အောင်ပန်း

zaw winNovember 14, 20141min1613

တကယ်တော့
ဒီပန်းကို လွယ်လွယ်နဲ့မရနိုင်ပါ။
အခက်အခဲတွေ
ပြဿနာတွေ
အသက် သွေး ချွေးတွေ
ဘဝတွေ ရင်းခဲ့ပြီးမှ
ပေးဆပ်ခဲ့ကြမှ
ရခဲ့တာပါ၊
အောင်ပန်းကို ဆွတ်နိုင်ပြီဆိုတော့
ကမ္ဘာ့အလယ်
အများအလယ်မှာ
မော်ကြွားနိုင်ပြီပေါ့။

မင်းသုတ
22း00 P.M
13.11.2014

3 comments

  • အလင်းဆက်

    November 15, 2014 at 9:19 am

    အဲဒီပန်း….
    လူတိုင်း ပန်နိုင်ဖို့.. လူတိုင်းကြိုးစားနေရတာပဲ…

    😆

  • uncle gyi

    November 15, 2014 at 10:39 pm

    အောင်ပန်းကိုဆွတ်
    ဒို့အသင်းခေါင်းဆောင်
    သူ့လက်ကမချ အောင်ပန်းကို
    တပါးသူဆီကအောင်ပန်းလုရတာလွယ်ပါတယ်
    ကိုယ့်အချင်းချင်းဆီကအောင်ပန်း
    ဘယ်သူရအောင်လုမလဲ

  • kai

    November 16, 2014 at 5:03 am

    အောင်ပန်း..
    အောင်မြင်ရင် ရတဲ့ပန်း
    အောင်ရင် ပင်ပန်းတဲ့ ပန်း…
    အောင်ပန်းလို့ တွင်တဲ့မြို့… တွေထဲ..
    မအောင်ခင်.. စားထားသောက်ထားတာတွေ.. ပန်းမထွက်ဖို့.. လို..။ :k:
    ( နောက်တာနော.. စိတ်မဆိုးနဲ့)

Leave a Reply