ပြောမယုံ ပုံပြင်မှတ်

aye.kkNovember 18, 20141min22613

လူဆိုတာ ကိုယ်တွေ ့မကြုံဘူးရင် မယုံပါဘူး ။

ကောင်းစေချင်တဲ့ စကားနားဝင်အောင် ပြောပြနေပါစေ ။ လက်ခံချင်မှသာ လက်ခံတတ်ပါတယ် ။

ဥပမာပေါ့နော်

ကျမအဖေက ကျမကိုကောင်းစေချင်လို့ ပြောပြဆုံးမတာ ရှိပါတယ်။

ငွေဆိုတာမျိုးက ပန်နီကလာရင် ပန်နီသွားတယ်ပေါ့နော်။ သူ့မိတ်ဆွေရဲ ့အဖြစ်မှန်လေးပါ ။

ဟိုးအရင်တုန်းက  သူ့မိတ်ဆွေ ကုလားတစ်ယောက်ရှိတယ်ပေါ့နော် ။

သူ့မိတ်ဆွေကုလားက နွားမလေးတစ်ကောင် မွေးပြီး နို့ညှစ်ရောင်းစားတယ် ။သူ ့မှာမွေးထားတဲ့ မျောက်လေးတစ်ကောင်ရှိတယ်။

သူနို့ညှစ်တဲ့အခါတိုင်း မျောက်ကသူ့ဘေးနားမှာနေပြီး သူ့လုပ်သမျှ ကြည့်ကြည့်နေတယ် ။

ကုလားကနို့ညှစ်ပြီးတဲ့အခါတိုင်းသူ့ညှစ်ပြီးတာနဲ့ ရေရောလေ့ရှိတယ် ။ နို့ကိုညှစ်ပြီးရေရောထားတဲ့ နွားနို့ကိုသူက မြို ့ပေါ်သွားပြီးရောင်းလေ့ရှိတယ်။

မျောက်ကလေးကလည်းနေ့တိုင်း ဆိုသလိုအမြဲပါ သွားလေ့ရှိတယ် ။ ကုလားကရောင်းရတဲ့ပိုက်ဆံတွေကို စုစုထားတယ် ။

သူ ့ရဲ့တိုင်းပြည်ကို ပြန်ချင်လို့ပေါ့နော်။

မျောက်ကလေးက သိနေတယ် ။ ပိုက်ဆံစုထားပြီး ရလာတော့ သူ့ရဲ့တိုင်းပြည်ကို ရေလမ်းခရီးကနေ လှေလေးစီးပြီး ပြန်တယ် ။

မျောက်ကလေးကိုပါ တစ်ပါတည်းခေါ်သွားတယ် ။ သူ့ရဲ့ပိုက်ဆံငွေထုပ်လေးကို သူ့ရဲ ့မျောက်ကလေးဘေးနားမှာပဲ ချထားတယ်။

မျောက်ကလေးကို သူကအရမ်းချစ်တယ် ။မျောက်သာဆိုတယ် လူလောက်နီးပါးသိနေတာ။

သူမွေးထားတဲ့မျောက်လေးက ရေလယ်ခေါင်ရောက်တဲ့အခါကြမှ  သူ ့ရဲ့ပိုက်ဆံငွေထုပ်လေးကို ရေထဲပစ်ချလိုက်တော့တယ် ။

အဲဒီအခါမှာ ကုလားက သူ့ငွေပိုက်ဆံထုတ်လေးကို နှမြောတသလွန်းတဲ့စိတ်နဲ ့ ကုလားက အော်အော်ပြီး ငိုတော့တယ် ။

ကုလားဆိုတာက ရေကိုပန်နီလို့ခေါ်တာတဲ့ ။

သူအော်အော်ပြီးငိုတာက ပန်နီကလာရင်ပန်နီကိုသွားတယ်ဆိုပြီး ပြောပြောပြီး အော်အော်ငိုတာတဲ့ ။

အဲဒါကအဖေပြောပြတဲ့အကြောင်းအရာလေးပါ ။ မယုံရင်တော့ ပုံပြင်မှတ်ယူနိုင်ပါတယ် ။

ကျမကိုအဖေက ဆုံးမတယ် ငွေဆိုတာ လူ့သည်းခြေကြိုက်တဲ့အရာပေါ့နော် ။

လောကမှာငွေကို မတရားနည်းလမ်းနဲ့မရှာဖွေဘို့ပါ ။ ကျမက အဖေပြောတဲ့ ဆုံးစကားကို ရီစရာပုံပြင်လေး မှတ်ယူခဲ့တာ။

ကျမအရွယ်ရောက်ပြီး လူလားမြောက်တဲ့အခါ အလုပ်လုပ်ပြီး ပိုက်ဆံစုပါတယ် ။ အတော်အသင့်စုမိတဲ့အခါ ငွေတိုးချပေးစားတဲ့ အလုပ်ကို

နှစ်သက်သဘောကျမိပါတယ် ။ ငွေပေါ်ငွေပြန်ရင်းပြီး မြတ်တာဆိုတော့ လူသက်သာ ပိုက်ဆံအရလွယ်တာပေါ့နော် ။

ကျမငွေတိုးပေးစားထားတဲ့သူက ဈေးရောင်းစားပါတယ် ။ရေဘေးကြုုံတော့ သူဈေး ရင်းနှီးထားတဲ့ငွေတွေ အားလုံးဆုံးရှုံးသွားခဲ့တာ ။

ကျမလည်း အတိုးရနေတော့ အတိုးရတဲ့ငွေပေါ်အရင်းထပ်လုပ်ပြီး ထပ်ထပ်ပြီးငွေကို တိုးပွားအောင်လုပ်နေမိပါတယ်။ လောဘနောက် လိုက်မိတာပါ။

