ကွန်စီးကွင့်န်ဇက်စ် များ

ムラカミNovember 18, 20141min41330

သည်ရက်တွေပေါ့ဗျာ…

ကံကောင်းချင်တော့ အိမ်အတွက် အိမ်ဖော်မလေး အတော် လိမ်မာတာ ရထားတယ်…
ကံဆိုးချင်တော့ အတော် ဒူရှာတယ်…

 

ကံကောင်းချင်တော့ ခြေဆော့လက်ဆော့လည်းမရှိ အချိန်လည်း ကြာလာတော့ အမေ့လက်ရာမီအောင်
ချက်နိုင်လာတဲ့အတွက် စားရသောက်ရ အရမ်းအဆင်ပြေတယ်

ကံဆိုးချင်တော့ ဒူလွန်းသမို့ ဂွကျတယ်လေ..

ကံကောင်းချင်တော့ အမျိုးတွေက ဝိုင်းကြည့်ပေးပါတယ်

 

 

ကံဆိုးချင်တော့ သတင်းကျွတ် ကို အရပ်ပြန်မယ် ခွင့်ပေးပါ တောင်းတယ်
ကံကောင်းချင်တော့ အမေ ကိုယ်တိုင်ပဲ ပို့ပေးလိုက်ပါတယ်

 

ကံဆိုးချင်တော့ တိုက်တိုက်ဆိုင်ဆို သူ့ ညီမလေး အဲ့မှာ ဖျားပြီးသေတယ်
ကံကောင်းချင်တော့ အလုပ်ဆက်လုပ်ဖို့ နောက်ဆံတင်းစရာမလိုတော့ဘူးပေါ့နော့် …

 

ကံဆိုးချင်တော့ သူ့အမေ အရင်းက ရူးနေတယ် အရပ်က လက်မခံချင်တော့ဘူးရယ်
ကံကောင်းချင်တော့ သူ့မှာ အစ်ကိုတယောက် ကျန်ပါသတဲ့

 

ကံဆိုးချင်တော့ အဲ့အစ်ကို အရက်သမား က စကားမပြောတတ်ဘူး ဂလိုနဲ့ သူပြန်မလာနိုင်တော့
ကံကောင်းချင်တော့ အိမ်ဖော် အသစ် တယောက်ရတယ်

ကံဆိုးချင်တော့ ဟင်းချက်တာ အင်မတန်ညံ့ရဲ့..နောက်တော့ ရသွားမယ်မှတ်ပါတယ်

ကံကောင်းချင်တော့ ကျနော် အလုပ်ခနဝင်ဖြစ်တော့ နေ့ အလုပ်ကကျွေး ည ဂျပန်ကကျွေးနဲ့ အိုကေတယ်

 

ကံဆိုးချင်တော့ အရင် အိမ်ဖော်လက်ထက်တုန်းက မီးပူတိုက်တဲ့ ကြိုး ဝိုင်ယာလုစ့် ဖြစ်ထားဖူးတယ်လေ
ဓါတ်တိုင်က ဖြူးစ့် ပျက်သွားတယ် ဆိုပါတော့
ကံကောင်းချင်တော့ ချက်ခြင်း အီးပီစီ လာပြင်သွားပေးလို့ မီးပျက်တဲ့ပြသနာ သိပ်မခံလိုက်ရဘူး

 

ကံဆိုးချင်တော့ အီးပီစီ ပီးစလွယ်လုပ်ပြီး ပြန်တက်ပေးလိုက်တဲ့ ဓါတ်တိုင်ကလိုင်းက ခြောက်ထပ်တိုက်
တွေများတဲ့လိုင်း မီးအားမပြည့်တဲ့လိုင်း ဖြစ်နေတယ်

ကံကောင်းချင်တော့ ရေမော်တာမောင်းမရ ဖြစ်ရင်းနဲ့ ပျက်ချင်နေနေဖြစ်နေတဲ့ ကျနော့်ထက်အသက်ကြီးတဲ့
ရေမော်တာ ကို ပြင်ဖြစ်သွားတယ် အဆိုးထဲကအကောင်းပါ

ကံဆိုးချင်တော့ တရက် မီးအားစောင့်တက်တာ ကျနော့် ပီစီ ၂လုံး ကြွပါရောလားဗျာ

ကံကောင်းချင်တော့ ကျနော့် ဓါတ်သေအလုပ်တွေကို ကျနော့် ဘော်ဘော် ဓါတ်ဆြာတွေက ပုံယူပြင်ပေးပြီးတော့ ကူညီကြပါတယ်

