ရဲရဲခြစ် ~ ပျက်သွားရင်ပြန်ပြောလို့ရတယ် -Telenor
## ရဲရဲခြစ် ~ ပျက်သွားရင် ပြန်ပြောလို့ရတယ် (Telenor) ##
ငွေဖြည့်ကဒ်တွေမှာ အခြစ်လွန်လို့ဖြစ်ဖြစ် ၊ အခြစ်ကြမ်းလို့ဖြစ်ဖြစ် နံပါတ်တွေပါပျက်သွားပြီး ကဒ်တန်ဘိုးဆုံးရှုံးရတာတွေ ကြုံဖူးကြားဖူးကြမှာပါ ။
မကြာသေးမှီကာလကပဲ ooredoo နဲ့ telenor တို့ ရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေစတင်လာပြီဖြစ်လို့ သုံးခွင့်ရတဲ့ဒေသတွေမှာစတင်အသုံးပြုလာကြပါပြီ ။
သူတို့ရဲ့ငွေဖြည့်ကဒ်တန်ဘိုးကို ၁၀၀၀ ကျပ်အထိ လျော့ချထုတ်လုပ်လာတဲ့အတွက်လည်း ငွေဖြည့်ကဒ်တွေဟာ သင့်တော်တဲ့ ကြံခိုင်မှုနဲ့ အရေအသွေးဟာအမြင့်ပါဘူး ။
ဒါကြောင့် ကျနော်တို့ဟာ သတိလက်လွတ်ခြစ်မိတယ်ဆိုရင်ဘဲ နံပါတ်တွေပျက်ဆီးပြီး အောက်ခံစက္ကူသားအထိ ပြဲသွားတတ်ပါတယ် ။
(telenor မှ ၁၀၀၀ ကျပ်တန်ကဒ်မထုတ်ပါ သို့သော် ငွေဖြည့်ကဒ်ရောင်းသောဆိုင်များမှ ဖုန်းဖြင့် ဖြည့်ပေးပါသည် )
ဒီလို ဒီလိုတွေတွေ့ကြုံလာတဲ့အခါမှာ မိမိဝယ်ယူထားတဲ့ကြိုတင်ငွေဖြည့်ကဒ် တန်ဘိုးဟာ ဆုံးပြီလို့ သတ်မှတ်ရတော့မှာပေါ့ ။
ဘယ်သူအမှားကြောင့်ဖြစ်ဖြစ် ကဒ်ထုတ်လုပ်သူတွေကို မေတ္တာပို့မိကြမှာလည်း ဖြစ်တတ်တဲ့သဘောတစ်ခုပါ ။
ဟုတ်ကဲ့ …… ဒီလို အခြေအနေမှာ ကျနော်ကိုယ်တိုင်လည်းကြုံခဲ့ရလေတော့ မကြာသေးမှီကဘဲ သိလိုက်ရတဲ့ Telenor ရဲ့ ဝန်ဆောင်မှုတစ်ခုကို အသိပေးပါရစေ ။
telenor ငွေဖြည့်ကဒ်တွေကို ခဲခြစ်ရင်းနဲ့ ပျက်ဆီးသွားတယ်ဆိုရင် ………
– ပထမဦးစွာ 979 ကိုဖုန်းခေါ်ပါ ။
အလိုအလျောက်ဖြေကြားစက်မှ ညွှန်ကြားချက်များ ပြောပါလိမ့်မယ် ။
– ညွှန်ကြားချက်များကို ပြီးဆုံးအောင် နားထောင်မနေပါနဲ့ ။
9 ကိုဆက်နှိတ်လိုက်ပါ ။
ထပ်မံ ရှင်းပြ ညွှန်ကြားနေပါလိမ့်ဦးမယ်။
– 1 ကိုဆက်နှိတ်လိုက်ပါ ။
အင်မတန် မင်္ဂလာရှိလှစွာသော Telenor ရဲ့ အော်ပရေတာမိန်းကလေးအသံကို
ကြားရပါလိမ့်မယ် ။
မိမိရဲ့အခက်အခဲကိုတင်ပြရင်း သူမေးတာကိုဖြေကြားလိုက်ရုံပါဘဲ ။
သူတို့ပြောမှာကတော့ …… နောက်ထပ် သုံးလေးရက်လောက်အတွင်းမှာ ပျက်ဆီးသွားတဲ့ ကဒ်အတွက် ငွေပြန်ဖြည့်ပေးဖို့ အကြောင်းပြန်ပါလိမ့်မယ် ။
မိမိရဲ့ဖုန်းကိုတော့ အမြဲဖွင့်ထားဖို့လိုပါမယ် ။
ဒါမှ သူတို့ဆီက မက်ဆေ့ ဝင်လာရင်သိရမှာပါ ။
အရေးအကြီးဆုံးက ##
** ကဒ်က နံပါတ်တွေပျက်ဆီးသွားပြီဆိုရင် အကောင်းဆုံးက ရမ်းသမ်းပြီး နံပါတ်တွေကိုမဖြည့်ပါနဲ့ ။
** ငွေဖြည့်ကဒ်ကို ဒေါကန်ပြီး ဆုတ်ဖြဲတာတို့ လွှင့်ပစ်တာတို့ မလုပ်မိပါစေနဲ့ ။
အဲဒီကဒ်ရဲ့ ကုဒ်နံပါတ်တွေကိုပြန်ပြောပြရမှာဖြစ်လို့ပါ ။
ကဲ …… ဒါဆိုရင် telenor ငွေဖြည့်ကဒ် အခြစ်ကြမ်းသွားလို့ လွမ်းစရာမလိုတော့ပါဘူးနော ။
လေးစားလျှက်
မောင်ဆာမိ
အနော်က မပုတင်နဲ့ လက်တွဲနေဆဲမို့ ၊
ဒါပေမယ့် မှတ်ထားပါ့မယ် ဆရာရေ
Was this answer helpful?
