ထူးထူးခြားခြား မုန့်လုပ်နည်းတွေနဲ့ ထူးထူးခြားခြား ဟင်းချက်ပုံတွေကို ကျွန်တော်ဟာ မေမေ့ဘေးမှာ နေရင်းနဲ့ ရင်းနှီးခဲ့ရတယ်။ မေမေဟာ ငါးချဉ်စားချင်တယ်ဆိုလည်း ကိုယ်တိုင်လုပ်ကျွေးတယ်။ အိမ်တိုရှည်စားချင်လား။ ခေါက်မုန့်လား၊ မုန့်ပျားသလက်လား၊ မုန့်ဟင်းခါးလား၊ အုန်းနိုးခေါက်ဆွဲလား၊ လက်သုတ်စုံလား၊ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်စားနေကြဆိုတော့။ တစ်ခါတစ်ခါမှာ ထူးခြားတဲ့အရာတွေလည်း ချက်စားလိမ့်ရှိ တယ်။ ငါးဆားတယ် ၊ ငါးပိကောင်ကအစ မေမဟာ ကိုယ်တိုင်လုပ်ကျွေးလေ့ရှိတယ်။ သည်လိုချက်စားတိုင်း လည်း နင့်အဖေရှိစဉ်တုန်းက ဟင်းချက်ပြုတ်တာ သိပ်ဝါသနာပါတာလို့လဲ ပြောလေ့ရှိတယ်။ သည်တော့လည်း ကျွန်တော်အချက်အပြုတ်ဝါသနာပါတာ အဆန်းမဟုတ်တော့ပါဘူး။ တစ်ခါ တစ်ခါ သူငယ်ချင်းတွေဆုံချင်တဲ့အခါ စားနေကျဟင်းအမယ်တွေမဟုတ်ဘဲ ခပ်ဆန်းဆန်းလေးတွေ ချက်ကျွေး လေ့ရှိတယ်။ မုန့်လုပ်စားကြတယ်ဆိုလည်း မြန်မာမုန့်ကို ကောင်းကောင်းလုပ်စားကြတယ်။ ဒီတစ်ခါတော့ ခပ်ဆန်းဆန်းဟင်းချိုလေးတစ်ခုနဲ့ အသုတ်လေးတစ်ခုကို ပြောပြချင်ပါတယ်။111

 

ကျတော်တို့မိသားစုဟာ ရန်ကုန်မြို့ရဲ့ တောင်ဥက္ကလာဆိုတဲ့မြို့နယ်တစ်ခုရဲ့ ရပ်ကွက်တစ်ခုမှာနေထိုင်ပါတယ်။ ကျွန်တော်တို့ရပ်ကွက်လေးထဲမှာ ကသစ်ပင်တော်တော်များများရှိပါတယ်။ လယ်ကွင်းအစပ်တွေမှာ ပေါက်နေတာပေါ့။ ကသစ်ပင်က အပင်ပြီးမျိုးဖြစ်ပြီး ပင်စည်၊အကိုင်းနဲ့အခက်အလက်တွေမှာ ဆူးမည်းမည်း လေးတွေပါပါတယ်။ အပွင့်ကတော့ ဆောင်းအကုန် နွေအကူးလောက်မှာ ပွင့်တတ်ပါတယ်။ ကသစ်ပွင့်က အခိုင်လိုက်ပွင့်ပါတယ်။ အဖူးတွေဟာ နှုတ်ခမ်းနီတောင့်လေးတွေလိုပါပဲ။ ပွင့်လာရင်တော့ နီနီရဲရဲနဲ့ လှလည်း လှပါတယ်။ သူ့အရွက်ကတော့ သုံးရွက်ကိုတစ်ခိုင်ပါ ထူးခြားတယ်။ ပြီးတော့ ကသစ်ရွက်အရောင်ဟာ အခြားသစ်ရွက်ရောင်တွေထက် အစိမ်းရောင်လင်းလင်းလေးပါ။ အပွင့်အခိုင်မှာ ထူးခြားတာက အပေါ်ယံ အမှုန်လေးတွေရှိပါတယ်။ တစ်ရက်တော့ မေမေကပြောလာပါတယ်။ လယ်ကွင်းထောင့်က ကသစ်ပင်မှာ ကသစ်ပွင့်တွေပွင့်နေပြီ တံချူနဲ့ သွားခူးချေ ကသစ်ရွက်နုနုလေးတွေပါခူးခဲ့ဆိုပြီး။ ကျွန်တော် ခူးလာပြီးနောက်ပိုင်းမှာတော့ မေမေပြုလုပ်ပုံကို ပြောပြပါ့မယ်။

