော့သည် ။
************************
နေရာ ..အင်မတန်ဈေးကြီးသည့်ဆိုင်.
ရှေးဟောင်းအဆောက်အအုံတခုကို ပြင်ဆင်ပြီး ဥရောပ ခရီးသည်များကို ဆွဲဆောင်ထားသည့်

အပြင်အဆင်ရှိသည် ့ နေရာ …ထောင့်ချိုးလေးတွင်နေရာယူလိုက်သည် ။
“” ကိုကို…ချိတယ်… “” တစ်ခွန်းသာပြောပြီး …Selfie ရိုက်လေတော့သည်…
Kind words are worth much and cost little … ကြင်နာသော စကားလုံးများသည်

တန်ဖိုးများစွာရှိပြီး အခနည်းသည် ဆို သော စကားပုံကို တီထွင်ခဲ့သည့် ငနဲများ….

ကျွန်ုပ်ကို လာရောက်ကြည့်ရှုပါ… ။ ပြီးရင် မှားကြောင်းဝန်ခံပါ…ဗြဲ
မကြာ ..ဟင်းပွဲများရောက်လာလေသည် ။ သူမခဗျာ မစားနိုင်သေး.

…ဓါတ်ပုံရိုက်ပြီး ဖေ့ဘွတ်တင်ရန် အသည်းအသန်ပြင်ဆင်လေတော့သည် ။
ငါးမိနစ်လဲမပြီး ..ဆယ်မိနစ်လဲမပြီး…
စိတ်မရှည်လာသော ကျွန်ုပ်မှ…

” ဟိုအမျိုးသမီး…ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အမုန်းခံချင်မနေနဲ့ …ကြွားစိန်လုပ်တာ နေရာတကာမကောင်းဘူး. ဖေ့ဘွတ်သုံးရင်း ဗို်က်ဆာနေတဲ့ လူတွေ့ရင် အလွတ်ကြီးကျိန်စာတိုက်နေမယ်…..”

မျက်စောင်းတချက်ဆောင့်ထိုးခံရသည်သာ အဖတ်တင်သည် ။
သူမသည် ဓါတ်ပုံရိုက်မပျက်..
“ဟင်…ဘာကြီးတုန်းဟ…” သူမ ယောင်ယမ်းရွတ်ဆိုမိလေသည် ။
‘’ Tomato Cream Cheese လား ..ခရမ်းချဉ်သီး ပန်ထွေဖျော်လား ‘’

ဟုတ်လဲဟုတ်သည် … တိုရှည်စားသည့်အခါတွင် အခမဲ့ထည့်ပေးသော

ခရမ်းချဉ်သီးချက်ကဲ့သို့သော ..ဟင်းရည်တွင် Cheese Cream တင်ထားသကဲ့သို့…

ချဉ်တူးနေသည့် ဟင်းရည်ကို သူမ စိတ်နာသွားသည်

ထိုမျှ ပြီးသလားဆိုတော့ မပြီး…

Cabonara ရောက်လာပါသည် ။ တပွဲ ဆယ်ဒေါ်လာတန်သော အနှီ ခေါက်ဆွဲပွဲမှာ ခေါက်ဆွဲဖတ်နှင့်
Mayonnaise ရောနယ်ထားသော အရသာ သက်သက်သာ ဖြစ်သည် ။ဘာ Bacon မှလဲမပါ ။

“ပြောတော့ Ham & Bacon ဆို “”
“” အစ်မ..ကြိတ်ပြီးထည့်ထားတယ် “” တစ်ခါမျှပင် မကြားဖူးသဖြင့် …ဖြူဖွေး ဆွံ့အသွားသည် ။
သူမ မုန်တိုင်းမလာခင် ခဏတာ ငြိမ်သက်သွားသလိုမျိုး….သူမသည် အစားအသောက်အတွက်

လူ့အသက်ကိုပင် ရန်ရှာရဲသည့် ခြင်္သေ့ပျိုမလေးဖြစ်သည် ။

“” Baby ..to forget a wrong is the best revenge “”
ပီသကြည်မြသည် ့ အင်္ဂလိပ်စကားဖြင့် ပြောကြည့်ပါသေးသည်
“Good morning ladies and gentle men “ စသည်ဖြင့် အနောင့်မန့်ရွှတ်တတ်သော လေယဉ်မယ်လေးမှ….

