မာန…

aye.kkNovember 15, 20141min1618

” မာန ”

တောင်တွေဆိုတာ
တစ်တောင်နဲ့တစ်တောင်
အနိမ့်အမြင့်မညီနိုင်ပါဘူး။
တောင်ဘယ်လောက်မြင့်မြင့်
ခြေဖဝါး အောက်ရောက်ရတာပဲ။
မာနဆိုတာလည်းအတူတူပဲ
မာနဘယ်လောက်ကြီုးကြီး
ကိုယ့်ထက်သာလွန်တဲ့သူနဲ့
လူပုံအလယ်မှာ တွေ့ဆုံရရင်
ကိုယ့်မာနဟာ
အလိုလိုသိမ်ငယ်သွားရတတ်တယ်။   ။
အရိယာပုဂ္ဂိုလ်လိုမျိုးသူတော်စင်တွေက ဆုံးမတဲ့စကား လက်ဆင့်ကမ်းပြောပြ ချင်တာရှိပါတယ်။
မာနဆိုတာ မထားဘို့ပေါ့နော်
မာနကြီးရင်ပေါ့နော်
သံသရာ မှာတိရစာ္ဆန် ဖြစ်ရတယ်
တိရစ္ဆာန် ဖြစ်ရင်တောင် အနှတ်စုပ် ဂုပ်စုပ်ဖြစ်ရတယ်တဲ့။
အနှတ်စုပ် ဆိုတာက မိုးရွာရင်ခိုစရာမရှိ အမွှေူူးတွေက ရေစိုပြီး စုပ်ပြတ်စွာနဲ့နေရတတ်တယ်တဲ့ ။
နွားဖြစ်ရင်လည်း ဂျိုကုတ်ပြီး မလှပဘူူးတဲ့။
တန်ဘိုး မရှိဖြစ်ရတယ်ပေါ့နော်။
မာနဆိုတာ
တောင်ဥပမာလေးလိုပါပဲ။   ။

8 comments

  • မြစပဲရိုး

    November 16, 2014 at 12:07 am

    မှန်ပါတယ် အစ်မအေး။
    သံသရာ ကို ထားဦး။
    အဲဒီ မာန က ကိုယ့် ကို လက်ရှိ ဖြစ်နေချိန်မှာ ကို ပူလောင် စေတာ အမှန်ပါ။
    ကိုယ့်ထက်သာသူ တွေ့ချိန် ပိုဆိုးသေး။
    ဝန်တိုမှု က ဆက်ပါလာပေါ့။
    အသိပေးတရားလေး အတွက် ကျေးဇူးပါ။ :))

  • kai

    November 16, 2014 at 4:57 am

    “တောင်ကြီးဖဝါးအောက်”ပေါ့လေ…။
    ရှေးလူကြီးတွေ.. မသိခင်ကပေါ့..
    တောင်တွေတွေ့ရင်ပြောလေ့ရှိတာက..” တောင်တိုင်းမှာ သူထက်မြင့်တဲ့တောင်”ရှိတယ်လို့ ဆိုပါတယ်..
    အခုတော့သိကြပြီ..
    ဧဝရတ်တောင်ဟာ ဒီကမ္ဘာပေါ်မှာအမြင့်ဆုံး..။ သူထက်မြင့်တာမရှိ..။

    ပြောသာပြောပြတာ..
    ဧဝရတ်တောင်ထိပ်.. ခြေဖဝါးချဖူးတဲ့သူ.. ဗမာထဲ…ရှိတယ်.. မကြားဖူး..။
    ဒီနှစ်ဧပြီလလောက်က.. ဧဝရတ်တောင်ထိပ်မြန်မာအလံလွှင့်ဖို့ကြိုးစားခဲ့ကြဖူးတယ်..။
    မရခဲ့..။
    ဒီဂန္ဓာရီခရီးကို.. ဂမ္ဘီရပညာရှင်တွေ.. ဘိုးတော်တွေ.. ဘာလို့.. မ,မတယ်မသိ..။ :k:

    Mount Everest – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/Mount_Everest
    Wikipedia
    Mount Everest, also known in Nepal as Sagarmāthā and in Tibet as Chomolungma, is Earth’s highest mountain. It is located in the Mahalangur section of the

    • weiwei

      November 16, 2014 at 9:52 am

      မြင့်မိုရ်တောင်ဆိုတာ ရှိသေးတယ် .. ဒါပေမယ့် လူတွေမျက်စိနဲ့ မမြင်နိုင်ဘူးဆိုတော့ သက်သေပြလို့ မရသေးဘူးပေါ့လေ ..

