Yangon Heritage Trust – Press Release

kaiNovember 15, 20141min321421
ရန်ကုန်မြို့ရှိ သမိုင်းဝင် ဝန်ကြီးများရုံးတည်ရှိရာသို့ ယနေ့နံနက်တွင် အမေရိကန်သမ္မတ အိုဘားမား လာရောက်လည်ပတ်သည်။ မြန်မာ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးနှင့် ၁၅ မိနစ်ခန့် ဆွေးနွေးပြောဆိုပြီးနောက် သမ္မတ အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန် ဆက်လက် ထွက်ခွာ သွားသည်။ (ဓာတ်ပုံများ – ကျော်ဖြိုးသာ/ဧရာဝတီ)

သတင်းထုတ်ပြန်ချက်

ရက်စွဲ။ ။ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၄ ခုနှစ်
ရန်ကုန်။ ။ အမေရိကန်ပြည်ထောင်စုသမ္မတမစ္စတာဘာရတ်ခ်အိုဘားမားသည် ရန်ကုန်မြို့လယ်ရှိယခင်
ဝန်ကြီးများရုံးအဆောက်အအုံသို့ ယနေ့လည်ပတ်ရာတွင် ရန်ကုန်မြို့ပြအမွေအနှစ်   ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးနှင့် တွေ့ဆုံခဲ့သည်။

ယခင်ဝန်ကြီးများရုံးအဆောက်အအုံဝင်ပေါက်တွင် တွေ့ဆုံကြပြီးနောက် မစ္စတာအိုဘားမားသည် ဒေါက်တာ
သန့်မြင့်ဦးနှင့်အတူ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးကို ဦးဆုံးထုတ်ပြန်ကြေညာခဲ့ရာ အလယ်ကွက်လပ်ရှိအထိမ်းအမှတ်အလံတိုင်ရှိရာ နေရာသို့သွားရောက်ခဲ့သည်။ အဆိုပါနေရာသည် ၁၉၄ရ ခုနှစ်တွင် နိုင်ငံခေါင်းဆောင်ကြီးများလုပ်ကြံခံခဲ့ရသည့်အထိမ်းအမှတ်ကမ္ဗည်းကျောက်တိုင်နှင့် မြန်မာပထမဆုံး တိုင်းပြုပြည်ပြုလွှတ်တော်ကျင်းပခဲ့ရာနေရာလည်း ဖြစ်သည်။

ဝန်ကြီးများရုံးအဆောက်အအုံသည် မြန်မာနိုင်ငံအား ၁၉၄၈ခုနှစ်တွင် လွတ်လပ်ပြီးယဉ်ကျေးမှု မျိုးစုံထွန်းကားရာဒီမိုကရေစီနိုင်ငံအဖြစ် မွေးဖွားပေးခဲ့ရာ အထင်ကရနေရာဖြစ်သည်။ ၂ဝ ရာစုအစောပိုင်းမြို့ပြအခင်းအကျင်းကိုအာရှတိုက်အတွင်း မပျက်မယွင်းတွေ့မြင်နိုင်သေးသော မြို့ပြရှုခင်းကိုပိုင်ဆုငိ ်ရာ ရန်ကုန်၏ သမိုင်းဝင်မြို့လယ်ဧရိယာအတွင်းတည်ရှိပြီး မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးသော မြို့ပြအဆောက်အအုံတစ်လုံးဖြစ်သည်။

ရန်ကုန်၏သမိုင်းဝင်မြို့လယ်ဧရိယာကို မော်တော်ယာဉ်ဖြင့်ဖြတ်သန်းသွားပြီး ယခင်ဝန်ကြီးများရုံး အဆောက်အအုံအား လှည့်ပတ်လေ့လာခဲ့သည့်အတွက် အမေရိကန်သမ္မတ မစ္စတာအိုဘားမား၏ ခရီးစဉ်အပေါ် မိမိတို့ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အထူးပင် ဝမ်းမြောက် ဂုဏ်ယူလျက်ရှိသည်။

“ဝန်ကြီးများရုံးအဆောက်အအုံဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အလွန်အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီနေရာက ၂ဝ ရာစုအစပိုင်းမှာ ရွေးကောက်ခံအစိုးရအဖွဲ့ စတင်ရုပ်လုံးပေါ်ခဲ့ရာနေရာ၊ လွတ်လပ်တဲ့
ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ပေါ်ပေါက်လာရေးအတွက် ဒုတိယကမာ္ဘစစ်အပြီးမှာ နိုင်ငံ့ခေါင်းဆောင်တွေ
ကြိုးပမ်းအားထုတ်ခဲ့ကြရာနေရာ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ အင်္ဂလိပ်အစိုးရထံက လွတ်လပ်ရေးကိုကြေညာရယူပေးခဲ့တဲ့နေရာ ဒါ့အပြင် ၁၉၄၈ ခုနှစ်ကနေ တပ်မတော်အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မတိုင်မီအထိ တိုင်းပြုပြည်ပြုလွှတ်တော် စည်းဝေးကျင်းပခဲ့ရာ နေရာဖြစ်ပါတယ်” ဟု ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။

