“မော ဇာတ်လမ်း ”

 

မောလိုက်တာနော်………

ဒီဇာတ်မျောကြီးမှာလေ

တောကလူ

မြို့ရောက်

မြိုကလူတောဆင်း

အရူးကွက်နင်းနေတာကို

လက်ခုပ်တီး။

ဟိုဆရာတော်များရှိခဲ့ရင်

ဘယ်လို “ယီး”တိုက်မယ်ဆိုတာ

သိချင်မိပါရဲ့။

အချင်းချင်းလဲ

ခုတ်လိုခုတ်

ဖြုတ်ထုတ်သတ်လို့

အမြစ်ဖြတ်တဲ့အခါဖြတ်

အရမ်းကို

ဇာတ်တွေရှုပ်ကြတာပါ။

 

တကယ်လုပ်သူ

အထဲဝင်

အပြင်မှာတော့ ဘူကောင်တွေများ

ပေါင်းစားနိုင်သူက

ခေတ်မပျက်ဘဲသူဌေးဖြစ်

မဲညစ်နေတဲ့ငွေကို

ခ၀ါသည်ငှားပြီး

လျှော်သူလျှော်

မတော်တရော်လုပ်နေသူ

တွေကစင်ပေါ်ရောက်။

 

ရွှေဝါပြည် က ငထက်ခိုင်မာ

ကိုယ်စားလွှတ်သူကိုတော့

ဘေးမောင်းထုတ်

ချုပ်တဲ့အခါချုပ်

ချော့တဲ့အခါချော့

ပျော့တဲ့အခါပျော့

လျော့တဲ့အခါလျော့

ဟိန်းတဲ့အခါဟိန်း

ထိန်းတဲ့အခါထိန်း

တကယ့်ကိုငြိမ်းမရတဲ့မီးတွေ။

 

မခေါ်ဘူးဆိုမှထူးလိုထူး

မ၀င်ရဘူးဆိုမှလူလုံးပြ

ဝါးလုံးခေါင်းထဲလသာ

ပုဆိုးခြုံထဲကလက်သီးပြ

မမြင်ရတဲ့နေရာက

အော်လိုအော်

အော်” ဖဘ”သူရဲကောင်းတွေကလဲများမှများ

သူတို့အစား

မောလိုက်တာ……………….။

 

အရေးထဲမှ အရာပေါ်

ကူမလိုလိုအယောင်ပြ

ဝါးနဲ့ထိုးချသူကတစ်မှောင့်။

အဝေးမှာနေတဲ့

ဒုတိယအဖေကလည်း

သင်ခန်းစာတွေပေးလို့ပေး။

ကန့်သတ်ချက်တွေ

ထုတ်လိုထုတ်

စာရင်းထဲကဖယ်လိုဖယ်

ထုံးတွေတို့ပြီးမှတ်လို့မှတ်

အဆုံးသတ်မတော့

၀၀စားထားတဲ့လူတစ်အုပ်ကိုယ်စား

ငထွားတွေဘဲကြားထဲက

ခါးနာကြရတာပါဗျာ

 

နေရာဦးထားပြီးသား

လူပါးတွေရဲ့

အစီအစဉ်ကလဲအမျိုးမျိုး

ပြင်တော့ ပြင်ပါရဲ့

မမြင့်တမြင်လေး

ဖွင့်တော့ ဖွင့်ပါရဲ့

မပွင့်တပွင့်လေး

လွှတ်တော့ လွှတ်ပါရဲ့

မလွတ်တလွတ်လေး

ကြွတော့ ကြွပေးပါရဲ့

မဖွတဖွလေး

ချတော့ ချပေးပါရဲ့

မ၀တ၀လေး

ပြတော့ပြပါရဲ့

မရတရလေး

တွေးရင်းတွေးရင်း

မော

မောပြီးရင်လဲမော

အတောမသတ်တဲ့

ဒီမောဇာတ်လမ်းက

ကောင်းခန်းရောက်မှ

ရပ်မယ်ဆိုရင်တော့

……………

………

…..

 

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

19-11-2014

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1609 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။