အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ရ ( Independence Hall & U S Capitol ) ။

Foreign ResidentNovember 20, 201415min21115

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ရ ( Independence Hall & U S Capitol ) ။

 

ဝ၆ – ဝ၅ – ၂၀၁၄ ။

 

ဒီနေ့ မနက် ၈ နာရီလောက် အဘ တို့ တည်းတဲ့ Holiday Inn Hotel ကနေထွက်လာပါတယ် ။

တစ်နာရီ ကျော်ကျော်လောက်ဘဲ ကားစီးပြီးတဲ့အခါ Philadelphia မြို့ကို ရောက်ခဲ့ပါတယ် ။

Philadelphia မြို့ဟာ ခေတဲ့ မြို့တစ်မြို့တော့ မဟုတ်ချေဘူး ။

 

ဝါရှင်တန် ဒီစီ မြို့တော် ကို မ တည်ဆောက်ရသေးမှီမှာ ၊

၁၇၉ဝ ခုနှစ် ကနေ ၁၈၀ဝ ခုနှစ် ကြား ( ၁ဝ ) နှစ်တာ ကာလမှာ ၊

အမေရိက ရဲ့ တရားဝင် Capital City မြို့တော် ဖြစ်ခဲ့တယ် ။

 

the Residence Act also declared Philadelphia to be

the temporary capital for a period of ten years.

The Congress moved back into Philadelphia on December 6, 1790

and met at Congress Hall, adjacent to Independence Hall

until moving to Washington, D.C. in 1800.

 

အဘတို့ Tour Bus ကြီးက Philadelphia မြို့ရဲ့ Independence Hall နားမှာ ရပ်ပေးပါတယ် ။

၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ မှာ ၊ အဲဒီ Independence Hall ရှေ့ ကွင်းပြင်ကြီးမှာ ၊

အမေရိကန် ရဲ့ လွတ်လပ်ရေး ကြေငြာ စာတမ်း ကို ကြေငြာ ခဲ့တာပေါ့ ။

The United States Declaration of Independence was

approved there ( Independence Hall ) on July 4, 1776, and the Declaration was

read aloud to the public in the area now known as Independence Square.

 

7 ၁၇၇၆ ဇူလိုင် ၄ ရက်နေ့ က Independence Hall မှာ လွတ်လပ်ရေး ကြေငြာစာတမ်း ကြေငြာ ခဲ့။

7 ၁၇၇၆ ဇူလိုင် ၄ ရက်နေ့ က Independence Hall မှာ လွတ်လပ်ရေး ကြေငြာစာတမ်း ကြေငြာ ခဲ့။
7 ၁၇၇၆ ဇူလိုင် ၄ ရက်နေ့ က Independence Hall မှာ လွတ်လပ်ရေး ကြေငြာစာတမ်း ကြေငြာ ခဲ့။

 

အမေရိကန် ဒေါ်လှ တစ်ရာတန် ရဲ့ ကျောဖက်မှာ ၊

အဲဒီ Independence Hall ရဲ့ပုံကို တွေ့နိုင်ပါတယ် ။

( နဲနဲ ထပ်ပြင်ထားသလား ( or ) ကြည့်တဲ့ Direction က လွဲနေလို့လား ၊

ပုံက နဲနဲ မတူဘဲ ၊ ကွာနေပါတယ် ၊ ဒါမေယ့် ဒီအဆောက်အဦးပါ ဆိုတာတော့ သိသာပါတယ် )

 

အဲဒီမှာ Independence Hall နှင့် Liberty Bell တို့ကို ကြည့်ဖို့ ၊

အချိန် သိပ်မရှိတဲ့အတွက် ဆိုပြီး ၊ ၄၅ မိနစ်လောက်ဘဲ ပေးပါတယ် ။

အဲဒီ အချိန် ၄၅ မိနစ် ဟာ Independence Hall ထဲဝင်ကြည့်ဖို့ကော ၊

Liberty Bell ထားတဲ့ Museum ထဲ ဝင်ကြည့်ဖို့ပါ အချိန် မလောက်တဲ့အတွက် ၊

အဘတို့လည်း Liberty Bell ကို မှန် နံရံကြီး အပြင်ကနေဘဲကြည့် ၊

Independence Hall ကိုလည်း အပြင်ကနေဘဲ ဓါတ်ပုံ လှည့်ပါတ်ရိုက်ပြီး ကျေနပ်လိုက်ရပါတယ် ။

 

အဲဒီနား ပါတ်ဝန်းကျင် ခပ်လှမ်းလှမ်း အထိ လှည့်ပါတ် လျှောက်ကြည့်တော့ ၊

တစ်နေရာမှာ ၊ အမေရိကန် ရဲ့ လွတ်လပ်ရေး နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ် အဖြစ် ၊

စိုက်ထူထားတဲ့ ရုပ်ထု တစ်ခုတွေ့ပါတယ် ။

ရှေ့မှာရေးထားတာကတော့ ” Religious Liberty ” ဘာသာရေး လွတ်လပ်ခွင့် တဲ့ ။

 