ထို့နောက် သမ္မတအိုဘားမားသည် YHT က ထိန်းသိမ်းစောင့်ရှောက်ရန် အဆိုပြု ထားသောမြို့လယ်ဧရိယာနှင့်မြစ်ကမ်းနားတစ်လျှောက် စုစုပေါင်း နှစ်စတုရန်း ကီလိုမီတာခန့်ကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါဧရိယာအတွင်း ကိုလိုနီခေတ်ဗိသုကာလက်ရာအစုအဝေးကိုသာမက ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များ၊ အင်္ဂလီကန်နှင့် ရိုမန်ကက်သလစ်ဘုရားကျောင်းများ၊ နှစ်ခြင်း၊ မက်သဒစ်၊ အာမေးနီးယန်းနှင့် အခြား ခရစ်ယာန် ဘုရားကျောင်းများ၊ အစ္စလာမ်ဗလီများ၊ ဆွန်နီနှင့် ရှီးရတ်ဘာသာ၊ တရုတ်၊ ဟိန္ဓူနှင့် ဆစ်ခ်ဘုရားကျောင်း များနှင့် ရဟူဒီဘုရားရှိခိုးကျောင်းတစ်ကျောင်းအပါအဝင် ဘာသာရေးအထွတ်အမြတ်နေရာပေါင်း ၁၄၄ ခန့် တည်ရှိနေရာဖြစ်သည်။

“ရန်ကုန်မြို့လယ်ဧရိယာလို မြို့ပြအခင်းအကျင်းမျိုးက ကမာ္ဘပေါ်မှာ ဘယ်နေရာမှာမှမရှိပါဘူး။ ဘာသာပေါင်းစုံ၊ယဉ်ကျေးမှုပေါင်းစုံ ပါဝင်ဖွဲ့စည်းထားတဲ့ အရမ်းထူးခြားတဲ့ လူ့အသိုက်အဝန်း တစ်ခုဖြစ်ပါတယ်”  ဟု ဒေါက်တာသန့်မြင့်ဦးက ပြောသည်။

ရန်ကုန်မြို့လယ်သည် မြောက်မြားလှစွာသော သမိုင်းဝင်အဖြစ်အပျက်များကို တွေ့ကြုံခဲ့ရာလည်းဖြစ်သည်။
၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာစစ်ပွဲမှသည် ၁၉၄၁ – ၁၉၄၂ ခရစ်စမတ်ကာလ ဂျပန်စစ်တပ်၏ ဗုံးကြဲမှုနှင့်
ကျူးကျော်မှု၊ ထိုမှ ၁၉၄ဝအဆုံးပိုင်း ပြည်တွင်းစစ်စသည်တို့ နှင့် အခြားသဘာဝအန္တရာယ်များကို ကြံ့ကြံ့ခိုင်
ဖြတ်သန်းခဲ့သည်။ ထို့ပြင် အဆောက်အအုံများစွာသည်လည်း ကမာ္ဘကျော်ကြားပုဂ္ဂိုလ်များဖြစ်သည့် အမေရိကန်သမ္မတဟောင်း ယူလစ်စစ်ဂရန့်ထ်၊ မဟတ္တမဂန္ဓီနှင့် နိုဘယ်ဆုရှင်ကဗျာဆရာ ပါဘလိုနီရူဒါ (၁၉၂ဝ ပြည့်လွန်နှစ်များက ဝန်ကြီးများရုံးတောင်ဘက်ရှိ တိုက်ခန်းတစ်ခန်းတွင် နေထိုင်ခဲ့ဖူးသူ) အစရှိသူတို့နှင့်လည်းဆက်စပ်နေသည်။

“အခုလို ဝန်ကြီးများရုံးဟောင်းနဲ့ ရန်ကုန်မြို့လယ်ကို လှည့်ပတ်ကြည့်ရှုတာက ရန်ကုန်မြို့ရဲ့ သမိုင်းဆိုင်ရာ
အရေးပါမှုနဲ့ အနာဂတ်အလားအလာတွေကို ထူးထူးခြားခြားအသိအမှတ်ပြုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့လှပတဲ့မြို့အတွက် ကျန်ရှိနေသေးတာတွေကို အရေးတကြီးထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။ နောက်နှစ် အနည်းငယ်မှ ဆိုရင်တော့ အရမ်းကိုနောက်ကျသွားမှာပါ” ဟုဒေါက်တာသန့်မြင့်ဦးကပြောသည်။

စိုးရိမ်ဖွယ်အနေအထားဖြစ်နေသော ရန်ကုန်မြို့၏မြို့ပြအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက်ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ရန်ကုန်ကိုသမိုင်းလက္ခဏာများ၊ စိမ်းလန်းမြေနေရာများနှင့် မြစ်ကမ်းနားတို့နှင့် လိုက်လျောညီထွေသော ၂၁ ရာစုခေတ်မီမြို့ပြတစ်ခုဖြစ်လာစေရေး ရည်မှန်းထားသည်။ ၁၉၉ဝ နှင့် ၂၀၀ဝ ပြည့်လွန်နှစ်များတွင် သက်တမ်းရင့်အဆောက်အအုံပေါင်း ရာနှင့်ချီဆုံးရှုံးခဲ့ရပြီး လက်ရှိတွင် မြို့လယ်ဧရိယာ၌ အမွေအနှစ် အဆောက်အအုံ၂,၀၀ဝကျော် ကျန်ရှိနေသေးသည်။

ရန်ကုန်မြို့ပြအမွေအနှစ် တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူဒေါက်တာသန့်မြင့်ဦးသည် သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ဆုရစာအုပ် သုံးအုပ်ကို ရေးသားထုတ်ဝေခဲ့ကာ ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

21 comments

  • kai

    November 15, 2014 at 8:18 am

    မြန်မာပြည်ကို .. အနောက်နိုင်ငံသားတွေလည်လည်လာကြတာ.. စေတီတွေ.. ပုထိုးတွေ.. မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေလာလာကြည့်နေတယ်လို့.. ထင်သူများအတွက်ပါ..။

    ကျုပ်မေးကြည့်ဖူးသလောက်တော့.. ကိုလိုနီခေတ်က..အဆောက်အဦးတွေသွားကြည့်ကြတာပဲ..
    အထူးသဖြင့်.. အင်္ဂလိပ်တွေစိတ်ထဲမယ်.. သူတို့ဘိုးဘွားတွေ.. ရွှေထီးဆောင်းခဲ့တဲ့.. ခေတ်ကာလ.. ပြန်တွေး.. ဂုဏ်ယူရင်းပေါ့…။
    ဒီလိုဖြစ်ပါတယ်..။