      • kai

        November 17, 2014 at 12:48 am

        အတွက်မမှားရင်.. အဲဒီမြင့်မိုရ်တောင်ဆိုတာ… ဧဝရတ်တောင်ဖြစ်လိမ့်မယ်…။
        အိနိ္ဒယ..နီပေါကနေ.. ( ဂေါတမမြတ်စွာ မွေးတဲ့နေရာက)လှမ်းကြည့်ရင်.. (လွန်ခဲ့တဲ့ နှစ်၂၀၀ဝကျော်က) လူတက်လို့မရတဲ့.. အပေါ်ရောက်ဖို့မဖြစ်နိုင်တဲ့… တောင်ကြီးဆိုတာ.. အဲဒီတောင်ကြီးပေါ့…။ :k:

  • ဦးကြောင်ကြီး

    November 17, 2014 at 9:04 am

    ငါလူဂျီး ဆိုဒဲ့ မာရ်န တလူလူနဲ့ ခလေး ခလးမှန်း မတိ၊ လူငယ် လူငယ်မှန်း မတိ ဝိုင်းအနိုင်ကျင့်ဒါ တွေ့ဒေါ့ အတော် တုန်လှုပ်မိ ဒရယ် တီတီအေး…။

  • aye.kk

    November 17, 2014 at 9:05 pm

    မြစပဲရိုး

    ကျေးဇူးပါ ။

    ချက်ခြင်းမပြန်ုဖြစ်တာ အားနာမိတယ်။

  • aye.kk

    November 17, 2014 at 10:43 pm

    သူုကြီး
    စိတ်စွမ်းအင်ဆိုတာ အနှိုင်းအဆမရှိပါဘူး ။
    မာနဆိုတဲ့စိတ်က တောင်ဥပမာနဲ ့တူပါတယ်။
    တောင်ဆိုတာ ဘယ်လောက်မြင့်မြင့် ဈာန်သမာပတ်စိတ်တန်ခိုးရ ရှိရင် မြင့်မိုရ်တောင် ဖြစ်နေပါစေ။
    ကျော်လွှားသွားနိုင်တယ်ဆိုတာ အမှန်သိဉာဏ်ရှိရင် သိမြင်လက်ခံနိုင်ပါတယ်။
    ဒါဟာလည်းဗုဒ္ဓဘာသာကိုလက်ခံမှပါ။
    မာနဆိုတဲ့စိတ်က ကျမအနေနဲ့ပြောပြရရင် စိတ်မီးခိုးမှိုင်းအညစ်အကြေးကြီးပါ ။
    အမှန်သိဉာဏ်နဲ့သိမြင်နိုင်ခြင်း မရှိတဲ့အတွက် သေရင်အပါယ်ကျနိုင်ပါတယ်။
    တိရစာ္ဆန်ဖြစ်ရင်တောင် မိုးရွာရင်တောင်မှ အကာကွယ်မရှိ အမွှေးတွေစုတ်ပြတ်သတ်စွာနဲ့ခပ်ကုပ်ကုပ်နဲ့
    နေနေရပါတယ်။
    နွားဖြစ်ရင်တောင် ဂျိူကုတ်ဖြစ်ရပါတယ်။မလှမပဘူးပေါ့နော်။

  • aye.kk

    November 17, 2014 at 10:56 pm

    မဝေရေ
    အနှိုင်းပြသဘောနဲ့ပြောဆိုပေမယ့် အကောင်အထည်ပြလို့မရတော့လည်း ပြောပြရခက်တာ
    အမှန်ပါ ။ သတိပဌာန်ကို ကိုယ်တိုင်မကျင့်ပဲနဲ့ မသိနိုင်သလိုမျိုးပါပဲ။

Leave a Reply