7 အဘတို့လည်း Liberty Bell ကို မှန် နံရံကြီး အပြင်ကနေဘဲကြည့်ခဲ့ရပါတယ် ။

7 အဘတို့လည်း Liberty Bell ကို မှန် နံရံကြီး အပြင်ကနေဘဲကြည့်ခဲ့ရပါတယ် ။
7 အဘတို့လည်း Liberty Bell ကို မှန် နံရံကြီး အပြင်ကနေဘဲကြည့်ခဲ့ရပါတယ် ။

 

7 အမေရိကန် ရဲ့ လွတ်လပ်ရေး နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ် ရုပ်တု Religious Liberty ။

7 အမေရိကန် ရဲ့ လွတ်လပ်ရေး နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ် ရုပ်တု Religious Liberty ။
7 အမေရိကန် ရဲ့ လွတ်လပ်ရေး နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ် ရုပ်တု Religious Liberty ။

 

အဲဒီ့နောက် Philadelphia မြို့ကနေ မြို့တော် Washington DC ကို ဦးတည်လိုက်ပါတယ် ။

သူတို့က မြို့တော် Washington DC မှာ Capitol ( လွှတ်တော် ) ထဲကိုဝင်ဖို့ ၊

လက်မှတ်ဝယ်ပြီး အချိန် ချိတ်ထားတာမို့ ၊ အဲဒီ အချိန် မှီအောင် အမြန်သွားရမှာပါ ။

Philadelphia မြို့ကနေ မြို့တော် Washington DC ကို အသွားမှာ ၊

ကြားမှာ Baltimore မြို့ ကို ဖြတ်ယုံဘဲ ဖြတ်ခဲ့ပါတယ် ။

Baltimore မြို့ ကို မရောက်ခင် ကြားက Maryland House ဆိုတဲ့နေရာမှာ ၊

ခေတ္တ တဖြုတ် အပေါ့အပါးအတွက် ရပ်ခဲ့ပါတယ် ။

 

အမှန်ကတော့ နေ့လည်စာကို Smithsonian Air & Space Museum ကျမှ စားရဖို့ပါ ။

ဒါပေမယ့် ၊ အဘတို့ကတော့ Smithsonian Museum မှာ အချိန်ပိုရအောင် ဆိုပြီး ၊

Maryland House ထဲမှာလဲ စားသောက်ဆိုင်တွေ စုံနေတာ နှင့် ၊

အဲဒီမှာဘဲ နေ့လည်စာ Fishes & Chips ဘဲ လွယ်လွယ်မြန်မြန် ဖြတ်လိုက်ပါတယ် ။

 

7 Baltimore မြို့ ကို မရောက်ခင် ကြားက Maryland House ဆိုတဲ့နေရာ ။

7 Baltimore မြို့ ကို မရောက်ခင် ကြားက Maryland House ဆိုတဲ့နေရာ ။
7 Baltimore မြို့ ကို မရောက်ခင် ကြားက Maryland House ဆိုတဲ့နေရာ ။

 

7 Maryland House ထဲမှာလဲ စားသောက်ဆိုင်တွေ စုံနေတာ နှင့် ၊

7 Maryland House ထဲမှာလဲ စားသောက်ဆိုင်တွေ စုံနေတာ နှင့် ၊
7 Maryland House ထဲမှာလဲ စားသောက်ဆိုင်တွေ စုံနေတာ နှင့် ၊

 

Maryland House ကထွက် Baltimore မြို့ ကိုဖြတ်ပြီး ၊

နေ့လည် ၁၂ နာရီလောက်မှာတော့ U S Capitol ( လွှတ်တော် ) ကို ရောက်ပါတယ် ။

U S Capitol ( လွှတ်တော် ) ထဲကိုဝင်ဖို့ Tour Group နှင့် Booking ကြိုလုပ်ထားတာတောင်မှ ၊

တော်တော် ကြာကြာ တန်းစီ စောင့်လိုက်ရပါသေးတယ် ။

( ကျောင်းသူား တွေလဲ အစုလိုက် အစုလိုက် ကျောင်းပေါင်းများစွာက တန်းစီနေကြသကိုး )

 

7 ဒါက U S Capitol ( လွှတ်တော် ) ကို အရှေ့ ဘက်က နေ မြင်ရတာ ။

7 ဒါက U S Capitol ( လွှတ်တော် ) ကို အရှေ့ ဘက်က နေ မြင်ရတာ ။
7 ဒါက U S Capitol ( လွှတ်တော် ) ကို အရှေ့ ဘက်က နေ မြင်ရတာ ။

 

7 ဒါကတော့ U S Capitol ( လွှတ်တော် ) ကနေ မြင်ရတဲ့ Washington Monument ။

7 ဒါကတော့ U S Capitol ( လွှတ်တော် ) ကနေ မြင်ရတဲ့ Washington Monument ။
7 ဒါကတော့ U S Capitol ( လွှတ်တော် ) ကနေ မြင်ရတဲ့ Washington Monument ။

 

7 ဒါကတော့ U S Capitol ( လွှတ်တော် ) ဘေးက အဆောက်အဦး တစ်ခုပါ ။

7 ဒါကတော့ U S Capitol ( လွှတ်တော် ) ဘေးက အဆောက်အဦး တစ်ခုပါ ။
7 ဒါကတော့ U S Capitol ( လွှတ်တော် ) ဘေးက အဆောက်အဦး တစ်ခုပါ ။