    အင်း..
    ထေရာဝါဒမြန်မာတွေချမ်းသာပြီး.. ကမ္ဘာ့အနှံ့တိုးရစ်အဖြစ်ခရီးထွက်ကြရင်.. ရောမနဲ့..ဂျေရုစလင်က.. ဘုရားကျောင်းတွေ.. ဗလီတွေကို.. သွားသွားကြည့်ကြမလား… လို့.. ယှဉ်တွေးမိတယ်.. :k:

    တိုးရစ်ဇင်မှာ.. သတိထားစေလို….။

    • pooch

      November 15, 2014 at 10:32 am

      မထင်ပါဘူး သူကြီးရယ် အဲ့ဒါကြောင့် တခါက ကိုယ့်အတွေးသူ့အမြင်ကို ရေးဖြစ်ခဲ့တာပါ
      ကိုယ်တွေးတာနဲ့ သူတို့ မြင်တာ ဘယ်လိုကွာတယ်ဆိုတာ

      ဟဲမင်းဝေးရဲ့ အိမ်ကို ဒီအတိုင်းထားပြီး သူထိုင်ခဲ့တဲ့ နေရာမှာထိုင် သူရေးသလို တွေးသလို ခံစားတတ်သယောင် နှောင်းလူတွေကို ပြစားတဲ့ ပြတိုက်လုပ်စားကြသေးတယ်
      ရန်ကုန် လည်း ပါဘလိုနီရူဒါ နေသွားတဲ့နေရာကို ဒီလို လုပ်စားလို့ ရသေးတယ်

      ကျိုင်းတုံဘက်က လွယ်မွေမှာလည်း လွန်ခဲ့တဲ့ နှစ်တရာက ကိုလိုနီတိုက်တွေကို ချယ်ရီတွေပွင့်တဲ့ ခုလို ဒီဇင်ဘာမှာလာကြည့်လေ့ရှိတယ် ။ ဒါတောင် အိမ်အကောင်းက တလုံးလား ကျန်တော့တာ.

      ဒီမှာက ပုဆိုးနဲ့ ရှုးဖိနပ်စီးလို့ ဆဲတဲ့လူကလည်း မနည်းဆိုတော့ :mrgreenn:

      • kai

        November 15, 2014 at 1:03 pm

        အဲဒါပြောတာ…
        မြင့်မြ့င်မြင်တိုင်းစေတီတက်တည်.. အဟောင်းတွေ့တိုင်း.. အလောင်းစည်သူတည်ခဲ့တာလုပ်နေသူတွေ..
        … ရှိတဲ့..ရတဲ့ငွေတွေ.. အဲဒီတိုက်အဟောင်းတွေကို.. အဟောင်းအတိုင်းပြုပြင်.. တိုးရစ်ဇင်မှာသုံးစားရင်.. မီလီယန်လည်းဟုတ်.. ဘီလီယန်လည်းဟုတ်ပဲ..
        နောင်ဘဝနတ်ပြည်ရောက်မရောက်တော့မသိ… ဒီဘဝတင်..မြန်မာတွေ ကားစီး.. လေယဉ်စီး.. ဖြစ်ကုန်မှာ…။

        စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်..။ :k:

    • မြစပဲရိုး

      November 15, 2014 at 11:38 pm

      သူကြီး – ဒီ သတင်း ကို ဘူသူ ထုတ်သလဲ ရှင့်။
      ထိပ်ဆုံးမှာထဲက အမေရိကန်ပြည်ထောင်စု ဖစ်နေတယ်။
      နဲနဲပါးပါးလေး ပြောပါဦး သူကြီး ရယ်။
      က လိုက် ကားလိုက် ကန် လိုက် နဲ့။ သများ ခေါင်းရှုပ်လာပြီ။

      သူကြီး ကို ကန့်လန့်တိုက် တယ် မထင်ပါနဲ့။
      ကိုယ်လဲ မသေချာပါဘူး။ ဒါပေမဲ့ သူကြီးပြောတဲ့
      {အထူးသဖြင့်.. အင်္ဂလိပ်တွေစိတ်ထဲမယ်.. သူတို့ဘိုးဘွားတွေ.. ရွှေထီးဆောင်းခဲ့တဲ့.. ခေတ်ကာလ.. ပြန်တွေး.. ဂုဏ်ယူရင်းပေါ့…။
      ဒီလိုဖြစ်ပါတယ်..။ }
      မထင်။
      ဘာလို့လဲ ဆိုတော့ သာမာန် သိသမျှ အင်္ဂလိပ်များ မြန်မာ (ဘားမား) ဟာ ဘယ်မှာ ရှိတယ် မသိ။
      ထိုင်းနားက နိုင်ငံ လို့ ပြောမှ အော် ဆိုပြီး သိတယ်။
      အော် လို့ သာပြောတာ တကယ်သိတာမဟုတ်။ ထိုင်း ကိုဘဲ သိလို့ မှန်း အော တာ။
      အောင်ဆန်းစုကြည် ကိုတော့ သိတာများတယ်။ သတင်းထဲ ပါခဲ့ချိန်။
      သိသလောက်တော့ ကလေးများ ရဲ့ သမိုင်းစာမှာ ဗြိတိသျှအင်ပါယာ အကြောင်း သင်ပါတယ်။
      ဒါပေမဲ့ မြန်မာပြည် ကို ထည့်မပြောပါ။
      အိန္ဒိယ၊ ပါကစ္စတန်၊ အမေရိကား တွေ ကိုဘဲ ညွန်းပြပါတယ်။
      ဘာကြောင့် ဘားမား ကို မထည့်လဲ တော့ မသိ။
      ကြုံကြိုက် ရင် စုံစမ်းပါမယ်။
      ဒါပေမဲ့ လောလောဆယ်တော့ British Museum မှာ အရှေ့တောင် အာရှ နိုင်ငံ များ ရဲ့ ယဉ်ကျေးမှု အတွက် မြန်မာ နဲ့ ထိုင်း ကို ပြနေပါတယ်။
      အဲဒီမှာ တာဝန်ယူသူက အမေရိကန် ပါမောက္ခ တစ်ယောက်ပါ။
      မြန်မာ့ ယဉ်ကျေးမှု ပစ္စည်း တွေ က ထိုင်းထက် ပိုများများပြထား တယ်။
      မြန်မာဟာ ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့ လို့ အဲဒီက ပစ္စည်းတွေ ပိုပြီး များနေတာ ထင်ရဲ့။