66IMG_3698

ကျွန်တော်ခူးလာတဲ့ ကသစ်ပန်းအခိုင်းလိုက်ကိုရေဆေးပါတယ်။ ကသစ်ရွက်လေးတွေကို တစ်ရွက်ချင်း သင်ပါတယ်။

ရေဆေးပြီးသား ကသစ်ပွင့်ပန်းခိုင်ကို ရေနွေးပူပူမှာ ရေနွေးဖျောလိုက်ပါတယ်။

ပြီးတော့ ရေနွေးဖျော်ပီးသား ကသစ်ပွင့်ကောအဖူးကော မထူးမပါးလှီးပါတယ် ကသစ်ဖူးလေးတွေက ညိုတိုတိုဖြစ်နေပြီး အပွင့်လေးတွေအရောင်ကတော့ ရဲရဲလေးပေါ့။

ကသစ်ပွင့်သုတ်ဖို့အတွက် မန်ကျည်းသီးကိုဖျော်ထားရပါမယ်။ ကြက်သွန်နီးဆီချက် ချက်ထားရပါတယ် ကြက်သွန်ဖြူဆီချက်နဲ့ဆို မကောင်းပါဘူး။ ပဲမှုန့်အကျက်မှုန့်ရယ် ငရုတ်သီးမှုန့်ရယ် ဟင်းခတ်မှုန့် ဆားရယ်ဆို ပြည့်စုံပါပြီ။

လှီးပြီးသားကသစ်ပွင့်လေးတွေကို မန်ကျည်းရည် ပဲမှုန့် ကြက်သွန်နီဆီချက် ငရုတ်သီးမှုန့် ဟင်းခတ်မှုန့်ဆား တို့ကို အချိုးကျထည့်ပြီး သုတ်ရုံပါပဲ။ ကသစ်ပွင့်ရဲ့ ခပ်စိမ့်စိမ့်အရသာနဲ့ ကသစ်ပွင့်မှာသဘာဝအလျောက်ပါတဲ့ အမှုန်လေးတွေရယ်နဲ့ သုတ်ထားတဲ့ ကသစ်ပွင့်သုတ်ဟာ တော်တော်အရသာရှိပါတယ်။ သူနဲ့တွဲဖက်စားသုံးဖို့ ဟင်းချိုကတော့ ကသစ်ရွက်နုနုလေးတွေ ငရုတ်ကောင်းအနည်းငယ် ကြက်သွန်ဖြူဓါးပြားရိုက်ထားပြီး ချက်ထားတဲ့ ဟင်းချိုပါပဲ။ ဟင်းချိုမှုန့် အနည်းငယ်သာသုံးရုံနဲ့ ကသစ်ရွက်ရဲ့အချိုဟာ ဘယ်အချိုနဲ့မှ မတူကြောင်း ကသစ်ရွက်ဟင်းချိုဟာ တော်တော်သောက်လို့ကောင်းပါတယ်။ ပြုလုပ်ရတာအရမ်းလွယ်ကူတဲ့အတွက် ပြောပြပေးလိုက်ပါတယ်။

ကသစ်ပင်ကို မမြင်ဖူးကြမှာစိုးလို့ တင်ပေးလိုက်ပါတယ်။ သုတ်ထားတဲ့ ဓာတ်ပုံတွေမရှိတဲ့ တောင်းပန်ပါတယ်။ အခါသင့်ရင် ပုံတွေတင်ပေးပါ့မယ်။

 

အောင်မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 220 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။