“မော ဇာတ်လမ်း ”

 

“မော ဇာတ်လမ်း ”

 

မောလိုက်တာနော်………

ဒီဇာတ်မျောကြီးမှာလေ

တောကလူ

မြို့ရောက်

မြိုကလူတောဆင်း

အရူးကွက်နင်းနေတာကို

လက်ခုပ်တီး။

ဟိုဆရာတော်များရှိခဲ့ရင်

ဘယ်လို “ယီး”တိုက်မယ်ဆိုတာ

သိချင်မိပါရဲ့။

အချင်းချင်းလဲ

ခုတ်လိုခုတ်

ဖြုတ်ထုတ်သတ်လို့

အမြစ်ဖြတ်တဲ့အခါဖြတ်

အရမ်းကို

ဇာတ်တွေရှုုုပ်ကြတာပါ။

 

တကယ်လုပ်သူ

အထဲဝင်

အပြင်မှာတော့ ဘူကောင်တွေများ

ပေါင်းစားနိုင်သူက

ခေတ်မပျက်ဘဲသူဌေးဖြစ်

မဲညစ်နေတဲ့ငွေကို

ခဝါသည်ငှားပြီး

လျှော်သူလျှော်

မတော်တရော်လုပ်နေသူ

တွေကစင်ပေါ်ရောက်။

 

ရွှေဝါပြည် က ငထက်ခိုင်မာ

ကိုယ်စားလွှတ်သူကိုတော့

ဘေးမောင်းထုတ်

ချုပ်တဲ့အခါချုပ်

ချော့တဲ့အခါချော့

ပျော့တဲ့အခါပျော့

လျော့တဲ့အခါလျော့

ဟိန်းတဲ့အခါဟိန်း

ထိန်းတဲ့အခါထိန်း

တကယ့်ကိုငြိမ်းမရတဲ့မီးတွေ။

 

မခေါ်ဘူးဆိုမှထူးလိုထူး

မဝင်ရဘူးဆိုမှလူလုံးပြ

ဝါးလုံးခေါင်းထဲလသာ

ပုဆိုးခြုံထဲကလက်သီးပြ

မမြင်ရတဲ့နေရာက

အော်လိုအော်

အော်” ဖဘ”သူရဲကောင်းတွေကလဲများမှများ

သူတို့အစား

မောလိုက်တာ……………….။

 

အရေးထဲမှ အရာပေါ်

ကူမလိုလိုအယောင်ပြ

ဝါးနဲ့ထိုးချသူကတစ်မှောင့်။

အဝေးမှာနေတဲ့

ဒုတိယအဖေကလည်း

သင်ခန်းစာတွေပေးလို့ပေး။

ကန့်သတ်ချက်တွေ

ထုတ်လိုထုတ်

စာရင်းထဲကဖယ်လိုဖယ်

ထုံးတွေတို့ပြီးမှတ်လို့မှတ်

အဆုံးသတ်မတော့

၀ဝစားထားတဲ့လူတစ်အုပ်ကိုယ်စား

ငထွားတွေဘဲကြားထဲက

ခါးနာကြရတာပါဗျာ

 

နေရာဦးထားပြီးသား

လူပါးတွေရဲ့

အစီအစဉ်ကလဲအမျိုးမျိုး

ပြင်တော့ ပြင်ပါရဲ့

မမြင့်တမြင်လေး

ဖွင့်တော့ ဖွင့်ပါရဲ့

မပွင့်တပွင့်လေး

လွှတ်တော့ လွှတ်ပါရဲ့

မလွတ်တလွတ်လေး

ကြွတော့ ကြွပေးပါရဲ့

မဖွတဖွလေး

ချတော့ ချပေးပါရဲ့

မဝတဝလေး

ပြတော့ပြပါရဲ့

မရတရလေး

တွေးရင်းတွေးရင်း

မော

မောပြီးရင်လဲမော

အတောမသတ်တဲ့

ဒီမောဇာတ်လမ်းက

ကောင်းခန်းရောက်မှ

ရပ်မယ်ဆိုရင်တော့

……………

………

…..

 

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

19-11-2014

12 comments

  • (ရွှေဝါပြည် က ငထက်ခိုင်မာ
    ကိုယ်စားလွှတ်သူကိုတော့
    ဘေးမောင်းထုတ်) ဆိုတာရန်ကုန်ဘဆွေ ရေးတဲ့ရွှေဝါပြည်ဆိုတဲ့ဝတ္တု ကိုညွန်းထားပါခင်ဗျာ

  • weiwei

    November 20, 2014 at 10:45 am

    မောဇာတ်လမ်းထဲ လိုက်ပါခံစားပြီး လိုက်မောနေရင်တော့ သွေးတိုးပြီး အသက်တိုဖို့သာရှိတော့မယ် ..

  • aye.kk

    November 20, 2014 at 11:23 am

    မှန်တာတွေချည်းပြောနေပါ့လား
    လေးလေးပေါက်ရေ ။ လေးစားပါတယ် ။

  • ကေဇီ

    November 20, 2014 at 11:25 am

    ကောင်းလိုက်တဲ့ ကဗျာ။
    ဟောဟဲ…
    ဟဲဟော…

  • Novy

    November 20, 2014 at 11:32 am

    ဖတ်ရင်းနဲ့မောသွားတယ် ရေသောက်လိုက်အုံးမယ်

  • Novy

    November 20, 2014 at 12:24 pm

    ဖတ်ရင်နဲ့မောသွားတယ် အမောဇာတ်လမ်းပီသပါပေတယ် လေးပေါက်ရေ..

  • kyeemite

    November 20, 2014 at 2:05 pm

    .တယ်လက်စွမ်းထက်ပါလားဗျ…ကောင်းလိုက်တဲ့အဖွဲ့အနွဲ့

  • uncle gyi

    November 20, 2014 at 11:15 pm

    အဲလောက်ကြီးအကောင်းမြင်တယ်ပေါ့
    ဒေါ်စုတောင်စကားတွေပြောင်းနေတာ
    ကိုပေါက်ကအမြင်မပြောင်းသေးဖူးလား

  • အန်ကယ်ဂျီးရေ
    အမြင်ပြောင်းတာက တကဏ္ဍ
    ဖြစ်နေတာက တကဏ္ဍ

    အဲတော့ ဒါလေးတွေရှိနေတယ်လို့ ပြတာပါ

  • အန်ကယ်ဂျီးရေ

    အမြင်ပြောင်းတာခွင့်လွှတ်တာက တဏ္ဍ

    တကယ်လက်တွေ့ဖြစ်ပျက်နေတာက တဏ္ဍ

    နောက် ပါးစပ်ကသာ ခရိုနီဘာညာကွိကွိ ဆဲပြနေပေမယ့်
    အဲလိုလူမျုးိတွေနဲ့ တွေ့ရင် ဖင်လျက်ဆာဖြူးနဲ့
    အချုပ်တန်းဆရာဖေ ကဗျာထဲကလို နေတဲ့ကောင်တွေအပြင်လောကမှာ အများကြီး နော်

Leave a Reply