ကံဆိုးချင်တော့ ကျနော်တို့ထဲမှာ ကလိုင်းယန့်နဲ့ မော်ဒယ်နဲ့ စကားပြောတဲ့ အပိုင်းတာဝန်ယူထားတာကျနော် ဖြစ်နေတယ် ဖုန်းတဂွမ်ဂွမ် ဆိုပါတော့
ကံကောင်းချင်တော့ ဟိုဘဲတွေက နည်းနည်းမူလီရစ်ပေးတာနဲ့ မြန်မြန်လုပ်ပေးကြပါတယ်

 

ကံဆိုးချင်တော့ ပီစီတွေ ပြင်ဖို့ ငွေမချန်ဘဲ ရသမျှ အမေ့ကို အပ်လိုက်တယ်

ကံကောင်းချင်တော့ ပိုက်ဆံ ချေးထားတဲ့ ယဲဇားဟောင်းလေးက အတိုးပေးမယ် (ပြန်ဆပ်မယ်) တဲ့

 

ကံဆိုးချင်တော့ ဒင်းက ကျနော့်ကို လိမ်သွားတယ် (သူအလိမ်ခံရလို့ပါတော့ ပြောတာပဲ) သေချာတော့မသိ

ကံကောင်းချင်တော့ အမေ ပြန်ရောက်လာတယ် တော်သေးတာပေါ့ ပီစီပြင်ဖို့ပိုက်ဆံ တောင်းလို့ရတာပေါ့

ကံဆိုးချင်တော့ အကောခံရသဗျာ … သောက်သုံးမကျဘူးဆိုတဲ့ စကားနဲ့
ကံကောင်းချင်တော့ နောက်နေ့ တော့ ငွေထုတ်ပေးမှာပါ တဲ့..

 

အဲ…

 

ကံဆိုးချင်တော့ ပီစီမရှိ အဆက်သွယ်တွေ ပြတ် ရွာထဲမရောက် (အလှူပုံတွေမပေးနိုင်) နဲ့

ကံကောင်းချင်တော့ ကျနော် ရှင်းပြတာတွေ လက်ခံပေးနားလည်ပေးတဲ့အမျိုးတွေ ရှိနေလို့ပါပဲ

 

 

ကံဆိုးချင်တော့ ကျနော့် ပီစီတွေက ပြင်ဆိုင်ပို့လို့မရဘူးဗျ… ကျနော် မဟားဒယား နာမည်ကြီးကုန်မယ်

ကံကောင်းချင်တော့ ကျနော် ကိုယ်တိုင် ပြင်တတ်တာရော ကူပြင်ပေးမယ့် လူတွေရော ရှိနေတာပါပဲ

 

 

ကံဆိုးချင်တော့ ဒင်းတို့နဲ့ဆို ပြင်ခထက်စာရင် အရက်ဖိုးက ပိုကုန် မယ့်သဘောရယ်

ကံကောင်းချင်တော့ မဆုံတာကြာပြီ သတိရသည်မို့ လက်ခမရရင်နေ ဒင်းတို့ကတောင် ပြန်တိုက်မယ်ဆိုလား

 

 

ကံဆိုးချင်တော့ ခုရက်ပိုင်း ရိုက်ထားတဲ့ ပုံတွေက အရေးတကြီးလိုနေတယ်

ကံကောင်းချင်တော့ ကျနော့်ညီ ပီစီ ရှိနေတယ်လေ

ကံဆိုးချင်တော့ ဒင်းက တပါတ်ပိတ်ရက်မရှိ အလုပ်လုပ်နေသူဖြစ်ပြီး ပြန်လာတိုင်း ဂိမ်းဆော့တာရယ်
ကံကောင်းချင်တော့ ကျနော် နေ့နဲ့ ည ပြောင်းအိပ်လိုက်တယ် သူအိပ်ချိန် သူ့ပီစီသုံးပေါ့

 

ကံဆိုးချင်တော့ နယ်ပရော့ဂျက် ၂ခု မှာ တခုက ပျက်ပြီး တခုက အဖြေမပေးသေးဘူး

ကံကောင်းချင်တော့ ကျနော် အချိန်ရတယ် ပီစီအေးဆေး စိတ်ကြိုက်ပြင်နိုင်တယ်ပေါ့



..
.

အဲဒါတွေက သည်ရက်တွေ ကျနော် ပျောက်နေတဲ့ အကြောင်းပြချက်တွေပါ ပိတ်သတ်ကြီးရယ်…

တခြားလည်း ဘာဆိုဘာမှ စဉ်းစားလို့ မတတ်တော့တဲ့အတွက် လက်တလောတော့ စာလည်း

ရေးဖြစ်မှာမဟုတ် ရေးနိုင်စွမ်းလည်းမရှိ ရေးဖို့ပစ္စည်းလည်း မရှိလို့ပါ…

ပေါ့ပေါ့ပါးပါး ကွန်းမန့်လောက်သာ ….

