ပင်လယ်စာ တုံရမ်းအလွယ်တကူချက်ရအောင်

ပင်လယ်စာတုံရမ်းအလွယ်တကူ ချက်ပြုနည်း600492_10200895767308877_911176921_n1043865_10200895765388829_1989603198_n

ချက်ရတာလွယ်သလို အရသာဟာလည်း စားသောက်ဆိုင်ကြီးကြီးတွေကထက် မညံ့တဲ့အရသာပါ။ အခုပြောပြတာကတော့ လူ(၇)ယောက်ထက်မနည်း စားလို့ရပါတယ်။အဓိက ပါဝင်တဲ့ပစ္စည်းတွေကတော့

ငါးဖယ် ၁၅ကျပ်သား
ပုဇွန် ၂ဝသား
မှို ၁ဝသား
ခရမ်းချဉ်သီး ၅လုံး
ငရုတ်ပွ လေးလုံး
ဆလတ်ထုတ် ၁၅ကျပ်သား
ပန်းဂေါ်ဖီ တစ်ဝက်
မုန်လာဥနီ လေးတောင့် (သို့) ငါးတောင့်
ပဲပြား နှစ်တုံး
တုံရမ်းအနှစ်ထုပ် တစ်ထုပ်

 ခနောချဉ်စပ်ခဲ ဗူးသေး နှစ်ဗူး
992976_10200895765828840_1234848216_n ဂျပန်တို့ဖူး နှစ်ထုပ်
အုန်းနို့ ဗူးသေး တစ်ဗူး ဆိုရင်လုံလောက်ပါပြီ။
945060_10200895767148873_81256979_n

ဦးစွာ အသီးအနှံများကို ပုံတွင်ပြထားတဲ့တိုင်းလှီးထားပါ။ ပြီး ရေကိုဆူအောင်တည် တုံရမ်းအနှစ်နဲ့ ခနောအခဲရယ် အုန်းနို့ရယ်ကိုဆူပွက်ပွက်ဖြစ်အောင်ကြိုပါ။ ပြီးရင် ငါးဖယ်ကို အလုံးလေးတွေ လုပ်ပြီးထည့်ပါ။ ပြီးရင် ပုဇွန်ကိုထည့်ပါ။ ပြီးရင် ပဲပြားကိုအရင်ထည့်ပါ။ နောက်ပြီး ဂျပန်တို့ဖူးကို ညှစ်ထည့်ပါ လှီးထည့်လည်းရပါတယ်။ လိုအပ်တာထည့်ပီး ပွက်ပွက်ဆူရင်တော့ အသီးအနှံတွေကိုထည့်လို့ရပါပြီ။ အသီးအနှံတွေဟာ ခပ်စိမ်းစိမ်းမှ စားကောင်းတာကြောင့်နောက်ဆုံးမှထည့်ရခြင်းဖြစ်ပါတယ်။ ဆယ်မိနစ်လောက် ပွက်ပီးရင်တော့ အလွန်အရသာရှိတဲ့ပင်လယ်စာတုံရမ်းကိုရရှိမှာ ဖြစ်ပါတယ်။

Aung Moe Thu 1005967_10200895767748888_528423783_n

15 comments

  • မြစပဲရိုး

    November 16, 2014 at 12:11 am

    စာရေးဆရာ လဲ Chef ဖြစ်နေပါရော့လား။
    သောက်ချင်စရာလေး။ အရသာရှိမဲ့ ပုံဘဲ။ Thanks.
    ဇီဇီ ရေဒီမှာ တစ်ယောက်ဟေ့။ :))

    • အောင် မိုးသူ

      November 17, 2014 at 10:43 am

      ကျတော်က အမြဲချက်စားပါတယ် ငယ်ငယ်ကလည်း ကီးမားခေါက်မုန့် ရောင်းခဲ့ဖူးတယ်လေ။ မြန်မာမုန့်တော်တော်များများလည်း လုပ်တတ်ပါတယ်။ ဟီးးးးးးးးးးးးးးးးးးးးးးးးး

    • ကေဇီ

      November 17, 2014 at 12:09 pm

      လာပါပြီ အရီးရေ။

      ဒီ ရသ သမား ချက်တဲ့ ဟင်း ဆိုတော့ အရသာရှိမှာပဲ။

      နည်း ကို ယူသွားကြောင်းးး

      :k:

