လာလုလုငေး

တောင်ပေါ်သားNovember 18, 20141min18610

လမ်းတွေ
လမ်းတွေကိုမြင် ဘယ်ကဝင်မလဲ
မသဲကွဲလို့ ဆက်မျှော်စို့ ၊

စမ်းရေ
စမ်းရေတသွင်သွင် စီးနေစဉ်မှာ
လာမယ့်သူက ဘယ်ဆီမှာ ၊

ပန်းကြွေ
ပန်းကြွေပြန့်ခင်း သည်ရှုခင်း
မနင်းရက်သာ ကြိုသူမှာ ၊

အနမ်းပြေ
အနမ်းပြေပြီ သည်လိုထင်မိ
မကြည့်ချင်သူများ ဖြစ်နေမလား ၊

အလွမ်းဝေ
အလွမ်းဝေဝေ ပန်းကြွေတောထဲ
မျှော်မောဆဲဟာ ကျနော်ပါ ၊

4

10 comments

  • aye.kk

    November 18, 2014 at 4:04 pm

    ပစ္စုုပ္ပန်တည့်ရင် မျှော်မငေးရတာ အမှန်။

  • kai

    November 19, 2014 at 5:58 am

    လေလွန့်လာလျှင်….
    လေးလေး လည်လည် လာလုလုလေး။ ။

  • kyeemite

    November 19, 2014 at 8:36 am

    .ပန်းကြွေတောထဲ
    .လျှောက်ဆဲကိုကို
    .စမ်းရေအေးအေး
    .အလွမ်းလေပြေအပြေးမှာ
    .အချစ်ပန်းဝေဝေနဲ့
    .လာခဲ့ပါ့မယ်..မျှော် :s: :s: :s:

  • အလွမ်းဝေသူရဲ့
    အနမ်းပြေ
    ပန်းအကြွေတွေမြင်မှ
    စမ်းရေနဲ့လမ်းတွေမှာ
    မှန်းဆလို့လွမ်းခဲ့သမျှ
    တမ်းတခြင်း တွေ ကိုမျဝေလိုက်ပါတယ်

    • တောင်ပေါ်သား

      November 19, 2014 at 10:51 am

      လွမ်းရတာကို အရသာတွေ့နေမိသူ ဆိုတော့လည်း . . . . .

  • ဦးကြောင်ကြီး

    November 19, 2014 at 1:48 pm

    လုမကို ငေးလို့ဂဒေါ့ သူ့ဘဲ ကေအိုင်အေ သဗုံက တီးမှာ…

    • တောင်ပေါ်သား

      November 19, 2014 at 2:00 pm

      ကျု ပ်က ကေအိုင်အေနဲ့ လည်ပင်းဖက်လာတာ 🙂

  • ကေဇီ

    November 19, 2014 at 2:05 pm

    လာ… တဲ့
    လုလု…တဲ့
    ငေးရအောင် … တဲ့။
    ဟိ။
    :k:

    • တောင်ပေါ်သား

      November 20, 2014 at 12:27 pm

      ဟင်းး အချစ်ကို မခံစားတတ်မှန်း သိသာလိုက်တာ 🙂

Leave a Reply