” ဟုတ်သော်ရှိ မဟုတ်သော်ရှိ “

ခင္ခNovember 20, 20141min30622

” ဟုတ်သော်ရှိ မဟုတ်သော်ရှိ “

 

သတင်းတစ်ပုဒ် ဖေ့ဘုတ်မှာဖတ်လိုက်ရပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျန်းမာရေးသတိမို့ အသိပေး ချင်တာနဲ့ မျှဝေလိုက်တာပါ။

 

အဲဒီသတင်းမှာပါတဲ့ ဒူရင်းသီး အကြောင်းပြောရရင်တော့

သူ့ရဲ့အရသာဂုဏ်သတိ္တအနေနဲ့ ချိုဆိမ့်၊ ပူ၊ အဆီဩဇာများ၏၊ ဝမ်းမီးကိုတောက်စေ၏၊ ရင်တွင်း ဝမ်းတွင်း ကိုယ်သားကိုယ်ရေ ပူ၏၊ ဆီးကို နည်းစေဟု မြန်မာ့ဆေးကျမ်းမှာဆိုထားပါတယ်၊

အပူဓာတ်လွန်ကဲသောအသီးဖြစ်လို့ အပူနာများဖြစ်တတ်ပါတယ်၊ အစားများရင် ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် အကြောတတ်ခြင်းတွေဖြစ်တတ်သလို ဆီးအောင့်၊ ဝမ်းအောင့်၊ ရင်ပူနာဖြစ်စေပါတယ်၊ ဝမ်းမီးတောက်စေလို့ ကိုယ်ပူနွေးစေပြီး သွေးကိုဆူစေလို့ သွေးကို တက်ကြွစေပါတယ်(သွေးတိုးရောဂါရှင်များ အထူးသတိ ထားရမယ့်အချက်ပါ ) အဲဒီလို ဂုဏ်သတိ္တတွေပြည့်တဲ့ အသီးပါ။

 

ကိုကာကိုလာအကြောင်း ဖတ်ဖူးတဲ့အထဲမှာ ကဖင်းဓာတ်ကြွယ်ဝစွာပါတယ်လို့ သိရပါတယ်၊ ကဖင်းဓာတ်ရဲ့ သဘာဝကလဲ လူစိတ်ကိုနိုးကြားဖို့အတွက် သွေးကိုဆူစေတဲ့သဘောဂုဏ်သတ္တိရှိပါတယ်။

 

ထို သွေးဆူကာ သွေးတိုးစေသောအရာနှစ်ခုကို တစ်ပြိုင်ထဲသုံးဆောင်တာရယ် နဂိုကလဲ သွေးတိုးတတ်သည့် သဘာဝအခံရှိတာကြောင့် အဲလိုဖြစ်သလားလို့တော့ သုံးသပ်မိတယ်ဗျ။

 

ဘာဘဲဖြစ်ဖြစ် ဟုတ်သော်ရှိ မဟုတ်သော်ရှိ အသက်ကို ဉာဏ်စောင့်၏ ဆိုသလိုပေါ့ဗျာ။

 

 

Myanmar News

မြွေဟောက်ကိုက်တာထက် အဆိပ်ပြင်းတဲ့ ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်း (ရှယ်ပေးပါ) အများသိအောင်
———————————————————-
မြွေဟောက်ကိုက်တာထက် အဆိပ်ပြင်းတဲ့ ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်း (ရှယ်ပေးပါ) အများသိအောင် ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်းသည် မြွေဟောက်တစ်ကောင် သင့်ကိုပေါက်သည့်အဆိပ်ထက် ဆိုးသည့် အဆိပ်သင့်မှုမျိုးရှိခြင်းကို သင်သိပါသလား။

အသက် ၂၈နှစ်အရွယ် တရုတ် Tourist တစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ဘန်ကောက်သို့ သွားလည်မိချိန်မှာ သူကဒူးရင်းသီးကလည်းကြိုက်တော့ အများကြီးစားမိပြီးတဲ့အချိန်မှာ Coca-Cola သောက် လိုက်သည့်အခါ သွေးစောင့်တက်ပြီး နှလုံးရပ်ပြီးသေသွားပါတယ်တဲ့။ဘန်ကောက်မှာတောင် ကြေငြာထားပါတယ်တဲ့ ဒူးရင်းသီး အတော်များများ စားပြီးရင် ၈ နာရီအတွင်း Cola နှင့် ဘီယာမသောက်ရဘူးဆိုတာကိုပါပဲ။