      အသိ စစ်ပြန် ကြီး တစ်ယောက် ရှိပါတယ်။ (မနှစ်က ဆုံးသွားပြီ)
      သူ့ ကြည့်ရတာလဲ မြန်မာ တွေ ကို ကိုလိုနီ ကျွန်နိုင်ငံ လို့ မြင်တာထက် တာဝန် အရ တိုင်းပြည်ချဲ့ တာလို့ ယူဆ ပုံဘဲ။
      ကိုယ်လဲ အသိ တစ်ထွာတစ်မိုက် လေးပြောတာပါ။
      အားလုံး ကိုတော့ မခြုံငုံ လောက်ပါဘူး။

      လောလောဆယ် တိုးရစ် တွေ ရန်ကုန် ထဲ လှဲ့ ပြီး အဆောက်အဦ တွေ ကြည့်တာထက်
      ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုး၊ တွေ သွားတာပါဘဲ။
      ရွှေတိဂုံ တက်တာပါဘဲ။
      မယုံရင် စစ်တမ်းကောက် ကြည့်ပါလား။ lol:-))))

      • kai

        November 16, 2014 at 4:14 am

        ဒေါ်အောင်ဆန်းစုကြည်နဲ့.. ဆရာသန့်မြင့်ဦးကိုယ်တိုင်ကတော့.. “အမေရိကန်သွားမယ်” လို့.. တိုင်းပြည်ကြီးကို.. နိုင်ငံသားအမည်တပ်ပြီးလို့.. ဘယ်တော့မှမပြောမှာသေချာတယ်..။
        စာပြင်တယ်ဆိုတာ.. အယ်ဒီတာတွေအလုပ်ပါခင်ဗျ…။

        ဒီအမေရိကား.. အမေရိကန်ကိစ္စက.. အခုပြင်အခုဖြစ်မယ်လို့လည်း.. မထင်…။
        ထပ်ပြောရရင်..
        အမေရိကနေ.. မြန်မာ-အမေရိကန်မီဒီယာကနေ.. တာဝန်ရှိတယ်ခံစားရလို့.. အယ်ဒီတာတယောက်အနေနဲ့ပြင်ပေးနေသာတာ…ဖြစ်…။ :k:
        =

        {အထူးသဖြင့်.. အင်္ဂလိပ်တွေစိတ်ထဲမယ်.. သူတို့ဘိုးဘွားတွေ.. ရွှေထီးဆောင်းခဲ့တဲ့.. ခေတ်ကာလ.. ပြန်တွေး.. ဂုဏ်ယူရင်းပေါ့…။
        ဒီလိုဖြစ်ပါတယ်..။ }

        ဒီကွန်ဆက်ကိုမမိရင်.. မြန်မာတွေစီးပွားရေးလုပ်တာမှာ.. ခက်လိမ့်…။ တိုးရစ်ဇင်မှာနိမ့်ကျလိမ့်..။
        ဒီလိုပြောလို့.. အဖြူမဟုတ်..အမည်းမဖြစ်စကောင်း..
        အခုတိုးရစ်ဇင်မှာထိပ်ဆုံးက အများဆုံးလာနေတဲ့.. ထိုင်းတွေက.. ရွှေတိဂုံစေတီကြီးအပါအဝင်.. ဗုဒ္ဓသာသနာ့အဆောက်အဦတွေလာဖူးကြကြည့်ကြတာဖြစ်ပါကြောင်း..။

        ထေရာဝါဒမြန်မာတွေချမ်းသာပြီး.. ကမ္ဘာ့အနှံ့တိုးရစ်အဖြစ်ခရီးထွက်ကြရင်.. ရောမနဲ့..ဂျေရုစလင်က.. ဘုရားကျောင်းတွေ.. ဗလီတွေကို.. တခေါက်မက.. သွားသွားကြည့်ကြမလား… လို့.. ယှဉ်တွေးမိတယ်..

        ဒါလေး.. အရီးလတ်စိတ်နဲ့ခံစား.. ဖြေကြည့်စေချင်…။ :k:

        • sorrow

          November 16, 2014 at 12:56 pm

          ..တဂျီးကတော့ တိုရစ်ဇင်ပဲ လှည့်ပတ်ရန်ရှာနေတယ်
          ..အင်္ဂလိပ်တွေ နဲ့ ဥရောပက များဆုံးမဟုတ်ပါဘူးဆိုဂျာ….

