သည်ရက်တွေပေါ့ဗျာ…

ကံကောင်းချင်တော့ အိမ်အတွက် အိမ်ဖော်မလေး အတော် လိမ်မာတာ ရထားတယ်…
ကံဆိုးချင်တော့ အတော် ဒူရှာတယ်…

 

ကံကောင်းချင်တော့ ခြေဆော့လက်ဆော့လည်းမရှိ အချိန်လည်း ကြာလာတော့ အမေ့လက်ရာမီအောင်
ချက်နိုင်လာတဲ့အတွက် စားရသောက်ရ အရမ်းအဆင်ပြေတယ်

ကံဆိုးချင်တော့ ဒူလွန်းသမို့ ဂွကျတယ်လေ..

ကံကောင်းချင်တော့ အမျိုးတွေက ၀ိုင်းကြည့်ပေးပါတယ်

 

 

ကံဆိုးချင်တော့ သတင်းကျွတ် ကို အရပ်ပြန်မယ် ခွင့်ပေးပါ တောင်းတယ်
ကံကောင်းချင်တော့ အမေ ကိုယ်တိုင်ပဲ ပို့ပေးလိုက်ပါတယ်

 

ကံဆိုးချင်တော့ တိုက်တိုက်ဆိုင်ဆို သူ့ ညီမလေး အဲ့မှာ ဖျားပြီးသေတယ်
ကံကောင်းချင်တော့ အလုပ်ဆက်လုပ်ဖို့ နောက်ဆံတင်းစရာမလိုတော့ဘူးပေါ့နော့် …

 

ကံဆိုးချင်တော့ သူ့အမေ အရင်းက ရူးနေတယ် အရပ်က လက်မခံချင်တော့ဘူးရယ်
ကံကောင်းချင်တော့ သူ့မှာ အစ်ကိုတယောက် ကျန်ပါသတဲ့

 

ကံဆိုးချင်တော့ အဲ့အစ်ကို အရက်သမား က စကားမပြောတတ်ဘူး ဂလိုနဲ့ သူပြန်မလာနိုင်တော့
ကံကောင်းချင်တော့ အိမ်ဖော် အသစ် တယောက်ရတယ်

ကံဆိုးချင်တော့ ဟင်းချက်တာ အင်မတန်ညံ့ရဲ့..နောက်တော့ ရသွားမယ်မှတ်ပါတယ်

ကံကောင်းချင်တော့ ကျနော် အလုပ်ခန၀င်ဖြစ်တော့ နေ့ အလုပ်ကကျွေး ည ဂျပန်ကကျွေးနဲ့ အိုကေတယ်

 

ကံဆိုးချင်တော့ အရင် အိမ်ဖော်လက်ထက်တုန်းက မီးပူတိုက်တဲ့ ကြိုး ၀ိုင်ယာလုစ့် ဖြစ်ထားဖူးတယ်လေ
ဓါတ်တိုင်က ဖြူးစ့် ပျက်သွားတယ် ဆိုပါတော့
ကံကောင်းချင်တော့ ချက်ခြင်း အီးပီစီ လာပြင်သွားပေးလို့ မီးပျက်တဲ့ပြသနာ သိပ်မခံလိုက်ရဘူး

 

ကံဆိုးချင်တော့ အီးပီစီ ပီးစလွယ်လုပ်ပြီး ပြန်တက်ပေးလိုက်တဲ့ ဓါတ်တိုင်ကလိုင်းက ခြောက်ထပ်တိုက်
တွေများတဲ့လိုင်း မီးအားမပြည့်တဲ့လိုင်း ဖြစ်နေတယ်

ကံကောင်းချင်တော့ ရေမော်တာမောင်းမရ ဖြစ်ရင်းနဲ့ ပျက်ချင်နေနေဖြစ်နေတဲ့ ကျနော့်ထက်အသက်ကြီးတဲ့
ရေမော်တာ ကို ပြင်ဖြစ်သွားတယ် အဆိုးထဲကအကောင်းပါ

ကံဆိုးချင်တော့ တရက် မီးအားစောင့်တက်တာ ကျနော့် ပီစီ ၂လုံး ကြွပါရောလားဗျာ

ကံကောင်းချင်တော့ ကျနော့် ဓါတ်သေအလုပ်တွေကို ကျနော့် ဘော်ဘော် ဓါတ်ဆြာတွေက ပုံယူပြင်ပေးပြီးတော့ ကူညီကြပါတယ်