 

 

 

 

 

 

တော်သေးဘီ

Ghi

30 comments

  • မြစပဲရိုး

    November 18, 2014 at 3:20 am

    ကံကောင်းချင်တော့ ဒီနေ့ အချိန် နဲနဲ ရတယ်။
    ကံဆိုးချင်တော့ ရွာဝင်ချိန် မှင်စာ သရဲ နဲ့ တွေ့ရော။
    lol:-))

    သိပါ့တော်။
    သူ့ ကိုချော က လွမ်းနေတာမို့ ပြန်လာတာ။
    ဘာဘဲဖြစ်ဖြစ် ရွာထဲ သတိတရ ပြန်ဝင်လာတာ ကျေးဇူးပါမောင်ဂီ။
    :))

    • ကန္နားစီး မိဂီ

      November 19, 2014 at 1:18 am

      ကိုချော စာထက် ပြန်ဝင်လာဖြစ်တယ် ဆိုတာထက် …
      weekdays တွေမှာ အိပ်ချိန် နည်းနည်း shift လုပ်ထားလို့
      သန်းခေါင်သန်းလွဲတွေ ညီရဲ့ ပီစီကပ်သုံးနေတာ ကြောင့်လို့
      ဝန်ခံခဲ့ပါရစေ…

      ဘဝ ပြဌာန်းစာအုပ်မှာက ပီစီမှ မသေမချင်း မကိုင် ရရင် မဖြစ်ဘူးရယ်မဟုတ်လား

      စကားမစပ် ကျနော်က ပီစီဖျက်စီးတဲ့နေရာမှာ ပါရမီရှင် ပါတဲ့ ..
      ပရိုဘဝ ၆နှစ် အတွင်း ရ လုံး (အိမ်သုံး ၃လုံးက သပ်သပ်)
      ခု ၁နှစ် ထပ်ပေါင်း ပီစီလည်း ၂လုံးပေါင်း …
      အဲ့လို ပါဆို

      ပြန်လာခဲ့ပါမယ်ဗျာ..

  • ကြွေလွင့် ပန်း

    November 18, 2014 at 3:53 am

    ကံဆိုးချင်တော့ ကျုပ်မိန်းမရတယ်
    ကံကောင်းချင်တော့ ကျုပ်ဘာရေးရေး ကောင်းတယ်လို့ပြောကြတယ်

    ကံဆိုးချင်တော့ ကျုပ်မိန်းမနဲ့ မပေါင်းဖြစ်တော့ဘူး
    ကံကောင်းချင်တော့ ကျုပ်မိန်းမတွေအများကြီးရပြန်တယ်

    ကံဆိုးချင်တော့ ကျုပ်က ရွေးပြုတ်
    ကံကောင်းချင်တော့ ကျုပ်ရေးတာ အကုန်ဖတ်ပေးမယ့်သူတွေ တွေ့တယ်

    ကံကောင်းချင်တော့ ကျုပ်စာပြန်ရေးဖြစ်တယ်
    ကံဆိုးလွန်းတာတော့

    ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ၊
    ကျုပ်ရေးတာ ဖတ်ဖူးတဲ့သူ၊ ဖတ်ပေးတဲ့သူ
    မပေါ်လာတော့တာတော့ လွမ်းသား

    ဒါနဲ့ပဲ စာရေးတာတောင် အားမရှိတော့

    (ခင်မင်စွာဖြင့်)

    • ကန္နားစီး မိဂီ

      November 19, 2014 at 1:20 am

      ကျုပ်တော့ ရေးဖြစ်အုံးမယ်မထင် …
      ခြားနားတာတွေ လုပ်ဖြစ်နေလို့ …
      ကောင်းတော့ ကောင်းပါတယ်. … အတွေ့အကြုံအရ

      ကောင်းတော့ မကောင်းဘူး … ဖြစ်ချင်တဲ့ လမ်းကြောင်းအရ..

