“အဖြည့်ခံ”

“အဖြည့်ခံ”

 

ခင်ဗျားသွားချင်ရာသွားဘို့

အဖော်များလိုရင်

ကျနော်ကိုခေါ်ပါ

ကျနော်ကအားနေလို့ပါ။

ခင်ဗျားမှာလျှာတွေယား

စကားပြောဖော်များမရှိရင်

ကျနော့်ကိုခေါ်ပါ

ကျနော်ကအားနေလို့ပါ။

ခင်ဗျားမှာတစ်ယောက်ထဲပျင်း

ငြင်းစရာလူလိုရင်

ကျနော်ကိုခေါ်ပါ

ကျနော်ကအားနေလို့ပါ။

ခင်ဗျားမှာအဖော်မရှိ

တစ်ယောက်ထဲ

အားများအားနေရင်

ကျနော့်ကိုခေါ်ပါ

ကျနော်အားနေလို့ပါ။

ခင်ဗျားမှာစိတ်တွေများ

ကျပ်စရာလူများလိုရင်

ကျနော့်ကိုခေါ်ပါ

ကျနော်အားနေလို့ပါ။

ခင်ဗျားမှာ

……………………………

…………………………….

ကျနော့်ကိုခေါ်ပါ

ကျနော်အားနေလို့ပါ။

ကျနော်အားနေလို့ပါ။

ကိုပေါက်လက်ဆောင်အတွေးစဉ်

15-11-2014

13 comments

  • uncle gyi

    November 16, 2014 at 10:13 pm

    က်ိုယ်အားလို့ယောင်ချာချာ
    သူများကိုအဖော်ပြု
    ကိုယ့်အချိန်ကုန်အောင်သုံးတယ်
    အဖြည့်ခံမဟုတ်
    အချိန်ပိုသူ

    မတူသောအမြင်များနဲ့
    အန်ကယ်ကြီး

  • kyeemite

    November 17, 2014 at 10:41 am

    .အားနေရင်လည်း ကင်မရာလက်ဆွဲ….ဓါတ်သေဆက်ဆွဲနေဗျို့
    .အဲ့တာပိုစိတ်ချမ်းသာလိမ့်မယ်ကိုပေါက်ရေ :))

  • ကေဇီ

    November 17, 2014 at 12:10 pm

    လောက်ပေးးး
    ဘယ်လောက် အားအား မအားဘူးသာ ပြော။
    လူတွေက အလကားရတာကို တန်ဖိုးမထားဘူးရယ်။
    ပြောရင်း ငိုချင်တာ။

    😥

    • weiwei

      November 17, 2014 at 12:24 pm

      တရုတ်ပြည်မထဲမှာ နေခဲ့စဉ်တုန်းက အမုန်းဆုံးစကားတစ်ခွန်းရှိခဲ့ဘူးတယ် ..
      အဲဒါက I am busy ဆိုတဲ့ စကားပဲ .. တရုတ်တွေကို တစ်ခုခုလုပ်ချင်လို့ အဖော်စပ်ရင်ပဲဖြစ်ဖြစ် အစားအသောက်ကျွေးချင်လို့ ဖိတ်ရင်ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ပဲမေးမေး သူတို့အားလုံး အတူတူပဲ ဖြေလေ့ရှိတာက I m busy ဆိုတာပဲ ..
      အဲဒီကထဲက စဉ်းစားခဲ့တာက ဘယ်တော့မှ အဲဒီစကားကို မပြောဘူးလို့ပဲ .. 🙂
      ဒါပေမယ့် အခုရက်ပိုင်း ပြောမိသွားတယ်ထင်တယ် .. တကယ့်ကို ဦးနှောက်ခြောက်စရာတွေ လုပ်နေရလို့ …

      • ကေဇီ

        November 17, 2014 at 12:36 pm

        အဲဒါ ငိုချင်တယ်လို့ပြောတာ။
        ကိုယ်ကတော့ အတတ်နိုင်ဆုံး အဲဒီ စကားကို ရှောင်လေ့ရှိတယ်။
        ဒါမဲ့ ကိုယ့်ကျရင် ဦးစားပေး နောက်ဆုံး အဆင့်ပဲ ဖြစ်ဖြစ်သွားလို့။

        :h:

      • ကျနော်ကတော့ ငြင်းပယ်ရ မယ့် အလုပ် ကို အတော်ဝန်လေးပါတယ်

        ဒါကြောင့် ငြင်းပယ်ခဲပါတယ်

        ဒါပေမယ့် အဲလို သဘောကောင်းမိတာတွေ က
        ကိုယ့် ကို တန်ဖိုးကျ စေ သလာ းလို့ တစ်ခါ တစ်ခါ မှာ
        တွေးမိပြန်ပါတယ်။

  • sorrow

    November 17, 2014 at 12:52 pm

    ..ကျွန်တော်အလွန်အလုပ်များပါတယ်…သို့သော်..ကျွန်တော်ချစ်တဲ့လူတွေ ခင်တဲ့သူတွေအတွက် ..အချိန်အမြဲတမ်းရှိပါတယ်
    …( အငိငိ .ကွယ်..ဆောရိုးလေးရယ်..စိတ်ထားကောင်းလိုက်တာ..တမှတ်…အငိငိ )

  • aye.kk

    November 17, 2014 at 11:02 pm

    အားမနာတတ်သူတွေနဲ့တွေ့တဲ့အခါ
    စိတ်ဆင်းရဲရတတ်ပါတယ်။
    အလိုက်မသိသူတွေအပေါ်အားမနာတာက အကောင်းဆုံးပဲလို့ထင်ပါတယ်။

  • Mr. MarGa

    November 18, 2014 at 8:32 am

    ကျနော့်အချိန်တွေကို လိုအပ်သလို ပြင်ဆင်ညှိနှိုင်းလို့ရအောင်လုပ်ထားပါတယ်။
    (လွန်ခဲ့တဲ့ တစ်နှစ်ကျော်က)
    ရုံးချိန်တွင်း ဆိုရင် အဆင်မပြေဘူးဗျာ.. (အခု)
    🙁

Leave a Reply