လမ်းတွေ
လမ်းတွေကိုမြင် ဘယ်ကဝင်မလဲ
မသဲကွဲလို့ ဆက်မျှော်စို့ ၊

စမ်းရေ
စမ်းရေတသွင်သွင် စီးနေစဉ်မှာ
လာမယ့်သူက ဘယ်ဆီမှာ ၊

ပန်းကြွေ
ပန်းကြွေပြန့်ခင်း သည်ရှုခင်း
မနင်းရက်သာ ကြိုသူမှာ ၊

အနမ်းပြေ
အနမ်းပြေပြီ သည်လိုထင်မိ
မကြည့်ချင်သူများ ဖြစ်နေမလား ၊

အလွမ်းဝေ
အလွမ်းဝေဝေ ပန်းကြွေတောထဲ
မျှော်မောဆဲဟာ ကျနော်ပါ ၊

4

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..