ကဲ သိပြီးသားသူတွေရော မသိသေးတဲ့ သူတွေရော ဖတ်ရူ မှတ်သားထားကြပါနော်။
ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်းသည် မြွေဟောက်တစ်ကောင် သင့်ကိုပေါက်သည့်အဆိပ်ထက် ဆိုးသည့် အဆိပ်သင့်မှုမျိုးရှိခြင်းကို သင်သိပါသလား။

အသက် ၂၈နှစ်အရွယ် တရုတ် Tourist တစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ဘန်ကောက်သို့ သွားလည်မိချိန်မှာ သူကဒူးရင်းသီးကလည်းကြိုက်တော့ အများကြီးစားမိပြီးတဲ့အချိန်မှာ Coca-Cola သောက် လိုက်သည့်အခါ သွေးစောင့် တက်ပြီး နှလုံးရပ်ပြီးသေသွားပါတယ်တဲ့။

ဘန်ကောက်မှာတောင် ကြေငြာထားပါတယ်တဲ့ ဒူးရင်းသီး အတော်များများ စားပြီးရင် ၈ နာရီအတွင်း Cola နှင့် ဘီယာမသောက်ရဘူးဆိုတာကိုပါပဲ။ကဲ သိပြီးသားသူတွေရော မသိသေးတဲ့ သူတွေရော ဖတ်ရူ မှတ်သားထားကြပါနော်။ ”

 

 

 

ခင်ခ။

22 comments

  • weiwei

    November 20, 2014 at 10:07 am

    ဒူးရင်းသီးလဲကြိုက် ကိုလာလဲကြိုက်တယ်ဆိုတော့ ….
    သိထားသင့်တာမို့ ကျေးဇူးတင်ပါတယ် ..

    • ခင် ခ

      November 20, 2014 at 10:38 am

      အကြိုက်တူနေတဲ့ နှစ်ခုကိုတော့ တွဲမစားပါနဲ့ မဝေရေ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့နော်။

    • ခင် ခ

      November 20, 2014 at 10:43 am

      အကြိုက်တူတဲ့ ၂ ခု ကိုတော့ အတူမစားလိုက်ပါနဲ့ မဝေရေ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့လေ။

    • ခင် ခ

      November 20, 2014 at 10:49 am

      အကြိုက်တူတဲ့ အဲဒီနှစ်ခုကိုတော့ အတူမစားပါနဲ့ မဝေရေ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့။

    • ခင် ခ

      November 20, 2014 at 1:22 pm

      အကြိုက်တူတဲ့ အဲဒီနှစ်ခုတော့ တစ်ခါတည်းပေါင်းမစားလေနဲ့ မဝေရေ မဟုတ်သော်ရှိ ဟုတ်သော်ရှိပေါ့ဗျာ။

  • Novy

    November 20, 2014 at 10:44 am

    မှတ်သားလိုက်ပါပြီကိုခရေ..
    ဒူးရင်းသီးလည်းကြိုက်တယ် ကိုကာကိုလာကိုလည်းအစားများတဲ့အခါရင်ချောင်အောင်သောက်တက်လို့
    သတိထားရပါတော့မယ်

  • တောင်ပေါ်သား

    November 20, 2014 at 10:56 am

    ကျနော်က ဒူးရင်းသီး မစားသူဆိုပေမယ့်
    ကလေးတွေက ကြိုက်တတ်သူတွေမို့ မှတ်သားသွားပါတယ်ကိုခ ရေ

  • ကေဇီ

    November 20, 2014 at 11:18 am

    သများဖြင့် မသေရုံတမယ် ဖြစ်ပြီးပေါ့။
    ဟိ။
    ဂလောက် အစားအသောက်သောင်းကျန်းတာ။

    :k:

    • ခင် ခ

      November 20, 2014 at 1:23 pm

      ဟုတ်လား မကေဇီရေ မသေလို့တွေ့ရ မေ့နိုင်ပါရိုးလား တုံးကျော်မရဲ့ ဆိုတဲ့ သီချင်းလေးလိုပေါ့နော်။

  • ခင် ခ

    November 20, 2014 at 12:52 pm

    အကြိုက်တူတဲ့ အဲဒီနှစ်ခုတော့ တစ်ခါတည်းပေါင်းမစားလေနဲ့ မဝေရေ မဟုတ်သော်ရှိ ဟုတ်သော်ရှိပေါ့ဗျာ။