      လုပ်တော့ လုပ်ကြရမှာပဲ ကိုးဗျာ … မတတ်နိုင်ဘူး

      မသေခင်လေး လုပ်ကြရတာရယ်

      ခင်တဲ့

  • ကေဇီ

    November 18, 2014 at 6:29 am

    ကိုကြီးးး စိုင်းးး
    သများးး ကို လွမ်းးးတာလားးးးး
    ဖတ်ဖြစ်ပါတယ်
    အချိန် မရတာရော
    ကော်မန့် ပြီးးကပစ် မပေးးချင်တာရောမို့
    နောက် တစ်ပတ်ပြန်လာပါ့မယ်
    .
    .
    .
    .
    .
    အယ် ကိုယ့်ကို လွမ်းးးတာလည်းးး ဟုတ် မဟုတ် မသေချာပဲ ဝင်ရှင်းးပြနေတယ်…..
    ခိခု ခုခိ

    :k:

    • ကန္နားစီး မိဂီ

      November 19, 2014 at 1:21 am

      ခီညားက တညိုး …

      :'(

  • ဂျက်စပဲရိုး

    November 18, 2014 at 6:36 am

    အဲ့ဒီ နာမည်ကြီး ကုန်မယ် ဆိုတဲ့ ပီစီ ကြီး စိတ်ဝင်စားထှာ….
    hard disk လေး ၁ရက်လောက် ငှားပါလားဟွင်င်င်င်င်…. 😛

    • ကန္နားစီး မိဂီ

      November 19, 2014 at 1:23 am

      ငှားမယ်လေ … ပုံတွေ ပြင်ပေး …
      ၄၉ဂစ်လောက် အတိအကျ ရှိတယ် …
      အဝကျိ … ပီးရင် အကုန်ပြန်ပေး …
      ဘီလိုလဲ တ၁ရက်မဟုတ် ၁လလောက် ပေးကျိချင်ပါရဲ့

      ခိခုခိခု

      • ဂျက်စပဲရိုး

        November 19, 2014 at 5:15 am

        ပြင်ပေးမယ်လေ…
        ပေါ့ထလိတ် တွေကို snapseed နဲ့ HDR လုပ်ပေးလိုက်မယ်…
        ချေဒနာဒွေ ချေဒနာဒွေ…
        ဘူးထွားဟားဟားဟား 😛 😛

  • Mr. MarGa

    November 18, 2014 at 8:28 am

    Hard disk ပဲ စိတ်ဝင်စားတယ် လို့
    ပြီးတော့ တကယ်ပြောတာပါ :mrgreenn:

    • ကန္နားစီး မိဂီ

      November 19, 2014 at 1:25 am

      အကြွေးတကာ့ အကြွေးထဲ ပုံကြွေးကို အကြောက်ဆုံးရယ်
      ငွေအကြွေးကမှ သူများဆီက လှည့်ပီး ချေးဆပ်လို့ရသေးတယ်…

      ကျုပ်မှာ အဲ့ပုံအကြွေးကြောင့် အလုပ်တောင် ရပ်ထားရပေါ့ …
      ဟင့်

  • kyeemite

    November 18, 2014 at 10:35 am

    .ကံကောင်းချင်တာလား..ကံဆိုးချင်တာလားကိုမသိတော့ပါဘူး..ခုတလောအားကိုမအားဘူး :mrgreenn:
    .ကံကောင်းချင်တာလား..ကံဆိုးချင်တာလားကိုမသိတော့ပါဘူး..စာမရေးဖြစ်တာကြာပြီ :mrgreenn:

    • ကန္နားစီး မိဂီ

      November 19, 2014 at 1:27 am

      အားရင် ကံဆိုးကံကောင်းအကြောင်း ဆွေးနွေးချင်လို့ ဆုံချင်ပါသေးတယ် အူးလေးရာ
      ၂၀၁၄ မြန်မြန်ကုန်မှပါ အယူရှိလို့ရယ်တော့မဟုတ်…
      ရွံစရာလံကဒေါ ကို သည်းမခံနိုင်တော့လို့ရယ်

      • kyeemite

        November 19, 2014 at 8:42 am

        .အစစအရာရာ(အထူးသဖြင့်အလုပ်အကိုင်)အဆင်ပြေပါစေ ဖားသက်ပြင်းရေ
        .တစ်နေ့ဆုံကြအုံးမယ်လေ
        .ပျော်ပျော်ပါးပါးပေါ့ :))

  • Iris

    November 18, 2014 at 8:02 pm

    ရွာသား အသစ်​က​လေး ထင်​တယ်​။ သူမို့မ​ကြောက်​မရွံ့ ဒါ့ပုံတင်​ထားတယ်​။ ရွာလူမိုက်​ကိုလက်​တို့လိုက်​မယ်​။ ​ချောင်​းရိုက်​ဖို့။

    • ကန္နားစီး မိဂီ

      November 19, 2014 at 1:31 am

      ဒါမျိုး မကြောက်လို့ ရွာရိုး လျောက်နေပါတယ် ဆိုပါမှ
      ကျုပ်လည်း မထူးပါဘူး ဆိုပြီး
      နယ်ထွက်လို့ …