“Could you please shut up ” ဟူပြီး သွားကြားထဲမှထွက်လာသည့်လေသံဖြင့် ကျိန်းဝါးလေသည်
(အဟိဟိ..အပေးအယူမျှတာ ပြောပါတယ် )

“အသဲလေးရယ်…ရိုးမန့်လာလုပ်တာ..စိတ်ညစ်မခံနဲ့ ..နောက်တစ်မျိုးမှာလိုက် ..””

လေသံပြော့လေးဖြင့် တောင်းပန်လိုက်သည် ..မရ
“ မမှာဘူး..ပို်က်ဆံအလကားရသလား…ဈေးကြီးပေးထားပြီးတော့ ..တောက်”
waiter မလေး ကြောက်လန့် တုန်လှုပ်နေလေသည် ။ ဖြူဖွေးကဲ့သို့အကောင်းကြိုက်သည့်

အမျိုးသမီးလိုအပ်ချက်နှင့် နက်ရှိုင်းစွာကွာခြားသော အစားအသောက် အရသာကို ..
ကျွန်ုပ်ကဲ့သို့သော ..ပဲပုတ်နှင့် ထမင်းကြမ်းစားလာသော တောသားပင်မစားနိုင်…ထိုမျှ ကောင်းမွန်ပါသည် ။
Who Ventures Win. မဟုတ်လား..ကျွန်ုပ်သည် ရဲရင့်စွာဖြင့် တိတ်တိတ်နေပြီး အနို်င်ယူလိုက်သည်

..( အငိငိ ..ငါကွ ဆောရိုး…နောက်ဆုံးတော့ ငါပဲအောင်ပွဲတွေတပွေ့တပိုက်နဲ့ ပြန်ရတာ…)
“ငါတခါမှမကြားဖူးဘူး…သွား Kitchen ကို Ham ရယ်..Sausage ရယ်…အဲ့တာတွေသွားထည့်ခိုင်းလိုက်..ကျသလောက်ပေးမယ်”

သူမသည် မီးတောင်တလုံးဖြစ်သည် ။

ဒေါသဖြင့် တဆတ်ဆတ်တုန်နေသော ချစ်သူလေးက cocktail ကိုကောက်မေ့လိုက်သည် ။
“ထွီ…ဘာကြိးတုန်း” သူမသည် ဟန်မဆောင်နိုင်တော့ပါ ။
အမှန်တကယ်ကို Pink Lady သည် ဂျင်နှင့်မဟုတ်ပဲ…

ဘီအီးနှင့်ရောစပ်ထားသကဲ့သို့ အရသာသည် ကောင်းမွန်ပါသည် ။
(အဟိဟိဟိ..ကြိုက်ချင်အုံးလေ…ငလို .ဝက်ခေါက်နဲ့ ချဉ်စပ် လိုက်စားရင်ပြီးရော..အငိငိ )
ထိုကဲ့သို့ မပြောရဲပါ ။ ဒေါသဒီရေသည် အချိန်မရွေး ကျွန်ုပ်ဘက်လှည့်လာနိုင်သည် မဟုတ်ပါလော ။

Cabonara သည် တကျော့ပြန်ရောက်ရှိလာသည် ။

“ဟင်…” သူမသည် တိတ်ဆိတ်ဆွံ့အသွားသည် ။
Cheese နှင့်ရောထားသော ခေါက်ဆွဲဖတ်ပေါ်တွင် ..တင်ပေးလိုက်သော

…ပျော့အိနေသော ..အဆီတဝင်းဝင်း ဝက်ဆီဖတ်များ….ဝက်အူချောင်းနီနီရဲရဲကြီးများ …
သူမဒေါသသည် အထွတ်အထိပ်သို့ရောက်လေသည် ။
A hungry man is an angry man ဆိုသည်ကို ကျွန်ုပ်အယုံအကြည်ရှိပါသည် ။ အဟိဟိဟိ

အိမ်ပြန်သည့် လမ်းတလျောက်လုံးတွင်လည်း .
“” ကိုကိုရယ်…နှမြောလိုက်တာ …နှမြောလိုက်တာ .. ကိုကို့ GM လစာကဖြင့် နှစ်ပဲခြောက်ပြားနဲ့ … “”

စသည်ဖြင့် လူတစ်ဖက်သားကို မထိခိုက် မနစ်နာစေပဲ ..ပြောလေသည် ။
‘’ဟိုအမျိုးသမီး ..ငါကားပေါ်ကခုန်ချရမလား…တိတ်တိတ်နေပေးမလား…
ငါ့နားရွက်လဲကြည့်အုံး..ရှိသေးရဲ့လားအရည်ပျော်သွားပလားမသိ ..’’
ဆိုမှ နည်းနည်းတိတ်သည် ။