      • အလင်းဆက်

        November 17, 2014 at 1:43 pm

        အမ်… ဒီ ကီဇေမမ ( အကြမ်းပညာရှင်) ကတော့… လုပ်ချလိုက်ပြန်ပြီ။
        ရသ သမားချက်တဲ့ ဟင်းမို့..အရသာ ရှိမှာပဲ…တဲ့… ။

        လျှာပေါ်က ရတဲ့ အရသာနဲ့… စိတ်ကိစ္စ အနုပညာ ရသ…
        ရောပါနဲ့ A

        :k:

        ကျနော်ဆို..ဖွေးဖွေးနဲ့..ဒေါ်ဖွားမေ တူသယောင်ယောင်…လို့ ဘယ်တော့မှ ရောမပြောဘူး ။

        :k:

        • kai

          November 17, 2014 at 1:57 pm


          “Be moderate in order to taste the joys of life in abundance.”
          ―Epicurus
          =
          “My tastes are simple: I am easily satisfied with the best.”
          ― Winston S. Churchill
          =
          Love of beauty is taste. The creation of beauty is art.
          – Ralph Waldo Emerson
          =

          Taste (sociology) – Wikipedia, the free encyclopedia
          en.wikipedia.org/wiki/Taste_(sociology)
          Wikipedia
          Taste is drawing distinctions between things such as styles, manners, consumer goods and works of art and relating to these. Social inquiry of taste is about the …

  • padonmar

    November 16, 2014 at 7:57 pm

    စမ်းကြည့်မယ် ဘကြီးအောင်၊တခါ ရေးဖူးတဲ့ ခေါက်မုန့်၊တိုရှည် လုပ်နည်းလေး ရေးပါအုံး။

  • ဦးကျောက်ခဲ

    November 16, 2014 at 8:48 pm

    ကိုရင့် တုံယမ်းက ၁၂-မျိုးဟင်းချို ဆန်နေသလားလို့…
    ဦးကျောက်ချက်တာကတော့ စပါးလင် ၊ ပဒဲကော ၊ ကြက်ရိုး နဲ့ပြုတ်ရည်လုပ်…
    အသား ငါး ပုဇွန် မှို ငရုပ်နှစ် ငရုပ်သီးစိမ်း ခရမ်းချဉ်သီးထည့်…
    ကျက်မှ နို့စိမ်းထည့် သံပုရာရည်ညှစ် ရှောက်ရွက်ခပ်လိုက်တယ်…. နဲနဲတော့မူကွဲသပေါ့…
    :k:

    • အောင် မိုးသူ

      November 17, 2014 at 9:10 am

      အစာများနေတာ အူးကျောက်ရေ…… အစာများများစားချင်တဲ့သူတွေအတွက် း))

  • manawphyulay

    November 17, 2014 at 9:54 am

    မှတ်သားသွားပြီ တုံယမ်းက ၁၂ မျိုး ဟင်းချိုပုံစံနဲ့ ပိုတူတယ်နော်။

    • အောင် မိုးသူ

      November 17, 2014 at 10:42 am

      အစာများများ စားတတ်ကြလို့လေ ၁၂မျိုးဟင်းချိုတော့ မကြိုက်ဘူးဗျ။ တုံရမ်းဆို အုန်းနို့ပါတာကို ကျတော်ကြိုက်တယ်။

  • kyeemite

    November 17, 2014 at 11:52 am

    .ကိုယ့်ဆြာက ဒါလည်းရသကိုးဗျ…ကြည့်ရတာစားချင်စရာပဲ :))

  • CharTooLan

    November 17, 2014 at 11:59 am

    စားချင်စရာကောင်းပါတယ်
    တုံယမ်းဟင်းချိုဆို တအားကြိုက်တယ်
    အူးလေးကျောက်စ်ရဲ့ တုံယမ်းက တုံယမ်းခဲမပါတဲ့ ဒဇိုင်းလား
    ကျော်တို့က တုံယမ်းဆိုတာနဲ့ တုံယမ်းအခဲကိုအရင်ဆုံးဝယ်ပလိုက်တာပဲ 😀

Leave a Reply