ကံဆိုးချင်တော့ ကျနော်တို့ထဲမှာ ကလိုင်းယန့်နဲ့ မော်ဒယ်နဲ့ စကားပြောတဲ့ အပိုင်းတာဝန်ယူထားတာကျနော် ဖြစ်နေတယ် ဖုန်းတဂွမ်ဂွမ် ဆိုပါတော့
ကံကောင်းချင်တော့ ဟိုဘဲတွေက နည်းနည်းမူလီရစ်ပေးတာနဲ့ မြန်မြန်လုပ်ပေးကြပါတယ်

 

ကံဆိုးချင်တော့ ပီစီတွေ ပြင်ဖို့ ငွေမချန်ဘဲ ရသမျှ အမေ့ကို အပ်လိုက်တယ်

ကံကောင်းချင်တော့ ပိုက်ဆံ ချေးထားတဲ့ ယဲဇားဟောင်းလေးက အတိုးပေးမယ် (ပြန်ဆပ်မယ်) တဲ့

 

ကံဆိုးချင်တော့ ဒင်းက ကျနော့်ကို လိမ်သွားတယ် (သူအလိမ်ခံရလို့ပါတော့ ပြောတာပဲ) သေချာတော့မသိ

ကံကောင်းချင်တော့ အမေ ပြန်ရောက်လာတယ် တော်သေးတာပေါ့ ပီစီပြင်ဖို့ပိုက်ဆံ တောင်းလို့ရတာပေါ့

ကံဆိုးချင်တော့ အကောခံရသဗျာ … သောက်သုံးမကျဘူးဆိုတဲ့ စကားနဲ့
ကံကောင်းချင်တော့ နောက်နေ့ တော့ ငွေထုတ်ပေးမှာပါ တဲ့..

 

အဲ…

 

ကံဆိုးချင်တော့ ပီစီမရှိ အဆက်သွယ်တွေ ပြတ် ရွာထဲမရောက် (အလှူပုံတွေမပေးနိုင်) နဲ့

ကံကောင်းချင်တော့ ကျနော် ရှင်းပြတာတွေ လက်ခံပေးနားလည်ပေးတဲ့အမျိုးတွေ ရှိနေလို့ပါပဲ

 

 

ကံဆိုးချင်တော့ ကျနော့် ပီစီတွေက ပြင်ဆိုင်ပို့လို့မရဘူးဗျ… ကျနော် မဟားဒယား နာမည်ကြီးကုန်မယ်

ကံကောင်းချင်တော့ ကျနော် ကိုယ်တိုင် ပြင်တတ်တာရော ကူပြင်ပေးမယ့် လူတွေရော ရှိနေတာပါပဲ

 

 

ကံဆိုးချင်တော့ ဒင်းတို့နဲ့ဆို ပြင်ခထက်စာရင် အရက်ဖိုးက ပိုကုန် မယ့်သဘောရယ်

ကံကောင်းချင်တော့ မဆုံတာကြာပြီ သတိရသည်မို့ လက်ခမရရင်နေ ဒင်းတို့ကတောင် ပြန်တိုက်မယ်ဆိုလား

 

 

ကံဆိုးချင်တော့ ခုရက်ပိုင်း ရိုက်ထားတဲ့ ပုံတွေက အရေးတကြီးလိုနေတယ်

ကံကောင်းချင်တော့ ကျနော့်ညီ ပီစီ ရှိနေတယ်လေ

ကံဆိုးချင်တော့ ဒင်းက တပါတ်ပိတ်ရက်မရှိ အလုပ်လုပ်နေသူဖြစ်ပြီး ပြန်လာတိုင်း ဂိမ်းဆော့တာရယ်
ကံကောင်းချင်တော့ ကျနော် နေ့နဲ့ ည ပြောင်းအိပ်လိုက်တယ် သူအိပ်ချိန် သူ့ပီစီသုံးပေါ့

 

ကံဆိုးချင်တော့ နယ်ပရော့ဂျက် ၂ခု မှာ တခုက ပျက်ပြီး တခုက အဖြေမပေးသေးဘူး

ကံကောင်းချင်တော့ ကျနော် အချိန်ရတယ် ပီစီအေးဆေး စိတ်ကြိုက်ပြင်နိုင်တယ်ပေါ့



..
.

အဲဒါတွေက သည်ရက်တွေ ကျနော် ပျောက်နေတဲ့ အကြောင်းပြချက်တွေပါ ပိတ်သတ်ကြီးရယ်…

တခြားလည်း ဘာဆိုဘာမှ စဉ်းစားလို့ မတတ်တော့တဲ့အတွက် လက်တလောတော့ စာလည်း

ရေးဖြစ်မှာမဟုတ် ရေးနိုင်စွမ်းလည်းမရှိ ရေးဖို့ပစ္စည်းလည်း မရှိလို့ပါ…

ပေါ့ပေါ့ပါးပါး ကွန်းမန့်လောက်သာ ….

 

 

 

 

 

 

တော်သေးဘီ

Ghi

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011