ထိုနေ့ညသည် ထိုကဲ့သို့ ရိုးမန့်ဆန်စွာ ဇတ်သိမ်းခဲ့ပါသည် ။

29 comments

  • ဦးကျောက်ခဲ

    November 14, 2014 at 2:31 pm

    အဲသည့်… ဖွဘုတ်မှာ အစားအသောက်ဓာတ်သေတင်ကြတာ ကျောက်စ်အားကြီးစိတ်တိုတယ်….
    နေ့လည်ထမင်းစား အိမ်ပြန်ချိန် ၊ မနက်က အသင့်ပြင်ထားတာလေးတွေကို ကသောကမြောချက်…
    ချက်ပြီးလို့ စားပါမယ်ဆိုမှ ဓာတ်သေရိုက်တာ ဆာဆာနဲ့ ထိုင်စောင့်ရတယ်… တောက်စ်
    :k:

  • တောင်ပေါ်သား

    November 14, 2014 at 2:36 pm

    ကြူ စရာ မရှိရှာသူတွေခမျာ

    ရိုမန့်တစ်ဆိုတာ ဝေးလှသဗျာ 🙂

    • sorrow

      November 15, 2014 at 2:59 pm

      ..အောင်ရဲလင်း…ခင်ဗျားလေး အဲ့ဆိုင် ဖွေးဖွေးနဲ့သွားရင် ( သို့ ) ရည်းစားရရင် ကျော် ..စပွန်စာပေးပါ့မယ်…အတည် …
      ..တဂျားလေး… တရက်ကိုယ်ချင်းစာလိမ့်မယ်…အငိငိငိ
      ..ကျောက်စ်…အစ်ကိုပဲ ကျော့်ကိုအပြည့်အဝနားလည်ပေးတယ်..အဟိဟိ..ဘယ့်နှယ့်ဗျာ ..ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမုန်းခံချင်ရတယ်လို့ …
      ..ဆြာသမား.. မသိတာလဲမဟုတ်..ကျုပ်မှာပေးတာလား..သွသူ ..နန်းစတော့မှာတာလား..အသိဆုံး..နော်..အငိငိ
      ..ကောင်းကင်ပြာ..ဪရယ်..ခင်ဗျားလေးက နားမလည်ရှာဘူးကိုး…တကယ်က အီးလိုရေးတာက ..အထင်များကြီးသွားမလားလို့ ..စာအုပ်ထဲက ကူးချတာ..အဟိဟိ

    • sorrow

      November 15, 2014 at 3:03 pm

      ..အစ်ကို ..အချင်းချင်းမို့ ပြောပြပါအုံးမယ်..ကြူစရာမရှိရင်..
      . 1) လိုက်ဖမ်းရတယ်ခင်ဗျ
      . 2) လိုက်မဖမ်းချင်ရင် ..ထောင်ဖမ်းရတယ်ခင်ဗျ …
      . 3) တော်ကီပိုင်း ဟိုမာကတ်တာလေး ဆီမှာသင်ပါ ခင်ဗျ..
      .4) တက်ကနစ်ပိုင်း…တောင်ကျွန်းက ပရောဂျက်မန်နေဂျာ ဘဘကြီး ဆီမှာသင်ပါခင်ဗျ အဟီး…
      .ကျပ်တာမဟုတ်..အတည်…

  • Kaung Kin Pyar

    November 14, 2014 at 2:44 pm

    အူးကျောက်စ်နဲ့ ဘွတူတစ်ယောက် ရဘီ…
    အီးဂလိပ်လိုတွေပါ ပါတော့ အတော်လိုက်ဖတ်ရတာ ဖတ်ဖတ်မောသွားတယ်….။ (ညန်မာလို ပြန်ထားလို့ တော်သေး…)
    အရေးအသားလဲ ကောင်းပါ့….
    ခြသေ့င်္ပျိုမလေးပုံကို ရှင်းကနဲ လင်းကနဲ ဘွင်းကနဲ….
    သာဓုပါတော်…..
    သာယာကြပါဇီ….

  • ကန္နားစီး မိဂီ

    November 14, 2014 at 4:10 pm

    ဆေးထိုးတယ်လား …

    ကြည့်လုပ်ကိုယ့်ဆြာကြည့်လုပ်

    အစားအသောက်တွေ အရသာခံနည်း သင်လား သင်ပေးရဲ့

    ပီးတော့ လိုက်ကျွေးလား ကျွေးရဲ့ ….

