ချစ်ခရီးလမ်း ကြမ်းသတဲ့လား

ကာရံNovember 18, 20141min1055

ချစ်ခရီးလမ်း ကြမ်းသတဲ့လား

လှည့်မကြည့်ပါနဲ့ အချစ်ငတ်နှလုံးသား
အပြုံးများကိုကြိုနေလို့ပါ
ဟိုးအဝေးမှာ လှိုင်းလေမြူးနေကြတယ်
တို့တစ်တွေတစ်ခဏတော့ ဝေးနေရဦးမယ်လေ

အတွေးကလေးချာချာလည်နေတယ် ရှင်လေးနံဘေးမှာ
ရပ်တည်ရင်းအားပေးစကားဆိုချင်သေးတယ်
မငိုလိုက်ပါနဲ့လား ကိုယ့်နှလုံးသားကပုလဲလေးတွေကို
ကြိုဆိုဖို့ အချိန်မတန်သေးလို့ပါ

သစ္စာတရားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း
မေတ္တာခြေလှမ်းနဲ့ ဆူးခင်းလမ်းလေးဖြတ်ရအောင်နော်
ချစ်ပန်းတိုင်လေးမှာ သံယောဇဉ်ကြိုးလေးစီတန်းနေကြတယ်
ဒီခရီးဘယ်လောက်ကြမ်းကြမ်း ပေါ့

ကာရံ ၁၈ ့၁၁ ့၂၀၁၄

5 comments

  • ကေဇီ

    November 19, 2014 at 2:47 pm

    ၂ ဖက် အချစ်ချင်း ညီရင်
    အဲဒီ လမ်းက ထင်သလောက် မကြမ်းဘူးးး လို့ထင်!!

    🙂

  • အလင်းဆက်

    November 22, 2014 at 10:48 am

    ရှင်လေးဆိုတဲ့ စကားလုံးလေးကို မူပိုင် သုံးတတ်သူကြီးးးး

    ချ ချ

    ဘယ်လောက်ကြမ်းကြမ်း
    လမ်းဆိုတာ လျှောက်ဖို့
    လမ်း မရှိရင် ဖောက်
    လျှောက်သာလျှေက်

    ချချ

    :k:

  • manawphyulay

    November 22, 2014 at 11:32 am

    ဒီခရီးနီးသလား ငါးနာရီလာရ၏။
    လာသာလာပါ…
    လမ်းခရီး မကြမ်းပါ….

  • CharTooLan

    November 22, 2014 at 12:38 pm

    ပညက်သွားရာ ဓာတ်သက်ပါ (အင်းအင်းပါတာမဟုတ်) ဆိုသလို
    အကြမ်းဂျီးပဲရှိမယ် ကြမ်းကိုကြမ်းလွန်းဒယ်လို့ မတွေးစေဂျင် ~

  • ကာရံ

    November 23, 2014 at 8:33 pm

    ဟုတ်ကဲ့ပါကြိုဆိုပါတယ်

Leave a Reply