 

7 U S Capitol ( လွှတ်တော် ) ထဲကိုဝင်ဖို့ တန်းစီ စောင့်နေကြတာပါ ။

7 U S Capitol ( လွှတ်တော် ) ထဲကိုဝင်ဖို့ တန်းစီ စောင့်နေကြတာပါ ။
7 U S Capitol ( လွှတ်တော် ) ထဲကိုဝင်ဖို့ တန်းစီ စောင့်နေကြတာပါ ။

 

Security တွေ တင်းကျပ်တာကတော ပြောမနေတော့ပါဘူး ။

လွှတ်တော် အဝင်ဝနားမှာ အမတ် တစ်ယောက်ယောက် ၊

မိန့်ခွန်း ပြောနေပုံ / မီဒီယာတွေကို သတင်းစာ ရှင်းလင်းပွဲ လုပ်နေပုံ ရတယ် ။

အဲဒီနားမှာ ၊ လုံခြုံရေး ရဲတွေ ကတော့ အပြည့်ဘဲ ၊

ရဲ အယောက် ( ၂ဝ ) လောက်က ပါတ်ပါတ်လည် မှာ ၊

တကယ့် အသင့်အနေအထား နှင့် ဝိုင်းကာထားတယ် ။

 

ရဲ အယောက် ( ၂ဝ ) လောက်လေးဘဲ ဆိုပြီး မြန်မာ အမြင်နှင့် လျော့တွက်လို့ မရဘူး ၊

အမေရိက က ရဲတွေက တစ်ခုခု ဖြစ်တာနှင့် တစ်ဒိုင်းဒိုင်း ပြစ်ခွင့် ရထားတဲ့သူတွေ ။

အဲဒီတော့ ရဲ အယောက် ( ၂ဝ ) လောက်ဆိုတာ နဲတဲ့ အင်အား မဟုတ်ဘူး ။

 

7 ပုံစံကတော့ ၊ လွှတ်တော် အဝင်ဝနားမှာ အမတ် တစ်ယောက်ယောက် ၊ မိန့်ခွန်း ပြောနေပုံရတယ် ။

7 ပုံစံကတော့ ၊ လွှတ်တော် အဝင်ဝနားမှာ အမတ် တစ်ယောက်ယောက် ၊ မိန့်ခွန်း ပြောနေပုံရတယ် ။
7 ပုံစံကတော့ ၊ လွှတ်တော် အဝင်ဝနားမှာ အမတ် တစ်ယောက်ယောက် ၊ မိန့်ခွန်း ပြောနေပုံရတယ် ။

 

7 လုံခြုံရေး ကတော့ အပြည့်ဘဲ ၊ ရဲ အယောက် ( ၂ဝ ) လောက် ဝိုင်းထားတယ် ။

7 လုံခြုံရေး ကတော့ အပြည့်ဘဲ ၊ ရဲ အယောက် ( ၂ဝ ) လောက် ဝိုင်းထားတယ် ။
7 လုံခြုံရေး ကတော့ အပြည့်ဘဲ ၊ ရဲ အယောက် ( ၂ဝ ) လောက် ဝိုင်းထားတယ် ။

 

အထဲကို ဝင်တဲ့အခါ အဘတို့ရဲ့ Tour Guide က လိုက်မလာပါဘူး ၊

လွှတ်တော်ထဲမှာ ရှင်းပြဖို့ တာဝန်ယူထားတဲ့ ၊

တရာဝင် လွှတ်တော် Tour Guide တစ်ယောက် က ၊

အဘတို့ တစ်ဖွဲ့လုံးကို တာဝန်ယူ ရှင်းပြပါတယ် ။

 

U S Capitol ( လွှတ်တော် ) ကို မြို့တော် Washington DC မှာ ၊

၁၇၉၃ ခုနှစ်က စဆောက်ပြီး ၁၈၀ဝ ခုနှစ် မှာ ပြီးပါတယ် ။

အဲဒီ ၁၈၀ဝ ခုနှစ်မှာဘဲ အမေရိက Congress ( လွှတ်တော် ) ကို ၊

Philadelphia မြို့ရဲ့ Independence Hall ကနေ ရွေ့လာပြီး ရုံးစိုက်တာပါ ။

 

U S Capitol ( လွှတ်တော် ) ရဲ့ နောက် နာမည် တစ်ခုက ၊

Temple Of Liberty ( လွတ်လပ်မှု ၏ ဘုရားကျောင်း ) ပါ ။

 

7 U S Capitol ( လွှတ်တော် ) ထဲကိုဝင်ဖို့ တန်းစီ စောင့်နေကြတဲ့ ခန်းမထဲက ပန်းပု ရုပ်ထုတွေ 1 ။

7 U S Capitol ( လွှတ်တော် ) ထဲကိုဝင်ဖို့ တန်းစီ စောင့်နေကြတဲ့ ခန်းမထဲက ပန်းပု ရုပ်ထုတွေ 1 ။
7 U S Capitol ( လွှတ်တော် ) ထဲကိုဝင်ဖို့ တန်းစီ စောင့်နေကြတဲ့ ခန်းမထဲက ပန်းပု ရုပ်ထုတွေ 1 ။