      ရိုးမမှာ
      ဒိုးကြတာ
      မိုးကရွာ
      အမျိုးကမပါ
      ဆိုးပါ့ဗျာ …

      ပေါ့ဗျာ …

      CD/ ဟိုလူဂျီး

  • padonmar

    November 19, 2014 at 12:23 am

    ကျုပ်တော့ အမြဲ ကံကောင်းနေတယ်မှတ်တာပဲ။

    • ကန္နားစီး မိဂီ

      November 19, 2014 at 1:32 am

      ကျနော်တော့ အပြောင်းအလဲတွေ တပုံကြီးကြားမှာ … ရုန်းရင်းကန်ရင်း
      လှော်ရင်း နစ်ရင်း ဆိုပါတော့…

      • တောင်ပေါ်သား

        November 19, 2014 at 1:44 pm

        လှော်ချိန်ရတာ တော်သေးတာပေါ့ဗျာ

        ကျု ပ်မတော့ လှော်မယ်လုပ်ကတည်းက နစ်နေပါရောလား

      • မြစပဲရိုး

        November 19, 2014 at 3:49 pm

        သက်တောင့် သက်သာ နဲ့ နေနေ ရတဲ့ ဘဝ လောက် ပျင်းစရာကောင်းတာ မရှိ။
        အခက်အခဲ တစ်ခု ကို ဖြတ်ပြီးတိုင်း ရလာတဲ့ အကျိုး က အင်မတန် အရသာရှိ။
        မင်းသိပြီးပါလေ။
        FIGHTING မောင်ဂီ။
        You can do it!

        • ကန္နားစီး မိဂီ

          November 20, 2014 at 6:23 am

          ကျုပ်များ ပူလို့ အရီးရာ
          စောစောစီးစီး စိန်ခေါ်စရာရှိတာတွေ စိန်ခေါ်ပီး စောစော သေသွားလည်း အေးတာပဲရော်
          မဟုတ်ရင် ဘဝက ပျင်းစရာကြီးဗျ… Lol

  • မဟာရာဇာ အံစာတုံး

    November 19, 2014 at 4:18 pm

    ပီစီတွေ ပြင်ဆိုင် ပို့လို့ ရဘူးဆိုတော့ …
    နည်းမှာ မဟုတ်ဘူးနော့ …
    :mrgreen:

  • CharTooLan

    November 19, 2014 at 4:50 pm

    ကျော်တို့ရုံးက ပီစီတွေလဲ စာစပိုင်ဒါမပါဝူး
    ဘယ်တော့ခီညားလို ကွင်းလုံးကျွတ်မလဲတိဝူး 😀

    • ကန္နားစီး မိဂီ

      November 19, 2014 at 6:05 pm

      မပြောချင်တော့ပါဘူးဗျာ
      တကယ်က ပီစီပျက်တာ သာမည
      အပေါ်ကဟာတွေက အဓိက ဗျ
      ပြသနာဆိုသည်ရာမယ်

  • ကန္နားစီး မိဂီ

    November 20, 2014 at 6:29 am

    ကျနော် ဟာသဆန်ဆန်သာ စာရေးသားပေးဖြစ်တာပါ
    မှန်တာပြောရင် တော်တော် ခံပြင်းတဲ့ နှစ်တခုရော်
    ကျနော် ဘာမှ မလုပ်ရပါဘဲနဲ့ ကျနော် ဘာမှ မဖောင်း ရပါဘဲနဲ့
    ထားပါလေ ကျန်တာမရှိ ဘူးပဲရယ်

  • padonmar

    November 20, 2014 at 10:22 pm

    မောင်ဂီရေ
    အတည်ပြန်မန့်မယ်။
    After black clouds,clear weather .တဲ့။
    ကောင်းဖို့ ဖြစ်လာတယ်ပဲမှတ်ပါ။

  • အလင်းဆက်

    November 21, 2014 at 8:45 am

    ကံသာလျှင် မားသား
    ကံသာလျှင် ဖားသား တဲ့

    ဂွစ်ဂွစ်

    :k:

  • manawphyulay

    November 22, 2014 at 11:49 am

    ကံဆိုး ကံကောင်း မျှဝေခံစား
    လူ့မင်းသား…. :mrgreen:

  • ဦးကြောင်ကြီး

    November 24, 2014 at 7:07 am

    ကွန်စီးကွမ်းဆက်
    ဖွန်ကြီးနမ်းချက်
    လွန်ပြီးဖြန်းရှက်
    နွံဘီးကမ်းတက်..။

Leave a Reply