        • မြစပဲရိုး

          November 17, 2014 at 4:12 pm

          “ကျွန်မ” ကလေ သူကြီး ရဲ့ ဒေါ်အောင်ဆန်းစုကြည် က “ကျမ” သုံးလဲ
          “ကျွန်မ” ကတော့ “ကျွန်မ” ဘဲ ဆက်သုံးပါ့မယ်။
          မြန်မာ့ သတ်ပုံကြမ်း ထဲ က “ကျွန်မ” ဆိုတဲ့ စကားလုံး “ကျမ” လို့ ဖြစ်သွားချိန် အထိပေါ့။
          ဒီတော့ “ကျွန်မ” ကို “ကျမ” လို့ နိုင်ငံ ရဲ့ စာပေ မှာ ပြဌန်းသုံးချင်ရင် အဲဒီ ညွန်းထားပြီး Reference မှာ အရင်ပြင်ဖို့ ကြိုးစားကြရမှာပါ။
          မဟုတ် ရင် သူတစ်မျိုး ငါတစ်ဖုံ အကွဲကွဲ တွေ ဖြစ်နေတာကမှ ပိုပြီး ဆိုးပါတယ်။

          အခုလဲ အမေရိကား/ အမေရိက/ အမေရိကန် အခေါ်အဝေါ် မှာလဲ သူကြီး ကို မှား တယ် မပြောပါ။
          အယ်ဒီတာတစ်ယောက် အနေ နဲ့ စကားလုံး အမှား အသုံးအနှုံး အမှား တွေ ကို ပြင်ပေး ရမဲ့ တာဝန်ရှိပါတယ်။
          ဒါပေမဲ့
          ဘာကြောင့် ဒီလို သူတို့ သုံးနေတာလဲ
          ဘယ်မှာ ဒီလို သုံးဖို့ ဘယ်သူ က စကားလုံးချ ပေးခဲ့တာလဲ
          ဘာအကြောင်းကြောင့် လဲ
          ဆိုတာ ကို အရင်သိအောင်လုပ်ပြီး အခြေအမြစ် မရှိခဲ့ရင်
          ဒီလို သုံးတာ မမှန်ကြောင်း ကို ကိုယ့်ဘက်က အကျိုးအကြောင်းပြစကားလေး နဲ့
          သူတို့ ကို ပြင်ပေး သင့်ပါတယ်။
          ဒီလိုမဟုတ်ဘဲ
          မင်းတို့ ကောင် တွေ ဘာသိလို့ လဲ စိတ်ပျက်စရာ ဆိုတဲ့ အမြင် နဲ့ ပြင်ဖို့ ကြိုးစားရင်တော့ အလွယ် ပြင်ပေး လို့ ရမယ် မထင်ပါရှင့်။
          ပြန်လည် စုစည်းရေး မှာ အချင်းချင်း ကြား respect လေးထားနိုင်ဖို့ အရေးကြီးပါတယ်။
          {
          Securing the gains of freedom and democracy requires good faith and strength of will, and tolerance and respect for diversity, and it requires vigilance from all citizens.
          }
          From Q& A Section : Remarks by President Obama at Young Southeast Asian Leaders Initiative Town Hall, 11/14/14
          :))
          :))
          :))

        • kai

          November 18, 2014 at 10:09 am

          အဲဒီမြန်မာစာသတ်ပုံကျမ်းလုပ်တဲ့ ပုဂ္ဂိုလ်တွေအကြောင်းတော့ မပြောချင်..
          ဘိုနေဝင်းခေတ်ကလည်း.. “တ”တွေ”တစ်”လို့..
          “လူကောင်းလူတော်”လုပ်လို့…ဒုက္ခတွေများဖူးပြီ…။

          အစိုးရသတင်းစာမှာကိုက.. အမေရိကန်နေတော့ကာ… အယ်ဒီတာတွေကိုပဲ.. စာမတတ်သူပပျောက်ရေးသင်တန်းအရင်တက်ခိုင်းရမလား… ရယ်လို့..။ :k:

          နောက်တာနော..

          အမေရိကားက မြန်မာ-အမေရိကန်တွေဖွင့်တဲ့ မြန်မာစာသင်တန်းကို မြန်မာပြည်ကမြန်မာတွေခေါ်ပြီး အမေရိကားမှာမွေးတဲ့.. မြန်မာလိုမွှတ်နေတဲ့ မြန်မာ-အမေရိကန်ဆရာတစ်ယောက်က အင်္ဂလန်က အင်္ဂလိပ်တွေရဲ့ အင်္ဂလိပ်စကားနဲ့ အမေရိကမြို့ကြီးတွေမှာ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့သင်ခိုင်းမယ်..။

  • အလင်းဆက်

    November 15, 2014 at 9:25 am

    ဒီတခေါက်…အိုမြန်မာကြီး .. တော်တော် ပြေးဟယ်လွှားဟယ်နဲ့…
    တော်တော့်ကို လှုပ်ရှားသွားပါရောလား. ..။

  • kai

    November 15, 2014 at 9:29 am

    အရင်က.. ဆရာသန့်မြင့်ဦးက.. ဗမာလိုမတတ်ဖူးမှတ်တာ..
    တွေ့တော့.. ဗမာလိုတတ်သလားမေးတော့.. ဟာ.. ဆိုပြီး.. ရီသဗျ..။

    နောင်အနာဂါတ်တိုင်းပြည်ခေါင်းဆောင်တွေဖြစ်နိုင်ရင်.. သူ့ကိုလည်း ဖြစ်စေချင်မိတယ်..။
    အခု.. နာဂစ်အခြေခံဥပဒေက.. ဒါကိုပိတ်ထားသဗျ…။