 

7 U S Capitol ( လွှတ်တော် ) ထဲကိုဝင်ဖို့ တန်းစီ စောင့်နေကြတဲ့ ခန်းမထဲက ပန်းပု ရုပ်ထုတွေ 2 ။

7 U S Capitol ( လွှတ်တော် ) ထဲကိုဝင်ဖို့ တန်းစီ စောင့်နေကြတဲ့ ခန်းမထဲက ပန်းပု ရုပ်ထုတွေ 2 ။
7 U S Capitol ( လွှတ်တော် ) ထဲကိုဝင်ဖို့ တန်းစီ စောင့်နေကြတဲ့ ခန်းမထဲက ပန်းပု ရုပ်ထုတွေ 2 ။

 

U S Capitol ( လွှတ်တော် ) Tour မှာ အဘ အကြိုက်ဆုံးကတော့ ၊ Tour မစခင်မှာ ၊

Hall ကြီးတစ်ခုမှာ U S Capitol ( လွှတ်တော် ) အကြောင်း VDO ပြတာပါဘဲ ။

အဘ က Democracy ကို အထူး ချစ်မြတ်နိုးသူ ဆိုတော့ ၊

အဲ့ဒီ့ VDO ထဲမှာ ပြောသွား သုံးသွားတဲ့ စကားတွေကို အရမ်း သဘောကျတာဘဲကွယ် ။

( ရွာသူားတို့လည်း နောင်များ ရောက်ဖြစ်ရင် သေချာ နားထောင်စေချင်တယ် )

 

အဲ့ဒီ့ VDO ကို သဘောကျလွန်းလို့ ဝယ်ချင်လို့ ၊ Capitol ထဲက ၊

အမှတ်တရ ပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ လိုက်မေးသေးတယ် ၊ မရှိဘူးတဲ့ ။

 

အဲဒီမှာ ပြီးတဲ့အခါမှာတော့ အဘတို့ကို တာဝန်ယူတဲ့ လွှတ်တော် Tour Guide က ၊

လွှတ်တော် ထဲက အဆောင်ဆောင် အခန်းခန်းတွေထဲ လှည့်လည် ရှင်းပြပါတယ် ။

တစ်ချို့ အခန်းတွေကတော့ ၊ ပြန်ပြုပြင်နေကြတာ တွေ့ရပါတယ် ။

အဲ့ဒီမှာတွေ့ရတာကတော့ ၊ များပြားလှတဲ့ ပန်းချီကားတွေ နှင့် ပန်းပုရုပ်ထုတွေပါ ။

 

7 လွှတ်တော် ထဲက အဆောင်ဆောင် အခန်းခန်းတွေထဲ လှည့်လည် ရှင်းပြပါတယ် ။

7 လွှတ်တော် ထဲက အဆောင်ဆောင် အခန်းခန်းတွေထဲ လှည့်လည် ရှင်းပြပါတယ် ။
7 လွှတ်တော် ထဲက အဆောင်ဆောင် အခန်းခန်းတွေထဲ လှည့်လည် ရှင်းပြပါတယ် ။

 

7 Surrender of Cornwallis at Yorktown by John Trumbull

7  Surrender of Cornwallis at Yorktown  by John Trumbull
7 Surrender of Cornwallis at Yorktown by John Trumbull

 

ဒီပန်းချီကား ကတော့ ၊

” Surrender of Cornwallis at Yorktown ” by John Trumbull တဲ့ ။

အဲဒီ နောက်ဆုံး Yorktown တိုက်ပွဲမှာ ၊ ဗြိတိသျှ ဗိုလ်ချုပ် Cornwallis က ၊

အမေရိကန် ဗိုလ်ချုပ် Washington ကို လက်နက်ချ အရှုံးပေး လိုက်ပြီးတဲ့နောက် ၊

ဗြိတိသျှ တွေလည်း အမေရိကန် ကို လွတ်လပ်ရေး ပေးလိုက်ရတာပါဘဲ ။

 

Cornwallis decided his position was becoming untenable and

he surrendered his entire army of over 7,000 men on October 19, 1781.

 

7 အမေရိကန် ဗိုလ်ချုပ်ကြီး ဝါရှင်တန် က ကာကွယ်ရေး ဦးစီးချုပ် အာဏာ ကို

လွှတ်တော် ( ပြည်သူ ) ကို ပြန်အပ် နေတာပါ ။

7 အမေရိကန် ဗိုလ်ချုပ်ကြီး ဝါရှင်တန် က ကာကွယ်ရေး ဦးစီးချုပ် အာဏာ ကို  လွှတ်တော် ( ပြည်သူ ) ကို ပြန်အပ် နေတာပါ ။
7 အမေရိကန် ဗိုလ်ချုပ်ကြီး ဝါရှင်တန် က ကာကွယ်ရေး ဦးစီးချုပ် အာဏာ ကို
လွှတ်တော် ( ပြည်သူ ) ကို ပြန်အပ် နေတာပါ ။

 

ဒီပန်းချီကား ကတော့ ၊ ၂ ဒီဇင်ဘာ ၁၇၈၃ မှာ ၊ အမေရိကန် ဗိုလ်ချုပ်ကြီး ဝါရှင်တန် က ၊

( အမေရိက လွတ်လပ်ရေး စစ်ပွဲ American Revolutionary War အတွက် )

သူ့ကို ပေးအပ်ထားတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဆိုတဲ့ အာဏာ ကို ၊

အာဏာ ရဲ့ ပိုင်ရှင်အမှန် ဖြစ်တဲ့ လွှတ်တော် ( ပြည်သူ ) ကို ပြန်အပ် နေတာပါ ။

 

အဲဒီပန်းချီကား အောက်မှာ ရေးထားတာ ကတော့ ၊

 

At the Maryland State House in Annapolis, on Dec 23, 1783,

Before Continental Congress, General Washington resigned his commission

as Commander-in-chief of the Continental Army.