ငွေကသည်းခြေကြိုက်တယ်ဆိုတာ အမှန်ပါပဲ ။

အဆုံးသတ်တော့ ကျမငွေတိုးချပေးထားတဲ့သူက ကျမရဲ့အတိုးအရင်းပါ ပြန်မပေးနိုင်တော့ပဲ အရင်းရော အတိုးပါ  အားလုံးဆုံးရှုံးသွားပါတယ် ။

အဖေပြောတဲ့ဆုံးမစကား ပုံပြင်မှတ်လိုက်မိလို ့ပါ။ ကျမက ခြေညိုးရှည်တဲ့သူမို ့ မိဘ ပြောရင်နားမထောင်တတ်တာ လည်းပါပါတယ် ။

ပြောမယုံရင် ပုံပြင်မှတ်ဘို့ပါ။။

 

13 comments

  • aye.kk

    November 18, 2014 at 12:45 pm

    ကုန်ပါပြီ အားလုံး ။

  • kai

    November 18, 2014 at 1:58 pm

  • aye.kk

    November 18, 2014 at 2:16 pm

    နေခြင်းဆင်းရဲလှသည် ။ဇာတိမရဏ ဒုက္ခ ။

  • မဟာရာဇာ အံစာတုံး

    November 18, 2014 at 2:52 pm

    လောဘ အရင်းခံထားတဲ့ စိတ်ဓာတ်မျိုးနဲ့ဆို
    ရှာလေ ကုန်လေ …
    လိုဂျင်လေ မရလေဘဲ ခည …
    ကြားဖူးဒါ ပြောကျိဒါ ….

    ဟို .. ကုလား ပုံပြင်ကတော့ မိုက်ဒယ်ဗျာ။

  • Ma Ei

    November 18, 2014 at 2:53 pm

    စိတ်မကောင်းပါဘူး အမအေးရယ်…
    .အတိုးတွေ မတွက်ပဲ အရင်းလောက်သာ ဆုံးတယ်လို့ ဖြေပါနော်…
    .ကျမတို့တော့ ပါနီထဲက မဟုတ်ပါဘဲနဲ့ မဟာဓနံတို့ ဧရာမြေ တို့မှာပါသွားခဲ့ဘူးတယ်
    .ခုပြန်သတိရရင်ကို ပါနီတွေ လာချင်တော့တာပဲ..
    :y:

  • aye.kk

    November 18, 2014 at 2:55 pm

    လောဘဆိုတာ ကိုယ့်ကိုပြန်သတ်တာပဲ ။
    မထားမိစေနဲ ့။ပြောပြတာပါ ။

  • aye.kk

    November 18, 2014 at 2:58 pm

    အားလုံးကိုလည်း မယုံနဲ ့ ။
    ကိုယ်ကကျူးးကိုယ့်ဒူးတောင်မယုံရတဲ့လေ။

  • ဦးကြောင်ကြီး

    November 19, 2014 at 1:36 pm

    မှံဒယ်.. အမ်တီအေး.. ပါနီထဲက လာဒေါ့ ပါနီထဲ ပျံဒါပဲ…။ အခြားဝေးဝေး မကြည့်နဲ့ ဦးမာမွတ် စိုဒဲ့လူ ဗဇက်က စဂါးကျီး စဂကြယ်တွေပြောပြီး နောက်ဆုံး ဇာတိပြဒါပဲ..။ ဟေ့ မဆိုင် ဝင်မရှုပ်နဲ့ကွ ဇပ်ပြုတ်သွားမဲ…

    • မြစပဲရိုး

      November 19, 2014 at 4:49 pm

      နိ လဲ ဂေါင်းဂေါင်း မနေရင် အမြီး ပြုတ်တွားမဲ။

  • ကေဇီ

    November 19, 2014 at 2:12 pm

    ငွေ ဆို တာ သည်းခြေကြိုက်တာလည်း မပြောနဲ့လေ။
    ငွေခင်းရင် ဖြစ်နိုင်တဲ့ ကိစ္စတွေလည်း မနည်းဘူးကိုးးး အန်တီအေးရဲ့။

    😥

  • aye.kk

    November 19, 2014 at 5:15 pm

    ကေဇီရေ
    မှန်ပါတယ် ငွေဆိုတာ မရှိလို ့မဖြစ်တဲ့အရာပါ။

    ကြောင်ကြီးရေ
    အကျီစားသန် ရန်များတဲ့နော ။

    မြစပဲရိုး
    ကြောင်ကြီးက ခွန်းတုံ ့မခံ။

  • အလင်းဆက်

    November 22, 2014 at 10:59 am

    ခြေညှိုးရှည်သူတွေက မိဘပြောရင် နားမထောင်ဘူးဆိုတာ အဟုတ်ပဲလားငင်

    😆

    အန်တီအေးးး
    နောက် ထပ် ရေးလာမှာတွေကို မျှော်နေဦးမယ်။

  • aye.kk

    November 22, 2014 at 4:35 pm

    အလင်းဆက်ရေ
    မိန်းမယူရင်ခြေညိုးရှည်တော့ ရှာမယူနဲ ့နော် ။
    စကားနားထောင်မှာ မဟုတ်လို ့။ အန်တီကို နမူနာယူနော့ ။
    အန်တီက မကြာခင် ရိပ်သာပြန်ဝင်တော့မှာ ။ နှစ်ဆန်းပိုင်းလောက်ဖြစ်လိမ့်မယ် ။

Leave a Reply