    ဘယ်နှာ..
    အိုဘားမားလို.. အဖေနိုင်ငံခြားသား-ကင်ညန်။ အမေ-အမေရိကန်က.. မွေးထားတဲ့သူရှေ့မှာ.. ၅၉(စ) လိုဟာမျိုးနဲ့ သမ္မတဖြစ်ခွင့်ပိတ်ထားတာ.. သွားချပြနေရတာကို…က.. ရီစရာဖြစ်နေတာ..။
    ရှက်တတ်ရင်.. နာဂစ်အခြေခံဥပဒေဆွဲခဲ့တဲ့.. အာခီတက်ကြီးတွေ.. ကိုယ့်ပါးကို.. ၃ချက်လောက်ချသင့်တယ်..။
    ဘိုခင်ညွှန့်ထိပ်ဆုံးက.. :k:

    • pooch

      November 15, 2014 at 10:46 am

      ဟုတ်တယ် အစစ်အမှန်ဗုတ်လို့ရတဲ့ ခေတ်ရောက်ရင် သူ့ကို မဲပေးမယ်
      သူခေါင်းဆောင်ဖြစ်ရင်လည်း တမျိုး စိတ်ဝင်စားဖို့ကောင်းမယ်
      အခြေခံတွေ တော်တော်များများ သူ့နည်းသူ့ဟန်နဲ့ ဆွဲတင်နို်င်မလားပေါ့

      စကားမစပ် အိမ်ထောင်ကျပြီလားသူ ဘယ်သူနဲ့လဲ တို်င်းရင်းသားလား နိုင်ငံခြားသူလား :loll:

  • ကျနော်က တော့သူကြီးတို့လို နိုင်ငံခြားနေတဲ့သူတွေမြန်မာပြည် ပြန်လာ ပါတီထောင်ရွေးကောက်ပွဲဝင်ပြီး

    တိုင်းပြည်ကိုကောင်းအောင်လုပ်သင့်တယ်ထင်တာဘဲ

    2015 ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ သာ အကုန်လွှတ်တော်ထဲရောက်ရင်
    မှားနေတဲ့ အခြေခံဥပဒေကိုပြင်
    ပြည်ပမှာမနေချင်ဘဲ နေ နေရ တဲ့ ပညာတတ်တွေကိုပြန်ခေါ်
    နေရာပေး
    သူတို့ကလဲ တိုင်းပြည်ကို ဝင် ခေါင်းဆောင်ရင်
    ပြည်တွင်းမှာရှိနေတဲ့ ငထုံငအ (ကျနော်တို့ လို့ ပေါ့) လူတွေလဲ မျက်စေ့ပွင့်နားပွင့်ဖြစ်လာနိုင်ပါတယ်။
    ကဲ ကျုပ်နဲ့ ဆက်စပ်နေတဲ့သူမှန်သမျှကတော့ 2015မှ ဒေါ်စု ကိုမဲပေးမယ်ဗျာ။

    ပြည်ပရောက်နေသူတွေပြန်လာမယ်လို့မျှော်လင့်ပါတယ်

    • kai

      November 15, 2014 at 5:00 pm

      ယူအက်စ်မှာ.. ကိုယ့်စရိတ်နဲ့ကိုယ်..ကျောင်းတက်.. ကျောင်းပြီး.. အလုပ်ဝင်.. အောင်မြင်နေတဲ့.. မြန်မာ-အမေရိကန်တွေအများကြီး..။
      သူတို့.. ပြန်လာဖို့.. အချက်..တခု..၂ခုလောက်ပဲလိုပါတယ်..
      ဒေါ်စုတို့.. ဆရာသန့်မြင့်ဦးတို့.. နည်းလမ်း ကောင်းကောင်းသိ…။

      စကားအတင်းစပ်..
      ယူနိုကယ်.. မြန်မာပြည်ထဲ ပိုက်လိုင်းဖေါက်လို့.. အမေရိကားရဲ့ဥပဒေနဲ့ပဲ.. တရားပြန်စွဲသွားတာမှာ.. အနိုင်ရအောင်လုပ်သွားတဲ့.. ဒီချုပ်ကဗဟိုကော်မတီဝင်ဟောင်း.. ဦးညွှန့်ဝေရဲ့သား.. ကိုပြည်သစ်ညွှန့်ဝေတယောက်.. ဘယ်ရောက်နေပါလိ်မ့်…။
      အရင်စစ်အစိုးရရဲ့.. ထိုင်ခုံကို.. ဆောင့်လှုပ်နိုင်သူတွေထဲ.. သူလည်းပါပြီး.. အရည်အချင်းရှိတဲ့သူ..။

  • Shwe Ei

    November 15, 2014 at 5:47 pm

    ဒေါက်တာ သန့်မြင့်ဦးကို နာဂစ်ပီးစတုန်းက လိုကယ်အန်ဂျီအို တစ်ခုမှာ အလုပ်ဝင်တော့ ရုံးကဆရာနဲ့ခင်လို့ စကားလာပြောပေးတာ ကြုံဖူးတယ်။ တောက ဝန်ထမ်းတွရော ရန်ကုန်က ဝန်ထမ်းတွေရော အားလုံးစုထားပြီး အလုပ်နဲ့ပတ်သတ်တဲ့ စိတ်ဓါတ်မြင့်တင်ရေး အကြောင်းတွေလဲ ပြောတယ်၊ သူကိုယ်တိုင်လဲ ယူအန်ရုံးချုပ်မှာ လုပ်ခဲ့ဖူးတော့ ယူအန်အကြောင်းတွေ(အကောင်းသိ်ပ်မပါ) ပြောတယ်..စကားပြောလဲ တော်တော်ကောင်းတယ်…ကိုတွေက မလောက်လေးမလောက်စား သူငယ်နှပ်စားလေးတွေပေမဲ့ တန်းတူရည်တူလို သဘောထားပြီး ဆက်ဆံလို့ ဂုဏ်တောင်ယူရသေး 🙂
    လခတော်တော်နည်းပေမဲ့…ဆရာအော်ပီကျယ် ဆရာကိုတာ ဆရာကျော်ဝင်း..နောက်ပီး ဒေါက်တာ သန့်မြင့်ဦးတို့လို လူတွေနဲ့ စားပွဲတစ်ဝိုင်းထဲထိုင်ပီး..ဆွေးနွေးစကားတွေ နားထောင်ရတာ တကယ့်အမြတ်ဘဲ 🙂