 

This action was significant for establishing civilian authority over the military,

a fundamental principle of American democracy.

 

ဒီ အဖြစ်အပျက်ဟာ ၊ အမေရိကန် ဒီမိုကရေစီ အတွက် ၊

အရပ်သား ( ပြည်သူ ) ရဲ့ အုပ်ချုပ်မှု အောက်မှာ စစ်တပ် ကနေရတဲ့ အုပ်ချုပ်မှု စံနစ် အတွက် ၊

အထူး အရေးပါတဲ့ အဖြစ်အပျက် တစ်ခုပါဘဲ တဲ့ ။

 

အဲဒီမှာ ဖြန့်ကျက်တွေးမိတာ တစ်ခု ကတော့ ၊

သူတို့ဆီက ခေါင်းဆောင်များကျတော့ လွန်ခဲ့တဲ့ နှစ် ၂၀ဝ ကျော် ( ၁၇၈၃ ) ကတည်းက ၊

၁ ။ အာဏာ ရဲ့ ပိုင်ရှင်အမှန် ဟာ ပြည်သူ ဆိုတာကိုသိတဲ့ ဉာဏ်ပညာလဲ ရှိတယ် ။

၂ ။ အာဏာ ရဲ့ ပိုင်ရှင်အမှန် ပြည်သူ ကို အာဏာ အပ် ရမယ် ဆိုတဲ့ ၊

ယဉ်ကျေးမှု ( Civilized ) နှင့် သတ္တိ ကလဲ ရှိနေပြီ ဆိုတာ တွေးမိပါတယ် ။

 

ဒို့ဆီက ခေါင်းဆောင်များကျတော့ ၊ ၂၀၁၄ ရောက်နေတာတောင်မှ ၊

အဲဒီလိုမျိုး ဉာဏ်ပညာ ၊ ယဉ်ကျေးမှု နှင့် သတ္တိ က နည်းနေတုန်း ဆိုတော့ကာ ၊

နိုင်ငံက ကမာ္ဘ့ အလယ်မှာ ဓားမ နောက်ပိတ် ဖွတ်ကျားဘဝ ရောက်သွားရတာပေါ့လေ ။

အင်းးးးးးး ။ သဗ္ဗေ သတ္တာ ကမ္မသကာ ပါဘဲလေ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

7 ဒါကတော့ ကျနော် အထူး လေးစားရတဲ့ Abraham Lincoln ရဲ့ ပန်းပုရုပ်ပါ ။ 

7 ဒါကတော့ ကျနော် အထူး လေးစားရတဲ့ Abraham Lincoln ရဲ့ ပန်းပုရုပ်ပါ ။
7 ဒါကတော့ ကျနော် အထူး လေးစားရတဲ့ Abraham Lincoln ရဲ့ ပန်းပုရုပ်ပါ ။

 

 

7 အမေရိက ရှေ့ဆောင် ပုဂ္ဂိုလ်တွေ ရဲ့ ပန်းပုရုပ်တွေကို

လွှတ်တော်ထဲက နေရာအနှံ့ မှာ တွေ့နေရပါတယ် 1 ။

7 အမေရိက ရှေ့ဆောင် ပုဂ္ဂိုလ်တွေ ရဲ့ ပန်းပုရုပ်တွေကို  လွှတ်တော်ထဲက နေရာအနှံ့ မှာ တွေ့နေရပါတယ် 1 ။
7 အမေရိက ရှေ့ဆောင် ပုဂ္ဂိုလ်တွေ ရဲ့ ပန်းပုရုပ်တွေကို
လွှတ်တော်ထဲက နေရာအနှံ့ မှာ တွေ့နေရပါတယ် 1 ။

 

7 အမေရိက ရှေ့ဆောင် ပုဂ္ဂိုလ်တွေ ရဲ့ ပန်းပုရုပ်တွေကို

လွှတ်တော်ထဲက နေရာအနှံ့ မှာ တွေ့နေရပါတယ် 2 ။

7 အမေရိက ရှေ့ဆောင် ပုဂ္ဂိုလ်တွေ ရဲ့ ပန်းပုရုပ်တွေကို  လွှတ်တော်ထဲက နေရာအနှံ့ မှာ တွေ့နေရပါတယ် 2 ။
7 အမေရိက ရှေ့ဆောင် ပုဂ္ဂိုလ်တွေ ရဲ့ ပန်းပုရုပ်တွေကို
လွှတ်တော်ထဲက နေရာအနှံ့ မှာ တွေ့နေရပါတယ် 2 ။

 

 

15 comments

  • ကေဇီ

    November 20, 2014 at 11:24 am

    လောကဓံ တို့
    လောက ငရဲတို့
    သင်္ခါရ တို့
    အနိစ္စ ဒုက္ခ အနတ္တတို့ ဆိုတာ ကျနော် တို့ ဆီမှာပဲ ထင်ထင်ရှားရှားတွေ့နိုင်တယ်လို့ ပဲ ဝမ်းသာစရာ ရှာတွေးလိုက်ပါပြီ အဘရယ်။

    ကျနော်တို့ တရား ရလွယ်ဖို့ပဲ ပေါ့။
    အဟွတ်!!!