    အဲ …နောက်ဆုံးကျမှ စားလေခြင်း ဝလေခြင်း ဆိုပြီး

    သူများသားသမီး ကို အပြစ်တင်လား တင်ရဲ့ …

    ချစ်တီးမကြီး ဆိုပြီး နာမည်ဖျက်လား ဖျက်ရဲ့ …..

    ဒီလူကြီးဗျာ……

  • Mr. MarGa

    November 14, 2014 at 4:57 pm

    အင်းး
    နာ့အစ်ကိုတော့
    ဒီ ချစ်တီးမကြီးပဲ လှည့်ပတ် အပုပ်ချနေတယ်
    တူ့ခညာ သနားစရာ :mrgreenn:

  • kai

    November 15, 2014 at 7:47 am

    ယူအက်စ်ကတော့.. အဖြူမလှလှတွေ..အပြိုင်အဆိုင်.. အငတ်ခံကုန်သဗျ..။
    ဆိုင်မှာစားရင်.. အရွက်တပွဲနဲ့နောက်ဘာမှမမှာ…။
    အောက်ကတီရှပ်တောင်.. နာမယ်ကြီးနေ..
    Boycott Urban Outfitters- T-shirt promotes Eating Disorders …
    https://www.facebook.com/pages/…T-shirt…Eating…/154125787970036
    This T-shirt is subtly promoting eating disorders.In… … Sophia Bush Outraged Over Urban Outfitters’ ‘Eat Less’ T-Shirt & Calls For A Boycott! Will You Be Jo.

    လိုကယ်လေယဉ်မယ်တွေတော့.. အသက်ကြီးအဖွားကြီးတွေများတယ်..။
    ဝလည်းဝရဲ့..။ စိတ်လည်းပုတ်ရဲ့..။ စွတ်ဟောက်နေတတ်တာ…။

    ဆိုတော့..
    နောက်ဆို.. ငပိရည်ပုလင်းဖွက်ယူသွားပြီး.. စပါဂတီပေါ် လောင်းချပေးလိုက်..။ :k:

    • sorrow

      November 15, 2014 at 2:52 pm

      ..လိုကယ်လေယဉ်မယ်တွေတော့.. အသက်ကြီးအဖွားကြီးတွေများတယ်..။
      ..ဝလည်းဝရဲ့..။ စိတ်လည်းပုတ်ရဲ့..။ စွတ်ဟောက်နေတတ်တာ အဲ့တာ အစိုးရလေကြောင်းလိုင်းမှာ.ခင်ဗျ. ။ …တခြား ပုဂလိက အဲလိုင်းကဟာလေးတွေက အလန်းလေးတွေ…အဟိဟိ..
      .

  • ကြွေလွင့် ပန်း

    November 15, 2014 at 10:38 am

    ကျုပ်တစ်ကယ်ပြောတာ
    စားသောက်ကုန်လိုင်းရောက်နေလို့လားမသိ

    မြန်မာပြည်က အဲ့ဒီစားသောက်ကုန် ဝန်ဆောင်မှု ဘယ်ဆိုင်မှသဘောမကျဘူး
    အဲ့လိုဆို ကျူပ်လုပ်နေတာလဲ ဝန်ဆောင်မှုအပြည့်လား မေးစရာရှိမယ်
    မဟုတ်ဘူး။

    ဒါပေမယ့်စားသုံးသူနဲ့ ဝန်ဆောင်သူအကြားက Ethic လေးတစ်ခုအကြောင်း နည်းနည်းပြည့်ပြည့်စုံစုံလေးဖြစ်အောင် စာတစ်ပုဒ်စုဆောင်းနေတယ်။

    ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ကိုယ်ကိုယ်တိုင်ဆိုင်ရှင်မဟုတ်တောင်မှ ဆိုင်ရှင်လုပ်မယ့်သူတွေ၊ လုပ်နေတဲ့သူတွေ ပိုပြီးစားသုံးသူတွေကို နားလည်လေမလားလို့ရယ်သက်သက်ပါ။