    • မြစပဲရိုး

      November 15, 2014 at 11:07 pm

      ရွှေအိ ပြောတာသဘောကျတယ်။
      တကယ်တော့ ငွေက အရေးကြီးပါတယ်။
      ဒါပေမဲ့ လူ့တန်ဖိုး (တနည်း ကောင်းတဲ့ မြင့်မြတ်တဲ့ အတွေးအခေါ် ထားနိုင်မှု) နဲ့ ယှဉ်လိုက်ရင် နောက်ရောက် သွားသင့်ပါတယ်။
      ငွေကို နင့်ပေးပြီး ကျွန်လို ဆက်ဆံ ခံ ရတာနဲ့ ငွေသိပ်မရလဲ တန်းတူ ဆက်ဆံခံ ရတာ တကယ်တော့ ဘဝ တန်ဖိုး ချင်း အရမ်းကွာတယ်။
      အဲဒါ ကို အများစု က တွန်းလှန် ရဲ တွန်းလှန်နိုင်မှ ငွေပေးတိုင်း ကျွန်လို ခိုင်းနိုင်တယ် ဆိုတဲ့ ငွေရှင် တွေရဲ့ အောက်တန်းကျ တဲ့ စိတ်ပျောက်သွားမှာ။
      ဒါပေမဲ့ ကိုယ်ကလဲ ညဏ်နဲ တဲ့ ကျွန် မဟုတ်ကြောင်း ကို ကိုယ့်ရဲ့ ပညာ လုပ်နိုင်စွမ်းရည် သတ္တိပြနိုင်တဲ့ အရည်အချင်းတော့ ရှိဖို့ မပြတ် ကြိုးစားနေရမှာ။
      စိတ်မကောင်း စရာက တို့ ရွှေပြည်ကြီးမှာ ဒီလို စိတ်ရှိတဲ့ လူတွေ အတွက် နေရာ မရှိတာဘဲ။ 🙄

      • kai

        November 17, 2014 at 12:53 am

        ငွေတောင်မပေးပဲ.. ငရဲနဲ့ခြောက်…ဘုံနဲ့မြောက်ပြီး.. ကျွန်လိုဆက်ဆံ(ခိုင်း) နေတဲ့.. ဘဝတွေကနေ.. ဒီလိုလူသားချင်း.. (အပြတ်ကြီး) ခွဲခြားတဲ့စိတ်ကလာပါတယ်.. ဆိုနေမှ…
        အော်.. အင်း..ရယ်တဲ့…. မိရိုးဖလာ…
        လေးတန်းမအောင်တဲ့သူကို.. ဒေါက်တာတွေထိုင်ကန်တော့ရတဲ့ဘဝ..

        လိုက်ဆို…
        ဩကာသ.. ဩကာသ… :k:

    • ကန္နားစီး မိဂီ

      November 16, 2014 at 12:48 am

      မိဂီနဲ့ ပြောဖူးတာရောပါဝူးလားဟင်င်င်င်

  • uncle gyi

    November 15, 2014 at 11:04 pm

    သူကြီးရဲ့
    ဒီမှာကရှေးဟောင်းဆိုထိ်မ်းသိမ်းဖို့ပြီးရေရှည်တန်ဖိုးရှိဖို့ထက်
    အခုရောင်းအခုငွေပေါ်မယ်ဆို
    ချက်ချင်းငွေနောက်လိုက်နေတာ
    ရှေးဟောင်းဆိုတာငွေရဖို့လောက်မြင်တာဆိုတော့

  • Crystalline

    November 17, 2014 at 9:48 am

    သများတို့သွားတုန်​းက​တော့… အာ့​တွေပဲလိုက်​ကြည်​့ခဲ့တာပါ.. ​ချော့ပင်​​တော့ မထွက်​ဘူးကွယ်​.. လိုချင်​တာ​တွေ ​ဈေးမကြိုက်​.. ​ဈေးကြိုက်​တဲ့ မိတ်​အင်​ချီးနား​တွေကိုကျ မလိုချင်​… အဲ့​တော့.. ထင်​ရှား..​ရောက်​ဖူးသင်​့တဲ့​နေရာ​တွေသွား.. မစားဖူးတာ​တွေစား.. :p:

  • မြစပဲရိုး

    November 17, 2014 at 4:44 pm

    သူကြီး က ပြောတယ်။
    { ထရာဝါဒမြန်မာတွေချမ်းသာပြီး.. ကမ္ဘာ့အနှံ့တိုးရစ်အဖြစ်ခရီးထွက်ကြရင်.. ရောမနဲ့..ဂျေရုစလင်က.. ဘုရားကျောင်းတွေ.. ဗလီတွေကို.. တခေါက်မက.. သွားသွားကြည့်ကြမလား… လို့.. ယှဉ်တွေးမိတယ်}
    ကျွန်မ ရဲ့ ကိုယ်ပိုင် အမြင် နော်။
    ကျွန်မ သာ ကမ္ဘာ့အနှံ့တိုးရစ်အဖြစ်ခရီးထွက်နိုင်တဲ့ အခြေအနေ ရှိခဲ့ရင်
    နာမည်ကျော် ဘရန်းဒက် ပစ္စည်းဆိုင် တွေ ကို ဝင်ကြည့်ဖို့ တောင် စိတ်ကူး မှာ မဟုတ်ပါ။
    ဘာလို့လဲ ဆိုတော့ ကျွန်မ စိတ်မဝင်စားလို့ပါ။
    အဲဒီအတွက် ကျွန်မ အချိန် ကို အဲဒီ မှာ မပေးပါ။
    သို့ပေမဲ့ ကိုယ် စိတ်မဝင်စားတာ ကို စိတ်ဝင်စားသူ တွေ အများကြီး ရှိနေတာ ကို လဲ လစ်လျုရှု ထားလို့ မရတာ ကိုလဲ သိထားရပါမယ်။
    ဒါမှလဲ ကမ္ဘာကြီး မှာ တစ်ဖက်စောင်းနင်း မဖြစ်တော့ မှာပေါ့။