    :k:

  • ခင် ခ

    November 20, 2014 at 1:20 pm

    ဒီနိုင်ငံကလွှတ်တော်ကတော့ အထဲဝင်လေ့လာဖို့ နေနေသာသာ လွှတ်တော်အဆောက်အဦး သွားရာလမ်းတောင် ဝင်ရဖို့မလွယ်ဖူးဗျ။ ဘာကြောင့်လဲ ဘာကြောက်နေလဲ တော့ မသိဘူးပေါ့လေ။
    မရောက်ဖူးပေမယ့် ရောက်သွားသလိုမျိုးမို့ အဘ တောလား ကို စောင့်ဖတ်နေဖြစ်တယ်လေ။
    ဒါနဲ့ ပုံအတော်များများကို ကျွန်တော် save လုပ်ယူထားဖြစ်တယ်ဗျ ခွင့်ပြုနော် အဘဖောရေ။

  • aye.kk

    November 20, 2014 at 2:34 pm

    ဒါနများများပြုခဲ့တဲ့သူတွေက ချမ်းချမ်းသာသာနေနေကြရတယ်။
    အကောင်းစား အကောင်းနေ အဟောင်းစားလာသူတွေပါပဲ ။
    အားကြမိပါ့ အဘဖောရေ ။ ဒါနများများပြုဘို ့။

  • uncle gyi

    November 20, 2014 at 10:36 pm

    အမေရိက ရှေ့ဆောင် ပုဂ္ဂိုလ်တွေ ရဲ့ ပန်းပုရုပ်တွေကို
    လွှတ်တော်ထဲက နေရာအနှံ့ မှာ တွေ့နေရပါတယ်

    မြန်မာမှာကရှိပြီးတာတွေတောင်ဖျက်ပြစ်နေတာ
    နဲနဲပဲကွာတာပါနော်အဘ

  • ဦးဦးပါလေရာ

    November 21, 2014 at 1:03 am

    ဒို့ဆီက ခေါင်းဆောင်များကျတော့ ၊ ၂၀၁၄ ရောက်နေတာတောင်မှ ၊
    အဲဒီလိုမျိုး ဉာဏ်ပညာ ၊ ယဉ်ကျေးမှု နှင့် သတ္တိ က နည်းနေတုန်း ဆိုတော့ကာ ၊

    မတူတာနှစ်ခုကို နှိုင်းယှဉ်လို့ ဘယ်ရမလဲ ကိုဖေါရဲ့…
    ဟိုက … စစ်သား
    ဒီက … လက်နက်ကိုင်
    တခြားစီ……

    မြန်မာနိုင်ငံမှာ စစ်သားအစစ်တွေ သိပ်မရနိုင်တာရဲ့အကြောင်းရင်းက
    မြန်မာစစ်တပ်က ဂျပန် (ဖက်ဆစ်) စစ်တပ်ဆီက ပေါက်ဖွားလာတာကြောင့်လို့ထင်တာပဲ

    • Foreign Resident

      November 23, 2014 at 6:55 am

      ဦးဦးပါလေရာ says:
      ” မြန်မာနိုင်ငံမှာ စစ်သားအစစ်တွေ သိပ်မရနိုင်တာရဲ့အကြောင်းရင်းက
      မြန်မာစစ်တပ်က ဂျပန် (ဖက်ဆစ်) စစ်တပ်ဆီက ပေါက်ဖွားလာတာကြောင့်လို့ထင်တာပဲ ”

      Absolutely Right !!!
      ကျနော်လည်း ၊ အဲဒီလိုဘဲ ယူဆမိတယ် ဦီးပါရေ ။
      အရိုင်းအစိုင်း ဖက်ဆစ်တွေဆီက ဆင်းသက်လာတဲ့ စစ်တပ် ဖြစ်နေတော့ကာ ၊
      ဗီဇ ကိုယ်တိုင်က ၊ လူယဉ်ကျေးတွေရဲ့ စံနှုန်းတွေကို လက်ခံဖို့ ခက်ခဲနေတာပါ ။