    ဟုတ်လား မကေဇီရေ မသေလို့တွေ့ရ မေ့နိုင်ပါရိုးလား တုံးကျော်မရဲ့ ဆိုတဲ့ သီချင်းလေးလိုပေါ့နော်။

  • ခင် ခ

    November 20, 2014 at 1:00 pm

    အကြိုက်တူတဲ့ အဲဒီနှစ်ခုတော့ တစ်ခါတည်းပေါင်းမစားလေနဲ့ မဝေရေ မဟုတ်သော်ရှိ ဟုတ်သော်ရှိပေါ့ဗျာ။

    ဟုတ်လား မကေဇီရေ မသေလို့တွေ့ရ မေ့နိုင်ပါရိုးလား တုံးကျော်မရဲ့ ဆိုတဲ့ သီချင်းလေးလိုပေါ့နော်။

  • တောင်ပေါ်သား

    November 20, 2014 at 1:27 pm

    ကျနော်က ဒူးရင်းသီး လုံးဝ မစားပေမယ့်
    ကလေးတွေက ကြိုက်သမို့ မှတ်သွားပါတယ်ဗျို့

    • ခင် ခ

      November 20, 2014 at 1:58 pm

      ဟုတ် မှတ်သွားက မျှဝေပေးပေါ့ တောင်ပေါ်သားရေ

  • Novy

    November 20, 2014 at 1:42 pm

    ဒူးရင်းသီးကြိုက်အိ ကိုကာကိုလာကို လည်းအစားများသွားရင် အစာကြေအောင်သောက်တက်လေတော့
    စားသိ သွားသတိပေါ့နော်

    • ခင် ခ

      November 20, 2014 at 2:00 pm

      အမှန်ပေါ့ စားသတိ သွားသတိ မနိုဗွီရေ။

  • ခင် ခ

    November 20, 2014 at 2:07 pm

    ထပ်ပြီး မန့်ကာအားပေးသူများ ချက်ချင်း ခင်ခ အသိမှတ်ပြု ကွန်မန့် မပြန်နိုင်ခဲ့ရင် ခွင့်လွှတ်ကြပါနော် ကြိုပြီးတောင်းပန်ထားပါရစေ။
    တစ်ခါမန့် တစ်ခါ ဂိတ်မှာစာမေးပွဲဖြေဖြေနေရလို့ပါ။ ဖြေနိုင်သော်လဲ ကွန်မကောင်းလေတော့ မရပြန်ဖူး၊ ကွန်ကောင်းသော်လဲ စာလုံးသတ်ပုံမှားရိုက်လေတော့ ဝင်ခွင့်မပြု အဲလို အဲလိုနဲ့ နှစ်ပါးသွားက က နေရတာနဲ့တင် မောလွန်လွန်းလို့ပါ။

  • kyeemite

    November 20, 2014 at 3:57 pm

    .ကျန်းမာရေးအတွက်ရှယ်ပေးတာကျေးဇူးပါကိုခရေ
    .ကျုပ်ကဒူရင်းသီးတော့မကြိုက်လို့ မစားဖြစ်ဘူး..
    .အိမ်ကလူတွေကိုသတိပေးရတာပေါ့ :))

  • တောင်ပေါ်သား

    November 20, 2014 at 4:02 pm

    ကိုယ့်ကိုယ်ကို စက်ရုပ်မဟုတ်ပါဘူးလို့ ဖြေနေရတာနဲ့ပဲ

    ကောမန့်တွေက တောင်ရောက် မြောက်ရောက်ပါလား သဂျီးရေ 🙂

  • တောင်ပေါ်သား

    November 20, 2014 at 4:03 pm

    ကိုယ့်ကိုယ်ကို စက်ရုပ်မဟုတ်ပါဘူးလို့ ဖြေနေရတာနဲ့ပဲ

    ကောမန့်တွေက တောင်ရောက် မြောက်ရောက်ပါလား သဂျီးရေ 🙂

  • uncle gyi

    November 20, 2014 at 10:54 pm

    ဒူးရင်းလဲကြိုက်
    ကိုလာလည်းကြိုက်
    တွဲတော့မစားဖူးဘူးကိုခရေ
    ဒါပေမဲ့စမ်းလဲမစမ်းရဲဖူး

  • မြစပဲရိုး

    November 22, 2014 at 10:21 pm

    ဒီက ယိုးဒယား ရောက်ဖူးသူ အသိ အဖြူ တွေကတော့ ဒူးရင်းသီး ကို နံ လို့တဲ့။
    ငပိ ငံပြာရည် ကို နံ လို့ တဲ့။

Leave a Reply