LikeDislikeဟုတ်ကဲ့ဦးမျိုးရေ
မပုတင် ကဒ်တစ်ခုလည်းဆုံးခဲ့ဖူးပါတယ် ။
အဲဒီတုန်းက 73 ကဒ်ပါ ။
ပလုံ ကနဲပေါ့ဦးမျိုးရယ်
Was this answer helpful?
LikeDislike.ကိုရင်ဆာရေ..ကျုပ်လည်း မပုတု နဲ့နှစ်ပါးသွားနေတာ…တစ်ရက်က ငွေဖြည့်ကဒ် အခြစ်ကြမ်းသွားလို့
.အောက်ကစာရွက်ပါကွာထွက်သွားတာ..တော်သေးတာက..အသာပြန်ဖိလိုက်တော့ .ဂဏန်းကိုပြန်ဖေါ်လို့ရလို့….အခုလိုရှယ်ပေးတာကျေးဇူးပါဗျာ :))
Was this answer helpful?
LikeDislikeသများက အချစ် (အဲ) အခြစ်ကြမ်းတတ်တာနဲ့တော့ ဒွတ်ခပဲ။
Was this answer helpful?
LikeDislikeအမလေး ….
လိုဂျင်ဒါလေးများ ရဒေါ့ …
{အင်မတန် မင်္ဂလာရှိလှစွာသော Telenor ရဲ့ အော်ပရေတာမိန်းကလေးအသံ}
…. တဲ့ ….။
ပျော မပျောဂျင်ဘူး ….
နောက်ဒါ ….
ဥဆာ တို့က အခြစ်ကြမ်းလည်း ကိစန မရှိဘူး …
ကျော်တို့ကတော့ အခြစ်ကြမ်းလို့ ရသေးဘူး …
ဒါကြောင့် ဘာခြစ်ခြစ် ဖွဖွလေးပဲ ခြစ်တယ် ခည ….
Was this answer helpful?
LikeDislikeဘာဘဲဖြစ်ဖြစ် ဖွဖွလေးခြစ်ရင်တော့ အပြဲသက်သာပြီး အလုပ်မရှုပ်ဖူးပေါ့လေ။
Was this answer helpful?
LikeDislikeတော်သေးတယ်.. ဓာတ်ပုံရိုက်ထားမိလို့.. အူးဆာကောင်မလေးကလည်း အမေးအမြန်းထူပါ့.. ငွေဖြည့်ကဒ်ဖုန်းကို စသုံးဖူးတာမကြာသေး.. အထာမသိလို့ ကိုယ်ပဲဖြစ်သလားလို့.. စကော့ဈေး ဖုန်းကဒ်ရောင်းတဲ့ဆိုင်က အူးလေးကလည်း ဈေးကလူတွေမကြာခနဖြစ်လို့ ပြန်လာဝယ်ရသတဲ့… သူတို့လည်းမသိလို့ဖြစ်ရမယ်.. :-))
Was this answer helpful?
LikeDislikeကိုရင်ဆာတို့ကကိုယ်တိုင်ချစ်ချင်တာကိုး
ကိုယ်တိုင်ငွေဖြည့်တော့လည်းတခါမဟုတ်တခါခြစ်မိမှာပေါ့လေ
အန်ကယ်တို့ကတော့ဆိုင်ကိုတခါတည်းခြစ်ခိုင်းလိုက်တယ်
ဂဏန်းမပေါ်လည်းသူ့အလုပ်လေ
ကိုယ့်ဖုန်းထဲငွေရောက်ရင်ပိုက်ဆံပေးမယ်
ရှင်းရှင်းပဲရော့ပတ္တမြားရော့နဂါးပဲ
Was this answer helpful?
LikeDislikeမီးမီးကတော့ မပုတု/ ဦးနော / အော်ရင်ထူး အကုန်သုံးမိလေတော့
မှတ်ထားလိုက်ပြီ ကိုရင်ဆာရေ…
ခြစ်တာကတော့ သူများကိုခြစ်ခိုင်းသလို ကိုယ်တိုင်းလည်းကြုံရင်ခြစ်လိုက်တာပဲ
Was this answer helpful?
LikeDislikempt နဲ့ mec တွေကိုလည်း
တစ်မိနစ် ငါးဆယ်က လျှော့ချစေချင်တယ်။
တစ်ထောင်တန်ငွေဖြည့်ကတ် ထုတ်စေချင်တယ်။
ဖုန်းလိုင်း ကောင်းစေချင်တယ်
အေးလေ. . .
ဒီတိုင်းပြည်မှာ ကိုယ်ဖြစ်စေချင်တာတွေ
ဖြစ်သင့်တာတွေ မဖြစ်ရဆိုတဲ့ ကျိန်စာကြီးနဲ့ဆိုတော့. . . .
ဆိုတော့. . . .
သူတို့ လုပ်သမျှခံ

မခံနိုင်ရင် ကန်
မကန်နိုင်ရင် ကံ
ရဲရဲခြစ်တာတော့ ဖွေးဖွေးကိုပဲ ချစ်ချင်တယ်။
ရဲရဲဂျီး ချစ်ပါ့မယ် ဖွေးရယ်
ဂလုစ်
Was this answer helpful?
LikeDislike