  • padonmar

    November 21, 2014 at 9:22 pm

    တွေးစရာတွေ အများကြီးပဲပေးသွားတယ်။
    အဲဒါထက် ရက်အင်ဒီးယန်းအကြီးအကဲကို ပန်းပုထုပြီးကို ပြပေးထားတယ်နော်။
    ဒေသခံ ရက်အင်ဒီးယန်းတွေကို အစစအရာရာ ဦးစားပေးထားတယ်ဆိုတာ အမှန်ပဲပေါ့။
    ဒါပေမယ့် ရက်အင်ဒီးယန်းတွေထဲက ထူးချွန်သူ သိပ်မကြားမိတာ ဗီဇကြောင့်များလား၊
    အဘတို့ အော်ဇီမှာ အဘိုရိုက်ဂျင်းတွေလည်း အဲသလိုပဲမလား။
    (အဘရယ် ၊စိတ်မရှိပါနဲ့၊အဘ တွေးတဲ့ လမ်းမလိုက်ပဲ ချော်တွေးနေမိလို့)

    • kai

      November 22, 2014 at 2:31 am

      ဒေသခံ ရက်အင်ဒီးယန်းတွေကို အစစအရာရာ ဦးစားပေးထားတယ်ဆိုတာ အမှန်ပဲပေါ့။

      အမှန်ပါပဲ..။
      ဥပဒေအရကို.. အထူးအခွင့်ပေးထားတာတွေအများကြီးပါ…။
      ဖယ်ဒရယ်အစိုးရ အခွန်မကောက်တဲ့.. ဖယ်ဒရယ်ဥပဒေသက်ရောက်ခြင်းမရှိတဲ့.. သူတို့ကိုယ်ပိုင်မြေတွေလည်း… အမေရိကမြေပေါ်မှာ. အများကြီးရှိပါတယ်..။
      သူတို့တွေအလုပ်မလုပ်လည်း.. အစိုးရကထောက်ပံ့တာအများကြီးရှိသလို.. အထူးလိုင်စင်တွေ(ဥပမာ။ ။ ကာစီနိုလိုင်စင်) ကိုအင်ဒီယန်းတွေကို(သာ).. အထုးချပေးတာလည်းရှိပါတယ်.။

      မြန်မာတွေ ဖယ်ဒရယ်ပြည်ထောင်စုထောင်ရင်.. သတိထားသိစရာတွေပါ..။

      http://en.wikipedia.org/wiki/List_of_federally_recognized_tribes
      http://teeic.indianaffairs.gov/triballand/

    • Foreign Resident

      November 23, 2014 at 7:04 am

      padonmar says:
      ” ရက်အင်ဒီးယန်းတွေထဲက ထူးချွန်သူ သိပ်မကြားမိတာ ဗီဇကြောင့်များလား၊
      အဘတို့ အော်ဇီမှာ အဘိုရိုက်ဂျင်းတွေလည်း အဲသလိုပဲမလား။ ”

      မ padonmar ရေ ။

      ပထမ အချက် ။
      အဘတို့ အော်ဇီမှာလည်း အဘိုရိုက်ဂျင်းတွေကို ပက်ပက်စက်စက်ကို အခွင့်အရေး ပေးတယ် ။

      ဒုတိယ အချက် ။
      အော်ဇီက အဘိုရိုက်ဂျင်းတွေထဲကလဲ ထူးချွန်သူတွေ သိပ်မကြားမိဘူး ။
      ဟုတ်တယ် ။ ဗီဇကြောင့် ဖြစ်ဖို့ များပါတယ် ။ အချိန်ယူရမယ် ပေါ့ ။

      အဲဒီ ဩဇီ က အဘော်ရီးဂျင်း တွေက လေ ၊
      အစိုးရက အိမ်ဆောက်ပေးထားလဲ ၊ အိမ်ထဲမှာ မနေ ပန်းခြံထဲမှာ သွားနေ ။
      အစိုးရက ပိုက်ဆံပေးထားပြန်တော့လည်း ၊ မိုးလင်း မိုးချုပ် အရက်သောက်ပြစ် သဗျ ။

  • manawphyulay

    November 22, 2014 at 11:24 am

    အဘဖောကြောင့် နိုင်ငံစုံကို ရောက်ဖူးတော့တယ်။ လေ့လာ မှတ်သား သိမ်းဆည်းထားပါတယ်။

  • manawphyulay

    November 22, 2014 at 11:25 am

    အဘဖောကြောင့် နိုင်ငံစုံကို ရောက်ဖူးတော့တယ်။

  • kyeemite

    November 22, 2014 at 2:07 pm

    .အမေရိက ကိုအလည်ခေါ်သွားတဲ့ ကိုဖေါကိုကျေးဇူးပါဗျာ…

  • မြစပဲရိုး

    November 22, 2014 at 9:45 pm

    တိုင်းပြည် တစ်ပြည် ရဲ့ ကံကြမ္မာ ဟာ သူ့ကို အုပ်ချုပ်သူ ရဲ့ စိတ်ဓာတ်ကြီးမြတ် မှု နဲ့ တိုက်ရိုက် အချိုးကျ သလားလို့။
    လွှတ်တော်ကြီးကလဲ ခမ်းနားလိုက်တာ။
    အဘဖော ခေါ်သွားလို့ သာ ရောက်ဖူးတော့မယ်။
    ကိုယ့်ဟာနဲ့ ကိုယ် ရောက်နိုင်မယ် မထင်ပါ အဘ ရေ။
    ကျေးဇူးပါ။