    တိုးရစ်ဇင် က နိုင်ငံရဲ့ စီးပွါးရေး ကို အများကြီး ပံ့ပိုး ပေးနိုင်တာ လဲ လူတိုင်း သိကြပါတယ်။
    ဒီတော့ ဘယ်လို တိုးရစ်ဇင် က ကိုယ့် နိုင်ငံ ကို ကိုယ်စားပြုစေချင်လဲ ဆိုတာ ကတော့ နိုင်ငံ အစိုးရပိုင်း စဉ်းစားရမှာပါ။
    ပြောချင်တာက ယိုးဒယား (ထိုင်းလန်း) လို့ ပြောလိုက်ရင် ပထဆုံး မြင်လိုက်တာက “Sex tourism” ပါဘဲ။
    သူတို့ ဆီမှာ ဘုရား တွေ ကို ကြည့်ဖို့ထက် အပန်းဖြေဖို့၊ ဈေးဝယ်ဖို့ သွားကြတာဘဲ။
    တိုးရစ် အများဆုံး ရှိတဲ့ ထဲ မှာတောင်ပါသပေါ့။

    မြန်မာပြည် ထဲ လောလောဆယ် လာသူ တွေ က အများစု ရှေးဟောင်းဘုရား တွေ ရှိတဲ့ ပုဂံ ကို သွားကြတာလို့ ထင်ပါတယ်။
    ဒီတော့ လူငယ် တွေထက် လူကြီး ပိုင်း များမလားဘဲ။
    တကယ်က ပုဂံ ဆိုတာ ရှေးဟောင်း လက်ရာ တွေတင်မက သဘာဝ ရှုခင်းအရမ်းလှ တဲ့ နေရာ ဖြစ်နေတာလဲ ပါမှာပါ။
    ပုဂံ မှာ ကို တမင်တောင် စောင့်ကြည့် ရအောင် လှတာကိုး လေ။

    ကြားဖူးတာတော့ ဘူတန် မှာ တရားထိုင်ဖို့ အတွက် တိုးရစ် တွေ တော်တော်များများ သွားတယ် ဆိုဘဲ။
    မြန်မာပြည် မှာလဲ တော်တောင်တွေထဲ တရားစခန်း တွေ အများကြီး ဖွင့်ပြီး တိုးရစ် ခေါ်လို့ ရတာ ကိုလေ။

    ရေရှည် မှာတော့ Cultural tourism၊ Heritage tourism၊ Wildlife tourism၊ Religious tourism၊ Nautical tourism အပိုင်း တွေ အများကြီး ရှိလာမယ် မှန်းလို့ ရပါတယ်။
    Sex tourism ကတော့ သူဌေးကြီး များ ဒီ Business လုပ်မယ် ဆိုရင်တော့ မျိုးစောင့်ရေး အတွက် ကြွတက် နေသာ အဝါရောင်ယူနီဖောင်း များ မသိချင်ဟန် ဆောင်ပြီး နေမှာလဲ မြင်ထားပါတယ်။

    တကယ်တော့ မြန်မာပြည် ဟာ ဘာသာရေး ဆိုတာ အာဏာရှင် များ ရဲ့ လက်ကိုင်ဒုတ် ဆိုတာ ကို ဒီလောက် မြင်နေ ကြားနေ သိနေ ရက် နဲ့
    ရှင်မို့ လို့ ဘာသာရေး ကို ရိုးစွပ် ရက်တယ်။
    အမှန်တကယ် တရား ကျင့်ကြံ နေသော ဆရာတော်၊ သံဃာတော် များ ကို ဝါးလုံးရှည် နဲ့ မရမ်းလိုပါ။
    ဒါပေမဲ့ ဆွမ်းဆန် ထဲ ကြွက်ချေးရော နေတာ၊ ဘုန်းကြီး က ဘုန်းကြီး အလုပ် မလုပ် တာ တွေ ကို ဒီ အတိုင်း ထားရင် သာသနာ ပျက်ပါလိမ့် မယ်။
    သာသနာရေး ဆိုတာ က သူ့တို့ အာဏာရှင်များ နေမြဲ အတွက် ပံ့ပိုး နေတာ အသိသာကြီးပါ။
    တကဲ့ တရား လုပ် နေတဲ့ ဘုန်းကြီး တွေ ဆိုတာကလဲ ဒီမှာ ဘာမှ ဝင်ပြီး ရှုပ်ချင်မှာ မဟုတ်။
    ကိုယ်ဆိုလဲ ပါမှာမဟုတ်။
    လောကီ ထဲ မရှုပ်ချင်လို့တရား လုပ်ပါတယ် ဆိုမှ သူတို့ ကို ဝင်ပါခိုင်း ဖို့ လဲ မတရားပါ။
    ကို့ ဟာ ကိုယ်သာ ဖြေရှင်းသင့်ပါတယ်။
    ဒီတော့
    ဒီ အစိုး ရ ကို သာ မြေလှန်ပစ် မှ အားလုံး ကောင်းသွားမှာ မို့ ၂၀၁၅ ဟာ အရေးကြီး တဲ့ အချိန်ပါဘဲ။

Leave a Reply