သဘောပေါက်သင့်ပြီ

zaw winNovember 16, 20141min1536

ငါမရှိရင် မဖြစ်ဘူး
ငါလုပ်မှ ဖြစ်မယ်
မင်းတို့လူငယ်တွေ မသိပါဘူး
မလုပ်တတ်ပါဘူး
ငါနေရာပျောက်မှာစိုးလို့
ငါဆရာကြီး မလုပ်ရမှာစိုးလို့
ဖုံးကွယ်ကာ
လူရှေ့ဟန်ဆောင်
အတ္တကြီးသူများ
လူငယ်တွေရဲ့
အနာဂတ်ဖျက်ဆီးသူ မဖြစ်ပါစေနဲ့
ရှေ့မှပိတ်ကာ
လုပ်နေပြန်တော့
အနာဂတ်မဲ့ကာ
ခံစားချက်ဖြင့်
လမ်းလွဲကိုလိုက်
စရိုက်ဆိုးများ
ယနေ့ကမ္ဘာမှာ
ပရမ်းပတာ
ပြဿနာများစွာ
အိပ်ကောင်းခြင်း အိပ်မရ
အကျိုးဆက်များ ခံစားနေရ
သဘောပေါက်သင့်ပါပြီ
နောက်ဆုတ် နေရာပေး
ထိန်းကျောင်း လမ်းညွှန်ပေးသင့်ပါပြီ။

မင်းသုတ
07း00 A.M
15.11.2014

6 comments

  • ကေဇီ

    November 19, 2014 at 2:51 pm

    ရှေ့ကားတွေ ပျက် နေလည်း
    လမ်းဘေးချရပ်သင့်!!!

    :a:

  • uncle gyi

    November 20, 2014 at 10:13 pm

    သဘောကအပေါက်လွန်နေတာပါ

  • manawphyulay

    November 22, 2014 at 11:01 am

    မင်း မသိတာတွေ ရှိပါသေးတယ်ကွာ… :mrgreen:

  • manawphyulay

    November 22, 2014 at 11:15 am

    သူများလို ရှည်ရှည် မပြောဘူး သဘောပေါက်တယ်နော်
    သဘောမပေါက်ရင် ကျောပေါက်သွားမယ် :mrgreen:

Leave a Reply