  • Foreign Resident

    November 23, 2014 at 6:43 am

    မ aye.kk ရေ ။

    ကေဇီ says:
    ” လောကဓံ တို့ လောက ငရဲတို့ သင်္ခါရ တို့ အနိစ္စ ဒုက္ခ အနတ္တတို့
    ဆိုတာ ကျနော် တို့ ဆီမှာပဲ ထင်ထင်ရှားရှားတွေ့နိုင်တယ် ”

    အပေါ်မှာ မကေဇီ မန့်သွားသလိုဘဲ ၊
    တစ်ခါတစ်လေတော့လည်း စိတ်ကုန်မိတယ် ။

    ဘာဖြစ်လို့လဲ ဆိုတော့ ၊ ကျနော်တို့ မြန်မာပြည်ကြီးမှာဗျာ ၊
    အတိဒုက္ခ ရောက်နေတဲ့ သက်ကြီးရွယ်အိုတွေ အတွက် ၊
    ခိုကိုးရာ ဘိုးဘွားရိပ်သာတွေ ။
    စာသင်ယူခွင့် ခက်ခဲနေတဲ့ ကလေးငယ်တွေအတွက် ၊
    ဘုန်းတော်ကြီး သင် ပညာရေး ကျောင်း တွေ ။
    စသဖြင့်သော ၊ စသဖြင့်သော – – – –

    ဒါတွေဟာ ၊ သူများနိုင်ငံတွေမှာဆို ၊
    ပြည်သူတွေဆီက အခွန်ကောက်ထားတဲ့ အစိုးရ ကသာ ၊
    တာဝန်ယူ လုပ်ပေးရမယ့် ကိစ္စတွေ ၊ အစိုးရ ရဲ့ တာဝန်တွေ လေဗျာ ။

    အခုတော့ ၊ အစိုးရ က ၊ တိုင်းပြည် ရဲ့ ဘတ်ဂျက် ပိုက်ဆံတွေကို ၊
    စစ်တပ် က တိုင်းရင်းသားတွေကို သတ်တဲ့ ကိစ္စမှာဘဲ စုပြုံသုံးနေတော့ကာ ၊
    ပြည်သူတွေ ခမျာ တခြားလိုအပ်နေတဲ့ ပညာရေး ၊ ကျန်းမာရေး ကိစ္စတွေကို ၊
    နိုင်သလောက် အစုအဖွဲ့လေးတွေဖွဲ့ပြီး ပါဝင် လှူဒါန်း မနိုင်ဝန် ကို ဝင်ထမ်းနေရသဗျ ။

    အဲလို မနိုင်ဝန်ကို ဝင်ထမ်း လှူဒါန်း နေမိတာ ကြာတော့လည်း ၊
    တဖြေးဖြေး ( အစိုးရ ကို ) စိတ်နာလာပြီး ၊ စိတ်ကုန်လာမိတယ်ဗျ ။
    ( အဲ့ဒဟာ ဟာ ကျနော်တစ်ယောက်ထဲ မဟုတ်ဘူးဗျ ။ နိုင်ငံရပ်ခြားရောက် ၊
    မြန်မာ သူဋ္ဌေး / ပညာတတ် တော်တော်များများ ရဲ့ ခံစားချက် / အမြင် ခမျ )

    သို့ပေမယ့်လည်း ၊ အခု မ aye.kk ပြောလိုက်သလိုဘဲ ၊

    aye.kk says:
    ‘ ဒါန များများ ပြုခဲ့တဲ့သူတွေက ချမ်းချမ်းသာသာ နေနေကြရတယ်။
    အကောင်းစား အကောင်းနေ ၊ အဟောင်းစားလာသူတွေ ပါပဲ ။
    အားကြမိပါ့ အဘဖောရေ ။ ဒါန များများပြု ဘို ့။ ”

    ဒီလို စကားလေး ကြားမိပြန်တော့လည်း ၊
    ( ကိုယ့်မလဲ ဗုဒ္ဓဘာသာဝင် / ယုံကြည်သူ တစ်ဦး ဖြစ်နေတော့လဲ )
    ဪ ၊ ဒါနများများ ပြုသမျှဟာလည်း ၊
    နောင်ဘဝ သံသရာတစ်လျှောက် ၊ ငါ့ အတွက်ဘဲလေ ဆိုပြီး ၊
    စိတ်ကို တစ်အား ပြန်တင် မိရပါတယ်လေ ။

    နောက်ဆုံးမတော့ အပေါ်က မကေဇီ ပြောခဲ့သလိုပါဘဲ ၊

    ကေဇီ says:
    ” ကျနော်တို့ တရား ရလွယ်ဖို့ပဲ ပေါ့။ အဟွတ် !!! ”

    ကျနော်တို့ ဒါန / ကုသိုလ် / တရား ရလွယ်ဖို့ ဖြစ်လာတာဘဲလေ ဆိုပြီးဘဲ ၊
    အကောင်းဘက်က မြင်လိုက်ရတာပါဘဲလေ ။

    သူ နောက်ဆုံး မန့်ထားတဲ့ ” အဟွတ် !!! ” ဆိုတာလေးက ၊
    ဘာ အဓိပ္ပါယ်လည်း ဆိုတာတော့ ၊ သားသား လည်း မသိရ ။ ဟီ ဟိ ။

    By the way, ” I’m not a robot. ” ဟီ ဟိ ။

Leave a Reply