တစ်ခါတစ်ရံမှာ ရိုးရိုးတန်းတန်း ဇာတ်လမ်းကျောရိုးတွေမဟုတ်ဘဲ အနည်းငယ်ဆန်းပြားတဲ့ ဇာတ်လမ်းတွေဟာ ပိုပြီးကြည့်ကောင်းနေတတ်ပါတယ်။

အဲသည်လိုဇာတ်ကားတွေက ပေးချင်တဲ့ မက်ဆေ့ခ်ျတွေဟာ သိပ်ကိုကောင်းတာတွေ့ရပါတယ်။

ဇာတ်လမ်းဆန်းဆန်းလေးတွေ နှစ်သက်တဲ့သူအတွက် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။

filepicker_oZjCgLbERBm8f0VdjClw_adjustment_bureau  rtt

သည်မင်းသားကို ရုပ်ရှင်တော်တော်ကြည့်တဲ့သူတိုင်း သိကြမှာပါ။

မက်ဒေမွန်ရဲ့ ဇာတ်လမ်းတွေဟာ ခပ်ရိုးရိုးထဲက ခွဲထွက်တာများပါတယ်။

သည်ဇာတ်ကားကို ကြည့်ဖူးတဲ့သူလည်း ကြည့်ဖူးမယ်ထင်ပါတယ်။

မကြည့်ရသေးတဲ့သူတွေလည်း ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

အချစ်နဲ့အက်ရှင်ပေါင်းထားတယ်လို့ မြင်မိပါတယ်။ ဇာတ်ရဲ့အtttဟုန်ဟာ တစ်ဖြည်းဖြည်းနဲ့အမြင့်ဆုံးကို ဆွဲခေါ်သွားတယ်ဆိုတာ အသေအချာပါပဲ။

သမ္မတဖြစ်ဖို့အထိ အရှိန်အဝါရှိတဲ့ နယူးယောက်ရဲ့လွှတ်တော်အမတ်တစ်ယောက်ဟာ အမှတ်တမဲ့နဲ့ သာမန်မိန်းကလေးတစ်ယောက်ကို တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့တဲ့ အချိန်မှာတော့ ထူးဆန်းအံ့သြဖွယ်ရာတွေ ပေါ်ပေါက်ခဲ့ပါတယ်။

လူတစ်ယောက်ချင်းစီရဲ့ ကံကြမ္မာဟာ ကံဇာတ်ဆရာအလိုကျ ရေးခြယ်ထားတဲ့အတိုင်းကရမယ်ဆိုတဲ့  ဆန်းကြယ်တဲ့ နောက်ကွယ်က ထူးဆန်းမှုနဲ့အတူ ဇာတ်လThe-Adjustment-Bureau-the-adjustment-bureau-19894343-631-413မ်းဟာ မပျင်းရအောင် အရှိန်ကိုမြင့်စေပါတယ်။

မလွန်နိုင်တဲ့ ကံတရားရဲ့ရေးခြယ်မှုကနေ ဘယ်လိုချိုးဖောက်ထွက်မလဲဆိုတဲ့ သည်ဇာတ်ကားဟာ ဇာတ်ရှိန်ကျမသွားဘဲ အဆုံးထိ အမြင့်ကိုဆွဲခေါ်သွားမှာပါ။

အပြင်မှာအလွယ်တကူ အရည်အသွေးကောင်းတဲ့ အခွေကို ဝယ်လို့ရတဲ့အတွက် သူငယ်ချင်းတို့ ကြည့်ဖို့တိုက်တွန်းပါတယ်။

Aung Moe Thuadjustment-bureau-movie-5

About အောင် မိုးသူ

ဘကြီး အောင် has written 220 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။