    ရေးကိုရေးဦးမှာ။

    • sorrow

      November 15, 2014 at 2:49 pm

      ..ကိုကြီးစိုင်း.. waiter ရော.. chief ရောမှာတဲ့ item ကို သေချာနားမလည်တာပါခင်ဗျ.. ..ဆိုတော့မရှင်းပြတတ်ဘူးရယ်….ဒါတောင်အဲ့ဆိုင်ကမြန်မာမှာ ..အကောင်းဆုံးထဲမှာပါတယ်တဲ့ဗျ… ..လက်ကိုလန်ရော …ကျော်ကတော့ခွင့်လွှတ်လိုက်ပါတယ်..ကျော်လဲ အရင်က ဘောက်ဆူးမျှော်တတ်တဲ့ ..စားပွဲထိုးပဲကိုး

  • မြစပဲရိုး

    November 15, 2014 at 3:29 pm

    “လေယာဉ်ပေါ်က အစားကောင်း တွေ နဲ့ ယှဉ် မကြည့်ပါနဲ့ ကွာ အချစ်လေးရာ” လို့ ချော့ ပြောရတယ်ကွဲ့။
    lol:-))))

    • sorrow

      November 15, 2014 at 4:12 pm

      ..မပြောဘူး..အရီး..ကျော်ဆွဲထိုးပစ်တာ…အငိငိငိ ..

  • ကပ္ပိယ သာဒင်​

    November 15, 2014 at 11:10 pm

    သရုပ်ပါအောင် ရေးနိုင်ပေ့ဗျာ
    ဆိုင်နာမည်ပြောပြပါလား
    ဝေးဝေးရှောင်ကြရအောင်လို့

    • sorrow

      November 16, 2014 at 12:54 pm

      ..ကို ကပ္ပိယကြီး ..ကျော်ပဲမမြင်မိတာလား ..အစ်ကိုပဲပျောက်နေသလားခင်ဗျာ ..လာအေးပေးသွားလို့ ကျေးကျေးပါဂျာ ..
      ..မမခွစ်..ကျော်တော့ဆိုင်နာမည်မပြောတော့ပါဘူး..ဖြူဖွေးဖေ့ဘွတ်သာတက်ကြည့်ပါတော့..အဟိဟိ

  • Crystalline

    November 16, 2014 at 11:37 am

    အဟိ… ဘယ်​ဆိုင်​တုန်​း… ​ရှောင်​လို့ရ​အောင်​.. L´opera ​တော့ကြိုက်​တယ်​… နာ့​မောင်​​လေး.. အ​ရေးအသားပို​ကောင်​းလာတယ်​.. :-))

  • padonmar

    November 16, 2014 at 8:06 pm

    .နုထွားကြီး
    .ဒီလောက် အပုပ်ချနေရင် ဖြူဖွေးကို အော်မေ့ဂိုဏ်းထဲ .
    .သွင်းလိုက်မယ်။
    .ဒါ့ထက် ကျုပ်တို့ကိုရော အဲသဟာတွေ စားဖူးတယ်ရှိအောင် လိုက်ကျွေး ချင်စိတ်မရှိဘူးလားဟမ်။

    • sorrow

      November 17, 2014 at 9:28 am

      ..အောင်မငီး… ဖြူဖွေးကို အော်မေ့ဂိုဏ်းထဲ .တော့သွင်းရဘူးလေ… ..တီဒုံရယ်..မေးမှမေးရက်ပါ့..အားတဲ့ရက်သာပြောပါဗျ…

  • Foreign Resident

    November 17, 2014 at 7:29 am

    အဲဒီလို အထူး Occasion မျိုးမှာ ၊
    ကိုယ် မကျွမ်းဝင်တဲ့ / မသေချာတဲ့ ဆိုင်ကို မသွားသင့်ပါ ။

    ” ဟိုအမျိုးသမီး ..ငါကားပေါ်ကခုန်ချရမလား…တိတ်တိတ်နေပေးမလား ”

    အသုံးအနှုံး က နဲနဲ လွဲနေသလိုဘဲ ၊ တကယ်ပြောရမှာက ၊
    ” ဟိုအမျိုးသမီး ..ငါကားပေါ်ကကန်ချလိုက်ရမလား…တိတ်တိတ်နေပေးမလား ”
    အဲ့ဂလို ပြောတာတွေဘဲ ကြားဖူးပါတယ် ။ 😛

    • sorrow

      November 17, 2014 at 9:30 am

      ..အဲ့ဆိုင်လေးက ဟောက်စ် ဝိုင် လေးကောင်းတာရယ်…နေရာလေးကအတော်အေးဆေးတာရယ်ကြောင့် ..သွားနေကြပါ အဘရယ်..စာဖိုမှုးကလဲ မြန်မာမှာအတော်ဆုံးထဲပါတယ်ပြောတယ်…ဒီရက်မှ ..ဘာထဖောက်တယ်မသိ.. ကြည်သာမရတာ.. ကန်တော့မချရက်ပါဘူူးအဘရယ်…အဟိဟိဟိ…

  • Ma Ei

    November 17, 2014 at 10:25 am

    ဒီ..ဆောရိုးတော့…
    ဖြူဖွေးလေးကို ကလူသလိုလိုနဲ့ ငြူ စူနေပါလား…
    တို့ကတော့ ဖြူဖွေးဘက်ကလူနော်
    မြှောက်ပေးမှာဘဲ…

    • sorrow

      November 17, 2014 at 12:00 pm

      ..အဟိဟိဟိ ..မုန်းတာ..

  • kyeemite

    November 17, 2014 at 11:14 am

    .ကျုပ်တစ်ခါစားဖူးပါရဲ့…အရသာမတွေ့…ပြန်လည်းကွန်ပလိန်းမတက်ရဲ 😛
    .ကိုယ်တိုင်မှာတာဆိုတော့..ရှက်ရှက်နဲ့ အရသာမတွေ့တာကိုအရသာတွေ့သယောင်ဆောင်…အောင့်ပီးကျိတ်ရတယ်…ဒါတောင်နှမြောပေမဲ့
    .ကုန်အောင်မလွေးနိုင်ဘု…ငိငိ :))

    • sorrow

      November 17, 2014 at 12:43 pm

      ..ကျော်တော့ တောသားမို့လားမသိ…တစိဆိုတစိမှမစားနိုင်ဘူးရယ်..အရသာကမရှိ..အီကအီ..
      .. အဟိဟိ..ယူရိုပီယန်စာများ စားရရင် ကျော်က ..ဆားဖြူးစားတာ…ဂြိုဟ်သားတစ်ကောင်လိုကြည့်ခံရတယ်ဂျာ..ကြေကွဲ…

      • Iris

        November 18, 2014 at 8:12 pm

        ဟိဟိ…sea trial သွားတုန်​းက အီတလီ စားဖိုမှူး​တွေချက်​တာ မစားနိုင်​တဲ့ ကို​ရွှေမြန်​မာ​တွေ ငပ်ိ​ကြော်​ဗူး​တွေထည်​့လာတာ​တွေ့ဖူးတယ်​။ ကိုယ်​ချင်​းစားပါတယ်​။ကိုယ်​လည်​းကြိတ်​မှိတ်​တီးရတာ။ အချဉ်​ကြိုက်​တဲ့သူဆို​တော့ ကာ ဗီနီဂါမျိုးစုံနဲ့နှစ်​ပါးသွားခဲ့လိုက်​တယ်​။ crew အင်​ယာ​လေးက တအံ့တဩနဲ့ ဗီနီဂါ ပုလင်​း​တွေလာ​ပေးရင်​းနဲ့ နင်​က ဗီနီဂါ​တော်​​တော်​ကြိုက်​တယ်​နဲ့တူတယ်​ ဆိုပြီး…

  • ကေဇီ

    November 17, 2014 at 12:07 pm

    ကြွားးးးးးးးးးးးးးးးးးးးးးး

    မဟုတ်တာများဆို နာ့ ကို အရင် သတိ ရ သိလားးး ကချင်ကောင်။

    ဟဲ့။
    နိ ကို ဖုန်းနံပတ် ပေးထားတယ်။
    နာ့ ပိုင်နက်ရောက်လို့ နာ့ လာပြီး ဘီယာမတိုက်ရင် နိဆီကို လူမိုက်တွေ လွှတ်လိုက်မယ်။
    နုထွားကို ပြုတ်သောက်ရအောင်။

    ပုံ/ ဆင့်ကာပူရ ရာဖီးယားးး ခေါင်းဆောင်

    :boss:

    • sorrow

      November 17, 2014 at 12:48 pm

      ..ဒီအစ်မပဲရှိတာကို ရောက်တာနဲ့လာရောက် ဂါရဝပြုပါ့မယ်ခင်ဗျ..အဆီပိတ်စာတွေလဲ ..လိုက်ကျွေးအုံးမှာ…အဟိဟိဟိ…

  • မွသဲ ( 17082011 )

    November 18, 2014 at 6:21 pm

    စာထဲမှာတောင်အနိုင်မယူရဲ ပြားပြားမှောက်နေသော ကချင်လူဇွမ်းကောင်းကြီးပါတကား :mrgreen:

Leave a Reply